• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

by ဧရာဝတီ
3 January 2024
in သတင်း
A A
နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

ရန်ကုန်တိုင်း အတွင်းရှိ အထည်ချုပ်စက်ရုပ်လုပ်ငန်းခွင် / ဧရာဝတီ

696
VIEWS
Share on FacebookShare on Twitter

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း အထည်ချုပ်လုပ်ငန်းအပါအဝင် လက်ခစားစနစ်ဖြင့် ချုပ်လုပ်သော (CMP) စက်ရုံ ၇ ရုံခန့် ပိတ်သိမ်းခဲ့ရပြီး ယာယီရပ်နားသော စက်ရုံများလည်းရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံက သိရသည်။

စက်ရုံများ ပိတ်သိမ်းရသည့် အကြောင်းအရင်းများမှာ အမှာစာ (အော်ဒါ) ရရှိမှု နည်းပါးခြင်း၊ လျှပ်စစ်မီး မရရှိခြင်း၊ စက်သုံး ဆီ ပြတ်လပ်မှု၊ ကုန်ကြမ်းရရှိမှု ခက်ခဲခြင်းနှင့် အလုပ်သမားပြဿနာ အစရှိသည်တို့ကြောင့်ဖြစ်ပြီး ယာယီရပ်နားထားသည့် စက်ရုံများလည်း ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

ပိတ်သိမ်းသည့် စက်ရုံများမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန်မှ အလုပ်သမား ၃၀၀ ခန့်ရှိသော Toe Tet အထည်ချုပ်စက်ရုံ အပါအဝင် အထည်ချုပ်နှင့် ဖိနပ်ချုပ် စက်ရုံ ၃ ရုံ၊ လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ၁ ရုံနှင့် ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ Haubo Times ၊ He Shan နှင့် North Shore အစရှိသည်ဖြင့် အထည်ချုပ်စက်ရုံများ ဖြစ်ပြီး၊ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း ပိတ်သိမ်းရန်ရှိသည့် စက်ရုံ တရုံမှ လုပ်ခလစာနှင့် လျော်ကြေးပြဿနာများ ပြေလည်မှု မရှိ၍ အလုပ်သမားအရေး ဆောင်ရွက်သူများထံသို့ တိုင်ကြားထားကြောင်း သိရသည်။

လာမည့် ဧပြီလ ၁ရက်နေ့တွင် ရွှေပြည်သာ စက်မှုဇုန် ၃ တွင် ဖွင့်လှစ်ထား သည့် တရုတ်နိုင်ငံသားပိုင် လုပ်သား ၉၀၀ ဝန်းကျင်နှင့် လည်ပတ်နေသော Honor Apparel အထည်ချုပ် စက်ရုံသည် စက်ရုံလည်ပတ်ရန် အော်ဒါ (အမှာစာ) မရှိတော့သည့်အတွက် အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း ယခု ဇန်နဝါရီ ၁ ရက်တွင် စက်ရုံမှ ကြေညာထားသည်။

ပြည်တွင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူ တဦးက “စက်ရုံကတော့ ရှေ့လတွေတုန်းက ပိတ်တဲ့ဟာတွေရှိတယ်။ စာရင်းဇယားတော့ အတိအကျ မရှိဘူးပေါ့။ ပိတ်တယ်ဆိုတာမျိုးတော့ တွေ့ရတယ်။ အရင်ကတော့ အဲဒီလို ပိတ်တာမျိုး တွေက မရှိဘူး။ တချို့ကျတော့လည်း စက်ရုံမပိတ်ပေမယ့် ယာယီရပ်နားထားတာမျိုးတွေလည်း ရှိတယ်။ ရှင်းရှင်း လင်းလင်းတော့ မရှိဘူး။ ဘာလို့ဆို ကုန်ကြမ်းမရလို့ ရပ်နားထားတာလား၊ စက်ရုံအော်ဒါမရှိလို့ ရပ်နားတာလား မရှင်းဘူး။ ဒါကတော့ အထည်ချုပ်ကဏ္ဍပေါ့။ ပိတ်တာကတော့ အထည်ချုပ်၊ ဖိနပ်ချုပ်၊ အိတ်ချုပ် အိတ်စ်ပို့လုပ်တဲ့ ကဏ္ဍတွေပဲပေါ့။ တခြား စားသောက်ကုန်ထုတ်တဲ့ စက်ရုံတို့ ဘာတို့ကတော့ အဲဒီလောက်ကြီး မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းလာသော စက်ရုံများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် စက်ရုံ အများစု ပါဝင်ပြီး တချို့စက်ရုံများမှာ တနေရာတွင် ပိတ်ပြီး နောက်ထပ် တနေရာတွင် သူဌေးနာမည်အသစ်နှင့် စက်ရုံ ထပ်မံဖွင့်လှစ်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း အလုပ်သမားအရေး ကူညီပေးနေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM)မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ စက်ရုံတွေက ပိတ်တယ်။ ပြီးရင် ပြန်ဖွင့် တခြားနာမည်တခုနဲ့ ပိုင်ရှင်တော့ ပြောင်းသွားတာ။ ဒီထဲမှာ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေလည်း ပါတယ်။ ဒီဇင်ဘာမှာတော့ ကျမတို့ဆီ ရောက်လာတာ တရုံရှိတယ်။ ပိတ်သိမ်းမှုတွေကို လအလိုက်ထုတ်ပြန်ပေးဖို့လည်း ရှိတယ်။ ဒီလထဲမှာ တရုံ ပိတ်မယ် ”ဟု ၎င်းက ပြောသည်။

အထည်ချုပ်လုပ်ငန်းခွင်များ၌ အဓ္ဓမလုပ်အားခိုင်းစေမှု၊ အလုပ်လုပ်ချိန် ကြာမြင့်မှု၊ အချိန်ပိုကြေးမပေးဘဲ ခိုင်းစေမှု၊ လုပ်ခလစာနည်းပါးမှုနှင့် အခွင့်အရေးတောင်းဆိုသူများကို အလုပ်ထုတ် ဖိနှိပ်မှုများကို ပို၍ ကြုံတွေ့လာရကြောင်း အလုပ်သမားများထံက သိရသည်။

စက်ရုံ ပိတ်သိမ်းပါက အလုပ်သမားအများစုမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ခြင်းများ ရှိသလို ပြည်ပသို့ မထွက်နိုင်ဘဲ အလုပ်လက်မဲ့ ဖြစ်သွားသူဦးရေမှာ အလုပ်ပြုတ်သူ စုစုပေါင်း၏ ၃ ပုံ ၁ ပုံခန့် ရှိကြောင်း STUM ၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အလုပ်သမားများထံမှ အကူအညီတောင်းခံစာ ၁၅၀ ကျော်ကို ရရှိခဲ့ပြီး ၁၂၆ မှုကို ဖြေရှင်း ပေးနိုင်ခဲ့ကာ ၁၀ မှုမှာ ဖြေရှင်းဆဲဖြစ်ကြောင်း၊ ရထားသော စာရင်းများအရ စက်ရုံပိတ်သိမ်းမှုအနေနှင့် တလျှင် အနည်းဆုံး စက်ရုံ ၁ ရုံပိတ်ခဲ့သည်ဟု ဆိုနိုင်ကြောင်း STUM က သိရသည်။

လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ် စက်ရုံပိုင်ရှင်တဦးက “လျှပ်စစ်မီးမရလို့ မီးစက်မောင်းဖို့ ဒီဇယ်မရလို့ ရပ်နားတဲ့ စက်ရုံ တွေပါ၊ ပြည်တွင်းစက်ရုံ အသေးတွေများ တယ်။ လျှပ်စစ်မီးကလည်း စက်မှုဇုန်တွေမှာ ၁ ရက် ၄ နာရီလောက်ပဲ အခုလာတယ်၊ မီးစက်မောင်းဖို့ စက်သုံးဆီကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ၄ ပတ်စာ ရမှာကို ၁ ပတ်စာ မရခဲ့ဘူး။ အခုလတွေတော့ မသိသေးဘူး”ဟု လက်ရှိအခြေအနေကို ပြောသည်။

ပြည်တွင်းရှိ အထည်ချုပ်အပါအဝင် CMP လုပ်ငန်းများမှာ လုပ်သားအများစုကို အလုပ်အကိုင်အခွင့်အလမ်းများပေးသည့် လုပ်ငန်းဖြစ်သောကြောင့် ယင်းလုပ်ငန်းများ ပိတ်သိမ်းခြင်းက အလုပ်လက်မဲ့ လူဦးရေများလာသလို ဆင်းရဲမွဲတေမှုနှင့် ပြည်သူများ ကျပ်တည်းမှုကို ဖြစ်စေကြောင်း လုပ်ငန်းရှင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်ထိ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းသည် ပြည်ပပို့ကုန်လုပ်ငန်းအဖြစ် နိုင်ငံ ဝင်ငွေကို များစွာရှာပေးနိုင်သော လုပ်ငန်းတခုဖြစ်ခဲ့ကာ လူဦးရေ ၅ သိန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင် ခဲ့ကြောင်း ၂၀၁၉ ခုနှစ်ထုတ် ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်-မြန်မာ)၏ အစီရင်ခံစာအရ သိရသည်။

အာဏာသိမ်းပြီးနောက်တွင် Marks & Spencer ၊ Uniqlo နှင့် ဂျပန်ကုန် အမှတ်တံဆိပ် Muji တို့ကဲ့သို့သော အဓိက ကုန်အမှတ်တံဆိပ်များသည် မြန်မာမှ ဝယ်ယူမှု ရပ်ဆိုင်းမည်ဟု ကြေညာထားသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ အထည်ချုပ်လုပ်ငန်း အပါအဝင် မြန်မာ့ထုတ်ကုန် တင်ပို့မှုသည် ၂၀၂၃ ခုနှစ် ပထမ ၅ လအတွင်း ၁၁ ရာခိုင်နှုန်း ကျဆင်းသည်ဟု သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

လက်ရှိ မြန်မာနိုင်ငံ၏ အတည်ချုပ်ကဏ္ဍအတွင်း တရုတ်နိုင်ငံ၊ ဟောင်ကောင်တို့က ၆၁ ရာခိုင်နှုန်းနှင့် အများဆုံး ရင်းနှီးမြှုပ်နှံ ထားပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ၁၅ ရာခိုင်နှုန်း ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာအထိ စက်ရုံပေါင်း ၅၀၀ ကျော်လည်ပတ်နေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားသည်။

You may also like these stories:

ဖရိုဖရဲ ရုန်းကန်နေရသည့် အထည်ချုပ်အလုပ်သမားများ

ပိတ်သိမ်းမည့် တရုတ်အထည်ချုပ်စက်ရုံမှ နစ်နာကြေးရဖို့ အလုပ်သမားများ ညအိပ်စောင့်နေရ

လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ

ရွှေပြည်သာမှ စက်ရုံနှစ်ရုံ ပိတ် လူ ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်

အလုပ်သမားရေးဆောင်ရွက်သူများကို စစ်ကောင်စီ ပိုမိုနှိပ်ကွပ်လာ

မြန်မာ့အထည်ချုပ်လုပ်ငန်းများ ရှေ့ရေး မသေချာ

Your Thoughts …
Tags: CMPSTUMစက်သုံးဆီလျှပ်စစ်မီးအထည်ချုပ်အလုပ်သမားအခွင့်အရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

by ဧရာဝတီ
19 September 2023
14.3k

လာဘ်စားမှုကြောင့် နေပြည်တော်လူဖမ်းပွဲ နောက်ဆက်တွဲ အနေ ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွန့် အောင် အပါအဝင် အခြားသော ဝန်ကြီးဌာနအရာရှိတချို့လည်း ထပ်မံ ဖမ်းဆီးစစ် ဆေးမေးမြန်းခံရလျက်ရှိကြောင်း

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

by ဧရာဝတီ
9 May 2024
13k

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

by ဧရာဝတီ
6 February 2024
8.8k

လက်ရှိတွင် သံသယရှိသူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး တရာခံများကို ရှာဖွေကာ၊ ပိုင်ဆိုင်မှုများဖြစ်သည့် ဇိမ်ခံကားများ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ အပါအဝင် လက်နက်များကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

Next Post
ပလက်ဝမြို့ တာဝါတိုင်ကုန်းပေါ်တွင် တိုက်ပွဲပြင်းထန်နေ

ပလက်ဝမြို့ တာဝါတိုင်ကုန်းပေါ်တွင် တိုက်ပွဲပြင်းထန်နေ

ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာများ နေရပ်အမြန် ပြန်ပို့ရန် ဆန္ဒပြ

ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာများ နေရပ်အမြန် ပြန်ပို့ရန် ဆန္ဒပြ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved