• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ICC ဖမ်းဝရမ်းကြောင့် ပူတင်၏ ကမ္ဘာ ကျဉ်းမြောင်းလာ

by Nic Robertson
20 March 2023
in သူ့အတွေး သူ့အမြင်
A A
သမ္မတ ဗလာဒီမာ ပူတင် သည် ဗလ ထုတ်ပြရသည်ကို နှစ်ခြိုက်သူဖြစ်သည် / AFP

သမ္မတ ဗလာဒီမာ ပူတင် သည် ဗလ ထုတ်ပြရသည်ကို နှစ်ခြိုက်သူဖြစ်သည် / AFP

6.3k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဗလာဒီမာပူတင်သည် ကမ္ဘာအနှံ့ခရီးနှင်ပြီး ကမ္ဘာကို စီမံနေသည့် ခေါင်းဆောင်ကြီးတဦးအဖြစ် သူ၏ ပုံရိပ်ကို အရောင်တင် နှစ်ခြိုက်သူဖြစ်သည်။

ကရင်မလင်သည် နိုင်ငံတကာရာဇဝတ် တရားရုံး ICC က ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် စွဲချက်တင်သည်အား မထေမဲ့မြင်ပြုသော်လည်း နန်းတော်တံတိုင်းများအတွင်း အခြားအမှန်တရားတခု ပေါ်ပေါက်လာနေသည်။ ပူတင်၏ ကမ္ဘာသည် ပိုမိုကျဉ်းမြောင်းလာခြင်းပင်။

၂၀၁၇ ခုနှစ်က ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့တွင် ကျင်းပသော ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး ၂၀ (G-20) အစည်းအဝေးတွင် သမ္မတ ပူတင်သည် ထိုစဉ်က ကမ္ဘာ့သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်သည့် သမ္မတ ဒေါ်နယ်ထရမ့်နှင့် နာရီပေါင်းများစွာ စကားပြောခဲ့သည်။

နောက်တနှစ်ကြာသောအခါ ဗျူနိုအေးရိစ်တွင် ကျင်းပသည့် G-20 ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် သမ္မတ ပူတင်သည် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်နှင့် လက်ဝါးချင်းရိုက် နှုတ်ဆက်သည်။ သတင်းသမား ဂျမဲလ် ခါရှော့ဂီကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုကြောင့် ဆော်ဒီအာရေးဘီးယား နိုင်ငံအပေါ် ကြီးမားသောသံသယများ ကျရောက်နေသည်မှာ နှစ်လပင် မပြည့်သေးမီ ထိုသို့ နှုတ်ဆက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ဇာတ်ခုံတွင် မီးမောင်းထိုးခံရခြင်းကို သူနှစ်ခြိုက်သလို နိုင်ငံနယ်နိမိတ်ကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) က ကျူးကျော်သည်အား တားဆီးနေသူ၊ ရုရှားနိုင်ငံသားများကို ကာကွယ်သူ၊ ဗလကြီး၊ လူကြမ်း၊ ဝက်ဝံအမဲလိုက်သမားအဖြစ် ပြည်တွင်းတွင်လည်း သရုပ်ဖော်သည်။ သို့သော် ထိုဇာတ်လမ်းများအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။

နိုင်ငံတကာ အာရုံစိုက်မှုတွင် သူသည် တကမ္ဘာလုံးကို မထေမဲ့မြင် လုပ်နိုင်သည် သို့မဟုတ် တခြား ကမ္ဘာ့ခေါင်းဆောင်များထက် ခေါင်းတလုံး ပိုသာသည်ဟု ထင်မြင်စေလိုပြီး သူ၏ ဆယ်စုနှစ်ပေါင်း များစွာသော အာဏာချုပ်ကိုင်မှုကို ထောက်ခံလျှင် ချီးမြှောက်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96
ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များနှင့် တတန်းတည်းဟု ပူတင်က သူ့ပုံရိပ်ကို သူ ဖော်သည် / AFP

ကမ္ဘာ့ဇာတ်ခုံတွင် မီးမောင်းထိုးခံရခြင်းကို သူနှစ်ခြိုက်သလို နိုင်ငံနယ်နိမိတ်ကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) က ကျူးကျော်သည်အား တားဆီးနေသူ၊ ရုရှားနိုင်ငံသားများကို ကာကွယ်သူ၊ ဗလကြီး၊ လူကြမ်း၊ ဝက်ဝံအမဲလိုက်သမားအဖြစ် ပြည်တွင်းတွင်လည်း သရုပ်ဖော်သည်။

သို့သော် ထိုဇာတ်လမ်းများအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ ရောမစာချုပ်အဖွဲ့ဝင် ၁၂၃ နိုင်ငံအနက် ဂျာမနီနှင့် အာဂျင်တီးနား နှစ်နိုင်ငံသည် ပူတင်လာရောက်လည်ပတ်ပါက စစ်ရာဇဝတ်ကောင်အဖြစ် သည်ဟိဂ်တွင် တရားရင်ဆိုင်ရေးအတွက် လွှဲပြောင်းပေးရန် တာဝန်ရှိသည်။

လာမည့် စက်တင်ဘာလ ဒေလီတွင် ကျင်းပမည့် G-20 ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ပါကလည်း သမ္မတ ပူတင်အတွက် ပြဿနာရှိသည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ပင် အိန္ဒိယသည် ICC လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက မည်သို့လုပ်မည်နည်း။

ICC က တရားစွဲဆိုခံရသူ အများအပြားသည် လွတ်မြောက်နေသော်လည်း မည်သူမျှ သမ္မတ ပူတင်လောက် အရေးပါသူမရှိပေ။

ICC က ကြေညာချက်ထုတ်ပြန်ပြီး မကြာမီ သမ္မတ ဂျိုးဘိုင်ဒင်ကို သတင်းထောက်တဦးက “ပူတင်ကို စစ်ရာဇဝတ်မှုအတွက် တရားစွဲသင့်လား” ဟု မေးသောအခါ မစ္စတာ ဘိုင်ဒင်က “သူ စစ်ရာဇဝတ်မှု ကျုးလွန်ထားတာ ထင်ရှားတယ်” ဟု ဖြေသောကြောင့် သမ္မတ ပူတင်ကို အမေရိကန် ပြည်ထောင်စုက မကြိုဆိုကြောင်း သိသာသည်။

အနာဂတ်တွင် သမ္မတ ပူတင် မလွှဲရှောင်သာ ရင်ဆိုင်ရမည့် ဥပဒေပြဿနာကို ရှင်းလင်းစွာ မသိရသေးပေ။ ဂရုတစိုက် ကြိုတင်စီစဉ်ခြင်း မရှိဘဲ သမ္မတ ပူတင်သည် ICC အဖွဲ့ဝင် မဟုတ်သော၊ သူ့ကို သည်ဟိဂ်သို့ လွှဲပြောင်းပေးရေး နိုင်ငံတကာဥပဒေကို လိုက်နာရန် မလိုသော နိုင်ငံတခုသို့ သွားရောက်နိုင်သည်။ သို့သော်လည်း မမြင်နိုင်သေးသည့် နိုင်ငံတကာ နိုင်ငံရေးဖိအားကြောင့်ဖြစ်စေ သို့မဟုတ် နိုင်ငံတကာ တရားမျှတမှုကို ရုတ်တရက် လိုလားလာသောကြောင့်ဖြစ်စေ သမ္မတ ပူတင်ကို သည်ဟိဂ်သို့ လွှဲပြောင်းပေးခံရနိုင်ခြေက ယတိပြတ် မဆိုနိုင်။

သမ္မတ ပူတင်သည် ပြည်ပတရားရုံးတခုတွင် သူ၏ကံကြမ္မာကို အလောင်းအစား လုပ်မည် မဟုတ်ပေ။ ထို့ကြောင့် ICC အဖွဲ့ဝင် နိုင်ငံများထက်ပင် သူ၏လောကသည် ပိုမိုကျဉ်းမြောင်းသွားမည် ဖြစ်သည်။ ကရင်မလင်က လုပ်ကြံဇာတ်လမ်းများ မည်မျှ ဖြန့်ဖြန့် ပူတင်၏ အတ္တက တိုက်စားခံနေရပြီ ဖြစ်သည်။

ICC က တရားစွဲဆိုခံရသူ အများအပြားသည် လွတ်မြောက်နေသော်လည်း မည်သူမျှ သမ္မတ ပူတင်လောက် အရေးပါသူမရှိပေ။ ICC ၏ ဝရမ်းပြေး ၁၅ ဦးအနက် တဦးတည်းသော သမ္မတမှာ ဆူဒန်သမ္မတဟောင်း အိုမာ အယ်လ် ဘာရှီးရားဖြစ်ပြီး သူသည် ရာထူးလက်ရှိနှင့် လက်မဲ့ဘဝတွင် တရားဥပဒေအောက်မှ လွတ်မြောက်နေသည်မှာ ၁၃ နှစ် ရှိပြီဖြစ်သည်။

သမ္မတ ပူတင်အတွက် သင်ခဏ်းစာမှာ ပြေးနိုင်သော်လည်း ပုန်းနေ၍ မရဟူသည့် သင်ခဏ်းစာသာဖြစ်သည်။ မီလိုဆီဗစ်အမှုမှ သင်ခဏ်းစာမှာ သင့်တွင် အာဏာမရှိတော့လျှင် ယနေ့ သင်၏ လက်အောက်ငယ်သားများသည် နောင်တနေ့တွင် သင့်ကို ထောင်ချမည့်သူများ ဖြစ်လာနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

သို့သော် နိုင်ငံတကာ တရားရေးသည် လက်တံရှည်သည်။ ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းတွင် ယူဂိုဆလားဗီးယားကို ပြိုကွဲစေသော ဆာဘီးယား သမ္မတဟောင်း ဆလိုဗိုဒန် မီလိုဆီဗစ်သည် ၂၀၀၁ ခုနှစ်တွင် စစ်ရာဇဝတ်မှု အများအပြားဖြင့် သည်ဟိဂ်တွင် နိဂုံးချုပ်ပြီး နှစ်အနည်းငယ် ကြာသောအခါ ထောင်ထဲတွင် နှလုံးရောဂါဖြင့် သေဆုံးသည်။

သူသည် ဖွဲ့စည်းပုံအရ ရာထူးမှ ဖြုတ်ချခံရသော်လည်း ဘဲလ်ဂရိတ်မှ ထွက်မပြေးသလို တရားစီရင်ရေးက သူ့ကို နိုင်ငံတကာတရားခွင်သို့ လွှဲပြောင်းပေးမည်ဟုလည်း မျှော်လင့်မထားခဲ့ပေ။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တွင် ဆာဘီးယား သမ္မတဟောင်း ဆလိုဗိုဒန် မီလိုဆီဗစ်ကို တရားစွဲဆိုစဉ်

သူ၏ စစ်ရာဇဝတ်မှုများတွင် ကြံရာပါများဖြစ်သော ဘော့စနီးယား ဆာ့ဘ်စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရက်ခ်တို မလာဒစ်နှင့် ဆာဘီးယား အမျိုးသားရေးခေါင်းဆောင် ရာဒိုဗန် ကာရက်ဒစ်တို့သည် တရားဥပဒေကို ရှောင်တိမ်းရန် ကြိုးစားခဲ့ကြသည်။

နောက်ဆုံးတွင် မလာဒစ်သည် ဘဲလ်ဂရိတ်မြို့အနီး ညီအစ်ကိုဝမ်းကွဲများ၏ လယ်တောတွင် ဖမ်းမိသည်။ ကာရက်ဒစ်သည် ယခင်က သပ်သပ်ရပ်ရပ်နေသည့်ပုံစံကို ဖျောက်ပြီး မုတ်ဆိတ်ရှည်ထားသည့် ထူးဆန်းသော ဘာသာရေးသမားသဖွယ် ဟန်ဆောင်ထားသော်လည်း ဘဲလ်ဂရိတ်တွင် ဖမ်းမိသည်။

၎င်းတို့ နှစ်ဦးလုံးသည် သည်ဟိဂ်တွင် နိုင်ငံတကာတရားဥပဒေကို ရင်ဆိုင်ရပြီး စစ်ရာဇဝတ်မှုများဖြင့် တရားစီရင်ခံရကာ ထောင်ထဲတွင် ရှိနေသည်။

သမ္မတ ပူတင်အတွက် သင်ခဏ်းစာမှာ ပြေးနိုင်သော်လည်း ပုန်းနေ၍ မရဟူသည့် သင်ခဏ်းစာသာဖြစ်သည်။ မီလိုဆီဗစ်အမှုမှ သင်ခဏ်းစာမှာ သင့်တွင် အာဏာမရှိတော့လျှင် ယနေ့ သင်၏ လက်အောက်ငယ်သားများသည် နောင်တနေ့တွင် သင့်ကို ထောင်ချမည့်သူများ ဖြစ်လာနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

သမ္မတ ပူတင်၏ကမ္ဘာသည် ကျဉ်းမြောင်းလာရုံမျှသာမက သူသည် ချောင်ပိတ်မိနေသည်။ သူ၏ သံသယအမြင်အရ ကြည့်လျှင်ပင် သူ့အတွက် ရွေးချယ်စရာမှာ လွန်ခဲ့သော အပတ်ကထက် လွန်စွာ ရုပ်ဆိုးအကျည်းတန်သည်။

သို့သော် လတ်တလော အနည်းဆုံးအနေဖြင့် သူ့အတွက် အားကိုးစရာ မိတ်ဆွေတချို့ ရှိသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မတ်လ ၂၀ ရက်နေ့တွင် မော်စကိုသို့ ရောက်လာပြီး သမ္မတ ပူတင်၏ ကျဆုံးနေသော ရုပ်ပုံလွှာကို မြှင့်တင်ပေးနိုင်သည်။

လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုကို အပြစ်ဒဏ် မကျခံဘဲ ကျူးလွန်နိုင်သည်ဟု မည်သူမျှ မခံစားရစေရန် ICC ရှေ့နေချုပ် ကာရင် ခန်းက ရှင်းရှင်းလင်းလင်း နားလည်ပုံရသည်။

သမ္မတ ပူတင်၏ အတွင်းစည်းမှ သူများကို စိုးရိမ်စေသည့်အရာကို ၎င်းတို့ ဖော်ပြချက်များအရ သိရသည်။

ယင်းတို့မှာ ၎င်းတို့သည်လည်း အလားတူစွဲချက်များနှင့် ရင်ဆိုင်ရမည်လား၊ ဥရောပမှ ထိပ်တန်းကျောင်းများနှင့် တက္ကသိုလ်များတွင် ရောက်နေသည့် သားသမီးများထံ အဖမ်းခံရမည်ကို မစိုးရိမ်ဘဲ သွားရောက်နိုင်မည်လား၊ ပြည်ပမှ ပိုင်ဆိုင်မှုများကို ရယူခံစားနိုင်မည်လား၊ မော်စကိုမှ အထက်လွှာများ ပုန်းအောင်းသည့် နေရာဖြစ်သည့် အာရပ်စော်ဘွားများ နိုင်ငံ (UAE) တွင် လုံခြုံစွာ နေပူဆာလှုံနိုင်မည်လား၊ ပင်လယ်နက်နှင့် ဆက်သွယ်ထားသည့် အစ္စတန်ဘူလ်မှ ဆန်းပြားသော စားသောက်ဆိုင်တွင် စားပွဲနေရာတခု ကြိုတင်မှာယူနိုင်မည်လားစသည်တို့ ဖြစ်သည်။

လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုကို အပြစ်ဒဏ် မကျခံဘဲ ကျူးလွန်နိုင်သည်ဟု မည်သူမျှ မခံစားရစေရန် ICC ရှေ့နေချုပ် ကာရင် ခန်းက ရှင်းရှင်းလင်းလင်း နားလည်ပုံရသည်။

ကရင်မလင်နန်းတော်နှင့် ၎င်း၏ ကာကွယ်မှုအောက်မှ စွဲချက်တင်ခံရသူ များလေလေ သက်ရောက်မှု များလေလေပင် ဖြစ်နိုင်သည်။

ICC တရားသူကြီးချုပ် ပစ်တာ ဟော့ဖ်မန်းစကီးက ပူတင်အပေါ် စွဲချက်များသည် လတ်တလောတွင် အတားအဆီးသဘော သက်ရောက်မည်ဟု မျှော်လင့်ကြောင်း ပြောသော်လည်း ရုရှားမှ တုံ့ပြန်မှုက ရန်လိုသည်။

သမ္မတ ပူတင်နှင့် ကျဉ်းမြောင်းလာသော သူ၏ အကန့်အသတ်ရှိသည့် လောကအတွက် ပကတိအခြေအနေ ပေါ်ပေါက်လာပြီ ဖြစ်သည်။ နောက်ကြောင်းပြန်မရတော့ပေ။

(CNN မှ Nic Robertson ၏ Putin’s world just got a lot smaller with the ICC’s arrest warran ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

မော်စကို ခရီးစဉ်အပြီး ဇယ်လန်းစကီးနှင့် ရှီကျင့်ဖျင် တွေ့မည်

ယူကရိန်းစစ်ပွဲတွင် ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက် “မယုံနိုင်အောင် များပြား”

မြန်မာကတဆင့် အာရှမှာ ရုရှားခြေကုပ်ရနိုင်သလား

ရုရှားကို တရုတ် စစ်ရေးထောက်ပံ့မှာလား

အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သချိုင်္င်းများ ယူကရိန်း ရှာတွေ့

ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ

Your Thoughts …
Tags: ICCကရင်မလင်နန်းတော်နိုင်ငံတကာ ရာဇဝတ်တရားရုံးဗလာဒီမာ ပူတင်ယူကရိန်း
Nic Robertson

Nic Robertson

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ

သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ

by အောင်ဇော်
7 August 2024
10.5k

“ခဏတဖြုတ်နေဖို့ပဲ။ ကျနော် အသတ်မခံချင်ဘူး”ဟု ဒူဘိုင်းသို့ မထွက်ခွာမီ မိတ်ဆွေတဦးကို ဦးစစ်တိုင်းအောင်က ပြောခဲ့သည်။

ယူကရိန်းလုပ် သံချပ်ကာယာဉ်များ တိုင်းရင်းသားလက်နက်ကိုင်များ ဖမ်းမိ

ယူကရိန်းလုပ် သံချပ်ကာယာဉ်များ တိုင်းရင်းသားလက်နက်ကိုင်များ ဖမ်းမိ

by ဧရာဝတီ
30 October 2023
9.9k

ထိုယာဉ်တွင် ကွပ်ကဲသူတဦး၊ ပစ်ခတ်ရေးသမားတဦးနှင့် ယာဉ်မောင်းတို့ပါဝင်ပြီး ယာဉ်အတွင်း စစ်သား ၇ ဦးအထိ လိုက်ပါနိုင်သည်။

ပရီဂိုဇင် သေဆုံးပြီးနောက် ဝဂ္ဂနာကြေးစားတပ် ဘာဖြစ်မလဲ

ပရီဂိုဇင် သေဆုံးပြီးနောက် ဝဂ္ဂနာကြေးစားတပ် ဘာဖြစ်မလဲ

by ဧရာဝတီ
26 August 2023
8.8k

ပရီဂိုဇင်သည် ဝဂ္ဂနာ အဆင့်မြင့် ခေါင်းဆောင်များနှင့်အတူ မော်စကို အနီးရှိ တီဗာဒေသသို့ သွားနေစဉ် သူ၏ ပုဂ္ဂလိကလေယာဉ် ပျက်ကျခြင်း ဖြစ်သည်။

Next Post
သမ္မတဟောင်း ဒေါ်နယ်ထရမ့် / Getty Image

သမ္မတဟောင်း ထရမ့် အဖမ်းခံရတော့မလား

၂၀၁၈ ခုနှစ်က ရန်ကုန်မြို့ သိမ်ကြီးဈေးအတွင်းရှိ ဆိုင်တချို့အား FDA အဖွဲ့များက စစ်ဆေးနေစဉ် / ဧရာဝတီ

အစားအသောက်နှင့်ဆေးဝါးများ အရည်အသွေး ကြပ်မတ်စစ်ဆေးမှု အားနည်းလာ ဟုဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved