• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီအား လက်တွေ့ကျသည့် အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်း

by ဧရာဝတီ
24 June 2023
in သတင်း
A A
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်း / ကျော်ခ၊ ဧရာဝတီ

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်း / ကျော်ခ၊ ဧရာဝတီ

5.9k
VIEWS
Share on FacebookShare on Twitter

ဥရောပသမဂ္ဂ (EU) နိုင်ငံများ အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးဝါးစွာ ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီအား ကြေညာချက်များထုတ်၍ ရှုတ်ချမှုများထက် လက်တွေ့ကျသည့် အရေးယူမှုများ ပိုမို လုပ်ဆောင်ကြရန် တိုက်တွန်းမှုများရှိနေသည်။

အီတလီနိုင်ငံ ရောမမြို့တွင် ယခုလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော No Time Left (အချိန်မရှိတော့ဘူး) ဆိုသည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် တက်ရောက်လာသည့် အဖွဲ့အစည်းများက ယင်းသို့ ဆွေးနွေးတင်ပြကြခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ အီတလီအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အပါအဝင် လွှတ်တော် အမတ်များ ဌာနဆိုင်ရာ ဝန်ကြီးများ၊ သံတမန်များ၊ ပါမောက္ခများအနေဖြင့် ဘက်ပေါင်းစုံမှ မြန်မာ အရေးတွင် အီတလီနှင့် ဥရောပသမဂ္ဂ၏ အခန်းကဏ္ဍအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့ အစည်းများ၊ မြန်မာအလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ် (CTUM) စသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့သည့် CTUM ၏ လက်ထောက် အထွေထွေ အတွင်းရင်းမှူးချုပ် မဖြိုးစန္ဒာစိုးက “အဓိကက အမေရိကန်အစိုးရကတော့ ဘဏ် ၂ဘဏ်ကို ပိတ်လိုက်ပြီ။ EU အစိုးရအနေနဲ့ ဆက်ပြီးပိတ်ဖို့လိုတယ်။ အမေရိကန်အစိုးရနဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီးတော့ ထိထိရောက်ရောက်လုပ်သွားဖို့လိုတယ်လို့ ပြောခဲ့တယ်” ဟု ပြောသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
163
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
33
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
68

စစ်ကောင်စီ၏ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို တင်ပြကာ မည်သည့်စံနှုန်းမှ မရှိဘဲ မည်သူ့ အခွင့်အရေးကိုမှ မလေးစားသူများ လက်ထဲတွင် အလုပ်သမားများကို မထိခိုက်စေလိုဟူသော အကြောင်းပြချက်သည် အဓိပ္ပါယ်ကင်းမဲ့ကာ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ၏ အရေးပါပုံနှင့် ထိရောက်သော ပိတ်ဆို့ အရေးယူမှုများကို အမြန်ဆုံးအကောင် အထည်ဖော်ရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်ခြင်း၊ လူထု၏ အသိုက်အမြှုံများကို ဖျက်ဆီးခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီအား ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရာတွင် ဝင်ငွေလမ်းကြောင်းများကိုပါ ဖြတ်တောက်ရန် လိုအပ်ကြောင်း CTUM က တင်ပြခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများကို ဖိနှိပ်နိုင်ရန်အတွက် လက်နက်နှင့် လောင်စာဆီ ဝယ်ယူနိုင်ရန် ဒေါ်လာလိုအပ်သည့်အတွက် အဆိုပါအချက်ကို ပိတ်ဆို့နိုင်မှသာလျှင် ထိရောက်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီ လက်အောက် ဘဏ် ၂ ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူခြင်းအား ဥပမာယူကာ EU အနေဖြင့်လည်း ထိုကဲ့သို့ အရေးယူဆောင်ရွက်ရန် မဖြိုးစန္ဒာစိုးက တောင်းဆိုခဲ့ကြောင်း ဆိုသည်။

မဖြိုးစန္ဒာစိုးက “အကြမ်းဖက်စစ်တပ်ဆိုတာက ရှင်းရှင်းလေးပဲ။ အလုပ်သမားအခွင့်အရေးတွေ လူ့အခွင့်အရေးတွေ သွားပြောလည်း နားလည်မှာမဟုတ်ဘူး။ သူကအာဏာရှင်ဆိုတော့ သေနတ်နဲ့ လက်နက်ပဲနားလည်တယ်။ ဒီအတွက် ငွေဘယ်ကရမလဲဆိုတာက အရေးကြီးဆုံးပဲ။ အဲဒီတော့ သူ့ရဲ့ငွေရပေါက်ရလမ်းကို မပိတ်နိုင်မချင်း ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ ဒီလမ်းစဉ်ကို ယုံကြည်တယ်” ဟု ပြောသည်။

ဆွေးနွေးပွဲသို့ အမျိုးသား ညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာက အွန်လိုင်းမှ တက်ရောက်ခဲ့ပြီး မြန်မာပြည်သူများ၏ အောင်မြင်သည်အထိ တော်လှန်သွားမည့် နွေဦးတော်လှန်ရေးအား အဖက်ဖက်မှ ပံ့ပိုးကူညီပေးကြရန်အတွက် နိုင်ငံတကာမှ အရေးကြီးလုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ဦးခွန်းမြင့်ထွန်းမှလည်း နွေဦးတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးပါသော ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးနှင့် စစ်ကိုင်း ဖိုရမ်တို့ အကြောင်းများ တင်ပြ ဆွေးနွေးကာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၏ အာဆီယံ သံတမန် ယာဥ်တန်း တိုက်ခိုက်မှုအပေါ် နိုင်ငံတကာမှ နှုတ်ဆိတ်နေပုံကို ဆက်လက်ပြောကြားခဲ့ကြောင်း၊ အောက်ခြေ သုညအခြေအနေမှ စတင်ကာ လက်ရှိခွန်အားအပြည့် အရှိန်အဟုန်နှင့် ရှေ့ဆက်သွားနေသော ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများကို နိုင်ငံတကာမှ ပံ့ပိုးကူညီရန် အရေးပါမှုကို ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများသည် မြန်မာစစ်ခေါင်းဆောင်များ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချကာ ဖြိုခွင်းမှုများအတွင်း အတိုက်အခံထောင်ပေါင်းများစွာကို သတ်ဖြတ်သောကြောင့် စစ်ကောင်စီ၊ စစ်ခေါင်းဆောင်များနှင့် အပေါင်းအပါများကို အရေးယူပိတ်ဆို့မှုအများအပြား ချမှတ်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က စစ်ကောင်စီ လက်အောက်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုဘဏ် ၂ ခုအပြင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနကိုပါ ပိတ်ဆို့အရေးယူမှု စာရင်း၌ ထည့်သွင်းထားသည်။

Your Thoughts …
Tags: CTUMEU
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

by ခိုင်ဇာအောင်
17 October 2024
4.2k

အာမခံကုမ္ပဏီတွေနဲ့ ဖက်ရှင်ကုန်အမှတ်တံဆိပ်တွေ အပါအဝင် နိုင်ငံစုံကုမ္ပဏီတွေ မြန်မာကနေ တာဝန်သိစွာ ထွက်ခွာဖို့ တောင်းဆိုတယ်။

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

by ဧရာဝတီ
16 November 2024
2.2k

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဦးဆောင် အဖွဲ့ဝင်ဖြစ်သူ မခိုင်ဇာအောင်နှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

by ဧရာဝတီ
8 December 2023
1k

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းရှိ အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီအား အရေးယူဆောင်ရွက်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလုပ်သမားအရေးဆောင်ရွက်သူများက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ILO ရဲ့ အရေးယူမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်လာမယ် (ရုပ်/သံ)

ILO ရဲ့ အရေးယူမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်လာမယ် (ရုပ်/သံ)

by ဧရာဝတီ
20 November 2024
751

အလုပ်သမား၊ အလုပ်ရှင်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းတာတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ပုဒ်မ ၃၃နဲ့ အရေးယူနိုင်ဖို့ အုပ်ချုပ်မှု ကော်မတီက အတည်ပြုထားပြီး ၂၀၂၅ ဇွန်လမှာ လုပ်မယ့် ILO ညီလာခံမှာ အပြီးသတ်...

စစ်တပ်စီးပွားနဲ့ပတ်သက်သူတွေ ဒုက္ခရောက်မှာပဲ (ရုပ်/သံ)

စစ်တပ်စီးပွားနဲ့ပတ်သက်သူတွေ ဒုက္ခရောက်မှာပဲ (ရုပ်/သံ)

by ဧရာဝတီ
6 June 2025
253

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူဖို့ ဇွန်လ ၅ ရက်နေ့က ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

MICS ၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်   / ဧရာဝတီ

အဖမ်းခံရသည့် အလုပ်သမားအရေး ဆောင်ရွက်သူ ဦးသက်နှင်းအောင် မိသားစုနှင့် တွေ့ခွင့်မရ

by ဧရာဝတီ
18 August 2021
17.5k

သူတို့ ဒီလိုမျိုး လိုက်ဖမ်းဆီး ထောင်ချလိုက်တိုင်း သူတို့အပေါ် ဆန့်ကျင်လုပ်ဆောင်နေတဲ့ အရာတွေ က လျော့သွားမှာ မဟုတ်ဘူး

Next Post
သတင်းစာဆရာကြီး အထောက်တော် လှအောင်

အတွေးအခေါ် တော်လှန်ရေး

ယူကရိန်းရောက် ပရီဂိုဇင်နှင့် ၎င်း၏ ကြေးစားစစ်သားများ

ပူတင်ကို ထီမထင်သည့် ကြေးစားတပ်ခေါင်းဆောင် ပရီဂိုဇင်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved