• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပူတင်က “ချစ်မိတ်ဆွေကြီး” ရှီကို ကရင်မလင်တွင် လက်ခံတွေ့

by ဧရာဝတီ
21 March 2023
in သတင်း
A A
ဗလာဒီမာပူတင်သည် သူ၏ "ချစ်မိတ်ဆွေကြီး" ရှီကျင့်ဖျင်ကို ကရင်မလင် နန်းတော်တွင် လက်ခံတွေ့သည်

ဗလာဒီမာပူတင်သည် သူ၏ "ချစ်မိတ်ဆွေကြီး" ရှီကျင့်ဖျင်ကို ကရင်မလင် နန်းတော်တွင် လက်ခံတွေ့သည်

4.3k
VIEWS
Share on FacebookShare on Twitter

ဗလာဒီမာပူတင်သည် သူ၏ “ချစ်မိတ်ဆွေကြီး” ရှီကျင့်ဖျင်ကို ကရင်မလင် နန်းတော်တွင် ညစာတည်ခင်းပြီးနောက် အင်္ဂါနေ့တွင် ထပ်မံဆွေးနွေးရန် ရှိသည်။ အထီးကျန် ရုရှားသမ္မတသည် ယူကရိန်းစစ်ဖြင့် အနောက်နိုင်ငံများ၏ ဆန့်ကျင်မှုကို ရင်ဆိုင်နေရချိန်တွင် တရုတ်သမ္မတက သြဇာ အကြီးမားဆုံး မဟာမိတ်ရှိကြောင်း ပြသလိုက်သည်။

ဝါရှင်တန်က ရှီ၏ခရီးစဉ်ကို ရှုတ်ချပြီး ပူတင်ကို နိုင်ငံတကာတရားရုံး ICC က စစ်ရာဇဝတ်မှုဖြင့် စွပ်စွဲပြီး မကြာမီ သွားရောက်လည်ပတ်ခြင်းသည် နောက်ထပ် ရာဇဝတ်မှုများကို ကျူးလွန်ရန် သံတမန်ရေးအကာအကွယ်ပေးခြင်းအဖြစ် စွပ်စွဲသည်။

ထိုခရီးစဉ်သည် တရုတ်ခေါင်းဆောင်က သမိုင်းတွင် မကြုံဖူးသည့် သမ္မတ တတိယသက်တမ်းကို လွန်ခဲ့သောလက ရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည်။ တရုတ်ခေါင်းဆောင်က အနီးကပ်ဆုံး မဟာမိတ်နှင့် စီးပွားရေးဆက်ဆံမှု နက်ရှိုင်းအောင် လုပ်နေစေကာမူ ဘေ့ဂျင်းသည် ယူကရိန်းစစ်တွင် အလားအလာရှိသော ငြိမ်းချမ်းရေးသမားဖြစ်သည်ဟု ပုံဖေါ်ရန်လည်း ကြိုးစားနေသည်။

တနင်္လာနေ့ ကရင်မလင်နန်းတော်တွင် တွေ့ဆုံသောအခါ ပူတင်နှင့် ရှီသည် တဦးနှင့်တဦး ချစ်မိတ်ဆွေများအဖြစ် နှုတ်ဆက်ကြပြီး ရုရှားနိုင်ငံပိုင်သတင်းဌာနများက ၎င်းတို့သည် ၄ နာရီခွဲကြာ အလွတ်သဘော ဆွေးနွေးကြသလို အင်္ဂါနေ့တွင် တရားဝင်ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် စီစဉ်ထားသေးသည်။

ရှီက ပူတင်ကို ချီးကျူးပြီး ရုရှားနိုင်ငံသားများက သူ့ကို လာမည့်ရွေးကောက်ပွဲတွင် ထပ်မံ ရွေးချယ်မည်ဖြစ်ကြောင်းပြောသည်

ယူကရိန်း ပဋိပက္ခ ဖြေရှင်းရေးနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို လေးလေးစားစား ဖတ်ကြောင်း ရုပ်သံမှ ထုတ်လွှင့်သည့် ဆွေးနွေးပွဲတွင် ပူတင်က ရှီကိုပြောသည်။ တရုတ်နိုင်ငံ၏ နိုင်ငံစီးပွား တိုးတက်ရေးနှင့် နိုင်ငံတော် ခိုင်မာရေး “လွန်စွာ ထိရောက်သော စနစ်ကို အနည်းငယ် အားကျမိ” ကြောင်းလည်း သူဝန်ခံသည်။

ရှီကလည်း ပူတင်ကို ချီးကျူးပြီး ရုရှားနိုင်ငံသားများက သူ့ကို လာမည့်ရွေးကောက်ပွဲတွင် ထပ်မံ ရွေးချယ်မည်ဖြစ်ကြောင်းပြောသည်။

မော်စကိုသည် ရှီ၏ ခရီးစဉ်ကို လူသိရှင်ကြား ကြော်ငြာနေသည်မှာ လအတန်ကြာပြီဖြစ်သည်။ သို့သော် ယခုလာရောက်ချိန်တွင် တရုတ်ခေါင်းဆောင်၏ ပုဂ္ဂလိကထောက်ခံမှုသည် အသွင်သစ် ဆောင်နေသည်။ ယူကရိန်းမှ ကလေးများကို ဖမ်းဆီးခေါ်ဆောင်မှုဖြင့် နိုင်ငံတကာရာဇဝတ်တရားရုံးက ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် စွပ်စွဲပြီး သောကြာနေ့တွင် ဝရမ်းထုတ်လိုက်ပြီးနောက် ရှီ လာရောက်လည်ပတ်ခြင်းဖြစ်သည်။

မော်စကိုက ထိုကလေးငယ်များကို တရားမဝင်ခေါ်ဆောင်သွားခြင်းကို ငြင်းဆန်ပြီး ၎င်းတို့ကို ကာကွယ်ပေးရန် မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။ ဘေ့ဂျင်းကလည်း ထိုဝရမ်းသည် စံနှုန်း ၂ မျိုး ကျင့်သုံးခြင်းဖြစ်ကြောင်းပြောသည်။

ထိုဝရမ်းကြောင့် ပူတင်ကို ဝိုင်းကျဉ်သင့်သည်ဟု အနောက်နိုင်ငံများက ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

“နိုင်ငံတကာရာဇဝတ်တရားရုံးက သမ္မတပူတင်ကို ဝရမ်းထုတ်ပြီး ရက်ပိုင်းအတွင်း သမ္မတရှီက ရုရှားကို သွားတာဟာ ယူကရိန်းမှာ ကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ကရင်မလင်နန်းတော်ကို အရေးယူဖို့ ဘေ့ဂျင်းမှာ တာဝန်မရှိတဲ့သဘော သက်ရောက်နေတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ပြောသည်။

“ဒီရက်စက်ကြမ်းကြုတ်မှုတွေကို မရှုတ်ချတဲ့အပြင် အဲဒီလို လေးနက်ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်ဖို့ ရုရှားအတွက် သံတမန်ရေး အကာအကွယ်ပေးတယ်” ဟုလည်း သူပြောသည်။

အိမ်ဖြူတော်ပြောခွင့်ရသူ ဂျွန်ကာဘီကလည်း ရှီသည် ယူကရိန်းမှ ရုရှားတပ်များရုတ်သိမ်းရေး ဖိအားပေးရန် သူ၏ သြဇာကို သုံးသင့်ကြောင်း ပြောပြီး ဘေ့ဂျင်းသည် ရုရှားတပ်များ ယူကရိန်းတွင် ဆက်လက်တပ်စွဲထားနိုင်ရေး အပစ်အခတ်ရပ်စဲရန် တောင်းဆိုနိုင်မည်ကို ဝါရှင်တန်က စိုးရိမ်ကြောင်း ပြောသည်။

ယူကရိန်းတွင် ပျက်ဆီးသွားသော ရုရှားတင့်ကားတစင်း

တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရန် အဆိုပြုချက်များကို ထုတ်ပြန်ထားပြီး ထိုအဆိုပြုချက်များသည် ပူတင်အနေဖြင့် တပ်များကို ပြန်လည်စုစည်းပြီး သိမ်းပိုက်နယ်မြေများအပေါ် ဆက်လက်ချုပ်ကိုင်ထားရန် ရည်ရွယ် အချိန်ဆွဲခြင်း ဖြစ်သည်ဟု အနောက်နိုင်ငံများက ယူဆကြသည်။

တရုတ်က ရုရှားကို လက်နက်ထောက်ပံ့မည့်အပေါ် စိုးရိမ်ကြောင်း ဝါရှင်တန်က မကြာသေးမီ ရက်သတ္တပတ်များက ပြောသော်လည်း ဘေ့ဂျင်းက ထိုအချက်ကို ငြင်းဆန်သည်။

ပူတင်သည် ယူကရိန်း ကိစ္စနှင့်ပတ်သက်ပြီး ရှီ ထံမှ ခိုင်မာသည့် ထောက်ခံမှုကို မျှော်လင့်နေပြီး ရှီ၏ မော်စကိုခရီးသည် စစ်ရေးထောက်ခံမှု တခုခုဖြစ်လာမည်ဟု နိုင်ငံခြားရေး မူဝါဒ ကျွမ်းကျင်သူများ သံသယရှိကြသည်။

“သူတို့မတွေ့ဆုံခင် သမ္မတရှီရဲ့ ကြေညာချက်မှာ ဖေါ်ပြမထားတဲ့ အချက်တွေအတွက် မှတ်သားစရာကောင်းတယ်။ အဲဒါတွေက တွေအတွက် မှတ်သားစရာကောင်းတယ်။ အဲဒါတွေက ဘယ်စစ်ဘက်ဆိုင်ရာ ဆက်စပ်တာတွေကို မဆိုအပြင် တခြားဟာတွေ၊ နောက် ခိုင်မာပြီး အာမခံတဲ့ ထောက်ပံ့ကူညီမှုတွေပဲပေါ့” ဟု ဆိုင်ရာကူးစ် တက္ကသိုလ် Syracuse University လုံခြုံရေးမူဝါဒနှင့် ဥပဒေ အင်စတီကျုမှ ဒုညွှန်မှူး ရောဘတ်မားရက်ပြောသည်။

“တရုတ်က ယူကရိန်းနဲ့ပတ်သက်ရင် ရုရှားကျူးကျော်မှုကို ထောက်ခံမယ့်အစား ငြိမ်းချမ်းရေး အစီအစဉ်မှ ာကြားဝင်သူလုပ်ဖို့ ပိုစိတ်ဝင်စားနေတယ်” ဟု မားရက်ပြောသည်။

လန်ဒန်ရှိ ချက်သန်ဟောက်စ်မှ အာရှပစိဖိတ်အစီအစဉ် ဝါရင့်သုတေသီ ယူကျဲက ရှီ၏ ခရီးစဉ် လိုက်ပါသူများတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မည်သည့် အဆင့်မြင့် အရာရှိမျှ မပါကြောင်း ပြောသည်။

“တချို့သုတေသီတွေ ပြောနေပေမယ့် ဘေ့ဂျင်းက မော်စကိုကို တိုက်ရိုက်စစ်ရေး ထောက်ပံ့မှု မပေး နိုင်ဘူးဆိုတာကို ဒီအချက်က သတင်းစကားပေးပို့လိုက်တာပဲ” ဟု သူပြောသည်။

ကိဗ်က သတိထားနေ

ရုရှားတပ်များ မရုတ်သိမ်းလျှင် စစ်အဆုံးမသတ်နိုင်ဟု ပြောသော ကိဗ်က ဘေ့ဂျင်း၏ ငြိမ်းချမ်းရေး အစီအစဉ်ကို လွန်ခဲ့သောလက ထုတ်ပြန်ချိန်တွင် သတိဖြင့် ကြိုဆိုကြောင်း ပြောခဲ့သည်။

တရုတ်က ရုရှားကို လက်နက်ထောက်ပံ့လျှင် တတိယ ကမ္ဘာစစ်ဖြစ်မည်ဟု ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ပြောကြားထားပြီး သူနှင့် စကားပြောရန် ရှီကို တောင်းဆိုထားသည်။

ရုရှ၏ ဗုံးဒဏ်ကြောင့် နေရာအတော်များများ ရေနှင့် လျှပ်စစ်မီး အခက်ကြုံနေကြရသည်

အမေရိကန် ဗုံးကြဲလေယာဉ် ၂ စီး သည် ရုရှားလေတပ်အနီးသို့ တနင်္လာနေ့တွင် ချဉ်းကပ်လာသောကြောင့် ရုရှား၏ Su-35 ဂျက်တိုက်လေယာဉ်တစီးကို တနင်္လာနေ့တွင် ဘောလ်တစ်ပင်လယ်သို့ စေလွှတ်ခဲ့ကြောင်းနှင့် ထိုလေယာဉ်များ နယ်စပ်မှ အဝေးသို့ ထွက်ခွာသွားသောအခါ အခြေစိုက်စခန်းသို့ပြန်လာကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကပြောသည်။

မတ်လ ၁၄ ရက်နေ့တွင် အမေရိကန် မောင်းသူမဲ့ထောက်လှမ်းရေး ဒရုန်းတစီးကို ရုရှားဂျက်လေယာဉ်များက ကြားဖြတ်ပြီးနောက် ပင်လယ်နက်တွင် ပျက်ကျသည့်ဖြစ်ရပ်အပြီး ထိုသို့ဖြစ်ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်သည် ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် ရုရှားအကြား ပထမဆုံး တိုက်ရိုက်စစ်ရေး ထိတွေ့မှုဖြစ်သည်။

ဥရောပသမဂ္ဂနိုင်ငံအများအပြားက ယူကရိန်းအတွက် ၁၅၅ မီလီမီတာ အမြောက်ဆံ တသန်း စုပေါင်း ဝယ်ယူပေးရန် တနင်္လာနေ့တွင် ဘရပ်ဆဲလ်တွင် သဘောတူကြသည်။ နှစ်ဘက်လုံးသည် ထိုသို့သော လက်နက်ကြီးများကို နေ့စဉ်ထောင်ပေါင်းများစွာ ပစ်ခတ်နေသည်။

အမေရိကန် ပြည်ထောင်စုကလည်း HIMARS ဒုံးကျည်ပစ်လောင်ချာများအတွက် ခဲယမ်းများ၊ ဟောင်ဝစ်ဇာ အမြောက်များ၊ ဘရက်ဒလေ ခြေလျှင်တပ်တိုက်ခိုက်ရေးယာဉ်များ၊ HARM ဒုံးကျည်များ၊ တင့်ကားဖျက်လက်နက်များနှင့် မြစ်ကြောင်းသုံး လှေများ အပါအဝင် ယူကရိန်းအတွက် ပေးသော ဒေါ်လာ သန်း ၃၅၀ တန် နောက်ဆုံး စစ်ရေးအကူအညီများကို မကြာသေးမီက ကြေညာထားသည်။

ရုရှားကျူးကျော်စစ်သည် ယူကရိန်းမြို့ကြီးများကို အကြီးအကျယ်ဖျက်ဆီးပြီး သန်းပေါင်းများစွာသော ပြည်သူများထွက်ပြေးစေကာ သောင်းနှင့်ချီသော အရပ်သားများကို သေဆုံးစေသည်။

အရှည်ကြာဆုံးနှင့် သွေးချောင်းအစီးဆုံး တိုက်ပွဲများဖြစ်နေပြီး ယူကရိန်းတပ်များ လွန်ခဲ့သော နွေရာသီမှ စတင်တပ်စွဲထားသည့် ယူကရိန်းအရှေ့ပိုင်း ဘက်မတ်တွင် ပြင်းထန်သောတိုက်ပွဲများ အင်္ဂါနေ့တွင် ဆက်လက်ဖြစ်ပွားနေသည်။

သြဂုတ်လနောက်ပိုင်းတွင် အဓိကကျသည့် မည်သည့်အောင်ပွဲမျှမရသည့် မော်စကိုသည် အသစ်စုဆောင်းထားသည့် အရန်တပ်နှင့် ထောင်များမှ ရာဇဝတ်သားများဖြင့် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဝင် သိန်းချီပါသော ကြီးမားလှသည့် ဆောင်းရာသီ ထိုးစစ်ကို စတင်နေသည်။

ကိုးကား။ ။ Reuters သတင်း Putin meets ‘dear friend’ Xi in Kremlin as Ukraine war grinds on

You may also like these stories:

ICC ဖမ်းဝရမ်းကြောင့် ပူတင်၏ ကမ္ဘာ ကျဉ်းမြောင်းလာ

မော်စကို ခရီးစဉ်အပြီး ဇယ်လန်းစကီးနှင့် ရှီကျင့်ဖျင် တွေ့မည်

ယူကရိန်းစစ်ပွဲ ၁၂ လအတွင်း ရုရှား ဖရိုဖရဲဖြစ်မှုများနှင့် အလားအလာ

တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ

မြောက်ပိုင်း EAO ခေါင်းဆောင်များ တရုတ်အထူးသံကို ကူမင်းသွားတွေ့

Your Thoughts …
Tags: ICCကရင်မလင်ချစ်မိတ်ဆွေကြီးစစ်ရာဇဝတ်မှုပူတင်ယူကရိန်းစစ်ပွဲရှီကျင်ဖျင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ဖမျးဆီးထားသညျ့ သံသယ တရားခံမြား (ဓာတျပုံ - Ch7HD News)

မြန်မာ ၃ ဦး အသတ်ခံရမှု သံသယရှိသူ ထိုင်းပွဲစား ၅ ဦးကို ဖမ်းဆီး

မစ္စ ပေတောင်တန် ရှင်နာဝပ်ထရာသည် လူ ၂၀၀၀ အားကောက်ယူခဲ့သော သဘောထားစစ်တမ်းတွင် ထောက်ခံမှု ၃၈ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့သည် / AFP

ထိုင်းဝန်ကြီးချုပ်ရာထူး သက်ဆင်သမီး အပြတ်အသတ် ရေပမ်းစားနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved