• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အတွေးအခေါ် တော်လှန်ရေး

by အထောက်တော် လှအောင်
25 June 2023
in ဆောင်းပါး
A A
သတင်းစာဆရာကြီး အထောက်တော် လှအောင်

သတင်းစာဆရာကြီး အထောက်တော် လှအောင်

9.5k
VIEWS
Share on FacebookShare on Twitter

ရွှေဘိုခရိုင် ဆိပ်ခွံမြို့နယ် မန်ကျည်းတော ကျေးရွာတွင် မင်းခေါင် နတ်သရဲ သောင်းကျန်းနေသည်။ သရဲစားသဖြင့် လူ ၂ ယောက်ပင် အသက် ဆုံးရှုံးရသည်။

တောင်ကျောင်း မြောက်ကျောင်းမှ ဆရာတော်များကို ပင့်ပြီး ကမ္မဝါများကို ဖတ်ကာ သရဲကို နှင်ထုတ်နေရသည်။

ယင်း သတင်းကို ကျနော်တို့ အယ်ဒီတာ အဖွဲ့ဝင်များ အပြန်ပြန် အလှန်လှန် ဖတ်ကြသည်။ စိတ်ဝင်စားဖွယ် ကောင်းသော သတင်း တပုဒ် ဖြစ်ကြောင်း ကျနော်တို့က မှတ်ချက် ချကြပါသည်။

မြိတ်မြို့ ဘုရား ငါးဆူ တောင်ကုန်းပေါ်တွင် ဧရာမ သိုက်နန်းကြီး တခုကို အဆန်းတကြယ် ဆောက်လုပ်သည်။ ဆိုင်းဝိုင်းများဖြင့် ကြီးကြယ် ခမ်းနားစွာ သိုက်နန်း ဖွင့်ပွဲကြီး ပြုလုပ်သည်။

ဘုရားပွဲတော်နှင့် အပြိုင်ကြဲနေသော သိုက်နန်း ဖွင့်ပွဲကြီး အတွက် ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့က စိတ်မချမ်းမသာ ဖြစ်ကြသည်။

ထိုသတင်းကိုလည်း ကျနော်တို့ အပြန်ပြန် အလှန်လှန် ဖတ်ကြပြန်ပါသည်။ စိတ်ဝင်စားဖွယ် ကောင်းသော သတင်း တပုဒ် အဖြစ် ကောက်ချက် ချရပြန်ပါသည်။

သရဲစားသော သတင်း နှင့် သိုက်နန်း ဖွင့်သော သတင်းသည် ကျနော်တို့ အယ်ဒီတာ အဖွဲ့ အစည်းအဝေးကို ပိုမို အချိန် ကြာမြင့်စေသော သတင်းများပင် ဖြစ်ပါသည်။

ဆိုရှယ်လစ် ခေတ်ပြောင်းကာလတွင် ကျနော်တို့ အားလုံး အတွေးအခေါ်မှ စ၍ ပြောင်းလွဲနေကြသည်။ ဟောင်းနွမ်း ဆွေးမြေ့သော အယူအဆ ဟောင်းများနှင့် အတွေးအခေါ်ဟောင်းများကို နောက်ကြောင်းမှာ ကျနော်တို့ ထားခဲ့ကြပါသည်။

ယင်းသို့သော ကာလ၌ ခေတ်နှင့် မလျော်ညီတော့သည့် အတွေးအခေါ်များ၊ အပြုအမူများအား လူသိရှင်ကြား လုပ်သင့် မလုပ်သင့် ပြဿနာကို ကျနော်တို့ အပြန်ပြန် အလှန်လှန် စဉ်းစားကြရသည်။

ထိုသတင်းများကို အကြောင်းပြုပြီး ၁၉၄၅ ခုနှစ် ဖက်ဆစ် တော်လှန်ရေး ကာလတုန်းက အကြောင်းတခုကို ပြန်ပြောင်း စဉ်းစားမိသည်။

တပြည်ထောင်လုံးတွင် ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲနေချိန် ဖြစ်သည်။ အရပ် ရှစ်မျက်နှာမှ ဗုံးပေါက်ကွဲ သံများ၊ စက်သေနတ်သံများ၊ ယမ်းငွေ့များ ဖုံးလွှမ်းလျက် ရှိသည်။

ထိုမျှသာ မကသေး၊ နယ်တကာ အရပ်တကာ တို့တွင် ရောဂါ ဘယတို့လည်း ထူပြောလျက် ရှိသည်။ တောရပ်ဒေသ၏ ဓလေ့အရ ရောဂါ တခုဖြစ်လျှင် အမှောင့်ပယောဂ တခုခုကြောင့် ဖြစ်ရသည်ဟု မှတ်ယူတတ်ကြသည်။

ထိုကာလ၌ ရွာတရွာတွင် ကာလ ဝမ်းရောဂါ ကြီးစွာဖြစ်ပွားသည်။ အလောင်းများကို ခေါင်းတွင် မသွင်းနိုင်တော့ဘဲ ဖျာနှင့်လိပ်၍ ချကြရသည်။ သုသာန် တဝိုက်မှာလည်း အလောင်းတွေ၊ မြင်မကောင်းအောင် စုပုံနေသည်။

ထိုအဖြစ်အပျက်ကို ရပ်ရွာ လူကြီးများက ကုစားနိုင်ရန် ကြိုးစားကြသည်။ ၃ ရက်မျှသော ကာလအတွင်း ကာလ ဝမ်းရောဂါကြောင့် ရွာသူရွာသား တဝက်ခန့်မျှ ရေတိမ်နစ်ကြရသည်။ ကျေးရွာ လူကြီးများက သံဃာတော်များကို ပင့်ပြီး ရွာကိုပတ်၍ ကမ္မဝါ ဖတ်သည်။

ထိုမျှနှင့် အားမရနိုင်သေးဘဲ ညနေ နေဝင်ရိုးရီ အချိန်၌ ရွာတွင်းမှာ ခိုအောင်းနေသည့် မကောင်းဆိုးဝါးများကို တောထုတ်ပစ်သည်။

သံပုံး တီးခြင်း၊ ထရံများကို ထုရိုက်ပစ်ခြင်း၊ နှစ်ဖက် အဆစ်ပိတ် ဝါးလုံးများကို ကောက်ရိုး မီးပုံများ အတွင်းသို့ ထည့်ပြီး ပေါက်ကွဲသံ မည်စေခြင်း စသည်ဖြင့် တရွာလုံး ကျွက်ကျွက်ညံအောင် ပြုလုပ်ကြသည်။

အဆစ်ပိတ် ဝါးများ၏ ပေါက်ကွဲသံမှာ ပြင်းထန်သည့် တိုက်ပွဲကြီးများ ဖြစ်နေသကဲ့သို့ ရှိချေသည်။ ကောက်ရိုး မီးပုံများမှ မီးတောက်များမှာလည်း တဟုန်းဟုန်း တောက်လောင်လျက် ရှိသည်။

ပေါက်ကွဲသံများနှင့် မီးတောက်များ အရှိန်ကောင်းနေဆဲမှာပင် ရွာ၏ ပတ်ပတ်လည်မှ ပစ်ခတ်သံများကို မမျှော်လင့်ဘဲ ရုတ်တရက် ကြားကြရသည်။ တဆက်တည်းမှာပင် ရွာအတွင်းသို့ လူသတ် ကျည်ဆန်များ အုတ်လိုက် သင်းလိုက် ဖွဲ့၍ ဝင်လာသည်။

ကာလ ဝမ်းရောဂါနှင့် မသေ ကြွင်းကျန်လျက် ရှိကြသေးသည့် ရွာသူ ရွာသားတို့ခမျာ ကျည်ဆန်များ ကြားမှာ အသက် ပျောက်ကြရရှာသည်။ တရွာလုံး သွေးချောင်း စီးချေ၏။ အလောင်းများ တောင်လို ပုံချေ၏။ ငိုပွဲတို့သည် နိဂုံးချုပ်နိုင်သည် မရှိတော့။

အဖြစ်မှန်မှာ ရွာနှင့် မလှမ်းမကမ်းရှိ တောတန်း တခုတွင် ဂျပန် တပ်ခွဲတခု ပုန်းအောင်းလျက် ရှိသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
71
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
353
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.4k

ရွာတွင်းမှ ဝါးဆစ် ပေါက်ကွဲသံများကို ဂျပန်တို့ ကြားသောအခါ ဂျပန် တပ်များနှင့် ဗမာ့ တော်လှန်ရေး တပ်မတော်တို့ တိုက်ပွဲ ဖြစ်ကြပြီဟု ထင်မှတ်သည်။ ထို့ကြောင့် စစ်ကူပေးသည့် အနေဖြင့် ရွာအနီးသို့ ချဉ်းကပ်ပြီး ဝိုင်းဝန်း ပစ်ခတ်ပေးခြင်း ဖြစ်သည်။

လွန်ခဲ့သော ၂၅ နှစ်က ထိုအဖြစ်အပျက်ကို ကျနော် ပြန်လည် စဉ်းစားမိပါသည်။

အတွေးအခေါ်ဟောင်း နှင့် ဓလေ့ဟောင်းတို့ကို မစွန့်ပယ်နိုင်လေသောကြောင့် အလောင်းများ တောင်လို ပုံခဲ့သည်ကို ကျနော်တို့ ဖြေမဆည်နိုင်ပါ။

ထို့ကြောင့် ယခု ဖတ်ရှုရသော သရဲစားသည့် သတင်း နှင့် သိုက်နန်း ဖွင့်သည့် သတင်းကို အခြေပြုပြီး ရင်လေးမိပါသည်။

အတွေးအခေါ်ဟောင်းများကို စွန့်ပစ်ပြီး ခေတ်နှင့် အံဝင်ခွင့်ကျမည့် အတွေးအခေါ်သစ်များ ရရှိစေရန် တော်လှန်ရေး တရပ်ကို မမှိတ်မသုန် ကျနော်တို့ ဆင်နွှဲကြရပါဦးမည်။ ။
၁၉၊ ၃၊ ၁၉၇၂၊ သတင်းဂျာနယ်

(သတင်းစာဆရာကြီး အထောက်တော် လှအောင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ပုဂံ စာပေတိုက်က ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ကျွန်တော်နှင့် သတင်း” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၂ ခုနှစ် ဧပြီလ ၇ ရက် အသက် ၅၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

You may also like these stories:

ကဗျာဆန်တယ် ဆိုတာ ဘာပါလိမ့်

စာရေးဆရာ ညီပုလေး အတွက် သူတို့ရဲ့ ဝမ်းနည်းစကား

နှလုံးသားဖြင့်….

ဟိုရှေးရှေးက သတင်းစာ တစောင်

Your Thoughts …
Tags: တော်လှန်ရေးဖက်ဆစ်ဗုဒ္ဓဘာသာဝင်ဘရားပွဲတော်သတင်းသရဲသရဲစားသိုက်နန်းသိုက်နန်းဖွင့်ပွဲအတွေးအခေါ်အတွေးအခေါ်ဟောင်း
အထောက်တော် လှအောင်

အထောက်တော် လှအောင်

Similar Picks:

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

by ကြာဖက်နှင်း
4 May 2024
6.7k

အာဏာ မသိမ်းခင်ကလည်း ဒီခရိုနီတွေပဲ ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စီးပွားရေး လုပ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်တွေကို၊ စီမံကိန်းတွေကို ခွဲဝေ စားသုံးခဲ့ကြတယ်။

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

by စောရယ်
1 February 2024
6.6k

ကျနော်တို့နဲ့ ဘဝတူတော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်းမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဘုံသဘော တူညီချက်ပေါ်လာအောင် အခုက ကျနော်တို့ သဘောထား ဒီလိုရှိပါတယ်ဆိုတာ ကနဦး ချပြတဲ့သဘောပါပဲ

ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ

ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ

by Irena Long
7 August 2023
6.5k

စာရေးသူ တွေ့ဆုံခဲ့သည့် ကျားဖြူတပ်ဖွဲ့ဝင်တိုင်းသည် တိုက်ခိုက်ရေးသမား ဖြစ်လိုကြသည် မဟုတ်ပေ။

Next Post
ယူကရိန်းရောက် ပရီဂိုဇင်နှင့် ၎င်း၏ ကြေးစားစစ်သားများ

ပူတင်ကို ထီမထင်သည့် ကြေးစားတပ်ခေါင်းဆောင် ပရီဂိုဇင်

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ

မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved