• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သထုံမှာ အာဏာသိမ်းစစ်တပ်က ပစ်လို့ အရပ်သားနှစ်ဦး သေဆုံး

by ဧရာဝတီ
18 August 2021
in သတင်း
A A
KNU လှုပ်ရှားနယ်မြေအတွင်းတွင် တွေ့ရသည့် စစ်ကောင်စီတပ်များ  / ဧရာဝတီ

KNU လှုပ်ရှားနယ်မြေအတွင်းတွင် တွေ့ရသည့် စစ်ကောင်စီတပ်များ / ဧရာဝတီ

25.1k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ အုပ်စုအတွင်း စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့များက ကျေးရွာတွင်း သွားလာနေသည့် အရပ်သားနှစ်ဦးကို ပစ်ခတ်လိုက်သဖြင့် သေဆုံးသွားသည်ဟု ဒေသခံများ က ပြောသည်။

မိုးကောင်းကျေးရွာ အုပ်စုသည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့နှင့် ဘီးလင်းမြို့နယ်သို့ ဆက်သွယ်ထားသည့် အဝေးပြေး လမ်းမကြီး နံဘေးတွင် တည်ရှိသည့် ကျေးရွာအုပ်စုကြီးတစု ဖြစ်သည်။

ထိုကျေးရွာအတွင်း စစ်ကောင်စီ၏ ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားသည့် အရပ်သားနှစ်ဦးသည် အသက် ၂၀ ကျော် အမျိုးသားများဖြစ်ပြီး မိုးကောင်းကျေးရွာ အုပ်စုအတွင်းမှ အရပ်သားများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းတို့သည် သြဂုတ် ၁၄ ရက်၊ ညနေပိုင်းက ကျေးရွာတွင်း ဆိုင်ကယ်စီး၍ သွားလာနေစဉ် စစ်ကောင်စီက လှမ်းခေါ်ရာ မရပ်ပေးသဖြင့် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

မိုးကောင်းကျေးရွာ အုပ်စုအတွင်းမှ ဒေသခံတဦးက “ပဒိန် အထက်တန်းကျောင်းရှေ့မှာ ပစ်ခံလိုက်ရတာ။ တကယ်တော့ ယောက်ျားလေး စုစုပေါင်း ၄ ဦး၊ ဆိုင်ကယ် ၂ စီးတဲ့။ သူတို့ ပစ်လိုက်တော့ ဆိုင်ကယ်တစီးက မှောက်ပြီး ၂ ဦးကလည်း သွားတယ်။ အဲဒီမှာပဲ တခါတည်း သေသွားလား၊ ဘယ်လိုဖြစ်လဲတော့ ဘယ်သူမှ အနား သွားမကြည့်ရဲတော့ မသိရဘူး။ ဒါပေမယ့် ပစ်ခံရပြီးနောက် အလောင်းပဲ ပြန်ပေးတာ။ နောက် ၂ ဦးကတော့ ဖမ်းခံထားရတယ်လို့ ကြားပြီးနောက် ဘာ သတင်းမှ မကြားတော့ဘူး” ဟု ပြောသည်။

အရပ်သား ၂ ဦး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုခံခဲ့ရသည့် မိုးကောင်းရွာ (ဓာတ်ပုံ – Google Earth)

စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့သည် ၎င်းတို့ ပစ်ခတ်လိုက်သည့် အမျိုးသား၂ ဦး၏ အလောင်းကို သုဝဏ္ဏဝတီမြို့၊ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ထို့နောက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဘက်မှ သထုံမြို့နယ်အခြေစိုက်၊ ပရဟိတ အဖွဲ့တဖွဲ့ကို ဆက်သွယ်ကာ အလောင်းအား မိသားစုများထံသို့ ပြန်ပို့ခိုင်းသည်ဟု ဒေသခံများက ပြောသည်။

အလောင်း နှစ်လောင်းကို ရင်ခွဲရုံမှ သြဂုတ် ၁၆ ရက်၊ မနက်ပိုင်းတွင် ပရတိတအဖွဲ့က ထုတ်ယူပြီး မိသားစုထံ ပြန်ပို့ပေးခဲ့ ခြင်း ဖြစ်သည်။

မိသားစုထံသို့ အလောင်းပြန်ပို့ပေးခဲ့သည့် ပရဟိတအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့ကို အလောင်း ပို့ပေးရန် သာ ပြောဆိုသဖြင့် ကမာစံရွာမှ သေဆုံးသူများ၏ မိသားစုများထံ ပို့ပေးခဲ့ပြီး အခြား မည်သည့် ကိစ္စကိုမှ မသိရှိပါဟု ပြော သည်။

ဒေသခံတဦးက “အခု ရွာထဲမှာက ဗမာစစ်တပ်က တပ်စွဲထားတယ်။ လမ်းတွေမှာလည်း ရှိတယ်။ လုံခြုံရေး လုပ်တယ်ဆို ပြီး နေနေတော့ ဒီမှာ ကြောက်ကြတယ်။ ဘယ်သူမှ ဘာမှ ပြန်မပြောရဲဘူး။ အဲဒါကြောင့် ကောင်လေးတွေ ပစ်ခံရတဲ့ ကိစ္စ မှာလည်း မိသားစုကလည်း ဘယ်မှ တိုင်မှာ မဟုတ်ဘူး။ တိုင်လည်း မတိုင်ဘူး။ ဒီအတိုင်းပဲ နာရေးလုပ်လိုက်ကြတယ်” ဟု ပြောသည်။

မိုးကောင်းကျေးရွာအုပ်စုသည် KNU တပ်မဟာ (၁) ၏ လှုပ်ရှား နယ်မြေဖြစ်ပြီး KNU တပ်ဖွဲ့ဝင်များသည် ဧပြီလအထိ ဝင်ရောက် သွားလာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် ကျေးရွာအုပ်စုဖြစ်သည်။

ပဒိန်အထက်တန်းကျောင်းရှေ့တွင် အရပ်သားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသည့် ဖြစ်စဉ်ကို KNU တပ်မဟာ (၁) ဘက်မှ လည်း စုံစမ်းနေသည်ဟု သိရသည်။

KNU တပ်မဟာ (၁) မှ အရာရှိတဦးက “မိုးကောင်းမှာ သူတို့ ပစ်ခတ်လိုက်လို့ သေသွားတဲ့ သူတွေက ကျနော်တို့ တပ်ဖွဲ့ဝင် တွေ မဟုတ်ဘူး။ အရပ်သားတွေ။ သူတို့က လှမ်းအော်ခေါ်ပြီး ဆိုင်ကယ်ရပ်ခိုင်းတာကို မရပ်လို့ ပစ်လိုက်တော့ သေသွား တာလို့ သိထားတယ်။ ကျနော်တို့လည်း အဲဒီကိစ္စကို လှမ်းစုံစမ်းနေတယ်။ သူတို့တွေက ရွာထဲမှာ ရှိနေတော့ ကျနော်တု့ိ စုံ စမ်းရေးလုပ်မယ့် သူတွေက ဝင်လို့မရဘူး ဖြစ်နေတယ်” ဟု ပြောသည်။

မိုးကောင်းကျေးရွာ အုပ်စုအတွင်းမှ ဒေသခံများသည် စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်ကိုလည်း ဆန့်ကျင် ကန့် ကွက်ခြင်း၊ ဆန္ဒပြခြင်းများကို ဖေဖော်ဝါရီမှ ဧပြီအထိ ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်။

မိုးကောင်းကျေးရွာအုပ်စုအတွင်း ဆန္ဒပြကြရာတွင်လည်း အရပ်သားများကို KNU တပ်မဟာ (၁) မှ တပ်ဖွဲ့များသည် ဒေသ ခံများကို လုံခြုံရေး ယူပေးခဲ့သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
84
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
141
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

ဧပြီ ၂၃ ရက်တွင် မိုးကောင်းကျေးရွာအုပ်စုမှ ဒေသခံများသည် ပဒိန်အထက်တန်းကျောင်း၌ စုဝေးကာ စစ်ကောင်စီကို ဆန့် ကျင်ခြင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံခြင်းများ ပြုလုပ်ရန် လူထုတွေ့ဆုံပွဲတခုကို စီစဉ်ထားရာ KNU တပ်မဟာ (၁) ၊ တပ်ဖွဲ့ဝင်များကလည်း လုံခြုံရေးယူပေးခဲ့သည်။

ထို့နေ့တွင် စစ်ကောင်စီက မိုးကောင်းကျေးရွာအုပ်စု၊ ပဒိန်အထက်တန်းကျောင်းအနီး အရပ်သားများကို လုံခြုံရေးယူပေး နေသည့် KNU တပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်သဖြင့် နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ထို့နောက် KNU တပ်ဖွဲ့ဝင်များ မိုးကောင်းကျေးရွာအတွင်းမှ ထွက်သွားပြီးနောက်တွင် စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ဝင် များက ရွာအတွင်း ဝင်ရောက်နေထိုင်ကာ တပ်စွဲထားသည်။

ဒေသခံများ၏ ပြောဆိုချက်အရ မိုးကောင်းကျေးရွာအတွင်း ဝင်ရောက် တပ်စွဲထားသည့် တပ်ဖွဲ့သည် တပ်မ ၄၄ လက် အောက်ခံ၊ ခြေမြန်တပ်ရင်း၊ ခမရ ၁၁၈ ဖြစ်သည်ဟု သိရသည်။

You may also like these stories:

ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား

မင်းတပ် CDF ကို စစ်ကောင်စီတပ် အင်အားသုံး၍ ဖိတိုက်နေ

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ

Your Thoughts …
Tags: စစ်ကောင်စီဘီးလင်းမြို့နယ်သထုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သတင်းစာဆရာ ဦးစည်သူအောင်မြင့်

သတင်းစာဆရာ ဦးစည်သူအောင်မြင့် ရန်ကုန်မြို့တွင် အဖမ်းခံရ

ဖေဖော်ဝါရီလ ၁၆ ရက် စစ်တပ်ပိုင် မြဝတီဘဏ်တွင် အပ်နှံငွေ ပြန်ထုတ်လိုသူများ တန်းစီနေကြစဉ် / ဧရာဝတီ 

မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved