• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပူတင်ကို ထီမထင်သည့် ကြေးစားတပ်ခေါင်းဆောင် ပရီဂိုဇင်

by ဧရာဝတီ
25 June 2023
in ဆောင်းပါး
A A
ယူကရိန်းရောက် ပရီဂိုဇင်နှင့် ၎င်း၏ ကြေးစားစစ်သားများ

ယူကရိန်းရောက် ပရီဂိုဇင်နှင့် ၎င်း၏ ကြေးစားစစ်သားများ

16.2k
VIEWS
Share on FacebookShare on Twitter

ယူကရိန်းကို အပြည့်အဝ ကျူးကျော်သည့် ၁၆ လအတွင်း ယခုအချိန်သည် အပြောင်းအလဲ ဖြစ်စေမည့် အချိန်ဖြစ်ပြီး သမ္မတ ဗလာဒီမာ ပူတင် အာဏာချုပ်ကိုင်မှုကိုပင် စိန်ခေါ်မှုဖြစ်နိုင်သည်။

ဝဂ္ဂနာကြေးစားတပ် ခေါင်းဆောင် ယက်ဂျနီ ပရီဂိုဇင်က လက်နက်ကိုင်ပုန်ကန်ပြီး “မိမိတို့နိုင်ငံ နောက်ကျောကို ဓားဖြင့်ထိုးကာ” နိုင်ငံတော်သစ္စာဖောက်သည်ဟု ရုရှားခေါင်းဆောင်က စွပ်စွဲသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
48
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
40
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
60

ရုရှားတွင် အရေးအပါဆုံး ခေါင်းဆောင်များအနက် တဦးဖြစ်သူ ပရီဂိုဇင်က သူ၏ရည်မှန်းချက်မှာ စစ်အာဏာသိမ်းမှု မဟုတ်ဘဲ တရားမျှတမှုသို့ ချီတက်ခြင်းဖြစ်ကြောင်း ပြောသည်။

ရုရှားတွင် အရေးအပါဆုံး ခေါင်းဆောင်များအနက် တဦးဖြစ်သူ ပရီဂိုဇင်က သူ၏ရည်မှန်းချက်မှာ စစ်အာဏာသိမ်းမှု မဟုတ်ဘဲ တရားမျှတမှုသို့ ချီတက်ခြင်းဖြစ်ကြောင်း ပြောသည်။

ဘီလာရုသမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ကြားဝင်ဖြန်ဖြေမှုဖြင့် မော်စကိုသို့ ဦးတည်လာသော တပ်များကို နောက်ကြောင်းပြန်လှည့်ခိုင်းပြီး ပရီဂိုဇင်က ဘီလာရုစ်ကို သွားသည်။

ဖြစ်ပျက်သမျှ အကြောင်းစုံ

ပရီဂိုဇင်သည် သူ၏ကြေးစားစစ်သားအုပ်စုကို အထူးသဖြင့် ရုရှားအကျဉ်းထောင်များမှ စုဆောင်းပြီး ရုရှားက ယူကရိန်းကို စစ်ဆင်ရာတွင် အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်မှာ လပေါင်းများစွာ ကြာပြီဖြစ်သည်။

သူသည် ထိုစစ်ပွဲကို စီမံပုံနှင့်ပတ်သက်ပြီး စစ်တပ်အကြီးအကဲများနှင့် ပြဿနာတက်နေသည်မှာလည်း ကြာပြီဖြစ်ပြီး ထိုပြဿနာသည် ပုန်ကန်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝဂ္ဂနာတပ်များသည် ရော့စတော့အွန်ဒွန်သို့ ဖြတ်သန်းလာပြီး ထိုမြို့မှ စစ်ဘက်အဆောက်အအုံများကို သိမ်းပိုက်လိုက်သည်

ဝဂ္ဂနာတပ်များသည် သိမ်းပိုက်ထားသော ယူကရိန်း အရှေ့ပိုင်းမှ တောင်ပိုင်း ရုရှားမြို့ကြီးဖြစ်သော ရော့စတော့အွန်ဒွန်သို့ ဖြတ်သန်းလာပြီး ထိုမြို့မှ စစ်ဘက်အဆောက်အအုံများကို သိမ်းပိုက်လိုက်သည်။

ရုရှားကို ကာကွယ်ရန် အရာရာလုပ်ဆောင်မည်ဟု သမ္မတ ပူတင်က ကတိပြုသော်လည်း ဝဂ္ဂနာတပ်ဖွဲ့ကို ထိထိရောက်ရောက် မဟန့်တားနိုင်ဘဲ မော်စကိုမှ အထက်တန်းလွှာများ မြို့ကို စွန့်ခွာခဲ့သည်။ ပူတင်ကိုယ်နှိုက်ပင် ကရင်မလင်နန်းတော်မှ အခြားတနေရာဆီ ရှောင်တိမ်းသွားသည်ဟု သတင်းတချို့က ဆိုသည်။

အာဏာသိမ်းမှုလား

စစ်အာဏာသိမ်းမှုဆိုသည့် ပြောဆိုမှုအားလုံးသည် အဓိပ္ပာယ်မရှိကြောင်း ကြေးစားစစ်တပ်ခေါင်းဆောင် ပရီဂိုဇင်က ပြောသည်။

သူ၏ကြေးစားစစ်သားများကို လက်နက်ခဲယမ်း လုံလုံလောက်လောက်ပေးရန် ရုရှားစစ်တပ်က ပျက်ကွက်ခြင်း အပေါ် အကန့်အသတ်မဲ့ အငြင်းပွားမှုဖြင့် စတင်ခဲ့သောကိစ္စသည် ယူကရိန်းစစ်ပွဲကို အဓိကဦးဆောင်သူ နှစ်ဦးဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂုနှင့် စစ်ဦးစီးချုပ် ဗယ်လာရီ ဂျာရစီမော့ တို့ကို တိုက်ရိုက် စိန်ခေါ်မှု ဖြစ်သွားသည်။

အစိုးရထံမှ အာဏာသိမ်းယူရန် ကြိုးစားမှု မရှိသောကြောင့် အာဏာသိမ်းမှု မဟုတ်ပေ။ သို့သော် ထိုလုပ်ရပ်သည် ရုရှားစစ်တပ်ထိပ်တန်း ခေါင်းဆောင်များကို ဖြုတ်ချရန် အားထုတ်မှု ဖြစ်သောကြောင့် သမ္မတ၏ အာဏာကို စိန်ခေါ်မှု ဖြစ်နေသည်။

အစိုးရထံမှ အာဏာသိမ်းယူရန် ကြိုးစားမှု မရှိသောကြောင့် အာဏာသိမ်းမှု မဟုတ်ပေ။ သို့သော် ထိုလုပ်ရပ်သည် ရုရှားစစ်တပ်ထိပ်တန်း ခေါင်းဆောင်များကို ဖြုတ်ချရန် အားထုတ်မှု ဖြစ်သောကြောင့် သမ္မတ၏ အာဏာကို စိန်ခေါ်မှု ဖြစ်နေသည်။

မော်စကို မြို့တော်ဝန်းကျင် တခုလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး စနစ်အောက်တွင် တပ်လှန့်ထားပြီး အဓိက အခမ်းအနားများ အားလုံး ဖျက်သိမ်းထားသည်။

“ကျနော်တို့မှာ အင်အား ၂၅,၀၀၀ ရှိတယ်” ဟု ပရီဂိုဇင်က ပြောသည်။ “ဘယ်သူမဆို ဆန္ဒရှိရင် ကျနော်တို့နဲ့ ပူးပေါင်းပါ” ဟု ၎င်းက ပြောသည်။ ထိုအင်အားသည် သမ္မတကို ခြိမ်းခြောက်ရန် မလုံလောက်သော်လည်း စစ်ခေါင်းဆောင်များကို စိန်ခေါ်နိုင်သည်။

နယ်စပ်ကို ဖြတ်ကျော်ကာ သူ၏တပ်များကို ရော့စတော့ဗ်သို့ ချီတက်ပြီးနောက် ပရီဂိုဇင်သည် ယူကရိန်းစစ်ပွဲကို စီမံသည့် စစ်ဌာနချုပ်ကို ဝိုင်းလိုက်ပုံရပြီး ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ် ထွက်ပြေးသွားကြောင်း ကြေညာခဲ့သည်။

မည်သို့မည်ပုံဖြစ်ခဲ့သနည်း

ပရီဂိုဇင်သည် သမ္မတ ပူတင်၏ လူရင်းဖြစ်သည်မှာ ကြာပြီဖြစ်ပြီး ပူတင် လက်အောက်တွင် အောင်မြင်ကျော်ကြားလာသည်

ပရီဂိုဇင်သည် သမ္မတ ပူတင်၏ လူရင်းဖြစ်သည်မှာ ကြာပြီဖြစ်ပြီး ပူတင် လက်အောက်တွင် အောင်မြင်ကျော်ကြားလာသည်။ ကနဦးတွင် ချမ်းသာသည့် စီးပွားရေးသမားအဖြစ်နှင့် နောင်တွင် ကြေးစားတပ် အကြီးအကဲ ဖြစ်လာသည်။

သူ၏ ဝဂ္ဂနာ ကြေးစားစစ်သားများသည် ယူကရိန်းအရှေ့ပိုင်းမှ ဘက်မတ်ကို သိမ်းပိုက်သည့် ပြင်းထန်သော စစ်ဆင်ရေးတွင် အများအပြား သေဆုံးခဲ့သည်။ ထိုစစ်ဆင်ရေးသည် လချီကြာသော်လည်း ပြည့်ဝစွာ အောင်မြင်ခြင်း မရှိပေ။ ပရီဂိုဇင်က ဗီဒီယိုများ၊ ပုတ်ခတ်သော လူမှုကွန်ရက် ပို့စ်များနှင့် ယူကရိန်းမှ ရုရှားတပ်အတွင်း အကွဲအပြဲများကို ထောက်ပြပြီး အမြောက်ဆံ မလုံလောက်ခြင်းအတွက် စစ်တပ်ထိပ်တန်း ပုဂ္ဂိုလ်များကို အပြစ်တင်သည်။

သူသည် မည်သည့်အခါကမှ သူ၏ဒေါသကို သမ္မတ ပူတင်သို့ ဦးတည်ခြင်း မရှိသော်လည်း ‘ပျော်ရွှင်နေသော အဖိုး’ ဆိုသည့် သူ၏စိတ်အချဉ်ပေါက် ရည်ညွန်းပြောဆိုချက်သည် ပူတင်ကို သွယ်ဝိုက်ဝေဖန်ခြင်းအဖြစ် မြင်ကြသည်။

သူသည် မည်သည့်အခါကမှ သူ၏ဒေါသကို သမ္မတ ပူတင်သို့ ဦးတည်ခြင်း မရှိသော်လည်း ‘ပျော်ရွှင်နေသော အဖိုး’ ဆိုသည့် သူ၏စိတ်အချဉ်ပေါက် ရည်ညွန်းပြောဆိုချက်သည် ပူတင်ကို သွယ်ဝိုက်ဝေဖန်ခြင်းအဖြစ် မြင်ကြသည်။ “ဒီပျော်ရွှင်နေတဲ့ အဖိုးက လုံးဝ ငပေါဖြစ်နေရင် ရုရှားက စစ်ဘယ်လိုလုပ် နိုင်တော့မလဲ” ဟု လွန်ခဲ့သောလက သူမေးခွန်းထုတ်ခဲ့သည်။

ထို့နောက် ဇွန်လ ၂၃ ရက်နေ့က ဒေါသတကြီး ရှည်ရှည်လျားလျားပြောသည့် မိန့်ခွန်းတွင် ပရီဂိုဇင်က ရုရှားပြည်သူများအား သူတို့၏ စစ်ပွဲအတွက် အကြောင်းပြချက်များ အားလုံးသည် အလိမ်အညာများသာဖြစ်ပြီး ကိုယ့်ကိုကိုယ် အမွမ်းတင်ရန်၊ ပြည်သူများနှင့် သမ္မတကို လိမ်လည်ရန် လက်တဆုပ်စာ လူလိမ်အုပ်စု၏ ဆင်ခြေမျှသာဖြစ်ကြောင်း ပြောသည်။

ထိုနောက် အဖြစ်အပျက်များ မြန်ဆန်လာသည်။

ရုရှားစစ်တပ်က ယူကရိန်းမှ သူ့လူများကို အမြောက်ဖြင့် (မှားယွင်းကာ) အသေအလဲပစ်ကြာင်း ပရီဂိုဇင်က စွပ်စွဲသော်လည်း ရုရှားစစ်တပ်က ထိုအချက်ကို ငြင်းဆန်ပြီး သူသည် ယခင်ကဲ့သို့ အထောက်အထား မပြနိုင်ကြောင်း ပြောသည်။

ဇွန်လ ၂၃ ရက်နေ့ နှောင်းပိုင်းတွင် သူက သူ၏ တရားမျှတမှုအတွက် ချီတက်ပွဲကို ကြေညာလိုက်သည်။ သူ၏တပ်အင်အားက ၂၅,၀၀၀ ရှိကြောင်း ပြောသည်။

ယူကရိန်းမှ ရုရှားတပ်များ၏ ဒုတပ်မှူး ဗိုလ်ချုပ်ကြီး ဆာဂေး ဆူရိုဗီကင်က ပရီဂိုဇင်ကို နောက်ပြန်ဆုတ်ပြီး သမ္မတ၏ အာဏာအောက်တွက် နေရန်ပြောသည်။

ယခုအခါ ဘီလာရုစ်၏ ကြားဝင်ဖြန်ဖြေမှုကြောင့် ဝဂ္ဂနာ တပ်များ ကိုယ့်တပ်စခန်းကိုယ် ပြန်လှည့်သွားကုန်သော်လည်း ပြဿနာက လုံးဝ အေးချမ်းသွားပုံ မရပေ။

သို့သော် နံနက်ပိုင်းရောက်သောအခါ ပရီဂိုဇင်၏လူများသည် ရော့စတော့ဗ်သို့ ရောက်လာသည်။

ယခုအခါ ဘီလာရုစ်၏ ကြားဝင်ဖြန်ဖြေမှုကြောင့် ဝဂ္ဂနာ တပ်များ ကိုယ့်တပ်စခန်းကိုယ် ပြန်လှည့်သွားကုန်သော်လည်း ပြဿနာက လုံးဝ အေးချမ်းသွားပုံ မရပေ။

ပူတင်နှင့် ရုရှားအတွက် အရေးကြီးသောအချိန်

ဘီလာရုစ်၏ ကြားဝင်ဖြန်ဖြေမှုကြောင့် ဝဂ္ဂနာ တပ်များ ကိုယ့်တပ်စခန်းကိုယ် ပြန်လှည့်သွားသည်

ထိုဖြစ်ရပ်သည် ရုရှား၏ ယူကရိန်းစစ်ပွဲနှင့် သမ္မတ၏ ခေါင်းဆောင်မှုအတွက် တိုက်ရိုက်စိန်ခေါ်မှု မဟုတ်သော်လည်း မော်စကိုသို့ ချီလာသည့် ဝဂ္ဂနာတပ်ကို ထိထိရောက်ရောက် မဟန့်တားနိုင်ခြင်းကြောင့် ပူတင် မည်မျှအားနည်းနေကြောင်း ပြနေသည်။

ထိုကာလသည် သမ္မတ ပူတင် ခေါင်းဆောင်မှုကို စိန်ခေါ်မှုလည်း ဖြစ်ကာ ရှေ့လျှောက် ယခုလို နောက်တကြိမ်မဖြစ်တော့ဟု အာမခံနိုင်ခြင်းလည်း မရှိပါ။ အပြောင်းအလဲ ကာလဖြစ်သွားနိုင်ပြီး ပူတင်အတွက် အခြေအနေမှန်ကို သဘောပေါက်ရမည့် ကာလဖြစ်သည်။

ပရီဂိုဇင်က ရော့စတော့တွင် စခန်းထူထောင်မည်ဟု ခြိမ်းခြောက်ရုံသာမက သူ၏ စစ်ရေးတောင်းဆိုချက်များကို မဖြည့်ဆည်းပါက မော်စကိုသို့ ချီတက်မည်ဟုလည်း ပြောခဲ့သည်။ ယခု ဘီလာရုစ် ကြားဝင်စေ့စပ်သော အပေးအယူတွင် ဝဂ္ဂနာတပ်ဖွဲ့အား တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်အပြင် မည်သည့် နက်ရှိုင်းသော သဘောတူညီချက်များ ရှိသည်ကို မသိရှိရသေးပေ။

ပရီဂိုဇင်သည် ရုရှားတွင် ပြည်သူထောက်ခံမှု အကြီးအကျယ်ရနေပြီး သူ၏ စိန်ခေါ်မှု ပြိုကွဲသွားသော်လည်း သူ၏ ကြေးစားတပ်များနှင့် ယူကရိန်းတွင် တိုက်နေရသော ရုရှားစစ်တပ်ကြား မယုံသင်္ကာဖြစ်နေမှုသည် စစ်ပွဲအောင်နိုင်ရေး အကြီးအကျယ် စိန်ခေါ်မှုဖြစ်နေဦးမည် ဖြစ်သည်။

ထိုကာလသည် သမ္မတ ပူတင် ခေါင်းဆောင်မှုကို စိန်ခေါ်မှုလည်း ဖြစ်ကာ ရှေ့လျှောက် ယခုလို နောက်တကြိမ်မဖြစ်တော့ဟု အာမခံနိုင်ခြင်းလည်း မရှိပါ။ အပြောင်းအလဲ ကာလဖြစ်သွားနိုင်ပြီး ပူတင်အတွက် အခြေအနေမှန်ကို သဘောပေါက်ရမည့် ကာလဖြစ်သည်။

အခြေအနေ မည်သို့ အဆုံးသတ်မည်ကို ပြောရန်စောသေးသည်။

ကိုးကား။ ။ BBC ပါ Is this a coup? What is Prigozhin doing in Russia?

You may also like these stories:

ယူကရိန်းကဲ့သို့ မြန်မာလည်း နိုင်ငံတကာအကူအညီများနှင့် ထိုက်တန်

ပူတင်က “ချစ်မိတ်ဆွေကြီး” ရှီကို ကရင်မလင်တွင် လက်ခံတွေ့

ICC ဖမ်းဝရမ်းကြောင့် ပူတင်၏ ကမ္ဘာ ကျဉ်းမြောင်းလာ

မော်စကို ခရီးစဉ်အပြီး ဇယ်လန်းစကီးနှင့် ရှီကျင့်ဖျင် တွေ့မည်

Your Thoughts …
Tags: စစ်အာဏာသိမ်းမှုပရီဂိုဇင်ပုန်ကန်မှုဗလာဒီမာ ပူတင်မော်စကိုယူကရိန်းရုရှားဝဂ္ဂနာကြေးစားတပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ

မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ

ကြက်မွေးမြူရေးခြံများသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်စစ်ဆေးနေစဉ်

မြန်မာစစ်တပ်ကို ခွဲခြမ်းစိတ်ဖြာခြင်း အပိုင်း (၂)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved