• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ

by Irena Long
7 August 2023
in ဆောင်းပါး
A A
ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ

ကျားဖြူတပ်ရင်း အဖွဲ့ဝင်များ / Albino Tiger Company-1

6.5k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်ကို ခုခံတော်လှန်နေသည့် ကျားဖြူတပ်ရင်း၏ တပ်သားသစ် သုံးဦးသည် မတ်လ၏ ပူအိုက်လှသော နေ့လယ်ခင်းတခုတွင် စစ်ရေး ဥပဒေသများကို လေ့လာနေသည်။ သစ်ဝါးများဖြင့် ပုံစံတူ ပြုလုပ်ထားသည့် သေနတ်များကို ၎င်းတို့၏ခြေထောက်တွင်ထောင်ရင်း မုတ်သုံသစ်တော အစပ်မှ ရာဘာစိုက်ကွင်းအရိပ်တွင် လှဲထားသော သစ်ပင်ပင်စည်ပေါ်၌ ထိုင်နေကြသည်။

၎င်းတို့အဖွဲ့သည် ၆ ပတ်ကြာ အခြေခံစစ်သင်တန်း ပြီးဆုံးရန် ရက်အနည်းငယ်သာ လိုတော့သည်။ ၎င်းတို့ ပေါင်များပေါ်တွင် တင်ထားသည့် မှတ်စုစာအုပ်များ၌ တိုက်ပွဲဖော်ဆောင်သည့် သရုပ်ပြပုံများနှင့် ထိတွေ့တိုက်ခိုက်ရေး စည်းမျဉ်းများဖြင့် ပြည့်နေသည်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
115
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
824
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
3k

“တော်လှန်ရေးအောင်မြင်ဖို့အတွက် ငါတို့တွေ စစ်သားကောင်းဖြစ်ရမယ်။ သဘောတူလား” ဟု ၎င်းတို့၏ နည်းပြက လှမ်းအော်သည်။

“သဘောတူတယ်။ သဘောတူတယ်” ဟု ၎င်းတို့က ပြန်လည်ဖြေကြားသည်။

“ရဲရင့်မှုဆိုတာ လူသတ်တာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ အိမ်တွေကို မီးရှို့တာမဟုတ်ဘူး” ဟု သင်တန်းသားများကို နည်းပြက ပြောသည်။ ရဲရင့်မှုဆိုတာ စွန့်လွှတ်အနစ်နာခံမှု၊ မိမိကိုယ်မိမိ အခြားသူတွေကို ပေးဆပ်မှုနဲ့ အရမ်းခက်ခဲတဲ့အခြေအနေမှာ လုပ်ဖို့လိုအပ်တာကို လုပ်ဖို့ဖြစ်တယ်” ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ရဲရင့်မှုဆိုတာ လူသတ်တာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ အိမ်တွေကို မီးရှို့တာမဟုတ်ဘူး။ ရဲရင့်မှုဆိုတာ စွန့်လွှတ်အနစ်နာခံမှု၊ မိမိကိုယ်မိမိ အခြားသူတွေကို ပေးဆပ်မှုနဲ့ အရမ်းခက်ခဲတဲ့အခြေအနေမှာ လုပ်ဖို့လိုအပ်တာကို လုပ်ဖို့ဖြစ်တယ်”

ကျားဖြူတပ်ရင်းကို စစ်သားငယ် ၉၉ ဦးဖြင့် ဖွဲ့စည်းထားသည်။ အများစုသည် အသက် ၁၇ နှစ်မှ ၂၈ နှစ်ကြား အရွယ်များဖြစ်ပြီး ၎င်းတို့အခြေအနေသည် ခက်ခဲကြမ်းတမ်းကြောင်း နားလည်သဘောပေါက်ကြသည်။ ထိုတပ်ရင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားသည့် ခုခံတော်လှန်ရေး တပ်ဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ အစိတ်အပိုင်းဖြစ်သည်။ NUG သည် ၂၀၂၁ ခုနှစ်တွင် ဗိုလ်ချုပ်များက အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို တော်လှန်ရန် နိုင်ငံရေးသမားများ၊ တိုင်းရင်းသားနှင့် လူမှုအခြေပြု အဖွဲ့အစည်းခေါင်းဆောင်များ၏ မဟာမိတ်ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ကျော်ကာလအတွင်း ထိုခုခံတော်လှန်ရေး အင်အားစုသည် မြန်မာကိုလွန်ခဲ့သော နှစ်ပေါင်း ၆၀ အတွင်း အများအားဖြင့် နိုင်ငံကို အုပ်ချုပ်နေသည့် စစ်အုပ်စုကို နိုင်ငံရေးမှ အပြီးအပိုင်ဖယ်ထုတ်ရန် ပြောက်ကျားစစ် တိုက်နေသည်။ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခံနေရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော အမျိုးသမီးများနှင့် တိုင်းရင်းသားလူမျိုးစုများ အပါအဝင် အားလုံးအတွက် တန်းတူညီမျှသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရန်လည်း ထိုအင်အားစုက ရည်မှန်းသည်။

ခုခံတော်လှန်ရေးသည် အံ့သြစရာကောင်းလောက်အောင် အောင်မြင်ပြီး လူထုထောက်ခံမှုရရှိကာ တိုင်းရင်းသားဒေသများတွင် အခြေတည်ပြီး ဗဟိုအစိုးရကို ခုခံတိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ နိုင်ငံ၏ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားသည်ဟု ဆိုသည်။

ကျားဖြူတပ်ရင်း အဖွဲ့ဝင်များ / The Economist

သို့သော် PDF များသည် မည်သည့် ပြည်ပအကူအညီမှ မရသောကြောင့် လက်နက်နှင့် အခြေခံလိုအပ်ချက်များ ရရှိရန် အကန့်အသတ်များ ရှိနေသည်။ ၎င်းတို့လိုအပ်ချက်များကို ဖြည့်ဆည်းနေရသော လူမှုအသိုက်အဝန်းများသည် စစ်ကောင်စီကြောင့် ပျက်စီး ဆင်းရဲနေပြီး ၎င်းတို့ကိုယ်တိုင်ပင် လူသားချင်းစာနာမှု အကူအညီများ လွန်စွာလို အပ်နေသည်။

၎င်းတို့တိုက်ပွဲကို ကမ္ဘာ့ ကျန်နိုင်ငံများက မေ့လျော့နေသည်ဟု ခံစားရသောကြောင့် ခုခံတော်လှန်ရေး ခေါင်းဆောင်များသည် စာရေးသူကို ယခုနှစ် နွေဦးရာသီတွင် ကျားဖြူတပ်ရင်းနှင့် ငါးရက်ခန့် လာရောက်နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

စာရေးသူသည် အိန္ဒိယ-မြန်မာ-ထိုင်းတို့ကို ဆက်သွယ်ထားသည့် အရေးပါသော ကားလမ်းမအနီး ထိုရှေ့တန်း စစ်မျက်နှာသို့ ရောက်လာသည့် ပထမဆုံး အနောက်တိုင်း သတင်းသမား ဖြစ်လာသည်။ ကျားဖြူတပ်ဖွဲ့နှင့် အခြားခုခံတော်လှန်ရေးတပ်များသည် ထိုနေရာမှ စစ်ကောင်စီကို တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ပြီး သေနင်္ဂဗျူဟာကျသည့် မြို့များကို ခေတ္တသိမ်းပိုက်မှုများပင် ပြုလုပ်သည်။

၎င်းတို့တိုက်ပွဲကို ကမ္ဘာ့ ကျန်နိုင်ငံများက မေ့လျော့နေသည်ဟု ခံစားရသောကြောင့် ခုခံတော်လှန်ရေး ခေါင်းဆောင်များသည် စာရေးသူကို ယခုနှစ် နွေဦးရာသီတွင် ကျားဖြူတပ်ရင်းနှင့် ငါးရက်ခန့် လာရောက်နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

စစ်တပ်ကလည်း ရုရှားနှင့်တရုတ်မှ ထောက်ပံ့ထားသည့် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ၊ လက်နက်ကြီးများဖြင့် ပြန်လည် လက်စားချေသည်။ စစ်ကောင်စီသည် အဓမ္မပြုကျင့်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခြင်း၊ ကိုယ်တွင်းအင်္ဂါများကို ဖောက်ထုတ်ခြင်း စသည့် ရက်စက် ကြမ်းကြုတ်မှုများကို မကြာခဏ ပြုလုပ်သည်။

စာရေးသူသည် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အားပြိုင်နေသည့် ကြမ်းတမ်းသော တောင်တန်းများကို ဖြတ်သန်းကာ ကျားဖြူတပ်ခွဲ သုံးခွဲအနက် တပ်ခွဲတခွဲ၏ ရက်ရောသောခေါင်းဆောင် ဗိုလ်ကြီး သူစောနှင့် ၆ နာရီခန့် ခရီးသွားရသည်။ အန္တရာယ်များသော ပတ်ဝန်းကျင်ဖြစ်သော်လည်း သူစော၏ စခန်းသည် အံ့သြစရာကောင်းလောက်အောင် ငြိမ်းချမ်းကြောင်း စာရေးသူတွေ့ရသည်။

ထိုစခန်းသည် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသောဒေသတွင် တည်ရှိသည်။ မကျည်းပင်နှင့် သရက်ပင်များအရိပ်တွင် နေလည်ခင်း အပူချိန်သည် ရှိနေဆဲဖြစ်ပြီး ပုရစ်များက သံစုံမြည်နေသည်။

ကျားကဲ့သို့ အစင်းကြောင်းများပါသည့် ခွေးများသည် အပူဒဏ်ကြောင့် မဟောင်နိုင်ဘဲ ဟိုနားဒီနားတွင် လှည့်ခွေနေကြသည်။ တောင်ကြားလွင်ပြင်တွင် မလိုင်ရောင် နွားတကောင်သည် လွန်ခဲ့သောနှစ် စပါးရိတ်သိမ်းစဉ်က ကျန်ရစ်ခဲ့သော ကောက်ရိုးများကို စားနေသည်။ တော်လှန်ရေးရဲဘော် တယောက်က ပွက်ပွက်ဆူနေသော ထမင်းအိုးကြီးအောက်မှ မီးကို ‌မွှေးနေပြီး အခြားတယောက်က ရွှေဖရုံသီးဟင်းအတွက် ကြက်သွန်လှီးနေသည်။

တာဝန်မကျသော တော်လှန်ရေးစစ်သားများသည် အဝတ်များကိုလျှော်နေပြီး သေနတ်တိုက်ကြသည်။ အချို့က ၎င်းတို့၏ ပုခက်များတွင် ဝတ္တုဖတ်ကြ၊ ဖုန်းများဖြင့် ကိုရီးယားဇာတ်လမ်းများကို ကြည့်နေကြသည်။

သို့သော် စစ်၏ ဒဏ်ရာဒဏ်ချက်များကိုလည်း နေရာတိုင်းတွင် တွေ့နေရသည်။ စစ်ကောင်စီ မော်တာနှင့် လေကြောင်းတိုက်ခိုက်မှုများသည် သစ်ပင်ကြီးများကို ထက်ပိုင်းကျိုးစေသည်။ မြေပြင်တွင် ဗုံးပေါက်ကွဲသောကြောင့် ဖြစ်လာသည့် ကျင်းများရှိနေပြီး စစ်သားများ၏ လေကြောင်းကာကွယ်ရေး ကတုတ်ကျင်းအနီးတွင် မပေါက်သေးသောဗုံး ရှိနေသည်။

စစ်၏ ဒဏ်ရာဒဏ်ချက်များကိုလည်း နေရာတိုင်းတွင် တွေ့နေရသည်။ စစ်ကောင်စီ မော်တာနှင့် လေကြောင်းတိုက်ခိုက်မှုများသည် သစ်ပင်ကြီးများကို ထက်ပိုင်းကျိုးစေသည်။

မိမိတို့ ဘေးကင်းစွာ ရောက်ရှိသွားခြင်းကြောင့် ကြိုဆိုပွဲလုပ်သည်။ ဗိုလ်ကြီး သူစောသည် ရမ်ကို ဒေသလုပ် ကိုကာကိုလာနှင့်ရောကာ သူ၏ဂစ်တာကို ယူလာသည်။ ဆိုလာမီးရောင်အောက်တွင် “ကမ္ဘာမကြေဘူး” ဆိုသည့် သီချင်းကို သူက စတင်သီဆိုသည်။

ထိုသီချင်းသည် ၁၉၈၈ ခုနှစ်က ချေမှုန်းခံခဲ့ရသည့် ယခုစစ်အုပ်စုကို တော်လှန်ပုန်ကန်သည့် သီချင်းဖြစ်သည်။ နောက်လာသည့် ဆယ်စုနှစ်များတွင် ထိုသီချင်းကို ဆင်ဆာပိတ်ပင်ထားသော်လည်း အဖွဲ့အတွင်းမှ လူတိုင်းက ထိုစာသားများကို သိကြသည်။

“ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး၊ မတွေဝေနဲ့ … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော … ဪ … သူရဲကောင်းတို့လို … ခိုင်မာပီပြင် တော်လှန်ပစ်မလေ” ဟု သူတို့ ဆက်လက် သီဆိုနေကြသည်။

ကျားဖြူတပ်ရင်း အဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်စဉ်/ The Economist

စစ်ပွဲသည် ဝေးနေသေးပုံရပြီး ပတ်ဝန်းကျင်မှာ လွတ်လပ်ပေါ့ပါးနေကာ သူစော၏ ဟာသများနှင့် သူ့ရဲဘော်များ၏ ရယ်မောသံများဖြင့် ပြည့်နေသည်။ ခွက်များကို ထပ်မံဖြည့်ကြပြီး စီးကရက်တဗူး ထုတ်လိုက်သည်။

ရုတ်တရက် ဆိုသလို သူစော ထခုန်လိုက်သည်။ အဝေးမှ အက်ကွဲသောအသံ သူကြားလိုက်သည်။ စစ်ကောင်စီမော်တာကျည်ဆံတခု ပေါက်ကွဲခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် စာရေးသူတို့သည် ဗုံးခိုကျင်းသို့ပြေးရန် စက္ကန့် ၃၀ သာ အချိန်ရတော့သည့် အဓိပ္ပာယ်ဖြစ်သည်။ စာရေးသူတို့ ထိုင်နေသော နေရာမှ မီတာ ၅၀ သာဝေးသော နေရာတွင် လွန်ခဲ့သော နှစ်ပတ်ကမှ ဗုံးတလုံး ကျရောက်ခဲ့သည်။

သူစောသည် သတင်းအချက်အလက် ရလိုရငြားဖြင့် လမ်းလျှောက်စကားပြောစက်ကို ကောက်ကိုင်လိုက်သော်လည်း မည်သည်အသံမျှ ထွက်မလာပေ။ သို့သော် စာရေးသူ သေသေချာချာ နားထောင်လိုက်သောအခါ မိုးခြိမ်းသံကိုသာ ကြားရသည်။ ထို့နောက် မိုးရေစက်များ ကျလာသည်။ နှစ်တနှစ်၏ ပထမဆုံး မုန်တိုင်းရာသီပင် ဖြစ်သည်။ မိုးခြိမ်းနေသော အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်နိုင်ခြေ နည်းသည်။ “အတိတ်နိမိတ်ကောင်းပဲ” ဟု သူက ပြောပြီး ပြုံးလိုက်သလို သူ၏ ရဲဘော်များလည်း သက်ပြင်းချနိုင်ခဲ့ကြသည်။

သေသေချာချာ နားထောင်လိုက်သောအခါ မိုးခြိမ်းသံကိုသာ ကြားရသည်။ ထို့နောက် မိုးရေစက်များ ကျလာသည်။ နှစ်တနှစ်၏ ပထမဆုံး မုန်တိုင်းရာသီပင် ဖြစ်သည်။ မိုးခြိမ်းနေသော အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်နိုင်ခြေ နည်းသည်။ “

မြန်မာလူငယ်များ၊ အထူးသဖြင့် ကျောင်းသားများသည် ငြိမ်းချမ်းသော ဆန့်ကျင်ဆန္ဒပြပွဲများသာမက စစ်ရေးလှုပ်ရှားမှုဖြင့်လည်း တော်လှန်ရေးလှုပ်ရှားမှုများကို ဦးဆောင်သည့် သမိုင်းကြောင်း ရှိသည်။ သို့သော် ယခု ခုခံတော်လှန်ရေး လူငယ်မျိုးဆက် တိုက်ခိုက်ရေးသမားများသည် ကွဲပြားခြားနားသည်။

၎င်းတို့၏ မိသားစုများသည် စစ်အုပ်ချုပ်ရေးအောက်တွင် ရာစုနှစ်ထက်ဝက်ခန့် ခံစားကြရသည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် ဆယ်စုနှစ်တခုကြာသည့် စပ်ကြား ဒီမိုကရေစီစမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ဆွဲဆောင်စည်းရုံးနိုင်သော ဒီမိုကရေစီတက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကို အချိန်ကာလတခု ဦးဆောင်ခဲ့သည်။

ဂျန်ဇီများသည် နောက်ထပ် သွေးထွက်သံယိုမဖြစ်ရေး တားမြစ်ရန် အားထုတ်သည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားခေါင်းဆောင်များ အားပေးသည့် အကြမ်းမဖက်သော ခုခံတော်လှန်ရေးသည် လူမှုအပြောင်းအလဲများကို ဖြစ်စေနိုင်သည်ဟု စဉ်းစားရင်း ကြီးပြင်းလာကြသည်။

ယခင် မျိုးဆက်များနှင့် မတူဘဲ ဂျန်ဇီများသည် မိုဘိုင်းဖုန်းနှင့် အင်တာနက်များနှင့်လည်း ကြီးပြင်းလာခဲ့သည်။ နိုင်ငံရေးအခြေအနေသည် လုံးဝ ပြီးပြည့်စုံခြင်း မရှိသေးပေ။ အထူးသဖြင့် ဖိနှိပ်ကာ ရိုဟင်ဂျာလူမျိုးစုများအတွက် ပြည့်စုံခြင်း မရှိပေ။ သို့သော် အများအပြားအတွက် အနာဂတ်တွင် မျှော်လင့်ချက်များ ပြည့်နေသည်။ နှစ်ပေါင်းများစွာ ပိတ်လှောင်နေသည့် တက္ကသိုလ်များ ပြန်လည် ထွန်းကားလာသည်။ နိုင်ငံပြင်ပ ရောက်နေသူများသည် အတွေးအခေါ်သစ်နှင့် ငွေကြေးများနှင့် ပြန်လာကြသည်။

၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုသည် လူငယ်များ၏ ပိုမိုကောင်းမွန်သော ဘဝအိပ်မက်ကို အဆုံးသတ်လိုက်သည်။ ဂျန်ဇီများ၊ အထူးသဖြင့် အမျိုးသမီးများသည် ဆန္ဒပြပွဲများကို ဦးဆောင်ကြသည်။ စစ်တပ်က ဖြိုခွဲသောကြောင့် မသေဘဲ ကျန်သူများနှင့် အဖမ်းမခံရသူများသည် ခုခံတော်လှန်ရေး အင်အားစုများနှင့် မဟာမိတ်ဖွဲ့ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိန်းချုပ်ထားသည့် နယ်မြေများသို့ ထွက်ပြေးကြသည်။

ထို့နောက် လူငယ်ထောင်ပေါင်း များစွာသည် PDF သို့ ဝင်ရောက်ကြသည်။ လမ်းမများတွင် ရဲဘော်ရဲဘက်များ မျက်စိရှေ့တွင် ကျဆုံးသောကြောင့် တိုက်ခိုက်ရန် စိတ်ဓာတ်တက်ကြွလာကြောင်း ကျားဖြူအများအပြားက စာရေးသူကို ပြောသည်။ ၎င်းတို့၏ မိဘများ၊ ဘိုးဘွားများ ငယ်ရွယ်စဉ်နှင့်မတူဘဲ ဂျန်ဇီများသည် လွတ်လပ်မှုကို အမှန်တကယ် မြည်းစမ်းကြည့်ခဲ့ကြပြီး မည်သည့် တန်ဖိုးပေးဆပ်ရသည်ဖြစ်စေ လွတ်လပ်မှုကို ပြန်လည်ရယူရန် ဆုံးဖြတ်ထားသည်။

လူငယ်ထောင်ပေါင်း များစွာသည် PDF သို့ ဝင်ရောက်ကြသည်။ လမ်းမများတွင် ရဲဘော်ရဲဘက်များ မျက်စိရှေ့တွင် ကျဆုံးသောကြောင့် တိုက်ခိုက်ရန် စိတ်ဓာတ်တက်ကြွလာကြောင်း ကျားဖြူအများအပြားက စာရေးသူကို ပြောသည်။

သူစောသည် လူငယ်တိုက်ခိုက်ရေးသမားများ၏ စစ်မြေပြင်ရည်မှန်းချက်များကို ထိန်းချုပ်ရန် ခက်ခဲကြောင်း တွေ့လာရသည်။ သူသည် သူ့စစ်သားအများစုထက် ဆယ်စုနှစ် တခုအောက်သာ ငယ်သူများဖြစ်ကြသော်လည်း သိသိသာသာ ကွဲပြားသော အမြင်ရှိသည်။ “အောင်မြင်ဖို့ တခုတည်းသော နည်းလမ်းက နိုင်ငံရေးနည်းလမ်းပဲ” ဟု သူကပြောသောကြောင့် စစ်နည်းဖြင့် မဟုတ်ဘဲ တွေ့ဆုံးဆွေးနွေးရေး စကားဝိုင်းဖြင့် ဖြေရှင်းမည်ဆိုသည့်သဘော သက်ရောက်နေသည်။

သူစောသည် စစ်ကောင်စီကို အမြဲတမ်း ဆန့်ကျင်ခဲ့သော်လည်း တိုက်ခိုက်မှုများအတွက် သတိထားသည်။ သူသည် ဗိုလ်ချုပ်များကို လှောင်ပြောင်သည့် ကဗျာတပုဒ် ရေးသားသောကြောင့် တခါက အဖမ်းခံခဲ့ရဖူးသည်။ တချိန်က အလုပ်သမားအရေး လှုပ်ရှားသူဖြစ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်များ အလျင်အမြန် စီစဉ်ခဲ့သည်။

လူငယ် ခုခံတော်လှန်ရေး တက်ကြွလှုပ်ရှားသူ ၄၀ ဦး သူ့ဆီ ရောက်လာပြီး သူတို့နှင့် ပူးပေါင်းရန်တောင်းဆိုသည်။ သူ တွေဝေနေသည်။ “ကျနော်တခါမှ စစ်သားမဖြစ်ချင်ဖူးဘူး။ လူတွေကို မပစ်ချင်ဖူးဘူး။ မသတ်ချင်ဖူးဘူး။ နောက်တော့ ကျနော့်ဘေးကပ်လျှက်က ဆန္ဒပြသူတဦး ပစ်ခတ်ခံရပြီး ကျနော့်မှာ ရွေးစရာမရှိတော့ဘူးလို့ ခံစားရတယ်။ ကျနော်တို့ပြည်သူတွေကို ကျနော် ကာကွယ်ရမယ်” ဟု သူက ပြောသည်။

ကျားဖြူတပ်ရင်း အဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်စဉ်/ The Economist

တောထဲတွင် ငါးလခန့် ပုန်းအောင်နေပြီးနောက် သူစောသည် နယ်လှည့် ဈေးရောင်းသူအဖြစ် ရုပ်ဖျက်ပြီး PDF ၏ ပင်မလေ့ကျင့်ရေး စခန်းသို့ သွားရောက်ခဲ့သည်။ “ကျနော်ရောက်သွားတော့ အရမ်းအံ့သြသွားတယ်။ လူတွေ ကျပ်သိပ်နေတယ်။ လူငယ်တွေ အများကြီးပဲ။ တောထဲမှာ ကျနော့်အသံကို နှိမ့်ထားရတယ်။ ဒီမှာ သူတို့က ဂီတာတီး သီချင်းဆိုရင်တောင် အသံနှိမ့်ထားရတယ်” ဟု သူကပြောသည်။

သူ့ကို ကျားဖြူတပ်ဖွဲ့ တပ်ခွဲမှူးတဦးအဖြစ် ခန့်သည်။ တပ်ဖွဲ့ဝင်များကို တောတောင်များဖြတ်သန်း ချီတက်စေပြီး စာရေးသူ ၎င်းတို့ကို သွားရောက်တွေ့ဆုံခဲ့သည့် တောင်ကြားသို့ ရောက်လာသည်။

သူ၏နှုတ်ခမ်းမွှေးကို အစွဲပြုခေါ်သည့် ကိုနှုတ်ခမ်းမွှေးသည် ထိုအန္တရာယ်များသော လမ်းကြောင်းကို သတိရနေသည်။

“စားစရာနည်းနည်းလေးနဲ့ နေ့ရောညပါ ချီတက်ရတယ်။ ဆန်နဲ့ငပိ နည်းနည်း၊ တောထဲမှာတွေ့တဲ့ မှို နည်းနည်းပဲ ရှိတယ်” ဟု သူက ပြောသည်။ အသက် ၂၅ နှစ်ရှိပြီဖြစ်သော သူသည် အခြားသူများနှင့်စာလျှင် အသက်နည်းနည်းကြီးသည့် စစ်သားသစ် ဖြစ်သည်။ မကြာမီ သူသည် ကွန်မန်ဒို တပ်ဖွဲ့ဝင် ၁၄ ဦး ပါသည့် တပ်စုကို ဦးဆောင်ရသည်။ ၎င်းတို့ ထမ်းဆောင်ထားသည့် တာဝန်များအနက် တခုတွင် ကိုနှုတ်ခမ်းမွှေးသည် စစ်တပ်စခန်းတခုကို တိုက်ခိုက်ရာတွင် အကဲဖြတ်မှားခဲ့ပြီး ပစ်ခတ်ခံရကာ ဒဏ်ရာရခဲ့သည်။

“စားစရာနည်းနည်းလေးနဲ့ နေ့ရောညပါ ချီတက်ရတယ်။ ဆန်နဲ့ငပိ နည်းနည်း၊ တောထဲမှာတွေ့တဲ့ မှို နည်းနည်းပဲ ရှိတယ်”

“အဲဒါကို ကျနော်သဘောပေါက်လိုက်ချိန်မှာ ကျနော့်ကို ထိသွားပြီးပြီ။ တောင်ပေါ်ကနေ အမြန်ဆုံး ပြေးဆင်းရတယ်” ဟု သူက ပြောပြသည်။ “ရှိသမျှ ပစ္စည်းအားလုံး ထားခဲ့ရတာ။ ကျနော့်ဖုန်း၊ ကားနဲ့ ချစ်သူဆီက စာတွေကိုပါ ထားခဲ့ရတာ” ဟု ပြောပြသည်။

ထို့နောက်တွင် အနီးရှိ ရွာသားများက ခုခံတော်လှန်ရေး အင်အားစုများကို ဖုန်းအသစ်များ ယူလာပေးကြသည်။ ထိုစဉ်က စစ်တပ်သည် အမဲလိုက်သေနတ်များကို ကျားဖြူတပ်ဖွဲ့ထံပေးပို့ပြီး ၎င်းတို့ ထားခဲ့သည့် အဖိုးတန်ပစ္စည်းများအတွက် ကျေးဇူတင်ကြောင်း စာတစောင် ပေးပို့လှောင်ပြောင်သည်။ ထိုအချက်ကြောင့် စစ်ကောင်စီက ခုခံတော်လှန်ရေးအင်အားစုများသည် ခြိမ်းခြောက်မှုတခုဖြစ်သည်ဟု မယူဆကြောင်း ထင်ရှားစေသည်။

ကိုနှုတ်ခမ်းမွှေးသည် ကော်ဖီဆိုင်တခုတွင် အလုပ်သမား လုပ်ခဲ့ဖူးသည်။ သူနှင့်ဘဝတူ စစ်သားများကဲ့သို့ပင် မြန်မာနိုင်ငံရှိ မြို့ကြီးများအနက် တခုမှ ဖြစ်သည်။ အိမ်တလုံးဝယ်ယူပြီး မိသားစုတစု ထူထောင်ရန် စဉ်းစားခဲ့သည်။ ထို ပုံမှန်ဘဝ မျှော်လင့်ချက်များကို စစ်အာဏာသိမ်းမှုက စုံးစုံးမြုပ်စေသည်။ သူ့ မောင်နှမတော်စပ်သူနှင့် အင်္ဂလန်သို့ လိုက်သွားနိုင်သော်လည်း မြန်မာနိုင်ငံကို စွန့်ခွာခြင်းသည် သူ့အတွက် ရွေးချယ်စရာတခု မဟုတ်ပေ။

“ကျနော့်မိဘ အဘိုး အဘွားတွေက အမှောင်ထုနဲ့ အကြောက်တရားမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်။ ကျနော်နဲ့ ကျနော့် အနာဂတ် မျိုးဆက်တွေအတွက် ဒါမျိုး မလိုချင်ဘူး။ ကျနော့်အတွက် တိုက်ပွဲဝင်တာကလွဲလို့ ရွေးစရာမရှိဘူး” ဟု ၎င်းက ပြောသည်။

ကိုနှုတ်ခမ်းမွှေး၏ဆုံးဖြတ်ချက်ကို စိတ်ဓာတ်ကျဆင်းမှုများက တခါတရံ ပျော့ညံ့သွားစေသည်။ အနာဂတ်အကြောင်း စဉ်းစာမိသောအခါ “လမ်းပျောက်” သွားကြောင်း သူကပြောသည်။ သို့သော် သူသည် ဒုတိယ မိသားစုဖြစ်သော ရဲဘော်များကို ကရုဏာသက် ကိုယ်ချင်းစာကြောင်း ပြောသည်။ “ကျနော်တို့ တယောက်ကို တယောက် ကူညီနိုင်တယ်” ဟု ပြောသည်။

ကိုနှုတ်ခမ်းမွှေး၏ ချစ်သူသည်လည်း ကျားဖြူတပ်ဖွဲ့ဝင်သာဖြစ်ပြီး သူတို့နှစ်ဦးလုံး နောက်တန်းတွင် ရောက်နေချိန်၌ မကြာခဏ စကားပြောကြသည်။ စစ်ပွဲသည် အမျိုးသမီးများအတွက် လူမှုမျှော်မှန်းချက်များကို စိန်ခေါ်ရန် အခွင့်အရေး ရလာသည်။ PDF တပ်ရင်းများတွင် အမျိုးသမီးများသည် ဆေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေး ဝန်ထမ်းများအဖြစ်သာမက တိုက်ခိုက်ရေးသမားများအဖြစ်လည်း ပါဝင်ကြသည်။

စစ်ပွဲသည် အမျိုးသမီးများအတွက် လူမှုမျှော်မှန်းချက်များကို စိန်ခေါ်ရန် အခွင့်အရေး ရလာသည်။ PDF တပ်ရင်းများတွင် အမျိုးသမီးများသည် ဆေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေး ဝန်ထမ်းများအဖြစ်သာမက တိုက်ခိုက်ရေးသမားများအဖြစ်လည်း ပါဝင်ကြသည်။

“ကျမတို့ ဒီတပ်ဖွဲ့ကို မဝင်ရောက်ခင်က အမျိုးသမီးတွေက ဘောင်းဘီမဝတ်ဘဲ ထမီပဲဝတ်ကြတာ” ဟု အသက် ၂၀ ကျော်အရွယ် လက်ဖြောင့်တပ်ဖွဲ့ဝင်နှင့် ကျားဖြူတပ်ဖွဲ့၏ အဖွဲ့ဝင် ၁၀ ဦး တပ်ဖွဲ့ဝင်တဦးဖြစ်သူ မယုက စာရေးသူကို ပြောသည်။

စာရေးသူ တွေ့ဆုံခဲ့သည့် ကျားဖြူတပ်ဖွဲ့ဝင်တိုင်းသည် တိုက်ခိုက်ရေးသမား ဖြစ်လိုကြသည် မဟုတ်ပေ။ အချို့သည် ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက် အဓိကအားဖြင့် PDF သို့ ဝင်ရောက်ခြင်း ဖြစ်သည်။

တခါတွင် “ရဲဘော် ဖက်ဒရယ်” ဟုခေါ်သည့် ရဲဘော်တဦးက သူရေးဆွဲထားသော ကာတွန်းတခုကို စာရေးသူအားပေးသည်။ ထိုကာတွန်းတွင် မြို့ကြီးတခု၌ Gen Z နှင့် လက်သုံးချောင်းထောင်အလေးပြုသည့် သင်္ကေတတို့ကို ထင်ထင်ရှားရှား ရေးထိုးထားသည့် အလံဆုပ်ကိုင် ဆန္ဒပြသူများကို သရုပ်ဖော်ထားသည်။ (ထိုသင်္ကေတသည် The Hunger Games အမည်ရှိ ရုပ်ရှင်ကားမှ ပုန်ကန်မှုများနှင့် သွေးစည်းချစ်ကြည်မှု၏ သင်္ကေတဖြစ်သည်။)

ဘားတိုက်ထဲက ကျားဖြူတပ်ရင်း အဖွဲ့ဝင်တဦး/ The Economist

ထိုမြို့ကြီးတမြို့မှ လှေခါးထစ်တစင်းသည် တောင်တန်းများပေါ်သို့ တက်နေပြီး တောင်တန်းများပေါ်တွင် စစ်သားများသည် PDF အလံတခုကို ဝှေ့ယမ်းနေကြသည်။ အခြား လှေခါးထစ်တခုမှာမူ ကျိုးပျက်နေပြီး တိုက်ခိုက်ရေးသမားအတွက် မြို့ပြဘဝသို့ ပြန်ရန် မဖြစ်နိုင်တော့ဆိုသည့် ရဲဘော် ဖက်ဒရယ်၏ အမြင်ကို ဖော်ပြထားခြင်း ဖြစ်ပုံရသည်။ သူသည် မွန်းကျပ်ပိတ်မိနေသည့် သူ၏ခံစားချက်ကို စကားလုံးဖြင့် ဖော်ပြရန် ကြိုးစားထားသည်ဟု စာရေးသူ ခံစားမိသည်။

နာမည်ကြီး တက္ကသိုလ်တခုတွင် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးအဖြစ် သူသည် PDF တွင် ခိုလှုံရန်မှအပ အခြား ရွေးချယ်စရာမရှိတော့ဟု ခံစားခဲ့ရသည်။ သူ အမှန်တကယ် ဖြစ်ချင်သည့်အရာမှာ ပညာရေးပြီးစီးရန်နှင့် အိမ်ပြန်ပြီး မုဆိုးမ မိခင်ကို စောင့်ရှောက်ရန်သာ ဖြစ်သည်။

သူစောသည် ရဲဘော်များ ခံစားနေရသော စိတ်ဖိစီးမှုများကို ကောင်းစွာသိရှိပြီး သူတို့၏ သံသယများကိုလည်း နားလည်သည်။ သူသည် ကျားဖြူတပ်ဖွဲ့ဝင် သုံးဦးကို စစ်ပွဲတွင် ဆုံးရှုံးလိုက်ရပြီး သူ၏ဟာသများသည် သူ့စစ်သားများ၏ စိတ်ဓာတ်မြင့်တက်အောင် မဖြေဖျောက်ပေးနိုင်ကြောင်းလည်း သိသည်။

“သူတို့မိသားစုတွေဆီ ပြန်ချင်ရင် ကျနော်ခွင့်ပြုမယ်” ဟု စာရေးသူကို သူပြောသည်။ “သူတို့က ငယ်တယ်။ လူ မသတ်ချင်ဘူး။ လူသတ်ဖို့ ဒဏ်ရာရအောင်လုပ်ဖို့ PDF စစ်သားတွေ သေနတ်ကိုင်တာ အကျင့်အရမ်းပါသွားမှာ ကျနော်စိုးရိမ်တယ်။ (PDF အုပ်စုအချို့ စိစစ်မှုမရှိဘဲ အရပ်သားတချို့ကို သတ်ဖြတ်သည့် ကိစ္စများလည်း လက်တွေ့တွင် ရှိနေသည်။) “ကျနော်တို့ အနိုင်ရပြီးရင် နိုင်ငံဘာဖြစ်မလဲ၊ ဒီအဖွဲ့တွေ သေနတ်ကိုင်ပြီး လျှောက်သွားနေရင် ဘာဖြစ်မလဲ” ဟု သူစောက မေးသည်။

“သူတို့က ငယ်တယ်။ လူ မသတ်ချင်ဘူး။ လူသတ်ဖို့ ဒဏ်ရာရအောင်လုပ်ဖို့ PDF စစ်သားတွေ သေနတ်ကိုင်တာ အကျင့်အရမ်းပါသွားမှာ ကျနော်စိုးရိမ်တယ်။”

နံနက်စောစောတခုတွင် တီးတိုးပြောသံနှင့် ထူးဆန်းသော ဆူညံသံကြောင့် စာရေးသူ နိုးလာသည်။ သူစောသည် အိပ်ပျော်နေဆဲဖြစ်ပြီး သူ၏ပုခက်တွင် အော်တိုမက်တစ်ရိုင်ဖယ်ကို တင်ကာ အိပ်နေသည်။ ထိုအသံအကြောင်းကို သိရှိရန် သူ့အနီးမှ ခိုးကြောင်ခိုးဝှက် ဖြတ်ကျော်လိုက်သည်။ မိသားစုတစုသည် ကြီးမားလှသော ကြံချောင်းပုံများကို အခွံခွာနေသည်။ မိသားစုဝင်တဦးက ကြံကြိတ်စက်ကို စခန်းဂိတ်ဝမှ ဆွဲလာနေသည်။ နေ့လယ်ဘက်တွင် ၎င်းတို့သည် စစ်သားများကို ချိုမြိန်အမြှုပ်ထနေသည့် ကြံရည်ခွက်များကို ဝေမျှကြသည်။

ရွာသားများသည် ကျားဖြူတပ်ဖွဲ့၏ အကာအကွယ်ပေးမှုအတွက် ကျေးဇူးတင်သောကြောင့် ၎င်းတို့အတွက် ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်နှင့် သီးနှံမှအစ အရာရာ ပံ့ပိုးပေးနေကြောင်း သူစောက နောင်တွင် ရှင်းပြသည်။

“ကျနော် စုထားတဲ့ငွေနဲ့ ကျနော် လက်နက်ဝယ်တယ်” ဟု ၎င်းက ပြောသည်။ ကနဦးက ၎င်းတို့စစ်သားများတွင် သေနတ် နှစ်လက်သာ ရှိသော်လည်း ယခုအခါ ၂၇ လက် ရှိပြီဖြစ်သည်။ ၎င်းတို့သည် မှောင်ခိုဈေးကွက်မှ သေနတ်ဝယ်ရန် တခါတရံတွင် လူထုအုပ်စုလိုက်ထံမှ တဦးလျှင်အနည်းမျှ ရန်ပုံငွေရှာကြောင်း ပြောသည်။

အခြားလက်နက်များအတွက် ၎င်းတို့သည် ဂျန်ဇီများ၏ ပါးနပ်ကျွမ်းကျင်မှုကို သုံးပြီး ဗုံးများချရန် ဒရုန်းများကို ပြောင်းလဲခြင်းနှင့် မော်တာနှင့် ဗုံးသီးပစ်လောင်ချာများ ထုတ်သည်ဟု ပြောသည်။ ထိုလက်နက်များကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု ရာနှင့်ချီကြောင်း ၎င်းတို့က ပြောသည်။

ခုခံတော်လှန်ရေးအင်အားစုသည် တော်လှန်ရေးကို ပြည်သူများ လွန်စွာမငြီးငွေ့မီ ယခုနှစ်ကုန်တွင် နိုင်ငံတဝန်း ကျယ်ပြန့်သော အုံကြွမှုဖြစ်အောင် လှုံ့ဆော်လိုသည်ဟု PDF တပ်မှူးတဦးက စာရေးသူကို ပြောသည်။ သို့သော် တိုက်ခိုက်ရေးသမားများ သာမက အရပ်သားများပါ သွေးချောင်းစီးနိုင်သည့် စစ်ပွဲကို ဖွင့်တိုက်ခြင်းနှင့် ပတ်သက်ပြီး မည်သူမှ အကောင်းမြင်ပုံ မရပေ။ ခုခံတော်လှန်ရေးအင်အားစုက နိုင်လျှင်ပင် အာဏာရှင်စနစ်နှင့် စစ်ကြောင့် ပျက်စီးသွားသော နိုင်ငံကို ပြည်လည်ထူထောင်ရခြင်းသည် လွန်စွာကြီးမားသော ကိစ္စဖြစ်သည်။

သွေးချောင်းစီးနိုင်သည့် စစ်ပွဲကို ဖွင့်တိုက်ခြင်းနှင့် ပတ်သက်ပြီး မည်သူမှ အကောင်းမြင်ပုံ မရပေ။ ခုခံတော်လှန်ရေးအင်အားစုက နိုင်လျှင်ပင် အာဏာရှင်စနစ်နှင့် စစ်ကြောင့် ပျက်စီးသွားသော နိုင်ငံကို ပြည်လည်ထူထောင်ရခြင်းသည် လွန်စွာကြီးမားသော ကိစ္စဖြစ်သည်။

နံနက်ခင်းတိုင်း သေခြင်းတရားနှင့် ရင်ဆိုင်ရနိုင်သောကြောင့် PDF စစ်အသား အများအပြားသည် နိုင်ငံအရေးအတွက် စွန့်လွှတ်အနစ်နာခံရန် အမှန်တကယ် ပြင်ဆင်နေပုံရသည်။ သို့သော် စာရေးသူသည် ကိုနှုတ်ခမ်းမွှေးကပြောသည့် စကားတခွန်းကို သွားသတိရသည်။ “ကျနော် တနေ့စာစီအတွက်ပဲ ဆက်လက် ရှင်သန်နေတယ်။ အချိန် ကြာလာတော့ အနာဂတ်အကြောင်း သိပ်စဉ်းစားမနေဘူး။ အနာဂတ်ကတော့ ဖြစ်သင့်တာ ဖြစ်လာလိမ့်မယ်” ဟု ပြောသည်။

(The Economist ပါ Irena Long ၏ Rum and coke and automatic rifles: Myanmar’s Gen Z guerrillas ကို ဘာသာပြန်သည်။ အီရန်နာ လောင်းသည် စုံစမ်းဖော်ထုတ် သတင်းသမား၊ အသံလွှင့်သူနှင့် ဓာတ်ပုံဆရာ ဖြစ်သည်။)

You may also like these stories:

ပဒတ်တွေတဲ့လား

Federal Wings နှင့် နွေဦးသင်ခန်းစာများ

လိုင်ဇာအနီးက စစ်ရိပ်စစ်ငွေ့များ

မြန်မာ့ပြည်တွင်းစစ်တွင် တံတားများကို ပစ်မှတ်ထားလာခြင်း

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

Your Thoughts …
Tags: Gen ZNUGPDFစစ်ကောင်စီတော်လှန်ရေးဒေါ်အောင်ဆန်းစုကြည်ရိုဟင်ဂျာ
Irena Long

Irena Long

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စကားပြောဖို့ လုပ်နေတယ်

စကားပြောဖို့ လုပ်နေတယ်

စစ်ကောင်စီ သက်တမ်းတိုးပြီးနောက် ရာထူးအပြောင်းအလဲများ

စစ်ကောင်စီ သက်တမ်းတိုးပြီးနောက် ရာထူးအပြောင်းအလဲများ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate