• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ငါလွတ်မြောက်သွားပြီ၊ ပျော်သွားပြီ” ဆိုတဲ့ ခံစားချက်တော့ လုံးဝ မရှိဘူး

by ဧရာဝတီ
18 August 2021
in အင်တာဗျူး
A A
၄၄ လမ်းဖြစ်စဉ်တွင် လွတ်မြောက်ခဲ့သူ ကိုကောင်းမင်းသန့်

၄၄ လမ်းဖြစ်စဉ်တွင် လွတ်မြောက်ခဲ့သူ ကိုကောင်းမင်းသန့်

72k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ် ဖမ်းဆီးရာ တွင် လူငယ် ၅ ဦးမှာ ခုန်ချခဲ့ရာ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရကာ ၃ ဦး အဖမ်းခံခဲ့ရသည်။ ယင်းဖြစ်စဉ်တွင် ရှိနေသူ ကိုကောင်းမင်းသန့်မှာလည်း သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အမှန်တကယ်တွင်မူ ကိုကောင်းမင်းသန့်သည် ခေါင်မိုးပေါ်မှတဆင့် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ယခုအခါ လွတ်မြောက် နယ်မြေသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကိုကောင်းမင်းသန့်နှင့် ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်က ကိုကောင်းမင်းသန့် အကြောင်းကို ပြောပြပေးပါဦး။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208

ဖြေ။ ။ ကျနော့်ဘဝအကြောင်းကတော့ ငယ်ငယ်လေးကတည်းက အဘွားနဲ့ တူတူနေတာပေါ့။ အဖေ၊ အမေနဲ့က ငယ်ငယ် လေးကတည်းက ကွဲနေတာကြာပြီ။ အခု ကျနော်ပဲ ၁၉ နှစ်ပြည့်တော့မယ် တော်တော်ကြာပြီ။ မွေးချင်း တယောက်ပဲ ရှိ တယ်။ အဘွားအိမ်မှာပဲ နေတယ်။ သူငယ်တန်းကနေ ၄ တန်းအထိက ရပ်ကွက်ထဲက အမက ကျောင်းမှာပဲ တက်ခဲ့တယ်။ အထက်တန်းရောက်တော့ ဗိုလ်တထောင် (၃) ကျောင်းကို ပြောင်းလိုက်တယ်။ အခု အာဏာသိမ်းမှ ကျနော်တို့ရဲ့ လွတ် လပ်မှုတွေ ပိတ်ပင်တဲ့အတွက် လှုပ်ရှားတဲ့ လူငယ်တွေ။ ဟိုးအရင်ကတည်းက နိုင်ငံရေး သိတဲ့လူတွေ မဟုတ်ဘူး။

ရှင်းရှင်းပြောရရင် ရပ်ကွက်ထဲမှာ ဂိမ်းဆော့၊ ဘောလုံးကန်သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သင်တန်းသွားလိုက် လက် ဖက်ရည်ဆိုင် ထိုင်လိုက်နေတဲ့ သာမန်ဘဝနဲ့နေတဲ့ လူငယ်တွေပဲ။ အဲဒီလိုကနေ အာဏာသိမ်းမှုကနေ လွတ်လပ်မှုတွေ ပိတ်ပင်တဲ့အတွက် ချုပ်ချယ်မှုတွေ များလာတာကို မကြိုက်လို့ ဒီတော်လှန်ရေးမှာ ပါဝင်ရင်းနဲ့မှ နောက်ဆုံး လွတ်မြောက် နယ်မြေထဲအထိ ရောက်ခဲ့ရတယ် ဆိုပါတော့။

ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းခင်ကအထိ ကျနော်က သာမန်အရပ်သားပဲ နိုင်ငံရေးလည်း စိတ်မဝင်စားဘူး။ လူငယ်တိုင်း နိုင်ငံရေး လုပ်သင့်တယ်ဆိုပေမယ့် ကိုယ့်ဘဝကိုယ် ရွေးချယ်ခွင့်နဲ့လေ။ ကျနော် နေထိုင်တာ ပေါ့ပေါ့ပါးပါးပဲ လူတိုင်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ပေါင်းတယ်။ ကိုဗစ်ကာလမှာ Graphic Design သင်တန်းသွားတယ်။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ ဂိမ်းဆော့တယ် သီချင်းရေးတယ်။ သီချင်းကလည်း လေ့လာနေတုန်း လေ့လာစရာတွေ အများကြီး ရှိသေးတယ်။

ကျနော်တယောက်တည်း မဟုတ်ဘူး။ ကျနော်တို့လို အနာဂတ်ရှိတဲ့ လူငယ်တိုင်းက လေ့လာစရာတွေ အများကြီးရှိတဲ့ အတွက် တော်လှန်ရေးမှာ ပါဝင်ပြီးတော့ အနာဂတ်တွေ အသက်တွေကို ခဏမေ့ထားပြီးတော့ တော်လှန်ရေးမှာ ဖမ်းမိရင်၊ ဖမ်းမိသလို အသတ်ခံရရင် အသတ်ခံရသလို ရှေ့မှာ သေဆုံးသွားတဲ့ ကျနော်တို့ အရွယ်တွေ ဒေါက်တာခန့်ညားဟိန်း ဆို ရင်လည်း တော်တဲ့ ကလေးတွေ၊ မျိုးကောင်းမျိုးသန့်တွေကို ဆုံးရှုံးခဲ့ရတယ်။ အဆုံးရှုံးခံပြီးတော့ တော်လှန်ရေးမှာ ပါဝင်နေ တဲ့အတွက် လူငယ်တွေကို တတ်နိုင်သလောက်တော့ Support ပေးဖို့ ပြောချင်တယ်။

၄၄ လမ်းဖြစ်စဉ်တွင် တိုက်ပေါ်မှ ခုန်ချကာ သေဆုံးခဲ့သူများ

မေး။ ။ အာဏာသိမ်းပြီးနောက် ဘဝမှာ ဘာတွေ ပြောင်းလဲသွားလဲ။

ဖြေ။ ။ အာဏာသိမ်းပြီးတဲ့နောက်မှာ ၄၄ လမ်းက ဖြစ်သွားတဲ့ ကျနော့်မိသားစု အသစ်လေးနဲ့ နေထိုင်တယ်။ သူတို့က အကြီးတွေဆိုတော့ ကျနော့်ကို ဆုံးမတယ်။ ဘဝအတွေ့အကြုံတွေ အများကြီး ရတယ်။ စာလည်းဖတ်တော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီး ရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ။

မေး ။ ။ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ဘာကြောင့် ပါဝင်လာတာလဲ။

ဖြေ။ ။၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမွေးတဲ့ လူငယ်တော်တော်များများက ချူပ်ချယ်မှုတွေကို မကြိုက်ဘူး။ ကိုယ်ပိုင်စမ်း ကြည့်မယ် လုပ်ကြည့်မယ်။ မကောင်းဘူးလို့ ခွဲခြားမယ်။ ပြီးတော့ မကောင်းတာကို ဆက်မလုပ်ဘူး။ အဲဒီလို လွပ်လွပ်လပ် နေချင်တဲ့လူ တော်တော်များတယ်။ အခုအာဏာသိမ်းတော့ ကျနော်တို့ မလွတ်လပ်ဘူးဗျာ။ ဘယ်သွားသွား ခွေးတွေ ခွေး ကားတွေ တွေ့ရ၊ ခွေးတွေ မျက်နှာတွေ တွေ့ရတော့ ဒီထဲမှာ မပါမဖြစ် ပါလာရတယ် ဆိုပါတော့။

တော်လှန်ရေးမှာပါလို့ အကျိုးအမြတ်က ကျနော့်အတွက် ဘာမှ မရသလို ကျနော်ကိုယ်တိုင်ကိုကလည်း ဘာအကျိုး အမြတ်မှ မလိုချင်ဘူး။ အောင်ပွဲရလို့ အောင်ပွဲခံရင်တောင် ပါမယ့် လူထဲမှာ မပါဘူး။ ကျနော်တို့ လုပ်စရာရှိတာကို ဆက် လုပ်မယ်။ ရည်ရွယ်ချက် ပန်းတိုင်ဆီကို ကျနော်တို့ ဆက်သွားမယ်။ ကျနော်တို့ အနာဂတ်လမ်းမှာ ဒီအာဏာရှင်စနစ် မရှိ ဖို့ဘဲ ကျနော်တို့ လုပ်နေတာပေါ့။

မေး ။ ။ ဒီလို ပါဝင်လာတဲ့ အချိန်မှာ ၄၄ လမ်းဖြစ်ရပ်လို ဖြစ်ရပ်မျိုးကို ကြုံရမယ်လို့ တွေးထားဘူးလား။

ဖြေ။ ။ မတွေးထားဖူးဘူး။ ဘာလို့လဲဆို ကျနော်တို့က လွတ်အောင် ပြေးတယ်ဗျာ။ လွတ်အောင်ပြေးနေကြတဲ့ လူဆိုတော့ ဒါတွေ မတွေးထားဘူး။ ၄၄ လမ်းအိမ်မှာ Plan B ဆိုပြီးတော့တော့ တွေးဖူးတယ်။ ခေါင်မိုးပေါ် တက်ပြေးရင် အကုန်လုံး လွတ်ကြတယ်ဗျာ။ ခေါင်းမိုးပေါ်တက်ပြေးရင် အကုန်လည်း လွတ်မယ့် အနေအထား ရှိပေမယ့် တကယ့် တကယ်တမ်း အရေးကြုံလာတဲ့ အခါကျတော့ အရှင်မိမခံနိုင်ဘူး။ အသေပဲ မိခံမယ်ဆိုတဲ့ ပုံစံမျိုးကို တွေးခဲ့ကြတယ်။ ကျနော်ကကျတော့ ပြေးမယ့်နားမှာ ကြည့်ပြီးတော့ လမ်းထိပ်က အရပ်ဝတ်တွေကို ကြည့်နေတဲ့အတွက် အဲဒီကနေ ပြေးသွားတာပေါ့။

မေး ။ ။ ဒီလိုကိစ္စမျိုးကို နဖူးတွေ့ ဒူးတွေ့ ကြုံတဲ့အချိန်မှာရော ဘယ်လို ခံစားရလဲ။

ဖြေ ။ ။ ဒါမျိုး လုပ်နေရင်တော့ ကြုံရမှာပဲပေါ့။ ကျနော်တို့ကို လာဖမ်းတယ်၊ ကျနော်တို့ကို သတ်တယ်ဆိုတာက ကျနော် တို့ကို ကြောက်လို့ လုပ်တာ။ အဲဒါကို လူတိုင်း သိစေချင်တယ်။ ကျနော်တို့ကို ကြောက်လို့ လုပ်နေတယ်ဆိုတာက လူ ငယ်တွေ အင်အာများသွားပြီး လူတိုင်းက တော်လှန်ချင်တဲ့ စိတ်ရှိလာတာကို ဒီကောင်တွေ ကြောက်တယ်။ ကြောက်လို့ လည်း တကယ်လှုပ်ရှားပြီး လုပ်နေတဲ့လူတွေကို အဓိက လိုက်ရှာပြီးတော့ လိုက်ဖမ်းတာတွေလည်း ဟိုလတွေကတည်းက ရှိပါတယ်။

မေး ။ ။ လွတ်မြောက်လာလာချင်း ဘယ်လို ခံစားရလဲ။

ဖြေ။ ။ ၄၄ လမ်းက အစ်ကိုတွေ အစ်မတွေကိုပဲ အမြဲတမ်း သတိရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ထဲက မင်း သစ္စာအောင် (ခ) ဗလက ပြောဖူးတယ်။ ငါ့အပေါင်းအသင်းတွေတောင် တော်လှန်ရေးမှာ တွေ့တဲ့ မိသားစုဝင်တွေလောက် မခင်တွယ်ဘူးတဲ့။ ဒီမိသားစုကို ထိရင် ငါနဲ့ ငြိမယ်ဆိုတဲ့ ပုံစံမျိုး။ အဲဒီလို ပုံစံမျိုး ကျနော်စိတ်ထဲမှာလည်း တွေးထားတယ် ဆိုတော့ ငါလွတ်မြောက်သွားပြီ၊ ပျော်သွားပြီဆိုတဲ့ ခံစားချက်တော့ လုံးဝ မရှိဘူး။ ဒီဘက်မှာလည်း လုပ်စရာရှိတာတွေ လုပ်ရဦးမှာလေ။

မေး ။ ။ ၄၄ လမ်းမှာ ဘာတွေ ကြုံခဲ့ရလဲ။ အဲဒီ အဖြစ်အပျက်ရဲ့ အမှန်တရားနဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကိုရော ဘယ်လို ချေပချင်လဲ။

ဖြေ။ ။ စစ်ကောင်စီရဲ့ ချေပချက်တွေကို ယုံနေတဲ့ လူတွေက စာတတ်တဲ့ လူတွေဆို ဦးနှောက်မရှိ၊ ဦးနှောက်ရှိ ဉာဏ်ရှိတဲ့ လူတွေကျတော့ စာမတတ်ဗျာ။ အဓိက ဦးနှောက်ရှိ ဉာဏ်ရှိတဲ့လူတွေက စစ်ကောင်စီ ပြောသမျှ မယုံဘူးဗျ။ ချင့်ချိန်တယ်။ ဒီလူငယ်တွေက ဒီကာလမှာ ဘာဖြစ်လို့ ဆေးသုံးမှာလဲ။ ဒီဆေးသုံးရင် လမ်းမှား ရောက်မယ်ဆိုတာ သူတို့ သိနေတာ။ ဘယ်လိုဖြစ်လို့ စွပ်စွဲလဲ ဆိုတော့ သူတို့ဘက်က Psywar အနေနဲ့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၄၄ လမ်းမှာ ဖြစ်သွားတဲ့ ကိစ္စ မှာ သေနတ်နဲ့ ပစ်တာတွေ အောက်ပြုတ်ကျသွားတော့ အသက်ငွေ့ငွေ့ကျန်တဲ့လူတွေကို သေနတ်ဒင်နဲ့ ထုတာတွေ အဲဒီလို ပုံစံတွေကို ဖုံးချင်လို့ စွပ်စွဲတာ ဖြစ်နိုင်တာပေါ့။ ခြေပချင်တာတော့ ဘာမှမရှိပါဘူး။ ခွေးပါးစပ်ကတော့ ဘာစကားမှ အကောင်း ထွက်မှာ မဟုတ်ဘူး။

တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူတိုင်းက အားလုံး ဂရုစိုက်ပြီး သတိဝိရိယနဲ့ နေကြပါ။ အဓိကကတော့ ကိုယ်လုပ်မယ့် ပြောက်ကျားသပိတ် ဒါမှမဟုတ် ကိုယ့်လုပ်မယ့် မစ်ရှင်က ကိုယ့်အတွက် ဂုဏ်ယူစရာ မဟုတ်သလို Attention ရှာစရာ လည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ချပြစရာလည်း မလိုဘူး။ မိသားစုဝင်တွေတောင် ဘာမှပြောစရာ မလိုတဲ့ ကိစ္စတွေဖြစ်တဲ့ အတွက် မိသားစုတွေကိုတောင် အစအဆုံး ပြောပြနေစရာ မလိုဘူး။ အတွင်းကိစ္စတွေကို အတွင်းမှာပဲ ထားပါ။ အပြင်ကို မဖြန့်ကြပါနဲ့လို့ ပြောချင်တယ်။

မေး။ ။ ၄၄ လမ်းဖြစ်စဉ်မှာ ပါဝင်တဲ့ Apple လို့ခေါ်တဲ့ မဝေဝေမြင့်ကို ကိုကောင်းမင်းသန့်တို့ ဘယ်လို သိထားသလဲ။

ဖြေ ။ ။ ကျနော်တို့ အဖွဲ့ထဲက အစ်ကိုတယောက်ရဲ့သူငယ်ချင်းဆိုတော့ ကျနော်တို့ သိတဲ့ မ Apple က ထက်မြက်တဲ့ မိန်းမတယောက်ဗျ။ သူ့မှာ ဉာဏ်ပညာလည်း ရှိတယ်။ သူ့မှာ အားလုံး ပြည့်စုံနေပြီ။ အားလုံးပြည့်စုံနေတဲ့ မိန်းမ တယောက်ကို ဘာဖြစ်လို့များ ဒီကောင်တွေက ဘယ်လိုစိတ်နဲ့၊ စစ်ခွေးတွေ ရဲခွေးတွေဘက်မှာရော မိန်းမတွေ မရှိဘူးလား။ အမေတွေ မရှိဘူးလား။ ကျနော်တို့ကို လာဝင်စီးတဲ့ ဗိုလ်မှူး စိုးထွန်းကို မင်းအမေက ဖောက်ပြန်နေတဲ့ မိန်းမကြီးဆိုပြီး ပို့စ်တင်လိုက်မယ်၊ သူတို့မှာက အဲဒီလို ကိုယ်ချင်းစာစိတ် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်တွေက ရာထူး မက် တယ်၊ နေရာ မက်တယ်၊ ပိုက်ဆံမက်တယ်။ အဲဒီ ၃ ခုကို မြင်ရင် ဘာမှ မမြင်တော့ဘူး။

အဲဒီတော့ မပန်းသီးကို ဂုဏ်သိက္ခာချတဲ့အပေါ် ဝမ်းမနည်းဘူးလားဆိုတော့ ဝမ်းနည်းတယ်။ ဒါပေမယ့် သူတို့ ဂုဏ်သိက္ခာ ချတော့ရော မပန်းသီးရဲ့ အနေအထားနဲ့ သူတို့ အနေအထားက ယှဉ်ပြီး ပြောစရာကို မလိုဘူး။ မပန်းသီးက NUG၊ CRPH တွေနဲ့လည်း အဆက်အသွယ် မရှိဘူး။ PDF တွေနဲ့လည်း အဆက်အသွယ် မရှိဘူး။ ကျနော်တို့ တကယ်လှုပ်ရှားနေတဲ့ အဖွဲ့လေးကိုပဲ ရရင်ရသလောက် ကူညီပေးတယ်။ မကူညီနိုင်ဘူးဆိုရင် သူအကျိုးအကြောင်း ပြောပြတယ်။ အဲဒီလို အမျိုး သမီး တယောက်ကို ဂုဏ်သိက္ခာချတယ်။ ဒီတော်လှန်ရေးမှာ ကျနော်ရလိုက်တာကတော့ ရဲနဲ့ စစ်သားဆိုရင် တော်တော် ကြီးကို ချဉ်သွားတာဗျ။

မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိဦးမလဲ။

ဖြေ။ ။ ကျနော် ဖြည့်စွက်ပြောချင်တာကတော့ အဓိကက ပါးစပ်လုံဖို့ပေါ့။ ပြီးတော့ ကိုယ်ကျိုး မကြည့်ပါနဲ့။ ပါးစပ် တပေါက်က ပိတ်ရ တော်တော် ခက်တယ်။ မြို့မှာနေခဲ့တုန်းက တချို့ Attention ရချင်တဲ့ လူတွေရှိတာကြောင့် တချို့ သပိတ်တွေ အဆွဲခံရတယ်။ တချို့သပိတ်တွေ အရပ်ဝတ်တွေနဲ့ စောင့်ခံရတယ်။ တချို့သပိတ်တွေ ဖြိုခွဲခံရတယ်။ ကျနော် ကိုယ်တိုင်လည်း အဲဒီလို လူတွေနဲ့ ကြုံခဲ့ရတဲ့အတွက် ပါးစပ်လုံ၊ Attention မရှာနဲ့။ ကိုယ့်အတွက် ကိုယ်မကြည့်နဲ့ ဒီ ၃ ခု ကို ပြောချင်ပါတယ်။

You may also like these stories:

တိုက်ပေါ်က ခုန်ချပြီး အသက်ရှင်နေသေးသည်ဆိုသည့် လူငယ် ၃ ဦး မိသားစုနှင့် တွေ့ခွင့်မရ

ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး

ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
KNU လှုပ်ရှားနယ်မြေအတွင်းတွင် တွေ့ရသည့် စစ်ကောင်စီတပ်များ  / ဧရာဝတီ

သထုံမှာ အာဏာသိမ်းစစ်တပ်က ပစ်လို့ အရပ်သားနှစ်ဦး သေဆုံး

သတင်းစာဆရာ ဦးစည်သူအောင်မြင့်

သတင်းစာဆရာ ဦးစည်သူအောင်မြင့် ရန်ကုန်မြို့တွင် အဖမ်းခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved