• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အလုပ်သမားရေးဆောင်ရွက်သူများကို စစ်ကောင်စီ ပိုမိုနှိပ်ကွပ်လာ

by ဧရာဝတီ
8 July 2023
in သတင်း
A A
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတရုံမှ လုပ်သားများ (Reuters)

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတရုံမှ လုပ်သားများ (Reuters)

1.9k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက အလုပ်သမားအရေး ဆောင်ရွက်သူများကို ဆူပူအောင်လှုံ့ဆော်မှု၊ မတရား အသင်းဆက်သွယ်မှု ပုဒ်မများဖြင့် တရားစွဲနှိပ်ကွပ်နေရာ ရန်ကုန်မြို့ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်မှ အလုပ်သမား ၁၀ ဦးကို Action Labor Rights အဖွဲ့ နှင့် ပူးပေါင်း၍ ဆူပူအောင်လှုံ့ဆော်မှုဖြင့် ဖမ်းဆီးထားသည်။

ယင်း Action Labor Rights အဖွဲ့မှာ စစ်တပ် အာဏာသိမ်းပြီး တလအကြာ ၂၀၂၁ ခု မတ်လ ၁ရက်နေ့က တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခံရသည့် အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၆ ဖွဲ့တွင် အပါအဝင်ဖြစ်သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ဇွန်လ ၁၄ ရက်မှ ၁၇ ရက်ထိ သုံးရက်အတွင်း Action Labor Rights အလုပ်သမားသမဂ္ဂအဖွဲ့ ဝင် ၂ ဦး၊ အားပေးကူညီသူ ၁ ဦးနှင့် အထည်ချုပ်စက်ရုံ ၂ ရုံမှ အလုပ်သမား ၇ ဦးတို့ ဖမ်းဆီးခံရကြောင်း သိရသည်။

၎င်းတို့မှာ Action Labor Rights အဖွဲ့ဝင် မသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်း၊ အားပေးကူညီသည်ဟုဆိုသူ ကိုဟိန်းမင်းဇော်၊ ရွှေပြည်သာမြို့နယ် ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံမှ အလုပ်သမားများဖြစ်သည့် ကိုအောင်အောင်၊ မသူသူစံ၊ မသန္တာအေး၊ မအေးသန္တာဌေး၊ မမေသူမင်းနှင့် လှိုင်သာယာမြို့နယ် Sun Apparel Myanmar အထည်ချုပ် စက်ရုံမှ မသီတာဝင်း၊ ကိုလှိုင်ဝင်းထက်တို့ ဖြစ်ပြီး စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲထားသည်။

ထို့အတွက် အလုပ်သမားအခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ပြုလုပ်ခွင့်ရတော့မည်မဟုတ်သဖြင့် စစ်အာဏာ ရှင်လက်အောက် အလုပ်သမားများ၏ဘဝ ပိုမိုကျပ်တည်းလာဖွယ်လာရှိနေပြီး အလုပ်သမားအရေး ဆောင်ရွက်သူတို့ က ထောက်ပြသည်။

Action Labor Rights အဖွဲ့ဝင်တဦးက “အလုပ်သမားအဖွဲ့အစည်းဆိုတာက ဒီမိုကရေစီစနစ်အောက်မှာပဲ ရှင်သန်လို့ ရတဲ့အဖွဲ့ ဖြစ်တယ်။ အခုကျတော့ ဒီလိုမျိုး အလုပ်သမားအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်လိုက် တယ်ဆိုတော့ ဘယ်လိုယုံကြည်ရတော့မလဲပေါ့။ အလုပ်သမားတွေအနေနဲ့လည်း ဒီအခွင့်အရေးချိုးဖောက်မှုအောက် မှာ လုပ်နိုင်ရင်လုပ်ကြမယ်။ မလုပ်နိုင်ရင် ပြည်ပထွက်တာတွေ ဖြစ်လာတော့မယ်” ဟု ပြောသည်။

Action Labor Rights အဖွဲ့သည် စစ်တပ်က အာဏာသိမ်းပြီးနောက် အကျပ်အတည်းမျိုးစုံကြားကပင် မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခွင့်အရေးအတွက် ရပ်တည်ဆောင်ရွက်ပေးနေသော အလုပ်သမားသမဂ္ဂအဖွဲ့တဖွဲ့ ဖြစ်သည်။

ယခုလို စစ်ကောင်စီက အလုပ်သမားအရေးဆောင်ရွက်သူများအား ဖမ်းဆီးအရေးယူပြလိုက်ခြင်းမှာ တခြားသော အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများကိုပါ ခြောက်လှန့်လိုက်ခြင်းဖြစ်ကြောင်းလည်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အလုပ်သမားသမဂ္ဂအဖွဲ့ ခေါင်းဆောင်တဦးက ဆိုသည်။

စစ်ကောင်စီက ထုတ်ပြန်ထားသည့် Action Labor Rights အဖွဲ့နှင့် ပူးပေါင်း၍ ဆူပူအောင်လှုံ့ဆော်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများ

အဆိုပါ အလုပ်သမားများ၊ အလုပ်သမားအရေးဆောင်ရွက်သူများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)၏ စုံစမ်းစစ်ဆေးရေးကော်မရှင်ထံ တင်ပြတိုင်ကြားထားကြောင်း မြန်မာနိုင်ငံဆောက်လုပ် ရေး၊ သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ လက်ထောက် အထွေထွေအတွင်းရင်းမှူးချုပ် ဒေါ်ဖြိုးစန္ဒာစိုးက “အလုပ်သမားရေးဆောင်ရွက်သူတွေအားလုံးက အရင်ကလို မြေအောက်လှုပ်ရှားမှု ပြန်ဖြစ်သွားပြီ။ ဘယ်သူမှ ပေါ်ပေါ်ထင်ထင် လုပ်လို့မရတော့ဘူး။ ဖမ်းဝရမ်းတွေလည်း ထိထားတယ်။ အလုပ်သမားရေးလုပ်တဲ့သူတွေ ကို နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ အကုန်ထုတ်ထားတယ်။ အချိန်ပြည့်ကို စောင့်ကြည့်နေတာဆိုတော့ အလုပ်သမားအခွင့် အရေး ကာကွယ်စောင့်ရှောက်ရေးကို ဘယ်လိုလုပ်လို့ရမလဲ။ ကိုယ်တိုင်တောင်မှပဲ အဖမ်းမခံရအောင်နေရတဲ့ အနေ အထားမှာဆိုတော့” ဟု ဆိုသည်။

လုပ်ခစာတိုးပေးရန် တောင်းဆိုခဲ့သော စက်ရုံအလုပ်သမားများကို စစ်ကောင်စီက တရားမဝင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာ အဝတ်အထည် အမှတ်တံဆိပ်များဖြစ်သော Zara နှင့် Jako တို့သည် မြန်မာနိုင်ငံရှိ အထည်အော်ဒါများ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြေညာလာခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းကလည်း H&M၊ Zara အမှတ်တံဆိပ်များ၏ကုမ္ပဏီ Inditex နှင့် Primark ကဲ့သို့ ထိပ်တန်းအမှတ်တံဆိပ်များပါဝင်သော Action Collaboration Transformation (ACT) အဖွဲ့ကလည်း စစ်အာဏာ သိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများကြောင့် မြန်မာနိုင်ငံမှလုပ်ငန်းများကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သေးသည်။

ထိုသို့ ကြေညာပြီးနောက်ပိုင်း ၎င်းတို့သည် အခြေအနေစောင့်ကြည့်ကာ အော်ဒါများဆက်လက်ပေးပို့ခဲ့ကြသော်လည်း ယခုလို အလုပ်သမားများအား နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုမှုဖြစ်လာပြီးနောက်တွင်မူ အော်ဒါပေးပို့ခြင်းများ အမှန်တကယ်ရပ်ဆိုင်းရန် တွန်းအားဖြစ်လာနေသည်။

CTUM၏ လက်ထောက် အထွေထွေအတွင်းရင်းမှူးချုပ် ဒေါ်ဖြိုးစန္ဒာစိုးက “အလုပ်ရှင်ဆိုတဲ့အမျိုးကလည်း သူတို့ အကျိုးစီးပွားထိရင် အကြမ်းဖက်စစ်တပ်နဲ့ပေါင်းလုပ်မယ်။ အကြမ်းဖက် စစ်တပ်ကို ငွေပေးမယ်။ ပွင့်လင်းတဲ့ အရပ်သားအစိုးရလက်ထက်မှာ သူတို့က တကယ့်စံနှုန်းတွေကို လိုက်နာရတဲ့ အတွက် ငွေကုန်တယ်။ အခုကျတော့ အလုပ်သမားက အခွင့်အရေးတောင်းရင် စစ်တပ်ကို ခေါ်လိုက်မယ်။ ပေါင်းပြီး နှိပ်ကွပ်မယ်။ ဒီတိုင်းပဲ သူတို့ ဆက်လုပ်နေကြမှာပါပဲ” ဟု မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင် မြန်မာ့အထည်ချုပ်ကဏ္ဍ၌ အလုပ်သမား ၄ သိန်းဝန်းကျင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ကိုဗစ်-၁၉ ကာလမတိုင်မီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါးအထိရရှိခဲ့ကာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ်၌ အသင်းဝင်ထားသောစက်ရုံပေါင်း ၅၀၀ ကျော်ထိရှိကြောင်း သိရသည်။

မြန်မာ့အထည်ချုပ်ကဏ္ဍသည် ဥရောပသမဂ္ဂ (EU)၏ အထူးအခွန်သက်သာခွင့် (GSP) ပြန်လည်ရရှိခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း အလျင်အမြန်ဆုံးတိုးတက်ခဲ့သော လုပ်ငန်းကဏ္ဍဖြစ်သလို ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်တို့၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့သော ကဏ္ဍတခုလည်း ဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

You may also like these stories:

မြန်မာ့အထည်ချုပ်လုပ်ငန်းများသို့ နာမည်ကျော် ကုမ္ပဏီများ အပ်ထည်အော်ဒါ မှာယူရန် ပြင်ဆင်

အာဏာရှင်လက်အောက် ပျောက်ဆုံးသွားတဲ့ အလုပ်သမားထုရဲ့အသံ

လုပ်ခတိုးရန် တောင်းဆိုသည့် ခေါင်းဆောင် ၇ ဦး အလုပ်ထုတ်ခံရ

လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ

လစာတိုးတောင်းရာ၌ ဦးဆောင်သူများကို နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲရန် စီစဉ်

Your Thoughts …
Tags: ၁၇(၁)၅၀၅ (က)Action Labor RightsCTUMILOစစ်ကောင်စီအခွင့်အရေးအလုပ်သမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်တွေမြို့အဝင် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ / ရခိုင်တိုင်မ်းသတင်းဌာန

ALP ပါတီဝင် ၃ ဦး အသတ်ခံရပြီးနောက် စစ်ဆေးရေးတင်းကျပ်

“မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ်” ရုပ်ရှင်ကားတို ရိုက်ကွင်းပေါ်မှ ဒါရိုက်တာ ဏကြီး (ယာ)

“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved