• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ

by ဧရာဝတီ
2 September 2023
in သတင်း
A A
စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ

ကချင်ပြည်နယ်အတွင်း လှုပ်ရှားနေသော KIA တပ်ဖွဲ့များ (ဓာတ်ပုံ - ဧရာဝတီ)

5k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဗန်းမော်ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်သည် မြေပြင်ကရော ဝေဟင်ကပါ တိုက်ခိုက်နေကြောင်း ဝိုင်းမော်မြို့ဒေသခံ အချို့နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၃၁ ရက်မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်အစပ်ရှိ မဒီးယန်ရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA ၏ လူမှုကွန်ရက် စာမျက်နှာတခုဖြစ်သော The Kachin Net တွင် ကချင်ဘာသာဖြင့် ရေးသားဖော်ပြထားသည်။

KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း “၂ နာရီကျော်မှာ လေယာဉ်နဲ့ လာကြဲသွားတယ်။ အဲဒီဘက်မှာတိုက်နေတဲ့ KIA နဲ့ ကျောင်းသားတပ်မတော် (ABSDF) ဘက်မှာတော့ ထိခိုက်မှုမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မဒီးယန်ရွာ၏ မြောက်ဘက်တွင် နန်ဆန်ယန်ရွာရှိပြီး အဆိုပါရွာဝန်းကျင်တွင် စစ်ကောင်စီတပ်များ ပိတ်မိနေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဩဂုတ်လ ၂၄ ရက်တွင် ဧရာဝတီကို ပြောထားသည်။

တိုက်ပွဲအခြေအနေကို ပိုမိုသိရှိနိုင်ရန် ဗိုလ်မှူးကြီးနော်ဘူထံ ဧရာဝတီက ကြိုးစားဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။

စစ်ကောင်စီသည် နန်ဆန်ယန်ရွာမြောက်ဘက် မိုင် ၂၀ ခန့်အကွာ မြစ်ကြီးနား -ဗန်းမော်ကားလမ်းအနီးရှိ ဒဘတ်ယန် ရွာကိုလည်း ဩဂုတ်လ ၃၁ ရက်နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Kachin Net က ဖော်ပြသည်။

ကားလမ်းတလျှောက်တွင် တိုက်ပွဲသည် နေ့စဉ်နီပါးဖြစ်နေကြောင်း သိရသည်။

ယင်းအပြင် ဗန်းမော်မြို့မှ မြောက်ဘက်ကိုထွက်ခွာလာသည့် စစ်ကောင်စီ၏ စစ်ကား ၂၁ စီးသည် မြို့သစ်မြို့ကို ဖြတ်ကျော်ကာ ဒေါ့ဖုန်းယန်မြို့ရှိ ခလရ (၁၄၂) တပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း မြေပြင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီယာဉ်တန်းသည် ဒေါ့ဖုန်းယန် မရောက်မီလမ်းတွင်လည်း KIA တပ်ဖွဲ့ဝင်များ၏ ကြားဖြတ်တိုက်ခိုက်ခံရမှုများ ခံခဲ့ရကြောင်း မြေပြင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက်ကို အာရုံစိုက်ကာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေစဉ်မှာပင် စက်တင်ဘာ ၁ ရက် နံနက်ပိုင်း၌ ဗန်းမော်မြို့အနောက်ဘက်ရှိ ရွှေကူမြို့နယ်၌ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတခုကို KIA နှင့် မြို့လှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်သတင်းဌာနများက ရေးသားကြသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

စစ်ရေးလေ့လာသည့် သုတေသီတဦးကမူ စစ်ကောင်စီတပ်သည် နန်ဆန်ယန်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်များကို ကယ်ထုတ်နိုင်ရန် လေကြောင်းပစ်ကူသုံးကာ ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

၎င်းက “ပိတ်မိတဲ့တပ်တွေကို ကယ်ထုတ်ဖို့ လေယာဉ်နဲ့ အကြီးအကျယ်ဗုံးကြဲနေတာလည်းဖြစ်တယ်။ ဗန်းမော်က သင်္ဘောနဲ့တက်လာတဲ့ လက်နက်ခဲယမ်းတွေသယ်လာတဲ့ ယာဉ်တန်းတွေကိုလည်း မိုးမောက်အကျော်မှာ ဖြတ်တိုက်နေတာ အခုထိမရောက်နိုင်သးဘူးပြောတယ်။ အဲဒါကလည်း ရိက္ခာထက် ခဲယမ်းမီးကျောက်ဖြည့်တာ ပိုများမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ စဖြစ်ကြတာက ဇူလိုင်လကနေ အခု စက်တင်ဘာအထိဆိုတော့ ခဲယမ်းမီးကျောက်ဖြည့်ဖို့ လိုနေတယ်။ လောလောဆယ် အဲဒီခွင်ထဲပိတ်မိနေတဲ့ တပ်တွေကို ခဲယမ်းမီးကျောက်နဲ့ ရိက္ခာပို့ဖို့ ကြိုးစားနေမယ်ထင်တယ်” ဟု ဆိုသည်။

အမည်မဖော်လိုသည့် ဝိုင်းမော်မြို့ဒေသခံ တဦးကလည်း တိုက်ပွဲများဖြစ်နေသဖြင့် ဝိုင်းမော်မှ ဗန်းမော်အထိ ကားလမ်းသည် သွားမရဘဲ နန်ဆန်ယန်တဝိုက်တွင် တိုက်ပွဲများ မကြာခဏဖြစ်နေသည်ဟု သတင်းကြားရကြောင်းပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တာက ကျနော်တို့နေတဲ့နေရာနဲ့ ဝေးတယ်။ အသံတွေ ကြားတာတော့ ကြားတယ်။ ဂါးရာယန်ရွာနဲ့ နန်ဆန်ယန်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တယ်ကြားပါတယ်။ ပြီးရင်နေ့စဉ်နဲ့အမျှ တရက်ခြားလောက် စစ်ခဏခဏ ဖြစ်နေတယ်။ လောလောဆယ်တော့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပိတ်ထားတာ ၂ လ လောက်ရှိပြီ။ မြစ်ကြီးနားကနေဆိုရင် ဝိုင်းမော်အကျော်က ရွှေညောင်ပင်ရွာအထိ ဘဲသွားလို့ရတယ်။ ဟိုဘက်ဆိုသွားလို့မရဘူး။ ပိတ်ထားတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အားရာဂဏန်းခန့်ဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသဖြင့် KIA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Your Thoughts …
Tags: KIAဗန်းမော်မြစ်ကြီးနားမြန်မာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
လုံနယ်ဝန်ကြီး ၅ ဦး ပြောင်းလဲခန့်အပ်

လုံနယ်ဝန်ကြီး ၅ ဦး ပြောင်းလဲခန့်အပ်

စစ်အာဏာသိမ်းမှုကို ဆက်လက် အာခံနေသော နိုင်ငံရေးအကျဉ်းသူများ

စစ်အာဏာသိမ်းမှုကို ဆက်လက် အာခံနေသော နိုင်ငံရေးအကျဉ်းသူများ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved