တိုင်းရင်းသားတပ်မတော်များနှင့် ပြည်သူကာကွယ်ရေးတပ်များသည် အဓိကကျသော အခြေခံ အဆောက်အအုံများနှင့် စစ်ကောင်စီ၏ ပင်မထောက်ပံ့ရေးလမ်းကြောင်းများကို တိုက်ခိုက်ရန် ယခင်မကြုံဖူးသည့် ညှိနှိုင်းမှုများဖြင့် လုပ်ဆောင်နေသည်။
မိုးရာသီအစတွင် မြန်မာမှ ပြင်းထန်သော ပြည်တွင်းစစ်သည် ရပ်နားမည့် အခြေအနေမရှိဘဲ ဇွန်လသည် ပုန်ကန်နေသောနိုင်ငံကို ထိန်းချုပ်ရန် ရုန်းကန်နေရသော အာဏာသိမ်း စစ်ကောင်စီအတွက် ခက်ခဲသောလ ဖြစ်ခဲ့သည်။
ဘဏ်လုပ်ငန်းကဏ္ဍကို အမေရိကန် ပြည်ထောင်စုက ထပ်မံအရေးယူလိုက်ခြင်း၊ အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုနှင့် တရုတ်က ကြားဝင်စေ့စပ်သည့် ဆွေးနွေးပွဲများ မအောင်မြင်ခြင်းနှင့် ပထမဆုံးအကြိမ်အဖြစ် တပ်ဖွဲ့တခုလုံး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဘက်သို့ ဘက်ပြောင်းသွားခြင်းကြောင့် ကယားပြည်နယ်အရှေ့ပိုင်းဒေသတွင် ယခင်ကပင် မရှိသလောက်ဖြစ်နေသည့် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခြင်းတို့သည် စစ်ကောင်စီ၏ ဒုက္ခများကို ပိုမိုဆိုးရွားစေသည်။
မြောက်မြားလှစွာသော တိုက်ပွဲ အရှုပ်အထွေးများအကြားတွင် အာရုံစိုက်မှုအနည်းငယ်သာ ရရှိသည့်ကိစ္စမှာ နိုင်ငံအရှေ့ပိုင်းမှ တိုက်ပွဲများဖြစ်သည်။ ထိုတိုက်ပွဲများသည် သံသယဖြစ်ဖွယ် သစ္စာခံမှုသာရှိကြောင်း ထင်ရှားသည့် ကရင်နီ နယ်ခြားစောင့်တပ်ရင်း နှစ်ရင်းကို ဆုံးရှုံးသွားခြင်းက ပြသနေပြီး ထို့ထက်ပို၍ နေပြည်တော်မှ စစ်ဌာနချုပ်ကို စိုးရိမ်ပူပန်စေသည်ဟု မြင်ကြသည်။
မှတ်သားစရာကောင်းသော သေနင်္ဂဗျူဟာ စီမံမှုအဆင့်သစ်နှင့် နည်းဗျူဟာ အကောင်အထည်ဖော်မှုဖြင့် အတိုက်အခံများ၏ ဇွန်လအတွင်း တိုက်ခိုက်မှုများက စစ်ဆင်ရေးနည်းလမ်းသစ်ကို မီးမောင်းထိုးပြနေသည်။
မှတ်သားစရာကောင်းသော သေနင်္ဂဗျူဟာ စီမံမှုအဆင့်သစ်နှင့် နည်းဗျူဟာ အကောင်အထည်ဖော်မှုဖြင့် အတိုက်အခံများ၏ ဇွန်လအတွင်း တိုက်ခိုက်မှုများက စစ်ဆင်ရေးနည်းလမ်းသစ်ကို မီးမောင်းထိုးပြနေသည်။ ထိုနည်းလမ်းသစ်သည် အရှိန်ရလာနေပြီး စစ်မျက်နှာများစွာရှိသော စစ်တွင် လူအင်အားချိနဲ့ခြင်းနှင့် စစ်ဆင်ရေးနယ်မြေ အလွန်အကျွံ ကျယ်ပြန့်နေခြင်းတို့အကြား ပိတ်မိနေသည့် စစ်တပ်သည် ပိုမိုထိခိုက်လွယ်လာသည်။
စစ်ကောင်စီ၏ အဟန့်အတားမရှိသော လေကြောင်းတိုက်ခိုက်မှုများက စစ်မြေပြင်စစ်ဆင်ရေးများ ထင်သလို မပေါက်ဆိုသည့်အချက်ကို ဖုံးကွယ်ထားသည်။ ရင်းမြစ်ပိုမိုကောင်းသော စစ်ကောင်စီသည် အတိုက်အခံအင်အားစုမှ လူမျိုးရေးနှင့် နိုင်ငံရေး အကွဲအပြဲကိုသာ စောင့်မျှော်နေရုံသာ တတ်နိုင်တော့သည်။
ပစ်မှတ်ပေါ်မှ တံတားများ
တိုက်ဆိုင်မှုကြောင့်မဟုတ်ဘဲ ထိုတလအတွင်း အထက်ပါ ညှိနှိုင်းတိုက်ခိုက်မှုများသည် တံတားများကို ပစ်မှတ်ထားလာသည်။
ထိုတိုက်ခိုက်မှုများသည် ပထဝီအရ ပြန့်ကျဲနေသော်လည်း ရှင်းလင်းသည့် သတင်းစကားတခု ပေးနေသည်။ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အကြီးအကျယ် မလုံလောက်မှုနှင့် ရင်ဆိုင်နေရသော စစ်တပ်အတွက် အင်အား ပြန်လည်ဖြည့်တင်းရန် အခြေခံကျပြီး လေကြောင်းအရ မကာကွယ်နိုင်သည့် အခြေခံအဆောက်အအုံများ ပစ်မှတ်ထားခံလာရသည်။ တိုင်းရင်းသားလက်နက်ကိုင်နှင့် ခုခံတော်လှန်ရေး အင်အားစုများသည် နိုင်ငံအလယ်ပိုင်းသို့ ရောက်သော စစ်ဆင်ရေးများကို ပထမဆုံးအကြိမ် ပြုလုပ်လာကြသည်။
ဇွန်လ ၁ ရက်နေ့ အရုဏ်တက်၌ စတင်သည့် ပထမဆုံးစစ်ဆင်ရေးတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၁ နှင့် အသစ်ဖွဲ့စည်းထားသည့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) က ဒုံသမိ တံတားနှစ်ဖက်လုံးမှ စစ်တပ်စခန်းများကို ချိန်ညှိတိုက်ခိုက်မှုများ ပါဝင်သည်။
မွန်ပြည်နယ်မှ ဖြတ်သန်းပြီး ရန်ကုန်မှ ကရင်ပြည်နယ်မြို့တော် ဘားအံနှင့် ထိုင်းနယ်စပ် မြဝတီ ကုန်သွယ်ရေးဇုန်ကို ဆက်သွယ်သည့် အာရှအဝေးပြေးလမ်းပေါ်တွင် သထုံအနီးမှ ဒုံသမိမြစ်ကို ဖြတ်ကျော်သည့် ထိုတံတားသည် အဓိကတံတားဖြစ်သည်။
ထိုတိုက်ပွဲများသည် မိနစ် ၉၀ ခန့်ကြာပြီး မော်တော်ယာဉ်သွားလာမှု ထို့ထက်ပိုမိုရှည်ကြာစွာ ရပ်ဆိုင်းသွားစေသည်။ စစ်တပ်ဘက်မှ လူ ၄၅ ဦးသေဆုံးသည်ဆိုသည့် မီဒီယာသတင်းသည် ဖောင်းပွနေနိုင်သော်လည်း ထိုတံတားကို စောင့်ကြပ်သည့်စခန်းများကို သိမ်းပိုက်ရန်ရည်ရွယ်သော ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားခဲ့သည်မှာ သေချာသည်။
တပတ်ပင်မကြာမီ ဇွန်လ ၆ ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှ ဒုတိယ စစ်ဆင်ရေးကို လုပ်သောအခါ ဒုံသမိတံတားကို တိုက်ခိုက်မှုသည် အဆက်အစပ်မရှိသော သီးခြားတိုက်ခိုက်မှု မဟုတ်ကြောင်း ပြသနေသည်။
ထို့နောက် တပတ်ပင်မကြာမီ ဇွန်လ ၆ ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှ ဒုတိယ စစ်ဆင်ရေးကို လုပ်သောအခါ ဒုံသမိတံတားကို တိုက်ခိုက်မှုသည် အဆက်အစပ်မရှိသော သီးခြားတိုက်ခိုက်မှု မဟုတ်ကြောင်း ပြသနေသည်။
KNLA တပ်မဟာ ၃ နှင့် မဟာမိတ် PDFs ပူးပေါင်းတပ်ဖွဲ့က အရုဏ်တက်ချိန်တွင် ပြုလုပ်သည့် ထိုစစ်ဆင်ရေးတွင် စစ်တောင်းမြစ်ပေါ်မှ ဘွန်သတော တံတားကို ဖျက်ဆီးပြီးနောက် ရဲစခန်းတခုနှင့် စစ်တပ်စခန်း လေးခုကို သိမ်းပိုက်သည်။

စစ်သားနှင့် ရဲ ၃၀ သေဆုံးသည်ဆိုသည့် သတင်းကို အတည်မပြုနိုင်သေးသော်လည်း ပျက်စီးနေသည့် တံတား အရှေ့ဘက်ဆုံး အစိတ်အပိုင်းကို ဒရုန်းဖြင့် ရိုက်ကူးထားသော ပုံများအရ မြစ်အရှေ့ဘက်ကမ်း ကျောက်ကြီးနှင့် အနောက်ဘက်ကမ်းမှ ရန်ကုန်-နေပြည်တော်ကားလမ်းနှင့် ရထားလမ်းမှ အရေးပါသော ကျောက်တံခါး အကြား လမ်းပန်းဆက်သွယ်မှု အနည်းဆုံး ရှေ့လာမည့် လအနည်းငယ်အတွင်း ပြတ်တောက်သွားမည်ကို သံသယ ဖြစ်ရန်မလိုပေ။
ထိုနေ့တွင်ပင် KNLA ဦးဆောင်သောတပ်များသည် သယ်ယူပို့ဆောင်ရေး အချက်အခြာ တောင်ငူမြို့အနီး ကျောက်ကြီးမြို့ မြောက်ဘက် ထန်းတပင်မြို့နယ်၊ နတ်ရွာမှ ပိုမိုသေးငယ်သည့် တံတားတခုကို ဖောက်ခွဲလိုက်သည်ဟု ဆိုသည်။ ယင်းသည် ထန်းတပင်၌ ၁၀ ရက်အတွင်း ဒုတိယမြောက်တံတား ဖျက်ဆီးခံရမှုဖြစ်သည်။
စစ်တပ်ပိုင် မြဝတီသတင်း ဝက်ဘ်ဆိုက်က မေလ ၃၀ ရက်နေ့တွင် ဖော်ပြသည့် တရားဝင် သတင်းအရ စစ်တောင်းမြစ်ပေါ်မှ ပိုမိုကြီးမားသော တံတားတခုသို့ သွားသည့်လမ်းရှိ သံတံတားတခုကို PDF များက မေလ ၂၆ ရက်နေ့တွင် ဖောက်ခွဲခဲ့ကြောင်း သိရသည်။
အာရှအဝေးပြေးလမ်းပေါ်တွင် အပြင်းထန်ဆုံး တိုက်ခိုက်မှုသည် ဇွန်လ ၂၉ ရက်နေ့ အစောပိုင်းတွင် ဖြစ်ပွားသည်။ KNLA နှင့် PDFs စစ်သားများသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ ကျုံအိတ်တံတား၏ ၂၄ ပေကျယ်သော အစိတ်အပိုင်းကို ဖြိုချလိုက်သည်။
ထိုနေရာကို နေ့ဘက်တွင် ရိုက်ကူးထားသည့် ပုံများအရ ပြင်းထန်သော ပေါက်ကွဲမှုက တံတား၏ သုံးပုံနှစ်ပုံကို အောက်ဘက် ချောင်းအတွင်း ပြုတ်ကျသွားစေပြီးနောက် အရုဏ်မတက်မီ အမှောင်ထုအတွင်း အရှိန်ပြင်းပြင်းဖြင့် မောင်းလာသည့် ကားတစီးလည်း တံတားပျက်မှ ပြုတ်ကျကာ ယာဉ်မောင်း သေဆုံးကြောင်း သိရသည်။
ထိုဖျက်ဆီးရေးတပ်ဖွဲ့သည် ကွန်ကရစ်တိုင်နှစ်ခုဖြင့် ထောက်ထားသည် ၁၂ ပေ ကျယ်သော လမ်းကြောကို ရည်ရွယ်ချက်ရှိရှိ ချန်ထားသောကြောင့် သွားလာနိုင်သေးသော်လည်း ယာဉ်ကြောအကြီးအကျယ် ကျပ်တည်းသွားသည်။
သို့သော် ထိုဖျက်ဆီးရေးတပ်ဖွဲ့သည် ကွန်ကရစ်တိုင်နှစ်ခုဖြင့် ထောက်ထားသည် ၁၂ ပေ ကျယ်သော လမ်းကြောကို ရည်ရွယ်ချက်ရှိရှိ ချန်ထားသောကြောင့် သွားလာနိုင်သေးသော်လည်း ယာဉ်ကြောအကြီးအကျယ် ကျပ်တည်းသွားသည်။
ထိုနေ့နံနက်ပိုင်းတွင် တံတားပျက်ကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီအရာရှိများကို ကောင်းစွာ ကြိုတင်ပြင်ဆင်ထားသည့် ဒရုန်းတိုက်ခိုက်မှုလည်း ပြုလုပ်သည်။ ထိုတိုက်ခိုက်မှုတွင် လူနှစ်ဦးသေဆုံးပြီး ရဲနှင့်စစ်သား အများစုပါဝင်သော အခြားသူ ၂၇ ဦးခန့် ဒဏ်ရာရသည်။ ထိုတိုက်ခိုက်မှုသည် ခုခံတော်လှန်ရေး အင်အားစု၏ ဒရုန်းစွမ်းရည် မြင့်မားလာကြောင်း ပြသသည့် တိုက်ခိုက်မှုဖြစ်သည်။
တိုးတက်လာသော ခုခံတော်လှန်မှု
ထုံစံအားဖြင့် ဖရိုဖရဲနောက်ခံတွင် စစ်ကောင်စီအဆောက်အအုံများကို စိတ်တိုင်းကျ တိုက်ခိုက်မှုများက မြန်မာနိုင်ငံအလယ်ပိုင်းမှ PDF အများအပြား၏ ပိုမိုနှစ်သက်သော စစ်ရေးနည်းလမ်းဖြစ်သည်။ ဇွန်လအတွင်း တံတားများကို ကရင်ဦးဆောင်သည့် စီးနင်းတိုက်ခိုက်မှုများသည် စီစဉ်မှုနှင့် အကောင်အထည်ဖော်ရာတွင် ထူးခြားသော ဥပမာများအဖြစ် နည်းပရိယာယ်အဆင့်တွင် ထူးခြားသည်။ ထိုသို့ စီမံအကောင်အထည်ဖော်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ခုခံတော်လှန်ရေး ရဲဘော်များအကြား လေ့လာရမည့် သင်ခန်းစာများအဖြစ် ပိုမိုကျယ်ပြန့်စွာ ဖြန့်ချိမည် ဖြစ်သည်။
မတူညီသော အင်အားစုများကို ထိထိရောက်ရောက် ပေါင်းစည်းပေးရန်လိုအပ်သည့် အဆင့်မြင့် စစ်ဆင်ရေးများတွင် အောင်မြင်မှုသည် ပစ်မှတ်ကို ဂရုတစိုက် ရွေးချယ်ခြင်းနှင့် စီစဉ်ခြင်း၊ အချိန်နှင့်တပြေးညီသော ထောက်လှမ်းရေးသတင်း၊ ပစ်မှတ်များထံသို့ အမှောင်ထုအတွင်း အချိန်မီသွားရောက်ခြင်း၊ ရန်သူက လက်စားချေ လက်နက်ကြီးဖြင့်ပစ်မည့် ထိခိုက်မှုသက်သာစေရန် ဖြန့်ခွဲပြီး စခန်းများကို ကနဦး တိုက်ခိုက်မှုပြုခြင်းနှင့် စစ်ရေးအဆင့်ရှိ ဖောက်ခွဲပစ္စည်းများဖြင့် တပ်ဆင်ထားသည့် ထိထိရောက်ရောက် လေ့ကျင့်ပေးထားသော ဖောက်ခွဲရေးအဖွဲ့အပါအဝင် နေရာအမျိုးမျိုးတွင် တာဝန်အမျိုးမျိုးယူထားသည့် တပ်ဖွဲ့အမျိုးမျိုးကို ချိန်ညှိခြင်းတို့အပေါ် မူတည်နေသည်။
ဇွန်လ ၆ ရက်နေ့ စစ်တောင်းတံတား စစ်ဆင်ရေးတွင် မြေပြင်နှင့်ဝေဟင် နှစ်ခုလုံးမှ ရန်သူက ဒေါသတကြီးတုံ့ပြန်နေစဉ် နေ့အချိန် ပြန်လည်ဆုတ်ခွာရန်ကိစ္စများကို လုပ်ဆောင်ရန် လိုအပ်သည်။
သေနင်္ဂဗျူဟာအရဆိုပါက NUG ၏ ဒေသဆိုင်ရာတပ်မှူးများနှင့် KNLA တပ်မဟာများအကြား မတင်းကျပ်သော ညှိနှိုင်းမှု ပြုလုပ်ထားသည်ဟု ယူဆရသည့် စစ်ဆင်ရေးများ၏ ပထဝီအနေအထားသည်လည်း မှန်ကန်သည်။
စစ်တောင်းမြစ်ဝှမ်းတွင် အဓိကကျသော တံတားများကို ဖျက်ဆီးခြင်းသည် ခုခံတော်လှန်ရေးလွှမ်းမိုးသည့် အရှေ့ဘက်မှ ကရင်တောင်တန်းများနှင့် အနောက်ဘက်မှ မြစ်အကြား တောင်မှမြောက်ဘက်သို့ တည်ရှိနေသည့် စင်္ကြံနယ်မြေမှ သီးခြားစီဖြစ်နေသော စစ်ကောင်စီစခန်းအပေါ် ဖိအား ပိုမိုကျရောက်စေသည်။
စစ်တောင်းမြစ်ဝှမ်းတွင် အဓိကကျသော တံတားများကို ဖျက်ဆီးခြင်းသည် ခုခံတော်လှန်ရေးလွှမ်းမိုးသည့် အရှေ့ဘက်မှ ကရင်တောင်တန်းများနှင့် အနောက်ဘက်မှ မြစ်အကြား တောင်မှမြောက်ဘက်သို့ တည်ရှိနေသည့် စင်္ကြံနယ်မြေမှ သီးခြားစီဖြစ်နေသော စစ်ကောင်စီစခန်းအပေါ် ဖိအား ပိုမိုကျရောက်စေသည်။ တသီတတန်းတည်ရှိနေသည့် ထိုခံတပ်စခန်းငယ်များကို ချိတ်ဆက်လိုက်ခြင်းသည် မြောက်ဘက်တွင် တောင်ငူမှ တောင်ဘက်တွင် ရွှေကျင်အကြား ထိခိုက်လွယ်သော ဒုတိယလမ်းကြောင်းဖြစ်သည်။
ထိုစင်္ကြံအလယ်တွင် ကျောက်ကြီးမြို့ တည်ရှိပြီး ဘွန်သတောတံတားကို ဖျက်ဆီးလိုက်ခြင်းကြောင့် စစ်တောင်းမြစ်အနောက်မှ ကုန်းလမ်းဖြင့် ပြန်လည်ဖြည့်တင်းခြင်းကို အကြီးအကျယ် ဖြတ်တောက်ရာတွင် အရေးပါသော မြို့တမြို့ဖြစ်သည်။ ယခု တနံတလျားတွင် လှုပ်ရှားနေသော ပြောက်ကျားတပ်များက လာမည့် မိုးရာသီတွင် လမ်းများကို ပိတ်ဆို့မှု အရှိန်မြှင့်တင်နိုင်ပြီး ထိုမြို့က ဆက်သွယ်ထားသည့် သီးခြားစီရှိသော စစ်ကောင်စီစခန်းများကို စွန့်လွှတ်ရခြင်း သို့မဟုတ် လက်လွှတ်ရခြင်းများ ဖြစ်စေနိုင်သည်။
ပဋိပက္ခ နှစ်ဖက်လုံးမှ တပ်မှူးများ ကောင်းစွာသဘောပေါက်ထားကြသည့်အတိုင်း မြစ်အနောက်ဘက်ကမ်း ကီလိုမီတာ အနည်းငယ်တွင် ရန်ကုန်မှ နေပြည်တော်နှင့် အလယ်ပိုင်း မြို့ကြီး မန္တလေးတို့ကို ဆက်သွယ်ထားသည့် ပင်မကားလမ်းနှင့် ရထားလမ်း ရှိသည်။
ထိုလမ်းများကို ပဲခူးရိုးမ တောင်များက မိုးနေသည်။ ပဲခူးရိုးမသည် ယခင်က ကရင်နှင့် ကွန်မြူနစ် ပြောက်ကျားများ စခန်းများထူထောင်ကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် တောင်တန်းများဖြစ်သည်။
တောင်ဘက် မွန်နှင့် ကရင်ပြည်နယ်များတွင် KNLA-PDF မဟာမိတ်များ၏ သေနင်္ဂဗျူဟာ ခြိမ်းခြောက်မှုသည် ပိုမိုနီးကပ်သည်။ ပြင်းထန်သော ပြောက်ကျားစစ်ဆင်ရေးများကြောင့် အဓိက မြို့ကြီးများအကြား လမ်းပန်းဆက်သွယ်ရေးကို ခြိမ်းခြောက်နေပြီးဖြစ်သည်။
ဇွန်လ၌ တံတားတိုက်ခိုက်မှုများသည် အစောပိုင်း ပွင့်လင်းရာသီအတွင်း KNLA ၏ သထုံအခြေစိုက် တပ်မဟာ ၁ နှင့် မဟာမိတ် PDF တို့က ရန်ကုန်၊ မော်လမြိုင်နှင့် ဘားအံတို့ကို ဆက်သွယ်သော အဝေးပြေးလမ်းအပေါ် ကျရောက်စေသည့် ဖိအားကို သိသိသာသာ ပိုမိုမြင့်မားစေသည်။
မွန်ပြည်နယ် သထုံ-ဘီးလင်းဇုန်မှ စစ်ဆင်ရေးများသည် ပိုမိုအရှေ့ဘက်ရောက်သော ထိုင်းနယ်စပ်သို့ အဓိကလမ်း တလျှောက်တွင် မြင်ရသည့် အခြေအနေမျိုး တွေ့နေရသည်။ ထိုနယ်စပ်ဒေသတွင် KNLA တပ်မဟာ ၆ နှင့် PDF များသည် ကျုံဒိုးနှင့် ကော့ကရိတ် မြိုအနီး အဝေးပြေးလမ်းတလျှောက်တွင် မကြာခဏ လှုပ်ရှားနေသည်။
ထိုသို့သောလှုပ်ရှားမှု၏ အလုံးစုံသက်ရောက်မှုက စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု သိသိသာသာ မြင့်မားလာခြင်းနှင့် တာဝန်ရှိ တပ်မှူးများကို ဖြုတ်ပစ်ခြင်းတို့ပင်ဖြစ်သည်။
ထိုသို့သောလှုပ်ရှားမှု၏ အလုံးစုံသက်ရောက်မှုက စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု သိသိသာသာ မြင့်မားလာခြင်းနှင့် တာဝန်ရှိ တပ်မှူးများကို ဖြုတ်ပစ်ခြင်းတို့ပင်ဖြစ်သည်။
ယခုနှစ် ဧပြီလအစောပိုင်းတွင် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးကို ရာထူးမှ ဖယ်ရှားပြီး နောင်တွင် လာအိုသံအမတ်အဖြစ် ပြောင်းလဲခန့်လိုက်သည်။
သူ၏ အထက်အရာရှိ ကရင်နှင့် မွန်ပြည်နယ်မှ စစ်ဆင်ရေးများကို ကြီးကြပ်သည့် အမှတ် ၄ အထူးစစ်ဆင်ရေးအဖွဲ့မှူ ဒုဗိုလ်ချုပ်ကြီး ခွန်လှိုင်ကိုလည်း ရုတ်တရက် ထုတ်ပယ်လိုက်သည်။
စစ်ကောင်စီကို လမ်းပိတ်ခြင်း
ခုခံတော်လှန်ရေး အင်းအားစုများက မြို့ပြဒေသများကို သိမ်းပိုက်ခြင်းသည် လက်တွေ့မကျသလို လုပ်လည်းမလုပ်သင့်သေးသည့် စစ်အခြေအနေတွင် ထိုမြို့ပြဒေသများကို ဆက်သွယ်သည့် အဓိက ဆက်သွယ်ရေးလမ်းကြောင်းများကို ဖိအားပေးသည့် သေနင်္ဂဗျူဟာသည် အကောင်းဆုံး ရှေ့ဆက်ရမည့်လမ်းဖြစ်ကြောင်း အလိုအလျောက်ဖြစ်လာသည်။
ဇွန်လက KNLA ၏ ကျယ်ပြန့်လှသော ကရင်-မွန်-ပဲခူး စစ်ဆင်ရေးဒေသတဝှမ်းတွင် ဇွန်လက တွေ့မြင်ရသော အထောက်အထားများအရဆိုပါက ထိုနည်းလမ်းတွင် နိုင်ငံအစိတ်အပိုင်း အသီးသီးတွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သေနင်္ဂဗျူဟာညှိနှိုင်းမှု ချမှတ်ရန်ကြိုးစားပြီး အမျိုးမျိုးသော စစ်ရေးနှင့်နိုင်ငံရေး အကန့်အသတ်များ ရင်ဆိုင်ရသည့် အကျိုးမများသော အားထုတ်မှုထက် ဒေသဆိုင်ရာ အဆင့်တွင် မတင်းကျပ်သော စစ်ဆင်ရေးညှိနှိုင်းမှု လိုအပ်သည်။
သေနင်္ဂဗျူဟာအတွက် အရေးပါသော အမြဲမပြတ် ခြုံခိုတိုက်ခိုက်မှု ဖိအားကြောင့် စစ်တပ်သည် အဓိကကျသည့် လမ်းများကို စွန့်လွှတ်စေမည် ဖြစ်သည်။
အချို့ကိစ္စများတွင် ထိုပုန်ကန်မှု သေနင်္ဂဗျူဟာအတွက် အရေးပါသော အမြဲမပြတ် ခြုံခိုတိုက်ခိုက်မှု ဖိအားကြောင့် စစ်တပ်သည် အဓိကကျသည့် လမ်းများကို စွန့်လွှတ်စေမည် ဖြစ်သည်။ ထိုလမ်းများဖွင့်ထားရန် ကြိုးစားခြင်းအတွက် အသက်နှင့် မော်တော်ယာဉ် ဆုံးရှုံးမှုတန်ဖိုးသည် ရရှိသော အကျိုးကျေးဇူးထက် များစွာ ကြီးမားနေသည်။
အနောက်မြောက်ပိုင်း စစ်ကိုင်းမှ ဒေသဆိုင်ရာ စစ်ဆင်ရေးဌာနချုပ် ကလေးမြို့နှင့် တောင်ဘက် မကွေးတိုင်းမှ လမ်းဆုံမြို့ ဂန့်ဂေါမြို့ အကြားလမ်းသည် ထိုအချက်ကို ထင်ထင်ရှားရှား ပြသနေသည်။
ချင်းပြည်နယ်ကို ကွေ့ဝိုက်နေသည့် ၁၂၀ ကီလိုမီတာ (၇၄ မိုင်ကျော်) ရှည်သော ထိုလမ်းကြောင်းတွင် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ ၂၀၂၂ ခုနှစ်အထိ အပတ်စဉ် တိုက်ခိုက်မှုများနှင့် စစ်တပ်က ကျေးရွာများကို လက်စားချေ ပြန်လည်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယခုအခါ စစ်တပ်သည် ကလေးရှိ စခန်းများသို့ ဆုတ်ခွာသွားပြီး ထိုလမ်းကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။
အဓိက အဝေးပြေးလမ်းများကို စစ်ကောင်စီက လက်မလွှတ်နိုင်သောကြောင့် အခြားရွေးစရာ ခုခံတော်လှန်ရေး အခြေအနေတွင် လက်ရှိပြုလုပ်နေသည့် ခြုံခိုတိုက်ခိုက်မှုများ၊ ဖြစ်နိုင်သောနေရာများတွင် တံတားများကို ဖောက်ခွဲခြင်းနှင့် ထိုသို့သော တိုက်ခိုက်မှုများကြောင့် စစ်တပ်လူအင်အား အကြီးအကျယ် ဆုံးရှုံးစေသည့် ဖြတ်တောက်ခြင်းများ ပါဝင်သည်။
ထိုသို့သော ပကတိအခြေအနေမျိုးသည် လက်လုပ်မိုင်း လမ်းဟုခေါ်သည့် စစ်ကိုင်းနှင့် စစ်တပ်၏ အနောက်မြောက်ပိုင်း စစ်ဌာနချုပ် မုံရွာလမ်းတွင် ပေါ်ပေါက်နေသလို ကရင်နှင့် မွန်ပြည်နယ်များမှ အာရှအဝေးပြေးလမ်း တလျှောက်ရှိ ပိုမိုကြီးမား၊ ကောင်းမွန်စွာဖွဲ့စည်းပြီး ပိုမိုကောင်းမွန်စွာ လက်နက်တပ်ဆင်ထားသည့် ကရင်နှင့် PDF ဒေသများတွင် အလွန် ကွဲပြားသောပုံစံဖြင့် ပေါ်ပေါက်နေသည်။
ထိုသေနင်္ဂဗျူဟာ၏ အောင်မြင်မှုကို စစ်တပ်လှုပ်ရှားမှု နည်းလာခြင်း၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် စောင့်ကြပ်လိုက်ပါရန် လိုအပ်သည့် ပိုမိုကြီးမားသော စစ်ယာဉ်တန်းများဖြင့် သွားလာခြင်းတို့ဖြင့် တိုင်းတာရမည်ဖြစ်သည်။
ထိုသေနင်္ဂဗျူဟာ၏ အောင်မြင်မှုကို စစ်တပ်လှုပ်ရှားမှု နည်းလာခြင်း၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် စောင့်ကြပ်လိုက်ပါရန် လိုအပ်သည့် ပိုမိုကြီးမားသော စစ်ယာဉ်တန်းများဖြင့် သွားလာခြင်းတို့ဖြင့် တိုင်းတာရမည်ဖြစ်သည်။
စစ်တပ်သည် ချင်းပြည်နယ် အနောက်ပိုင်းနှင့် စစ်ကိုင်း-ကချင်နယ်စပ် ဧရာဝတီ မြစ်ကြောင်းတွင် ထိုအဆင်ပြေသော နည်းလမ်းကို သုံးနေရသည်။ မြစ်ကြောင်းအတွင်း သွားလာရန်နှင့် ထောက်ပံ့ရေး သင်္ဘောများ မြောက်ပိုင်းသို့သွားရာတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လိုက်ပါစောင့်ကြပ်ပေးနေရသည်။
လေကြောင်းစစ် မိုက်မဲမှု

မြန်မာလေတပ်သည် စစ်မြေပြင်တွင် ကောင်းမွန်သော သက်ရောက်မှုဖြစ်အောင် မလုပ်နိုင်သည့် အနေထားတွင် အထက်ပါ ပုံစံများဖြစ်လာခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု စံချိန်တင်များပြားပြီး ကြဲချသည့် ခဲယမ်းများနှင့် အသုံးပြုသည့် လေယာဉ်ဆီအတွက် ကုန်ကျစရိတ်များပြားသော်လည်း အရပ်သားများကိုသာ အဓိကထိခိုက်စေပြီး ထောက်ပံ့ပို့ဆောင်ရေးစခန်း ကြီးကြီးမားမားမရှိဘဲ တပ်ဖွဲ့ငယ်များနှင့် လှုပ်ရှားနေသည့် ခုခံတော်လှန်ရေးအားစုများကို အနည်းအကျဉ်းသာ ထိခိုက်စေသည်။
မြန်မာလေတပ်၏ စုစုပေါင်းသက်ရောက်မှုမှာ အခြေခံအားဖြင့် စိတ်ပိုင်းဆိုင်ရာတွင်သာ ဖြစ်စေသည်။ အရပ်သားများကို ကြောက်လန့်အောင်လုပ်ပြီး သေးငယ်သော စစ်ကောင်စီစခန်းများကို စိတ်ဓာတ်မြင့်တင်ပေးရန်သာ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပိုမို အသေအပျောက်များသော ပဋိပက္ခများတွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ဆိုးကျိုးကိုဖြစ်စေပြီး တိုက်ပွဲဝင်ရန် လူထုဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေကြောင်း လုံးဝသက်သေပြနေသည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပိုမို အသေအပျောက်များသော ပဋိပက္ခများတွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ဆိုးကျိုးကိုဖြစ်စေပြီး တိုက်ပွဲဝင်ရန် လူထုဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေကြောင်း လုံးဝသက်သေပြနေသည်။ မြင့်မားလာသော ဖိအားအောက်တွင် စခန်းများကို ထောက်ကူရန် ကမန်းကတမ်း လုပ်ကိုင်ရသော်လည်း လေကြောင်းမှ အကာအကွယ် ပေးရမည့်နေရာ လွန်စွာများပြားနေသောကြောင့် မြန်မာလေတပ်၏ စစ်ရေးသေနင်္ဂဗျူဟာသည် အခြေအနေဆိုးကျရောက်မည့်အချိန်ကို ဆွဲထားရန်သာ တတ်နိုင်သည်။
အသက်သေဆုံးမှု သို့မဟုတ် သိမ်းပိုက်နိုင်သည့် ကီလိုမီတာဖြင့် အလွယ်တကူ တိုင်းတာသည့် နေ့စဉ် စိတ်အားတက်စရာ ဇာတ်လမ်းများ မပေးနိုင်သော ရေရှည်ပဋိပက္ခများတွင် နိုင်ငံတကာသတင်းလုပ်ငန်းသည် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေတခုအဖြစ်သာ ဖော်ပြလေ့ရှိသည်။ လွန်ခဲ့သောနှစ် အတွင်းတွင် မြန်မာကိုလည်း အလားတူသာဖော်ပြပြီး မည်သည့်ဘက်ကမျှ အနိုင်မရနိုင်သည့်စစ်ပွဲဟု ကောက်ချက်ချကြသည်။
မြန်မာလူထု ခုခံတော်လှန်ရေးအင်းအားစု မည်သို့အနိုင်ရမည် သို့မဟုတ် အနိုင်ရနိုင်ခြေ ရှိ၊ မရှိကိုပင် ဆုံးဖြတ်ရန် လိုနေသေးသော်လည်း တိုတောင်းသော နှစ်နှစ်တာ ကာလအတွင်း ရရှိခဲ့သည့် မှတ်သားစရာကောင်းသော စည်းလုံးလှုပ်ရှားမှု၊ ရေရှည်ရပ်တည်နိုင်မှုနှင့် လက်နက်ရရှိမှုကို လျှော့တွက်မည်ဆိုလျှင် မိုက်မဲရာရောက်သည်။ ထိုတိုးတက်မှုများ ဇွန်လအတွင်း တွေ့ရသည့်အတိုင်းဆိုပါက လတ်တလော မထင်ရှားသေးသော်လည်း သံသယဖြစ်စရာမလိုသော ထူးခြားသောနည်းဖြင့် တိုးတက်လာနေသည်။
ရှုထောင့်အမျိုးမျိုးမှကြည့်လျှင်ပင် မကြုံဖူးသည့် ပြည်တွင်းစစ်အခြေအနေတွင် အနာဂတ်ကို ခန့်မှန်းခြင်းသည် သံသယဖြစ်စရာကိုသာ ဖြစ်စေသည်။ သို့သော် လက်ရှိ လမ်းကြောင်းများအတိုင်းဆိုလျှင် မည်သူနိုင်မည် ဆိုသည့်အချက်ကို အာရုံအနည်းငယ်သာ စိုက်သင့်ပြီး အကျပ်အတည်းဖြစ်နေသော မြန်မာစစ်တပ် မည်သည့်အချိန် မည်သို့ရှုံးမည်ကို အာရုံပိုမိုစိုက်သင့်သည်။
(Asia Times ပါ Anthony Davis ၏ Blowing the bridge on Myanmar’s fluid civil war ကို ဘာသာပြန်သည်။ Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)
You may also like these stories:
ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ
တီးတိန် သိုင်းငင်းရွာတိုက်ပွဲ ပြင်းထန်သဖြင့် နှစ်ဖက်သေဆုံးမှုများ
စစ်ကိုင်းတိုင်းရှိ ပျူစောထီးစခန်း ၈ ခု PDF များ တိုက်ခိုက်၊ နှစ်ဖက် အသေပျောက်ရှိ
ကွတ်ခိုင်၌ စစ်ကောင်စီတပ်ကို KIA တိုက်
အချိန်တိုအတွင်း အင်အား ကြီးထွားလာသည့် KNDF
စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ
PDF များ ပခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးတဲ့အခါ