• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပရီဂိုဇင် သေဆုံးပြီးနောက် ဝဂ္ဂနာကြေးစားတပ် ဘာဖြစ်မလဲ

by ဧရာဝတီ
26 August 2023
in ဆောင်းပါး
A A
ပရီဂိုဇင် သေဆုံးပြီးနောက် ဝဂ္ဂနာကြေးစားတပ် ဘာဖြစ်မလဲ

ယေဂိုနီ ပရီဂိုဇင်နှင့် သူ၏ တပ်ဖွဲ့ဝင်များ / AFP

8.8k
VIEWS
Share on FacebookShare on Twitter

ရုရှားသမ္မတ ပူတင်ကို သိက္ခာကျစေသည့် လူတဦး လေယာဉ်ပျက်ကျရာတွင် သေဆုံးခြင်းသည် ရုရှားနိုင်ငံကို လေ့လာသူအများစုအတွက် အံ့သြစရာ မဟုတ်ပေ။ သို့သော် သူ၏ ရုရှားအတွက် ယူကရိန်းကို ကူတိုက်ပေးသည့် ကြေးစားတပ်ဖွဲ့သည် သူမရှိဘဲ မည်သို့ ဆက်လက်ရှင်သန်မည်နည်း။

လွန်ခဲ့သော နှစ်လက ယေဂိုနီ ပရီဂိုဇင် မော်စကိုသို့ ချီတက်ပြီးနောက်တွင် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ ဝီလျံဘန်းစ်က ရုရှားသမ္မတ ပူတင်သည် လက်စားချေရန် အချိန်ယူလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။

“ကျနော်တို့ တွေ့နေရတာက အင်မတန် ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်တယ်” ဟု မစ္စတာ ဘန်းစ်က ဇူလိုင်လတွင် ကျင်းပသည့် Aspen လုံခြုံရေးညီလာခံတွင်ပြောသည်။ “ပူတင်က လက်တုံ့ပြန်ခြင်းကို အပြင်းအထန် ယုံကြည်သူဖြစ်တယ်” ဟု ပြောသည်။

လေယာဉ်ပျက်ကျရာတွင် ထိုကြေးစားတပ်ခေါင်းဆောင် မည်သို့ သေဆုံးသည်ဆိုသည့် အသေးစိတ်များ မသိရသေးသော်လည်း ပရီဂိုဇင် တည်ထောင်ခဲ့သည့် ကြေးစားတပ်ဖြစ်သော ဝဂ္ဂနာတပ်ဖွဲ့ကို ပထမပိုင်းတွင် အစိတ်စိတ်အမွှာမွှာခွဲပြီး နောက်ပိုင်းတွင် အင်အားချိနဲ့သွားစေမည်မှာ ရှင်းလင်းသောအချက် ဖြစ်သည်။

သမ္မတ ပူတင်နှင့် ကရင်မလင်ကို အကြီးအကျယ် အရှက်ကွဲစေသည့် မော်စကိုသို့ ချီတက်ခြင်း နောက်ပိုင်းတွင် ယူကရိန်းမှ စစ်ဆင်ရေးများတွင် ဝဂ္ဂနာကြေးစားတပ်၏ အရေးပါသော အခန်းကဏ္ဍကို လျှော့ချပြီးနောက် ပရီဂိုဇင်သည် မော်စကိုကိုယ်စား အာဖရိကမှ စစ်ဆင်ရေးများအတွင်း ရရှိထားသည့် သြဇာအချို့ကို ပြန်လည်ရယူရန် အချိန်ကာလတခုအထိ ကြိုးစားခဲ့သည်။

ပရီဂိုဇင်သည် နိုင်ဂျာနိုင်ငံမှ အာဏာသိမ်းမှုကို ထောက်ခံသည့် ကြေညာချက်တစောင်ထုတ်ပြန်ပြီး ကရင်မလင်၏ ရည်မှန်းချက်ကို ဝဂ္ဂနာက မည်သို့လုပ်ဆောင်ပေးခဲ့သည်ကို သုတေသီအချို့ ပြန်လည် အမှတ်ရစေသည်။ ယခုအပတ်တွင် အာဖရိကတိုက်တနေရာမှ သူ၏ သင်္ကေတ စစ်ဘောင်းဘီ ဝင်ဆင်ထားသည့် ဗီဒီယိုတခုတင်ပြီး သူ့တပ်ဖွဲ့သည် အခန်းကဏ္ဍတခု ပြန်ရနေပြီး သူ၏လုပ်ရပ်များကို ခွင့်လွှတ်လိုက်သည့် သဘောမျိုး ပြသခဲ့သည်။

ထိုဗီဒီယိုတွင် ပရီဂိုဇင်က သူသည် အာဖရိကမှ စစ်ဆင်ရေးများအတွက် လူသစ်စုဆောင်းနေကြောင်း ပြောကြားပြီး ဗဟိုအာဖရိက သမ္မတနိုင်ငံတွင် ယဉ်ကျေးမှုဌာနမှတဆင့် ရင်းနှီးမြှုပ်နှံရန် ရုရှားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သည်။

ပရီဂိုဇင်သည် ဝဂ္ဂနာ အဆင့်မြင့် ခေါင်းဆောင်များနှင့်အတူ မော်စကို အနီးရှိ တီဗာဒေသသို့ သွားနေစဉ် လေယာဉ် ပျက်ကျသည်

ပရီဂိုဇင်သည် ဝဂ္ဂနာ အဆင့်မြင့် ခေါင်းဆောင်များနှင့်အတူ မော်စကို အနီးရှိ တီဗာဒေသသို့ သွားနေစဉ် သူ၏ ပုဂ္ဂလိကလေယာဉ် ပျက်ကျခြင်း ဖြစ်သည်။ အချို့သတင်းများက ထိုလေယာဉ်ကို ရုရှားလေကြောင်း ကာကွယ်ရေးစနစ်က ပစ်ချသည်ဟု ဖော်ပြကြသည်။

ပရီဂိုဇင် သာမက သူ၏အနီးကပ်ဆုံး မဟာမိတ်နှင့် ဝဂ္ဂနာတပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင် ဒီမီထရီ အတ်ကင်လည်း ထိုလေယာဉ်တွင် လိုက်ပါလာသည်။ ယခင် ရုရှားစစ်တပ်အရာရှိတဦးနှင့် ဆီးရီးယားမှ ရေနံမြေများကို စောင့်ကြပ်ပေးနေသည့် ကြေးစားတပ် ခေါင်းဆောင်ဖြစ်သော သူသည် မော်စကိုသို့ ချီတက်ရာတွင် စီစဉ်သူဖြစ်ကြောင်း စွပ်စွဲခံရသည်။

ဝဂ္ဂနာကြေးစားတပ်နှင့် ပတ်သက်သည့် ရုရှားလူမှုကွန်ရက် သတင်းများအရ အခြား ဝဂ္ဂနာ ခေါင်းဆောင်များလည်း ထိုလေယာဉ်တွင် ပါဝင်သည်ဟု ဖော်ပြကြသည်။

ရှင်းလင်းသောအချက်မှာ ဝဂ္ဂနာသည် ယခင်ဖွဲ့စည်းစဉ်ကအတိုင်း ဆက်လက် မရှိတော့ဆိုသည့် အချက်ဖြစ်သည်။

မကြာသေးမီက သတင်းများအရ ဘယ်လာရုစ်မှ ဝဂ္ဂနာအဖွဲ့ဝင် စစ်သား ရာပေါင်းများစွာသည် လစာနည်းသောကြောင့် ထိုနိုင်ငံမှ ထွက်ခွာနေပြီး အချို့မှာ အနောက်အာဖရိကသို့ သွားရောက်နေသည်ဟု သိရသည်။ ထိုနိုင်ငံတွင်ရှိသည့် တပ်ဖွဲ့ဝင်အရေအတွက် ၅,၀၀၀ မှ လေးပုံ တပုံခန့်သာ ကျန်တော့သည်ဟု သိရသည်။

လွန်ခဲ့သော နှစ်လက ဝဂ္ဂနာ တပ်ဖွဲ့ မော်စကိုသို့ ချီတက်လာစဉ်

ပရီဂိုဇင်နှင့် မဟာမိတ်များသည် ပူတင်၏ မကျေနပ်မှုကြောင့် အခန်းကဏ္ဍသစ် ရှာဖွေနေစဉ် လွန်ခဲ့သော နှစ်လအတွင်း ရုရှားတွင်လည်း ဝဂ္ဂနာ စစ်ဆင်ရေးများသည် ရပ်ဆိုင်းနေသည်။

ဘတ်ခ်မွတ်တိုက်ပွဲတွင် ဝဂ္ဂနာတပ်များကို ဓားစာခံများအဖြစ် ဖြန့်ချခံရပြီးနောက် ဝဂ္ဂနာတပ်များသည် ယူကရိန်းမှ ထွက်ခွာလိုက်သောကြောင့် ၎င်းတို့ လှုပ်ရှားနေသော အာဖရိကနိုင်ငံများတွင် ဆက်လက် အသုံးဝင်၊ မဝင် အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ကရင်မလင်က ထောက်ခံနိုင်သည့် ပရီဂိုဇင်နေရာတွင် အစားထိုးမည့် အမည်များကို ခန့်မှန်းပြောဆိုမှုများ ရှိသော်လည်း ထိုသူများအနက် မည်သူမှ သူ့နေရာတွင် အစားထိုးနိုင်စွမ်း ရှိ၊ မရှိ မသိရသေးပေ။

အာဖရိကတိုက် မာလီနိုင်ငံသို့ ဝဂ္ဂနာ တပ်ဖွဲ့ ဆိုက်ရောက်လာစဉ်

သတင်းမှား စစ်ဆင်ရေးများ၊ တိတိကျကျ မသိရသည့် စီးပွားရေး အကျိုးစီးပွားနှင့် ကြေးစားစစ်သား လုပ်ငန်းများ ပေါင်းစည်းထားသည့် အာဖရိကမှ ဝဂ္ဂနာအုပ်စုသည် ပရီဂိုဇင်နှင့် အခြား မိတ်ဆွေများက နှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် မသမာသော အဆက်အသွယ်များကို မှီခိုနေရသည်။ ဝဂ္ဂနာအုပ်စုသည် မာလီမှ စစ်တပ်ကို ကူညီနေသည့်သတင်းများ ရှိနေပြီး ထိုလုပ်ရပ်သည် ပြင်သစ်က မာလီတွင် ဆယ်စုနှစ်တခုကြာ စစ်ဆင်ရေးများ ရပ်ဆိုင်းသည့် ဆုံးဖြတ်ချက်ကို အထောက်အကူပြုသည်။

နိုင်ဂျာနိုင်ငံ၊ ဆာဟဲမြို့တွင် နိုင်ငံများမှ စစ်ခေါင်းဆောင်များကို ကရင်မလင်က တိုက်ရိုက် စည်းရုံးနေသော်လည်း ပရီဂိုဇင်သည် စစ်ဘုရင်များ၊ အာဏာသိမ်း ခေါင်းဆောင်များ၊ အကျင့်ပျက် နိုင်ငံရေးသမား၊ စီးပွားရေးသမားများနှင့် ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ထူထောင်ထားသည်။

ပရီဂိုဇင် မရှိတော့ပါက ဝဂ္ဂနာသည် အရေးမပါတော့ကြောင်း ဇွန်လက ဝဂ္ဂနာတပ်များ မော်စကိုသို့ ချီတက်ပွဲအပြီး ဒုလေတပ် ဦးစီးချုပ် ဖြစ်ခဲ့ပြီး ယခု စစ်ရေးသုတေသီဖြစ်သူ ရှောင် ဘဲလ်က Sky news သို့ ပြောခဲ့သည်။

“ဝဂ္ဂနာအုပ်စုက ယေဂိုနီ ပီရီဂိုဇင်ရဲ့ ဦးဆောင်မှုကိုပဲ မှီခိုတယ်ဆိုရင် ဆက်လက်ရှင်သန်ဖို့ ခက်ခဲနေတယ်။ နိဂုံးချုပ်သွားမှာပဲ” ဟု ၎င်းက ပြောသည်။

(The Guardian မှ Peter Beaumont ၏ What next for the Wagner group after Yevgeny Prigozhin’s reported death? ကို ဘာသာပြန်သည်။)

You may also like these stories:

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
567

မြန်မာစစ်တပ်ထုတ် အမြောက်ကျည်များကို ယူကရိန်းတွင် ရုရှားသုံးနေ

ယူကရိန်းစစ်ပွဲတွင် ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက် “မယုံနိုင်အောင် များပြား”

ယူကရိန်း အရှေ့ပိုင်းက ရုရှားတပ်များ ဆုတ်ပြေး

ဝဂ္ဂနာပုန်ကန်မှုကို ရုရှားပြည်တွင်းရေး အဖြစ်သာ တရုတ်သဘောထား

Your Thoughts …
Tags: CIAကြေးစားတပ်ဖွဲ့ယူကရိန်းရုရှား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

Next Post
ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ

ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved