• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး

by ဧရာဝတီ
16 August 2021
in ဆောင်းပါး
A A
ပန်းသီးလို့ ခေါ်ကြတဲ့ မဝေဝေမြင့်

ပန်းသီးလို့ ခေါ်ကြတဲ့ မဝေဝေမြင့်

41.7k
VIEWS
Share on FacebookShare on Twitter

“ကိုကို့ထက် စောပြီးပဲ သေချင်တယ်တဲ့။ ဒါပေမယ့် ဒီလောက်အထိ ကျနော့်ကို စောပြီးတော့ ထားခဲ့လိမ့်မယ်လို့ မထင်ထားဘူး”

ခင်မင်ရင်းနှီးသူတွေက ပန်းသီး (Apple) လို့ သိကြတဲ့ အသက် ၂၉ နှစ်သာ ရှိသေးတဲ့ မဝေဝေမြင့်ဟာ လမ်းထိပ်ကို ခဏဆိုပြီး ထွက်သွားရာကနေ အိမ်ကို အပြီးအပိုင် ပြန်မလာနိုင်တော့ပါဘူး။

သူမ သေဆုံးခြင်းနှင့် ပတ်သက်ပြီး အမျိုးသားဖြစ်သူကို ပြောလေ့ မှာလေ့ရှိတဲ့ အကြောင်းတွေကို ပြန်ပြောင်း ပြောပြနေ ချိန်မှာ ယောက်ျားရင့်မာ တယောက်ဖြစ်လင့်ကစား ရှိုက်ရင်း ငိုရင်းနဲ့ ကိုစိုးမြတ်သူ တယောက် ပြောပြနေပါတယ်။

သြဂုတ်လ ၁၀ ရက်မှာ စစ်ကောင်စီက မဝေဝေမြင့်တို့ ရှိရာ ၄၄ လမ်းက တိုက်အမှတ် (၁၆) အခန်းကို အကြမ်းဖက် ဝင်ရောက် ပစ်ခတ် ဖမ်းဆီးမှုမှာ စစ်အာဏာရှင်ရဲ့ အဖမ်းအဆီးကို မခံလိုတဲ့ မဝေဝေမြင့် အပါအဝင် လူငယ် ၅ ဦးဟာ တိုက်ပေါ်ကနေ ခုန်ချခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လူငယ် ၅ ဦးထဲမှာ ပါတဲ့တဦးတည်းသော အမျိုးသမီးဖြစ်တဲ့ စနှိုးဝိုက်လို အပြာရောင် အဝါရောင် ဂါဝန်လေး ဝတ်ဆင်ထားတဲ့ မဝေဝေမြင့် (ခေါ်) ပန်းသီးဟာ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

တကယ်တော့ မဝေဝေမြင့်ဟာ အဲဒီတိုက်ခန်းမှာ နေထိုင်တာ မဟုတ်ဘဲ သူမ နေအိမ်ရှိရာ ၄၅ လမ်းကနေ အဲဒီအိမ်ကို ခေတ္တခဏ ရောက်နေခဲ့တာ ဖြစ်ပါတယ်။

လမ်းထိပ်မှာ အသိကို ပိုက်ဆံ သွားပေးဦးမယ် ဆိုပြီး ထွက်သွားခဲ့တဲ့ မဝေဝေမြင့်ဟာ ပေးရမယ့်လူကို မတွေ့လို့ အဲဒီအိမ်မှာ သွားပေးဟန် ရှိတယ်လို့ ခင်ပွန်းဖြစ်သူက ဆိုပါတယ်။ အဲဒီအိမ်က တွေ့ဆုံခဲ့တဲ့ လူငယ်တွေနဲ့လည်း ယခင် ဆန္ဒပြပွဲတွေမှာ တွေ့ဆုံပြီး ခင်မင်လာခဲ့ဟန် ရှိတယ်လို့လည်း သူက ဆိုပါသေးတယ်။

မဝေဝေမြင့်နဲ့ ဒေါက်တာစိုးမြတ်သူတို့ စုံတွဲ

မဝေဝေမြင့်နဲ့ ခင်ပွန်းဖြစ်သူ ဒေါက်တာ စိုးမြတ်သူတို့ဟာ ကိုဗစ်ကူးစက်ခံရမှုကနေ သက်သာပျောက်ကင်းပြီး ပြင်ဦးလွင်မြို့ကို စိတ်ပြေလက်ပျောက်အဖြစ် ခရီးထွက်ရာကနေ ပြန်ရောက်လာတဲ့နေ့မှာပဲ ဒီလို အဖြစ်ဆိုးမျိုးကို ကြုံတွေ့ခဲ့ရတာပါ။

သြဂုတ်လ ၈ ရက်နေ့မှာ ပြင်ဦးလွင်ကို ရောက်ခဲ့ပြီး အသွားတုန်းကလို လေယာဉ်နဲ့ ၁၀ ရက်နေ့မှာ ပြန်ဖို့ စီစဉ်ထားပေမယ့် အလုပ်ကိစ္စတခုကြောင့် ၉ ရက်နေ့မှာတင် မိသားစုလိုက် ကားစင်းလုံးငှားပြီး ပြန်လာခဲ့ကြတာပါ။ မပန်းသီး သေဆုံးမယ့်ရက် ၁၀ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်လောက်မှာ ရန်ကုန်နေအိမ်ကို ပြန်ရောက်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

မဝေဝေမြင့်တို့ မိသားစုက ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာရှင်တွေ အာဏာမသိမ်းခင်ကအထိ နိုင်ငံရေးနဲ့ မထိမတွေ့ ခဲ့တဲ့ သာမန် မိသားစုလေး ဖြစ်ခဲ့ပါတယ်။

“ကျနော်တို့ နှစ်ယောက်လုံးက ဘာရပ်တည်ချက်မှ မရှိခဲ့ဘူး။ အပေါင်းအသင်းတွေ အကုန်လုံးက အနီလည်း ရှိတယ်။ အစိမ်းလည်း ရှိတယ်” လို့ ဒေါက်တာ စိုးမြတ်သူက ဆိုပါတယ်။

စိတ်ထားကောင်းတယ်လို့ ခင်မင်ရင်းနှီးသူတွေက မပန်းသီးကို သတ်မှတ်ထားကြသလို လူတဖက်သားကို လှိုက်လှိုက်လှဲ လှဲ ကူညီတတ်ပါသေးတယ်။ သူမဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ပြီး လှလှပပ စမတ်ကျကျလေးနေတတ်သူ တဦးသာ။

မဝေဝေမြင့်ဟာ ကျောက်မျက်ရတနာ ရောင်းဝယ်တဲ့ လုပ်ငန်းမျိုး လုပ်ကိုင်ပေမယ့် တခြားသူပစ္စည်းကို ယူပြီး ရောင်းချပေးရုံလောက်သာ ဖြစ်ပြီး အလွန်အမင်း ချမ်းသာကြွယ်ဝတဲ့သူ မဟုတ်ဘူးလို့ မိသားစုနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ ၁၉ ရက်က နေပြည်တော်မှာ စစ်အာဏာရှင်တွေဟာ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ကျောင်းသူ လေး မမြသွဲ့သွဲ့ခိုင်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုဟာ မဝေဝေမြင့်ဆီကို နိုင်ငံရေးဆိုတဲ့ စိတ်ခံစားချက်တွေ အစပျိုး ပေးခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

မဝေဝေမြင့်ဟာ စိတ်ဓာတ်ပြတ်သားသူ ဖြစ်တဲ့အတွက် အဲဒီနောက်မှာတော့ နိုင်ငံရေး လှုပ်ရှားမှုတွေဆီမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်လာပါတော့တယ်။

ကိုယ်တိုင် ဆန္ဒပြတာတွေ၊ ဆန္ဒပြသူတွေကို အစားအသောက်တွေ သွားရောက်ဝေငှတာတွေကို မဝေဝေမြင့် စတင်လုပ် ကိုင်လာပါတယ်။

ဧပြီလထဲမှာလည်း တာမွေမြို့နယ် ကျောက်မြောင်းက ဆန္ဒပြပွဲတခု အနားမှာ ရောက်ရှိနေတာကြောင့် နာရီပိုင်းလောက် ဖမ်းဆီးရိုက်နှက်ခံခဲ့ရပါသေးတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပါးရိုက်၊ နားရိုက် ကန်ကျောက်ရိုက်နှက်ခဲ့တာကြောင့် ခါးရိုးထိခိုက်ခဲ့ရသေးတယ် လို့လည်း မိသားစုဝင်တွေဆီက သိရပါတယ်။

ဒီတခေါက် ဖြစ်ရပ်မှာတော့ သူ့ရဲ့ အသက်ကိုပါ နုတ်ယူသွားခဲ့ပါတော့တယ်။

မဝေဝေမြင့်မှာ အသက် ၅ နှစ်ကျော် သမီးငယ်လေး တဦးရှိပြီး သမီးအနာဂတ်အတွက်လည်း အိပ်မက်ကြီးကာ ပြုစုစောင့် ရှောက်လေ့ရှိပြီး မိသားစုအရေးကို ဂရုတစိုက် ရှိတတ်သူလည်း ဖြစ်ပါသေးတယ်။

အခုတော့ သူချစ်တဲ့ သမီးလေးကို ခွဲခွာသွားခဲ့ပြီ ဖြစ်ပြီး သေခြင်းတရားကို နားမလည်သေးတဲ့ သမီးငယ်ကိုတော့ သူနား လည်မယ့်ပုံစံနဲ့ ပြောပြနှစ်သိမ့်ထားရတယ်လို့ ကိုစိုးမြတ်သူက ဆိုပါတယ်။

“သမီးလေးက Fairy (နတ်သမီး) လေးတွေ သဘောကျတော့။ ခုလောလောဆယ်တော့ အမေက ဘယ်တော့မှ မပြန်လာ တော့ဘူး။ အမေကတော့ Fairy လေးဖြစ်သွားပြီလို့ ပြောပြထားတယ်။ နောက်မှ လိုက်သွားရမှာလို့ ပြောပြထားရတယ်” လို့ ဒေါက်တာ စိုးမြတ်သူက ဆိုပါတယ်။

မဝေဝေမြင့်နဲ့ သူ့သမီးငယ်

မဝေဝေမြင့်ကတော့ သူမ မိသားစု အသိုက်မြုံထဲက ရုတ်တရက်ဆိုသလို ထွက်ခွာသွားတာ ၁ ပတ်တင်းတင်း ပြည့်လုပါပြီ။

“ကျနော်နဲ့ဆို သမီးလေးကို စိတ်ချရတယ် ပြောဖူးတယ်။ သူမသေချင်ဘူးလည်း ဆက်ပြောတယ် ဘာလို့လဲဆိုတော့ သမီးလေးနဲ့ ကိုကို့ကို မခွဲချင်ဘူးတဲ့။ ဒီမိသားစုလေးနဲ့ နေရတာ ပျော်တယ် ဒီဘဝလေးကို မခွဲသွားချင်ဘူးတဲ့” လို့ မဝေ ဝေမြင့် ပြောခဲ့ဖူးတာတွေကို ကိုစိုးမြတ်သူက တမ်းတရင်း ပြောပါတယ်။

မဝေဝေမြင့်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဆီက သိရတဲ့ အချက်တွေထဲက တူညီတဲ့ အချက်တွေ ရှိပါတယ်။ မိတ်ဆွေတိုင်းက အသိအမှတ်ပြုကြတဲ့ အချက်တွေကတော့ မဝေဝေမြင့်ဟာ ကျောင်းသားဘဝမှာ ကတည်းက မတရားတာမြင်ရင် ပြန်လည် ချေပလေ့ ရှိသူဖြစ်ပြီး မှန်တဲ့ဘက်က ရပ်တည်လေ့ရှိသူ၊ အလှူအတန်း ပေးကမ်း ရက်ရောသူ၊ ဆုံးဖြတ်ချက်တွေ ပြတ်သားတဲ့လူဆိုတဲ့ ဂုဏ်သတင်းတွေ မွှေးပါတယ်။

သူ့ သူငယ်ချင်း ဝေဝေမြင့်ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ မဟုတ်မခံစိတ်ရှိပုံကို မဂျူဒီက ထောက်ခံပြောဆိုပါတယ်။

“သူ့စိတ်က ပြတ်သားပြီးသား သူတို့မှာ ဆုံးဖြတ်ချက် ချထားပြီးသား။ သူတို့စိတ်ရဲ့တွန်းအားနဲ့ ဒါကို ရွေးချယ်ခဲ့တာ။ ပန်းသီးဟာ သူ့ရဲ့ မိသားစုကို စွန့်လွှတ်ခဲ့တယ်။ သူရွေးချယ်လိုက်တယ်။ ကလေးအတွက်တော့ သနားတယ်။ ဒါပေမယ့် မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်လိုက်တယ်လို့ ယူဆပါတယ်” လို့ မဂျူဒီက ရှိုက်ငိုရင်း သူ့သူငယ်ချင်းအကြောင်း ဂုဏ်ယူစွာ ပြောပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
173
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
547
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

အဲဒီ ဖြစ်စဉ်မှာပဲ ခုန်ချဖို့ အချိန်မမီလိုက်လို့ ကျန်ရစ်ခဲ့တဲ့သူတွေကို စစ်ကောင်စီက အသုံးချပြီး မဝေဝေမြင့်ဟာ ဖောက်ခွဲရေးနဲ့ ဆန္ဒပြလုပ်ငန်းတွေအတွက် ငွေကြေး ထောက်ပံ့တဲ့သူအဖြစ် ပုံဖော် စွပ်စွဲထားပါတယ်။

စစ်ကောင်စီကို ထောက်ခံသူ တစုကလည်း သေဆုံးသူ မဝေဝေမြင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတဲ့ စကားလုံးတွေနဲ့ စွပ်စွဲပုံဖော်ချက်တွေ ရှိပါတယ်။ တိုက်ပေါ်ကနေ ခုန်ချလို့ အောက်ပိုင်းဗလာ ဖြစ်နေတဲ့ သေဆုံးခဲ့သူ မဝေဝေမြင့်ကို စွပ်စွဲ တိုက်ခိုက်မှုတွေ လုပ်နေတာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ အပုတ်ချ စွပ်စွဲမှုတွေ ရှိပေမယ့်လည်း တကယ်တမ်းမှာ မဝေဝေမြင့်ဟာ ပညာတတ်၊ ကိုယ်ပိုင်လုပ်ငန်း လုပ်နေ တဲ့ ထက်မြက်တဲ့ အမျိုးသမီး တယောက်ပဲ ဖြစ်တယ်။ သူကိုယ်တိုင်က အင်္ဂလိပ်စာကို ဂုဏ်ထူးတန်း တက်ရောက် ဘွဲ့ယူခဲ့ ပြီး သူ့ထက် ၆ နှစ်ကြီးတဲ့ သူ့အမျိုးသား ဒေါက်တာ စိုးမြတ်သူကလည်း ပညာတတ် သွားဆရာဝန်တယောက်လည်း ဖြစ်ပါ တယ်။

ခုတော့ ဒေါက်တာစိုးမြတ်သူဟာ ဇနီးကို ဆုံးရရှုံးရတဲ့ ဝေဒနာသာမက သူ့ဇနီးကို အပုတ်ချ စွပ်စွဲတိုက်ခိုက်မှုတွေအတွက် ထိခိုက်နာကျင်နေရပါတယ်။

“အခုတော့ စော်ကားခံရတယ်။ အရမ်းကို ပေါက်လွှတ်ပဲစား နေသလို စော်ကားခံရတယ်။ သူကိုယ်တိုင် ဖြေရှင်းခွင့် မရှိ တော့တဲ့ အနေအထားမှာ အစော်ကားခံရတာ စိတ်မကောင်းဘူး” လို့ ကိုစိုးမြတ်သူက ဆိုပါတယ်။

မပန်းသီးဟာ ပြည်သူတွေအတွက်၊ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် သူ့ရဲ့ အသက်နဲ့ ဘဝကို စွန့်လွှတ်ပေးဆပ်ခဲ့ပါပြီ။ ဒီလိုတော်လှန်ရေးအတွက် စွန့်စားပေးဆပ်ခဲ့ပေမယ့်လည်း သူကိုယ်တိုင်ရဲ့ ဆန္ဒတွေတော့ မပြည့်ခဲ့ရပါဘူး။

သူဟာ မီးကို အင်မတန်ကြောက်တတ်တဲ့သူ ဖြစ်လို့ သူသေရင်မီးမရှို့ဖို့၊ သူ့ကို ဂူသွင်းသင်္ဂြိုဟ်ဖို့ အိမ်သားတွေကို အတန် တန် မှာကြားခဲ့သူ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ လူကို သတ်ဖြတ်ရုံတင်မကဘဲ အလောင်းကိုပါ မိသားစုဝင်ဆီကို ပြန်ပေးလိုစိတ် အလျဉ်းမရှိပါဘူး။

စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူ မဝေဝေမြင့်

“အလောင်းကို သင်္ဂြိုဟ်ခွင့် မရပေမယ့် မျက်နှာကိုတော့ မြင်ခဲ့ရတယ်။ အလောင်းကို မံမီလို ထုတ်ထားတဲ့အတွက် ကြည့်ခွင့်တော့ မရခဲ့ဘူး။ မီးသင်္ဂြိုလ်ပြီးတော့ အရိုးပြာတောင် မရခဲ့ဘူး” လို့ ဒေါက်တာစိုးမြတ်သူ ဆိုပါတယ်။

မိသားစုဝင်တွေကို သေဆုံးသူရဲ့ မျက်နှာလေး လှပ်ပြရုံပဲ လှပ်ပြပြီး အခြားအလောင်းတွေနဲ့ ရောနှော မီးသင်္ဂြိုဟ် လိုက်တာ ကြောင့် အရိုးပြာတောင် ပြန်မရခဲ့ပါဘူး။

သေဆုံးသွားခဲ့သည့် တိုင်အောင် မဝေဝေမြင့်ရဲ့ ဆန္ဒဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ အရာမထင် ထပ်မံ ဆုံးရှုံးခဲ့ရပြန် ပါတယ်။ အရိုးပြာတောင် ပြန်မရတဲ့အတွက် အုတ်ဂူလုပ်ပေးဖို့တောင် မိသားစုဝင်တွေက အခက်တွေ့နေကြပါတယ်။

“အုတ်ဂူက လုပ်ရင်လည်း ဖျက်ခံရမယ့် အခြေအနေမှာ ရှိနေတယ်။ သူ့အတွက် အမှတ်တရလေးလည်း ချန်ထားခဲ့ချင်တာ ပေါ့။ ဘယ်လိုလုပ်ပေးရင်ကောင်းမလဲ စဉ်းစားနေတုန်းပဲ။ သူ့အုတ်ဂူလေး ဖျက်ခံရရင် စိတ်ထဲမှ မကောင်းဘူးပေါ့နော်။ မအေးချမ်းမှာ ကြောက်တာလို့” ပြောရင်း ခင်ပွန်းဖြစ်သူဟာ အသံတိမ်ဝင်သွားပြန်ပါတယ်။

သူ့ဇနီးကို ဆုံးရှုံးမှုဟာ ပြန်လည် မဖြည့်ဆည်းနိုင်တော့တဲ့ အရာလို့ ဆိုပါတယ်။ မဂျူဒီကတော့ သူ့ သူငယ်ချင်းအတွက် ယူကျုံးမရစိတ်နဲ့ ရှိုက်ငိုနေပါတယ်။

“ကျဆုံးသွားတဲ့ အာဇာနည်တွေ အားလုံးအတွက် သူတို့အတွက် ထိုက်တန်တဲ့ ဂုဏ်ပြုမှုတွေနဲ့ စောင့်ရှောက်ပေးဖို့ ဂုဏ်ပြု ပေးဖို့တွေလည်း ဖြစ်စေချင်တယ်” လို့ မဂျူဒီက ဆိုပါသေးတယ်။

လူတွေက ပန်းသီး ခေါ် မဝေဝေမြင့် အပါအဝင် လူငယ် ၅ ယောက်ကို ကြယ်တွေနဲ့ တင်စား ဂုဏ်ပြုနေကြပါတယ်။

လူမှုကွန်ရက်စာမျက်နှာ တခုလုံးမှာလည်း အသားဖြူဖြူ ခပ်ချောချာ အမျိုးသမီးတဦးဖြစ်တဲ့ မဝေဝေမြင့်ရဲ့ ပုံဟာ လွှမ်းမိုး နေပြီး သူမရဲ့ သေဆုံးမှုအတွက် ပုံနဲ့တကွ ဝမ်းနည်း နှမြောတသဖြစ်တဲ့ စာသားတွေက နေရာယူနေတာပါ။

သမီး ရည်းစားဘဝထဲက သူအရင် သေချင်တယ်လို့ ပြောလေ့ရှိခဲ့တဲ့ ပန်းသီးဟာ သူ့စကားအတိုင်း သူ့ခင်ပွန်းကို ချန်ထား ရစ်ခဲ့ပါပြီ။

၂၀၂၁ ခုနှစ် သြဂုတ်လ ၁၀ ရက်မှာတော့ ပန်းသီးတလုံးဟာ အစဉ်အလာ ပန်းသီးတွေကို ဆန့်ကျင်ပြီး ကောင်းကင်ပေါ်ကို ကြွေသွားခဲ့ပါပြီ။

You may also like these stories:

၄၄ လမ်းဖြစ်စဉ် စစ်ကောင်စီ ထုတ်ပြန်ချက် မျက်မြင်အခြေအနေနှင့် ကွဲလွဲနေ

ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ

Your Thoughts …
Tags: ၄၄ လမ်းစစ်ကောင်စီမဝေဝေမြင့် (ခ) မပန်းသီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 

တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါ

ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဉ်တွင် နောက်ဖေးလမ်းကြားထဲတွင် တွေ့ရသည့် လူငယ် ၅ ဦး / ဓာတ်ပုံ - CJ

တိုက်ပေါ်က ခုန်ချပြီး အသက်ရှင်နေသေးသည်ဆိုသည့် လူငယ် ၃ ဦး မိသားစုနှင့် တွေ့ခွင့်မရ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved