• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေပြည်သာမှ စက်ရုံနှစ်ရုံ ပိတ် လူ ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်

by ဧရာဝတီ
2 March 2023
in သတင်း
A A
ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းမှုကြောင့် အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ် / STUM

ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းမှုကြောင့် အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ် / STUM

5.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Primark ကုန်အမှတ်တံဆိပ် ချုပ်လုပ်နေသော တရုတ်နိုင်ငံသား ပိုင် Guo Tai Garment Industrial Park နှင့် GY Sen အထည်ချုပ်စက်ရုံနှစ်ရုံကို ယခုဖေဖော်ဝါရီ ၂၈ ရက်တွင် အပြီး ပိတ်သိမ်းလိုက်ပြီ ဖြစ်သောကြောင့် အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားကြောင်း အလုပ်သမား သွေးစည်းညီညွတ်ရေးသမဂ္ဂ (STUM) ထံမှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားပိုင် Guo Tai Garment Industrial Park နှင့် GY Sen အထည်ချုပ်စက်ရုံတို့သည် အလုပ် သမားများကို နစ်နာကြေး ပေးခဲ့သော်လည်း စက်ရုံ အပြီးပိတ်သိမ်းမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားရေး ရာဝန်ကြီးဌာနထံ တင်ပြခဲ့ခြင်း မရှိသလို အလုပ်သမားများကိုလည်း ဥပဒေအရ တလ ကြိုတင်အကြောင်းကြားမှု မရှိခဲ့ ကြောင်း အလုပ်သမားများက ပြောသည်။

ပိတ်သိမ်းလိုက်သည့် ဝါးတရာစက်မှုဇုန်မှ အထည်ချုပ် အလုပ်သမားတဦးက “စက်ရုံက ပိတ်မယ်ဆိုတဲ့ သတိပေးစာ တလကြိုမပြောလို့ လျော်ကြေးတော့ ပေးတယ်။ ပိတ်တာကတော့ အော်ဒါမရလို့ ပိတ်လိုက်တာ။ ဒါပေမဲ့ အခု ကျန်နေ တဲ့ လက်ကျန်တွေ အတွက်ကိုတော့ နေ့စားနဲ့ လုပ်သားပြန်ခေါ်တာလည်း ရှိတယ်။ အလုပ်သမားက များတော့ အလုပ် လက်မဲ့လည်း များလာတာပေါ့။ အခုက လျော်ကြေးနဲ့ တလနှစ်လ အဆင်ပြေနိုင်ပေမယ့် အလုပ်ထပ်ရှာဖို့ကခက်တော့ အခက်အခဲ ရှိတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဆွစ်စလန်နိုင်ငံအခြေစိုက် နာမည်ကြီး စားသောက်ကုန် အမှတ်တံဆိပ် Nestle ကုမ္ပဏီက မြန်မာနိုင်ငံမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း ကြေညာထားသလို အထည်ချုပ်စက်ရုံများမှာလည်း အော်ဒါ နည်းပါးလာခြင်းကြောင့် နောက်ထပ် ထွက်ခွာသွားရန်လည်း ရှိနေပြန်ရာ ယခု ၂၀၂၃ နှစ်ဆန်းပိုင်း၌ပင် ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် အလုပ်လက်မဲ့ဦးရေ သောင်းနှင့်ချီ ရှိလာနိုင်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက သုံးသပ်ပြောဆိုသည်။

ပြည်တွင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက “အလုပ်လက်မဲ့ဦးရေကို ကိန်းဂဏန်းနဲ့ ပြောဖို့က ခက်တယ်။ ဒါပေမဲ့ သောင်းဂဏန်း၊ သိန်းဂဏန်း ဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆို ထွက်ခွာသွားမယ့် Brand တွေက ရှိနေတယ်။ ကြေလည်း ကြေညာထားတယ်။ ဒီမတ်လကုန်မှာ ဘယ်လောက် ထွက်မယ်ဆိုတာ ရှိနေတယ်။ စက်ရုံ တော်တော် များများ ပိတ်သိမ်းကြလိမ့်မယ်” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229

Nestle ကုမ္ပဏီ ထွက်ခွာသွားခြင်းကြောင့် လုပ်သားအင်အား ၁၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်နိုင်သည့်အပြင် စက်ရုံ တရုံလျှင် လုပ်သားအင်အား ထောင်ချီရှိသည့် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းသွားခြင်းကလည်း အလုပ်သမားများ အတွက် အခက်ပိုဖြစ်စေနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ကုန်အမှတ်တံဆိပ်တွေ ထွက်ခွာသွားတဲ့အခါ ကျန်ခဲ့တဲ့လုပ်သားတွေ မနစ်နာဖို့အတွက်က ဒီလုပ်ငန်းစုက အပြီးတိုင်ပိတ်သိမ်းမှာလား၊ ဒါမှမဟုတ် နောက်ထပ်လုပ်ငန်းတခုကို အခြေချမှာလား။ နောက်ထပ် လုပ်ငန်းတခုကို အခြေအမချခင် သူ့အနေနဲ့ ခေတ္တရပ်နားတာလား။ အဲဒီအခါမှာ ဒီလုပ်သားတွေအတွက် ဒုတိယ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့အတွက် ဘယ်လောက်ထိ တည်ဆောက်မှာလဲ။ ပိတ်မယ်ဆို ချက်ချင်းလုပ်တာ မဟုတ်ဘဲနဲ့ ကွင်းဆက်တခုလုံးမှာ ရှိနေတဲ့ လုပ်သားတွေအတွက် ထည့်သွင်းစဉ်းစားဖို့ လိုတယ်” ဟု ပြောသည်။

လက်ရှိကာလအတွင်း ပိတ်သိမ်းသွားသည့် စက်ရုံများက ပေးသည့် နစ်နာကြေးဖြင့် အလုပ်သမားများ ၁/၂ လ အဆင် ပြေနိုင်သော်လည်း ရေရှည်တွင် အခက်အခဲများ ရှိလာနိုင်သလို ထွက်ခွာသွားသည့် နာမည်ကြီး ကုန်အမှတ်တံဆိပ် များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု မည်မျှအတိုင်းအတာထိ ရှိနိုင်မလဲ ဆိုသည်ကိုလည်း စောင့်ကြည့်ရမည် ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလအတွင်းမှစ၍ အထည်ချုပ်စက်ရုံများတွင် နွေဦးအပ်ထည်အမှာစာများ ယခင်နှစ်များက ထက် ပိုမိုကျဆင်းနေသဖြင့် စက်ရုံအများစုမှာ အချိန်ပို မခေါ်နိုင်တော့သလို တချို့မှာလည်း ရက်ရှည်ပိတ်ပေးရသည့် အခြေအနေ ဖြစ်နေကြောင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောဆိုထားသည်။

လက်ခစားစနစ်ဖြင့်ချုပ်သည့် (CMP) အထည်ချုပ်၊ ဖိနပ်၊ အိတ် စသည့် လုပ်ငန်းများ ပြည်ပမှ အမှာစာများ ကျဆင်း လာသလို ကုန်ကြမ်းပစ္စည်း တင်သွင်းရာတွင်လည်း စစ်ကောင်စီ၏ မူဝါဒအပြောင်းအလဲများကြောင့် အခက်အခဲများ ရှိသည့်အပြင် တင်ပို့ရာ၌လည်း ပြည်တွင်းလုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို သတ်မှတ်နှုန်းဖြင့် ဖြတ်ယူ ခြင်း၊ လုပ်ငန်းလည်ပတ်ရန် လျှပ်စစ်မီးရရှိမှု နည်းပါးခြင်း၊ အထွေထွေကုန်ကျစရိတ်များ တိုးလာခြင်း စသည်တို့ကြောင့် ရေရှည်ရပ်တည်ရန် ခက်ခဲကြောင်းလည်း အဆိုပါ လုပ်ငန်းရှင်က ဆိုသည်။

ထိုသို့ အမှာစာများ လျော့ကျလာခြင်းမှာ လက်ရှိ နိုင်ငံရေး အခြေအနေ၊ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု များလာခြင်း၏ အကျိုးသက်ရောက်မှုများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် အလုပ်သမားအရေးဆောင်ရွက်သူများက သုံးသပ်သည်။

၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ITUC) က မြန်မာနိုင်ငံကို အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံစာရင်း၌ ထည့်သွင်း ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ကလည်း မြန်မာနိုင်ငံသည် စစ်တပ် အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင် အခွင့်အလမ်း အလွန်အမင်းဆုံးရှုံးမှုနှင့် ကြုံနေရပြီး ၂၀၂၂ နှစ်လယ်ပိုင်း တွင် အလုပ်လက်မဲ့ ၁ ဒသမ ၈ သန်းထိ ရှိလာကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ကြီးမားသည့် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရ ပြီး ရွှေပြည်သာ၊ လှိုင်သာယာ အပါအဝင် ရန်ကုန်ဆင်ခြေဖုံး မြို့နယ် ၈ မြို့နယ်ရှိ ပြည်သူများ၏ ၄ ပုံ ၁ ပုံသည် ပြီးခဲ့ သည့်တနှစ်လုံး လုပ်အားခ ဝင်ငွေမရှိဘဲ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရကြောင်းလည်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရန်ကုန်ရုံးခွဲ၏ ဖေဖော်ဝါရီ ၁၆ ရက်ထုတ် အစီရင်ခံစာအရ သိရသည်။

You may also like these stories:

စီးပွားရေးအကျပ်အတည်းအောက် ရင်မောနေရတဲ့ ပြည်သူများ

ကုမ္ပဏီဘဏ်စာရင်း မဖွင့်သည့် လုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်ကောင်စီ ဖိအားပေး

အချိန်ပိုဆင်းရန် ငြင်းသည့်လုပ်သားများ အလုပ်ထုတ်ခံနေရ

အထည်ချုပ်လုပ်ငန်းများ နွေရာသီအပ်ထည် အမှာစာ လျော့ကျလာ

Your Thoughts …
Tags: ဝါးတရာစက်မှုဇုန်အထည်ချုပ်စက်ရုံအလုပ်လက်မဲ့အလုပ်သမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.3k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

by ဧရာဝတီ
20 February 2024
11.8k

လှိုင်မြို့နယ်ရှိ စစ်တပ်ပိုင် အထည်ချုပ်စက်ရုံတွင် ယခုလ ၁၆ ရက်မှ စတင်ပြီး စစ်ယူနီဖောင်း အများအပြားအား အချိန်မီ ပြီးစီးရန် ချုပ်လုပ်နေရကြောင်း ယင်းစက်ရုံ၏ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.2k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

by ဧရာဝတီ
7 May 2024
5.9k

ပြည်ပထွက် အလုပ် လုပ်ခွင့်ကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ခဲ့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများ၏ အလုပ်ခေါ်စာ (Demand Letter) များကို လက်ခံခြင်းမရှိသေးကြောင်း

Next Post
MNDAA ကိုးကန့်တပ်ဖွဲ့ဝင်သစ်များအား စုဆောင်းစည်းရုံးနေစဉ် / Global Times

ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁

မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်တခု / MPRL E&P

ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved