• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ယူကရိန်းစစ်ပွဲ ၁၂ လအတွင်း ရုရှား ဖရိုဖရဲဖြစ်မှုများနှင့် အလားအလာ

by Frank Ledwidge
1 March 2023
in ဆောင်းပါး
A A
ရုရှားတပ်များသည် စစ်ရေးပြသောအခါ ကြည့်ကောင်းသော်လည်း ယူကရိန်းတွင် မရှုမလှ ရှုံးနေသည်

ရုရှားတပ်များသည် စစ်ရေးပြသောအခါ ကြည့်ကောင်းသော်လည်း ယူကရိန်းတွင် မရှုမလှ ရှုံးနေသည်

5.4k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောတနှစ်က ရုရှား၏ ပျက်စီးယိုယွင်းနေသောတပ်များ ယူကရိန်း နိုင်ငံအတွင်းသို့ တရွေ့ရွေ့ ဝင်ရောက်သောအခါ ခုခံကာကွယ်သူများအတွက် အခွင့်အရေးပေးသူ မရှိသလောက်ပင် ဖြစ်နေသည်။ ယူကရိန်းသည် နိုင်ငံအရှေ့ပိုင်းတွင် မော်စကိုက အကြီးအကျယ် ထောက်ခံထားသည့် ရုရှားခွဲထွက်ရေးသမားများကို တိုက်ထုတ်ရန် ရှစ်နှစ်ကြာ မအောင်မမြင် အားထုတ်ခဲ့သည်။ တချိန်တည်းတွင် ရုရှားသည် သူ၏လက်နက်ကိုင်တပ်များကို ခေတ်မီတိုးတက်အောင် သိသိသာသာ လုပ်ဆောင်နေပြီး ဆီးရီးယားတွင်လည်း ၎င်းတပ်များကို ပြတ်ပြတ်သားသား အသုံးပြုနေသည်။

ရုရှား၏ စစ်ပွဲနှင့်ပတ်သက်သည့် စုပေါင်းစပ်ပေါင်းရှုမြင်သုံးသပ်ခြင်းကို အာရုံစိုက်သည့် သုတေသီများသည် အချက် နှစ်ချက်ကို အလေးထားရန် ပျက်ကွက်ခဲ့သည်။ ပထမအချက်မှာ တောက်ပသော စစ်လက်နက်ပစ္စည်းများနှင့် ကြီးကျယ်သောစကားများဖြင့် စစ်တပ်တခုကို ဖွဲ့စည်းနိုင်ခြင်း မရှိပေ။ ဒုတိယအချက်မှာ လက်နက်တပ်ဆင်ထားသည့် နိုင်ငံတခုသည် ညီညွတ်၊ စိတ်အားတက်ကြွပြီး ခေါင်းဆောင်မှုကောင်းပါက ကြောက်မက်ဖွယ်ရန်သူ ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။

ရုရှားတပ်များသည် စစ်ရေးပြသောအခါ ကြည့်ကောင်းသော်လည်း အပေါ်ယံအခြေအနေနှင့် စစ်ဝတ်စုံများ၏ နောက်ကွယ်တွင် ထိုစစ်တပ်သည် အကျင့်ပျက်ခြစားမှုများ၊ မသမာမှုများနှင့် စွမ်းဆောင်ရည် ကင်းမဲ့မှုများ၏ တိုက်စားခံနေရသော စစ်တပ်ဖြစ်သည်။

ရုရှားတပ်များသည် စစ်ရေးပြသောအခါ ကြည့်ကောင်းသော်လည်း အပေါ်ယံအခြေအနေနှင့် စစ်ဝတ်စုံများ၏ နောက်ကွယ်တွင် ထိုစစ်တပ်သည် အကျင့်ပျက်ခြစားမှုများ၊ မသမာမှုများနှင့် စွမ်းဆောင်ရည် ကင်းမဲ့မှုများ၏ တိုက်စားခံနေရသော စစ်တပ်ဖြစ်သည်။

ယူကရိန်းစစ်တပ်က ဖျက်ဆီးထားသော ရုရှတင့်တစီး/CNN

ခေတ်မီလက်နက်များ ကိုင်ဆောင်ထားသူများကို ဦးဆောင်သည့် ဗိုလ်ချုပ်များသည် အဓိကကျသော အယူအဆဖြစ်သည့် စီမံကိန်းချ ကြိုတင်ပြင်ဆင်မှုများက စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို တားဆီးပေးသည် ဆိုသည်ကို မလိုက်နာသူများ ဖြစ်သည်။ တပ်ဖွဲ့များကို စနစ်တကျ လေ့ကျင့်ပေးထားခြင်း မရှိ၊ ၎င်းတို့ မည်သို့လုပ်ဆောင်ရန် လိုသည်ကို မသိကြပေ။

ထိုသို့ ကြိုတင်စီမံကိန်းချရာတွင် ၎င်းတို့ရင်ဆိုင်ရမည့် ပတ်ဝန်းကျင်ကို နက်ရှိုင်းစွာနားလည်မှု ပါဝင်သင့်သလို ပါလည်းပါဝင်ရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် “စစ်မြေပြင်အတွက် ထောက်လှမ်းရေး ကြိုတင်ပြင်ဆင်ခြင်း” ဖြစ်သည်။ အနောက်နိုင်ငံ ဗိုလ်ချုပ်များသည် အသိဉာဏ်ရှိစွာဖြင့် ထိုကိစ္စများကို ပြောကောင်းပြောခဲ့မည် ဖြစ်သော်လည်း ကြမ္မာငင်သည့် အရှေ့အလယ်ပိုင်းနှင့် အာဖဂန်နစ္စတန်တွင် ထိုအမှားမျိုးကိုပင် မှားခဲ့ကြဖူးသည်။

ယူကရိန်းလေပိုင်နက်သို့ ရုရှားလေယာဉ်များ ဝင်ရောက်ခွင့်မပေးဘဲ စစ်မြေပြင်အထက်မှ မည်သူမျှ မပိုင်သည့် နယ်မြေတွင် မောင်းသူမဲ့လေယာဉ်များသာ စွန့်စားဝင်ရောက်နိုင်သည်။ ရုရှားသည် ၎င်းတို့ပိုင်နက် အတွင်းပိုင်းကျသော နေရာများမှ ပျံသန်းပြီး ယူကရိန်း အရပ်သားပစ်မှတ်များကို မအောင်မြင်သည့် သေနင်္ဂဗျူဟာလေကြောင်း စစ်ဆင်ရေး ဆက်လက် ပြုလုပ်သည်။

ကိဗ်မြို့အနီး ဟော့စတော့မဲလ် လေယာဉ်ကွင်းအနီးတွင် ရုရှား၏ အဆင့်မြင့်လေကြောင်းချီတပ်များ သုတ်သင်ခံရသောအခါကပင် ထိုသို့သော လက္ခဏာများကို စောစီးစွာ ပြသနေပြီဖြစ်သည်။ ရုရှား၏ ဖရိုဖရဲ ပျက်စီးနေသည့် စစ်ကြောင်းများကို ကိဗ်မှ ပြန်လည်မောင်းထုတ်ရန် အချိန် တလသာကြာသည်။

အထင်ကြီးခံရသော ရုရှားတင့်ကားတပ်မကို ၎င်း၏အင်အား ဆယ်ပုံတပုံသာရှိသော ယူကရိန်းသံချပ်ကာတပ်က ချာနီဟစ်စစ်ပွဲတွင် ချေမှုန်းခဲ့သည်။ ထိုရှုံးနိမ့်မှုသည် မော်စကိုစစ်ယန္တရား၏ အရှက်တကွဲ ရှုံးနိမ့်မှုများစွာအနက် တခုသာဖြစ်သည်။

ယူကရိန်းက ဖမ်းမိထားသော ရုရှစစ်သားများ

ရေကြောင်းနှင့် လေကြောင်း

ယူကရိန်း လေကြောင်းကာကွယ်ရေးစနစ်သည် အစီအစဉ်ကောင်းကောင်းနှင့် ပြင်ဆင်ထားသော်လည်း ရုရှား လေတပ်သည် ဘက်ပေါင်းစုံတွင် မပြည့်စုံမလုံလောက် ဖြစ်နေသည်။ ယူကရိန်း လေတပ်သည် ၎င်းတို့၏ အဖိုးတန် ပိုင်ဆိုင်မှုများကို ဖြန့်ခွဲထားပြီး လေယာဉ်အများစု ဆက်လက် ရပ်တည်နိုင်အောင် လုပ်ဆောင်သည်။ အထူးသဖြင့် လွန်စွာထိရောက်သော မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေး စနစ်ကို အရာမယွင်း ထိန်းသိမ်းထားသည်။ ဤသို့ဖြင့် ယူကရိန်းကို ခက်ခက်ခဲခဲ ဆက်လက် ကာကွယ်နေသည်။

ယူကရိန်းလေပိုင်နက်သို့ ရုရှားလေယာဉ်များ ဝင်ရောက်ခွင့်မပေးဘဲ စစ်မြေပြင်အထက်မှ မည်သူမျှ မပိုင်သည့် နယ်မြေတွင် မောင်းသူမဲ့လေယာဉ်များသာ စွန့်စားဝင်ရောက်နိုင်သည်။ ရုရှားသည် ၎င်းတို့ပိုင်နက် အတွင်းပိုင်းကျသော နေရာများမှ ပျံသန်းပြီး ယူကရိန်း အရပ်သားပစ်မှတ်များကို မအောင်မြင်သည့် သေနင်္ဂဗျူဟာလေကြောင်း စစ်ဆင်ရေး ဆက်လက် ပြုလုပ်သည်။

ရုရှားသည် ၎င်းတို့၏ တခုတည်းသော အားသာချက်ဖြစ်သည့် ညံ့ဖျင်းစွာ လေ့ကျင့်ထားသော တပ်များနှင့် ကြေးစားစစ်သားများ အင်အားကြီးမားမှုကိုသာ အသုံးပြုနေရသည်။ အရေအတွက်သည်ပင် အရည်အချင်း တခုဖြစ်သည်ဟု ပြောခဲ့ကြသော်လည်း ခေတ်သစ်စစ်ပွဲတွင် ထိုသို့သောဆိုရိုးစကား မှန်ကန်မှုအတွင်း လေးနက်သော အကန့်အသတ်များ ရှိနေသည်။

ရုရှားနိုင်ငံအတွင်းပိုင်းရှိ အဓိကကျပြီး လုံခြုံသောစခန်းများကို ယူကရိန်း မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုများကြောင့် ရုရှား၏ စွမ်းဆောင်ရည် အမြင့်မားဆုံးသော ဗုံးကြဲလေယာဉ်များကိုပင် လုံခြုံအောင် လုပ်နေရသည်။

အမေရိကန်က ထောက်ပံ့သော လေကြောင်းကာကွယ်ရေးစနစ်တခု

ရေကြောင်းနယ်ပယ်တွင်လည်း ရုရှား၏ ပင်လယ်နက်ရေတပ်မှ ဦးဆောင်သင်္ဘောကို ယူကရိန်းက မြှုပ်နိုင်ခဲ့ရုံသာမက မြွေကျွန်းကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့ ပြန်လည် သိမ်းပိုက်နိုင်ခြင်းသည် ယူကရိန်းခုခံမှု၏ ပြောင်မြောက်သော သင်္ကေတဖြစ်သည်သာမက ပင်လယ်နက် အနောက်ပိုင်းအတွက် စစ်ရေးအရ အရေးပါသည့်ပိုင်ဆိုင်မှု ဖြစ်သည်။

ရုရှားသင်္ဘောများသည် ပင်လယ်ပြင်သို့ ထွက်ခဲလှပြီး ထွက်သောအခါတွင်လည်း အရပ်သား ပစ်မှတ်များကို ခရုဇ် ဒုံးကျည်များဖြင့် ပစ်ရန်ဖြစ်ကာ ယူကရိန်းတိုက်ခိုက်မှုကြောင့် ကမ်းသို့ အမြန် ပြန်ရသည်။

ရှေ့အလားအလာ

ခါဆွန်တိုက်ပွဲတွင် အနိုင်ရပြီး ကာကွယ်မှု ညံ့ဖျင်းသည့် ခါကိဗ်ဒေသကို အလျင်အမြန်တိုက်ခိုက်မှုဖြင့် ပြန်လည်သိမ်းပိုက်ပြီးနောက် လာမည့်အဆုံးအဖြတ်ကျသော အဆင့်အတွက် မျဉ်းများကို ရေးဆွဲထားပြီး ဖြစ်သွားသည်။

လတ်တလောအခြေအနေတွင် စစ်ပွဲသည် အမြောက်များကို အားကိုးသည့် ပထမကမ္ဘာစစ်ပုံစံ အပြင်းအထန် ပစ်ခတ်သည့်ပွဲ ဖြစ်နေသည်။

ရုရှားသည် ၎င်းတို့၏ တခုတည်းသော အားသာချက်ဖြစ်သည့် ညံ့ဖျင်းစွာ လေ့ကျင့်ထားသော တပ်များနှင့် ကြေးစားစစ်သားများ အင်အားကြီးမားမှုကိုသာ အသုံးပြုနေရသည်။ အရေအတွက်သည်ပင် အရည်အချင်း တခုဖြစ်သည်ဟု ပြောခဲ့ကြသော်လည်း ခေတ်သစ်စစ်ပွဲတွင် ထိုသို့သောဆိုရိုးစကား မှန်ကန်မှုအတွင်း လေးနက်သော အကန့်အသတ်များ ရှိနေသည်။ ထိုအရေအတွက်ကို သံချပ်ကာလှုပ်ရှားမှုအချို့ဖြင့် အကာအကွယ်ပေးနိုင်မှသာ၊ (ကတုတ်ကျင်းအတွင်း အခြေအနေ မဟုတ်ပါက) အမြောက်များဖြင့် ထိန်းချုပ်ထားသည့် စစ်မြေပြင်တွင်သာ အထက်ပါဆိုရိုး မှန်ကန်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိစစ်ပွဲအဆင့်အတွင်းတွင် ယူကရိန်းက မိမိတို့ ဗိုလ်ချုပ်များ၊ လေ့လာသူများနှင့် အခြားနိုင်ငံအားလုံးကို အံ့သြစေခဲ့သည်။ ယူကရိန်းတို့သည် ယခုနှစ်တွင်လည်း ထိုသို့ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။

အနောက်နိုင်ငံများမှ အကူအညီများသည် အဓိကအကြောင်း နှစ်ခုကြောင့် လွန်စွာအရေးပါသည်။ ပထမ အကြောင်းမှာ ယူကရိန်းသည် ၎င်း၏ လေကြောင်းနှင့် မြေပြင်ကာကွယ်ရေးစနစ်များကို တောင့်တင်းအောင် လုပ်ဆောင်ရန်နှင့် NATO ပုံစံ အရည်အသွေးမြင့်မားရေးအတွက် ပြန်လည်ဖွဲ့စည်းရန် လိုသည်။ NATO နှင့် အခြားအနောက်နိုင်ငံများမှ တင့်ကားများ၊ ဒုံးကျည်များ အထူးသဖြင့် အတိအကျ ပစ်ခတ်နိုင်သော အမြောက်ကြီးများနှင့် HIMARs ကဲ့သို့သော ဒုံးကျည်များက ယူကရိန်းအပေါ် ရုရှား၏ အမြောက်အားသာမှုကို ချေဖျက်ပေးနိုင်သည်။

ဒုတိယအချက်မှာ ယူကရိန်းသည် ၎င်း၏ အတွေ့အကြုံရင့် တပ်များအတွင်းမှာပင် ထိခိုက်သေဆုံးမှု လွန်စွာ မြင့်မားနေသောကြောင့် လေ့ကျင့်ရေးသည် ပို၍ပို၍ အရေးပါလာသည်။ စစ်ပွဲအစပိုင်းတွင် ရုရှားတပ်များ တွေ့ရှိခဲ့သည့်အတိုင်း တပ်ဖွဲ့များကို စနစ်တကျ လေ့ကျင့်ထားခြင်းမရှိပါက ထို စစ်လက်နက်ပစ္စည်းများသည် အသုံးမဝင်ပေ။ ထိုကိစ္စသည် ခြေလျင်တပ်၊ တင့်အမြောက်တပ်နှင့် လေကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ရသည့် အလွန်ခက်ခဲသည့် ပူးပေါင်းစစ်ဆင်ရေးတွင် အထူးအရေးပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသ ရှေ့တန်းစစ်မျက်နှာမှ ယူကရိန်းတပ်များက ပြင်သစ် CAESAR ဟောင်ဝစ်ဇာ အမြောက်ဖြင့် ရုရှားတပ်များကို ပစ်ခတ်နေစဉ် / AFP

ယူကရိန်းက တန်ပြန်တိုက်ခိုက်မှုသည် နွေဦးရာသီတွင် ဖြစ်နိုင်ပြီး ရုရှားတပ်များကို ၎င်းတို့ ပိုင်နက်အတွင်း ပြန်ရောက်သွားအောင် တွန်းလှန်တိုက်ခိုက်ရန် ရနိုင်သမျှ အကူအညီ အားလုံး လိုအပ်မည်ဖြစ်သည်။

ကိဗ်၊ ခါကိဗ်နှင့် ခါဆွန်တိုက်ပွဲများတွင် ရုရှားတပ်များကို ချေမှုန်းခဲ့ပြီးနောက် ယူကရိန်းတပ်များသည် ယခုအခါတွင် တန်ပြန်တိုက်ခိုက်ကာ နိုင်ငံကို ပြန်လည်သိမ်းယူပြီး လုံခြုံစေနိုင်ကြောင်းကို ဂရုတစိုက် စောင့်ကြည့်နေသည့် အနောက်နိုင်ငံများသို့ ပြသရန် လိုအပ်နေသည်။ လာမည့် လအနည်းငယ်အတွင်း ၎င်းတို့၏အောင်မြင်မှုသည် ကျန်တကမ္ဘာလုံး၏ အသွင်သဏ္ဌာန်ကို ဖွင့်ဆိုမည်ဖြစ်ပြီး ယခုနှစ်အတွင်း အောင်ပွဲခံနိုင် မခံနိုင် သို့မဟုတ် ထိုစစ်ပွဲသည် ပိုမိုရှည်ကြာပြင်းထန်သည့် ပဋိပက္ခဖြစ်လာမည် ဆိုသည်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

လွန်ခဲ့သောအပတ်တွင် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ် မိုင်လေက ရုရှားသည် သေနင်္ဂဗျူဟာအရ ရှုံးနိမ့်ပြီးဖြစ်ကြောင်း ပြောကြားရင်း ယခုနှစ်အတွင်း တဖက်ဖက်က အသာစီး ရမည့်အလားအလာ မရှိသေးကြောင်း ပြောသည်။ မည်သို့ပင်ဖြစ်စေ လက်ရှိစစ်ပွဲအဆင့်အတွင်းတွင် ယူကရိန်းက မိမိတို့ ဗိုလ်ချုပ်များ၊ လေ့လာသူများနှင့် အခြားနိုင်ငံအားလုံးကို အံ့သြစေခဲ့ကြောင်း ပြောသည်။

ယူကရိန်းတို့သည် ယခုနှစ်တွင်လည်း ထိုသို့ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။

(The Conversation မှ Frank Ledwidge ၏ Ukraine war: why Russia has had such a disastrous 12 months – and what to expect next ကို ဘာသာပြန် ဖော်ပြသည်။ Frank Ledwidge သည် အင်္ဂလန်နိုင်ငံ၊ ပို့စ်မောက်သ် တက္ကသိုလ်၊ စစ်ရေး သေနင်္ဂဗျူဟာနှင့် ဥပဒေ ဝါရင့် ကထိက ဖြစ်သည်။)

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
0
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
62
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
44

You may also like these stories:

ရုရှားကို တရုတ် စစ်ရေးထောက်ပံ့မှာလား

ယူကရိန်းစစ်ပွဲတွင် ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက် “မယုံနိုင်အောင် များပြား”

စိတ်အားတက်ဖွယ် မိန့်ခွန်းဖြင့် အမေရိကန် ကွန်ဂရက်ကို ဇယ်လန်းစကီး ဖမ်းစားခဲ့

ရုရှားက ယူကရိန်းကို ဖဲ့ထုတ်ခြင်းသည် ဒုတိယကမ္ဘာစစ် မတိုင်မီ ဥရောပအခြေအနေနှင့် တူညီနေ

Your Thoughts …
Tags: NATOကျူးကျော်စစ်ခြေလျင်တပ်စစ်လက်နက်ပစ္စည်းမောင်းသူမဲ့လေယာဉ်ယူကရိန်းရုရှားလေကြောင်းကာကွယ်ရေးစနစ်သေနင်္ဂဗျူဟာ
Frank Ledwidge

Frank Ledwidge

Similar Picks:

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
28.5k

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

Next Post
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၇ရက်ညက ရန်ကုန်မြို့ ပတ်စ်ပို့ရုံး စောင့်ဆိုင်းနေကြသည့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ / CJ

အွန်လိုင်းမှ ပတ်စ်ပို့လျှောက်ရာတွင် အခက်အခဲများစွာ ကြုံနေရ

(ဝဲမှယာ) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လေတပ်ဦးစီးချုပ် မြတ်ဟိန်းနှင့် သမ္မတ ဦးသိန်းစိန်

ဦးသန်းရွှေ၏ "သမ္မတလေယာဉ်အိပ်မက်" ဘယ်လိုပျက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved