သတင်း

အဖမ်းခံရသည့် အလုပ်သမားအရေး ဆောင်ရွက်သူ ဦးသက်နှင်းအောင် မိသားစုနှင့် တွေ့ခွင့်မရ

Want create site? Find Free WordPress Themes and plugins.

တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တခုဖြစ်သည့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ် ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် ဖမ်းဆီးခံထား ရသည်မှာ ၂ လနီးပါး ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မိသားစုနှင့် တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။

ဦးသက်နှင်းအောင်သည် ၎င်းတိမ်းရှောင်နေသော မြဝတီမြို့၌ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ခန့်ကတည်းက ဖမ်းဆီးခံခဲ့ ရခြင်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက အတည်ပြု ပြောဆိုသည်။

ထို့နောက် ရန်ကုန်မြို့ရှိ ရွှေပြည်သာ စစ်ကြောရေးတွင် ထားရှိကာ ဇူလိုင် ၃၀ ရက်တွင်မှ အင်းစိန်ထောင်သို့ ပို့ဆောင်ခံ ရခြင်းဖြစ်ကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် အင်းစိန်ထောင်ရောက်မှသာ ဦးသက်နှင်းအောင် အဖမ်းခံထားရသည်ကို အတည်ပြု နိုင်ကြောင်း MICS မှ လက်ထောက် အတွင်းရေးမှူး ဦးနေလင်းအောင်က ဧရာဝတီကို ပြောသည်။

ဦးသက်နှင်းအောင်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)နှင့် မတရားအသင်း ဆက် သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲထားကြောင်း သိရသည်ဟုလည်း ၎င်းက ဆိုသည်။

ဦးသက်နှင်းအောင် အင်းစိန်ထောင် ရောက်သည်မှာ ၁၅ ရက်ကျော်လာပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ ဆိုင်ရာ ကျန်း မာရေး ကန့်သတ်များကြောင့် ဟုဆိုကာ ယနေ့အချိန်ထိ မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “သူ ဖမ်းခံရတယ် ဆိုတာကိုတောင် ရွှေပြည်သာ စစ်ကြောရေးကနေ အင်းစိန်ထောင်ကို ပြောင်းတဲ့အချိန် ထောင် ကားပေါ်ကနေ ရဲကို အကူအညီတောင်းပြီး အိမ်ကို ဖုန်းဆက်လို့ သိရတာ။ အင်းစိန်ရောက်တော့လည်း ထောင်ဝန်ထမ်းဆီ က တဆင့် ဆက်သွယ်လာလို့ လိုအပ်တဲ့ အစားသောက်တွေ ပို့ပေးခွင့်ရတယ်။ ဘယ်အဆောင်မှာ ရှိနေပါတယ်။ ဘာအမှုနဲ့ ဆွဲခံထားရတယ်ဆိုပြီး သိခွင့်ရတာ” ဟု ဆိုသည်။

ဦးသက်နှင်းအောင်သည် NLD အစိုးရ လက်ထက်က အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းရေး ကော် မတီတွင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ပါဝင်သလို အမျိုးသားအဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင် ရာ ကော်မတီတွင်လည်း အလုပ်သမား ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် MICS အနေဖြင့် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့် ဆိုင် ဖြေရှင်းရေးကော်မတီမှ နုတ်ထွက်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်မည် မဟုတ်ကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။

ဇွန်လ ၁၄/၁၅ ရက်များတွင် စစ်ကောင်စီက မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းရှိ MICS ၏ ရုံးခန်းများအား ဝင်ရောက်ရှာဖွေပြီး ရုံးပိုင်ပစ္စည်းများနှင့် တခြားသော စာရွက်စာတမ်း၊ ပစ္စည်းများကို သိမ်းဆည်းသွားခဲ့ကြောင်း၊ ထို့အတူ ဇွန် ၁၄ ရက်က ဦး သက်နှင်းအောင် နေထိုင်သော မန္တလေးမြို့ရှိနေအိမ်ကို လာရောက်ရှာဖွေခဲ့ကြောင်း MICS ၏ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးပွင့်ဆိုင်ယန္တရားတွင် ပါဝင်သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များဖြစ်သည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် MICS တို့အား စစ်ကောင်စီက ၎င်းတို့နှင့် ဆက်လက် လက် တွဲလုပ်ဆောင်ရန် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက ငြင်းဆန်ခဲ့ကာ အာဏာသိမ်းမှု ကို ဆန့်ကျင်ခဲ့ကြသည့်အတွက် အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေခဲ့ခြင်း ဖြစ်ကြောင်း CTUM ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဝင်းသိင်္ဂီက ပြောသည်။

၎င်းက “သူတို့ ဒီလိုမျိုး လိုက်ဖမ်းဆီး ထောင်ချလိုက်တိုင်း သူတို့အပေါ် ဆန့်ကျင်လုပ်ဆောင်နေတဲ့ အရာတွေက လျော့ သွားမှာ မဟုတ်ဘူး” ဟု ပြောဆိုသည်။

ဦးသက်နှင်းအောင် အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့သော CTUM နှင့် အလုပ်သမားသမဂ္ဂ အဖွဲ့ အစည်းတချို့မှ အလုပ်သမား ခေါင်းဆောင်တချို့လည်း ဖမ်းဆီးခံထားရပြီး အများစုမှာ ထွက်ပြေးတိမ်းရှောင် နေကြရ ကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများထံမှ သိရသည်။

တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော်လည်း အလုပ်သမား အရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဘက် အလုပ်သမားသမဂ္ဂ အဖွဲ့အစည်း ၁၆ ဖွဲ့ခန့်ကိုလည်း စစ်ကောင်စီက မတရားအသင်းအဖြစ် ကြေညာထားပြီး ခေါင်းဆောင် တချို့အား ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့် ဝရမ်းထုတ်ထားသည်။

You may also like these stories:

တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော

ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ

ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ

Did you find apk for android? You can find new Free Android Games and apps.
Loading