မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ

ဘိုကြည်
စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီ ရဟတ်ယာဉ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကလေးငယ်တဦးကို ပစ်ခတ်မှုပြီး နောက်တရက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် သင်္ဂြိုဟ်ရန် ပြင်ဆင်နေစဉ်

လူသားချင်းစာနာမှုဆိုင်ရာ အစဉ်အလာချဉ်းကပ်ပုံက ဘက်မလိုက်မှု၊ ကြားနေမှု၊ လွတ်လပ်မှုနဲ့ လူသားဆန်မှုတို့လို မူတွေကို အလေးထားတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နိုင်ငံတကာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေက ဒီစံတွေကို အလေးထားပေမယ့် လူမျိုးတုံးသတ် စစ်ကောင်စီကို တရားဝင်မှုလည်း ပေးနေတယ်။

ရက်စက်ကြမ်းကြုတ်မှုတွေကို မဝေဖန်ဘဲ စစ်ကောင်စီကို ရာဇဝတ်ကောင်လို့ခေါ်ဖို့ ပျက်ကွက်တဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံတဝန်းက ရဲရင့်စွာ ပြောဆိုနေတဲ့ ဝမ်းနည်းပူဆွေးကျန်ရစ်သူ မိခင်တွေ၊ ဖခင်တွေနဲ့ ချစ်ခင်မြတ်နိုးသူ မိသားစုဝင်တွေထက် စစ်ကောင်စီကို ပိုမို ကြောက်ရွံ့ကြောင်း ပြသနေတယ်။

အကူအညီတွေနဲ့ တရားဝင်မှု စစ်ကောင်စီက တဆင့် ပေးရရုံ တံခါးဖွင့် မပေးခင်ကတည်းက ဒီဒုက္ခတွေကို ဖန်တီးသူဟာ မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေပဲဖြစ်တယ်။

ရက်စက်ကြမ်းကြုတ်မှုတွေကို မဝေဖန်ဘဲ စစ်ကောင်စီကို ရာဇဝတ်ကောင်လို့ခေါ်ဖို့ ပျက်ကွက်တဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံတဝန်းက ရဲရင့်စွာ ဝေဖန်နေတဲ့ ဝမ်းနည်းပူဆွေးကျန်ရစ်သူ မိခင်တွေ၊ ဖခင်တွေနဲ့ ချစ်ခင်မြတ်နိုးသူ မိသားစုဝင်တွေထက် စစ်ကောင်စီကို ပိုမို ကြောက်ရွံ့ကြောင်း ပြသနေတယ်။

တကယ်တမ်း အကူအညီ အလိုအပ်ဆုံး နိုင်ငံသားတွေဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ရှိတယ်။ သူတို့ရဲ့ ခုခံတော်လှန်မှုဟာ ပြင်းထန်ပြီး စစ်ကောင်စီဟာ နယ်မြေတွေ ဆုံးရှုံးနေတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုအရ စစ်ကောင်စီဟာ နိုင်ငံရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ တည်တည်ငြိမ်ငြိမ် ထိန်းနိုင်တယ်။

စစ်ကောင်စီအကြမ်းဖက်သမားတွေဟာ နောက်လည်း နယ်မြေတွေ ထပ်မံဆုံးရှုံးမှာ ဖြစ်ပေမယ့် အဖျက်လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်လာမှာ ဖြစ်တယ်။ ရှေ့မှာ ဒီထက်ပိုပြီး ဒုက္ခရောက်မှာ ဖြစ်တယ်။

ဒါပေမယ့် နောက်ကွယ်က ဖိအားပေးပြီး ထိတွေ့ဆက်ဆံတာတွေဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အရင်ကလည်း တခါမှ အလုပ်မဖြစ်ခဲ့ဘူး။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေဟာ စစ်ကောင်စီကို ကမ္ဘာကစောင့်ကြည့်နေကြောင်း သတိပေးဖို့ မူအားဖြင့် ဝေဖန်ရမှာဖြစ်တယ်။

အဲဒီလိုလုပ်ဖို့ လိုကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့မှာ အထင်ရှားဆုံး ပြသလိုက်တယ်။ ကလေး ၇ ဦး အပါအဝင် လူအနည်းဆုံး ၁၂ ဦး ကို စစ်ကောင်စီက မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုအတွင်း သတ်ဖြတ်လိုက်တယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူကလည်း ဒီအတိုင်းပဲပြောတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက အဲဒီပြစ်မှုကျူးလွန်သူတွေကို အမည်ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ကြတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်နဲ့ ပြည်တွင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အပြန်ပြန်အလှန်လှန် ကိုးကားပြောဆိုချက်တွေအရ ဒီရာဇဝတ်မှုကို စစ်ကောင်စီကျူးလွန်ကြောင်း ရက်ပိုင်းအတွင်း ကျနော်တို့သိကြရတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူကလည်း ဒီအတိုင်းပဲပြောတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက အဲဒီပြစ်မှုကျူးလွန်သူတွေကို အမည်ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ကြတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး အဲဒီဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်ဆိုတာနဲ့ အဲဒီ စာသင်ကျောင်းကို တိုက်ခိုက်သူတွေဟာ စစ်ကောင်စီတပ် ဖြစ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာတယ်။

ဒီပဲယင်းမြို့နယ်က ဦးခေါင်းတွေပွင့်၊ အရိုးတွေလွင့်စင်နေတဲ့ ကြောက်မက်ဖွယ်ပုံတွေနဲ့ ကျောင်းအပြင်ဘက်မှာ အရူးတပိုင်းဖြစ်နေတဲ့ မိဘတွေရဲ့ ပုံတွေ အွန်လိုင်းမှာပျံ့နှံ့နေတယ်။ အဲဒီတိုက်ခိုက်ခံရသူတွေဟာ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုမှာ သတ်ဖြတ်ခံရသူ အရပ်သား ၃၂ ဦးစာရင်းမှာ ထပ်မံဖြည့်စွက်လိုက်တာဖြစ်တယ်။ ဒါဟာ အကြမ်းဖျဉ်း တွက်ချက်မှုသာဖြစ်ပြီး ကျနော်တို့ မှတ်တမ်းနဲ့ သုတေသနဌာနက အတည်ပြုနိုင်တဲ့စာရင်းသာ ဖြစ်တယ်။

စစ်အာဏာသိမ်းပြီးနောက် ဒီလိုပုံတွေ၊ စာရင်းတွေကို မြန်မာက အင်တာနက်အသုံးပြုသူတွေဟာ မကြာခဏ တွေ့နေရပေမယ့် တွေ့လိုက်တဲ့အခါတိုင်း တုန်လှုပ်မှုက တခါမှ လျော့ကျမသွားဘူး။ ဘာသာစကား အသုံးအနှုန်းဆိုတာ အရေးကြီးတယ်။ စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်စာတွေ၊ မှုန်ဝါးဝါးကြေညာချက်တွေကို စစ်ကောင်စီနဲ့ သူ့ရဲ့နိုင်ငံတကာ ဝိုင်းကျဉ်ခံ မဟာမိတ်တွေက နှစ်ဘက်လုံးကို အပြစ်တင်ဖို့ အသုံးချနေကြတယ်။

နောက်ကွယ်က ဖိအားပေးပြီး ထိတွေ့ဆက်ဆံတာတွေဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အရင်ကလည်း တခါမှ အလုပ်မဖြစ်ခဲ့ဘူး။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေဟာ စစ်ကောင်စီကို ကမ္ဘာကစောင့်ကြည့်နေကြောင်း သတိပေးဖို့ မူအားဖြင့် ဝေဖန်ရမှာဖြစ်တယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းကို သုံးမလား၊ မသုံးဘူးလားဆိုတဲ့ ကိစ္စမှာလည်း အလားတူဖြစ်နေတယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ စစ်ကောင်စီက ကျနော်တို့ကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တဲ့အခါ ဒီစာရင်း အချက်အလက်တွေဟာ အပြင်းအထန် အရေးယူနိုင်တဲ့ နိုင်ငံရေးလုပ်ရပ်ဖြစ်လာတယ်။

လွတ်လပ်တဲ့ မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက မှတ်တမ်းပြုစုသူတွေဟာ စစ်ကောင်စီကို တိုက်ရိုက်ဝေဖန်နေတဲ့အတွက် အကူအညီ လိုအပ်တယ်။ သတင်းသမားတွေကို ပစ်မှတ်ထား ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်နေတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် ကျော်လွန်တဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေကြောင့် စစ်ကိုင်းတိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့ ခက်ခဲတယ်။

ဒီမိုကရေစီလှုပ်ရှားမှုကို သိမ်းကြုံးဒဏ်ခတ်ဖို့အတွက် စစ်ကောင်စီဟာ အိုးအိမ်သိမ်းယူမှုတွေ ပိုမိုလုပ်ဆောင်နေတယ် ဆိုတာကို AAPP က ဖော်ပြခဲ့ပြီးဖြစ်တယ်။ နှစ်ပေါင်းများစွာ စုဆောင်းတည်ဆောက်ပြီး သားစဉ်မြေးဆက် ဆက်ခံခဲ့တဲ့အိမ်တွေ ဝင်ရောက်စီးနင်း သိမ်းဆည်းခံရသူ အများအပြားကို AAPP အဖွဲ့ဝင်တွေက တွေ့ဆုံမေးမြန်းခဲ့တယ်။

တနိုင်ငံလုံးက ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ အခြားဘာသာရေး အဆောက်အအုံတွေ အပါအဝင် အဆောက်အအုံပေါင်း ၃၀,၀၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒီအဆောက်အအုံတွေကို လုယက် ပစ်မှတ်ထား ဖျက်ဆီးတာ စစ်ကောင်စီပဲ ဖြစ်တယ်။ တချို့သတင်းတွေကတော့ အလားတူ ချိုးဖောက်မှုတွေကို နှစ်ဘက်လုံးက ကျူးလွန်ကြောင်း ဖော်ပြကြပေမယ့် အဲဒီသတင်းတွေဟာ ဘက်လိုက်မှု ရှိလို့ အသုံးမဝင်တဲ့သတင်းတွေ ဖြစ်တယ်။

ထွက်ပြေးနေရတဲ့ ဒီမိုကရေစီ ထောက်ခံလှုပ်ရှားသူတွေကို ခြိမ်းခြောက်အပြစ်ပေးဖို့ အသက် တနှစ်ပဲရှိသေးတဲ့ ကလေးတွေကို ဖမ်းဆီးပြီး လျှို့ဝှက် ထိန်းသိမ်းရေးစခန်းတွေကို ခေါ်သွားခံနေရတယ်။ AAPP ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် အဲဒီလို ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ကလေး ၄၇ ဦးရှိပြီး ၄၀ ကို ဆက်လက် ဖမ်းဆီးထားသေးတယ်။

စစ်ကောင်စီဟာ ဓားစာခံဖမ်းဆီးခြင်းကို လက်နက်သဖွယ်သုံးပြီး သူတို့ကို ဆန့်ကျင်သူ မည်သူမဆိုဟာ နိုင်ငံတော်ရဲ့ရန်သူဖြစ်တယ်၊ တရားဝင် ပစ်မှတ်ဖြစ်တယ်ဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အမြင်ကို ကျင့်သုံးနေတယ်။

ဘာသာစကား အသုံးအနှုန်းဆိုတာ အရေးကြီးတယ်။ စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်စာတွေ၊ မှုန်ဝါးဝါးကြေညာချက်တွေကို စစ်ကောင်စီနဲ့ သူ့ရဲ့နိုင်ငံတကာ ဝိုင်းကျဉ်ခံ မဟာမိတ်တွေက နှစ်ဘက်လုံးကို အပြစ်တင်ဖို့ အသုံးချနေကြတယ်။

နိုင်ငံတဝှမ်းက ကျယ်ပြန့်တဲ့ ဒေသအများအပြားမှာ အင်တာနက်ကို ဖြတ်တောက်ထားတယ်။ ဒလန်တွေနဲ့ စစ်ကောင်စီတပ်က ညဘက်မှာ အိမ်တွေကို ဝင်ရောက်စစ်ဆေးကြတယ်။ ဒီမိုကရေစီ အင်အားစုဘက်က လူ ၇၄ ဦးကို စစ်ကြောရေးမှာ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တယ်။ အာဏာသိမ်းပြီးနောက် ကျေးလက်ဒေသတွေမှာ အရှင်လတ်လတ် မီးရှို့သတ်ခံရတဲ့ လူ ၈၀ ဦးကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသားတွေကို စစ်သားတွေက နှစ်ခါ မစဉ်းစားဘဲ အရှိန်ပြင်းတဲ့ကားနဲ့ ဝင်တိုက်လိုက်တယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အဲဒီလို ကားနဲ့တိုက်သတ်ခံရသူ အရပ်သား ၇ ဦးကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်။

ထွက်ပြေးနေရတဲ့ ဒီမိုကရေစီ ထောက်ခံလှုပ်ရှားသူတွေကို ခြိမ်းခြောက်အပြစ်ပေးဖို့ အသက် တနှစ်ပဲရှိသေးတဲ့ ကလေးတွေကို ဖမ်းဆီးပြီး လျှို့ဝှက် ထိန်းသိမ်းရေးစခန်းတွေကို ခေါ်သွားခံနေရတယ်။ AAPP ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် အဲဒီလို ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ကလေး ၄၇ ဦးရှိပြီး ၄၀ ကို ဆက်လက် ဖမ်းဆီးထားသေးတယ်။

ဒီလိုနေ့စဉ် အကြမ်းဖက်မှုတွေကို ပြိုလဲသွားတဲ့ စီးပွားရေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးဟာ မယုံကြည်နိုင်လောက်အောင် ထိခိုက်ရတယ်ဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး။ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာမှု လိုအပ်ချက် အရမ်းကြီးမားနေတယ်ဆိုတာ ကျနော်တို့သိတယ်။ ဒီလိုအကူအညီတွေကို စစ်ကောင်စီကတဆင့် ပေးလို့မရဘူးဆိုတာကို ကျနော်တို့ ပြောနေတာ အကြိမ်ပေါင်း မနည်းတော့ဘူး။

ပြည်သူတွေရဲ့ ဒုက္ခတွေအတွက် အခြားရွေးစရာ လက်တွေ့ကျတဲ့ လမ်းကြောင်းတွေ အများကြီး ရှိတယ်။ ဒီလမ်းကြောင်းတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ သူ့ရဲ့ ကြားကာလ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ဒေသဆိုင်ရာနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးသူတွေ၊ အကူအညီပေးရေးလုပ်ငန်းတွေကို ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ (EROs) ပါဝင်တယ်။

အကျပ်အတည်းကို ဖန်တီးခဲ့တဲ့ စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီပေးတဲ့ လုပ်ငန်းကို ထိန်းချုပ်ထားမယ်ဆိုရင် ASEAN လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းရေးရုံး (AHA Center) က ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးတဲ့လုပ်ငန်းဟာ ကျဆုံးမှာပဲ။

အကျပ်အတည်းကို ဖန်တီးခဲ့တဲ့ စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီပေးတဲ့ လုပ်ငန်းကို ထိန်းချုပ်ထားမယ်ဆိုရင် ASEAN လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းရေးရုံး (AHA Center) က ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးတဲ့လုပ်ငန်းဟာ ကျဆုံးမှာပဲ။

စစ်ကောင်စီနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို မဆန့်ကျင်ချင်တော့ စက်တင်ဘာလ ၁၆ ရက်နေ့ ရက်စက်ကြမ်းကြုတ်မှုလို ရာဇဝတ်မှုတွေရဲ့ တရားခံကို မသိကျိုးကျွံ လျစ်လျူရှုထားဖို့ အကူအညီပေးရေး အဖွဲ့အစည်းတွေက ဆုံးဖြတ်ကြတယ်။

အရင်တုန်းကလည်း ဒီလိုပဲလုပ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ဒီမိုကရေစီလှုပ်ရှားတဲ့ နောက်ခံသမိုင်းရှိသူတွေကို အလုပ်မခန့်ဖို့ ကုလသမဂ္ဂအေဂျင်စီတွေကို စစ်အုပ်စုက ဖိအားပေးခဲ့တယ်။ ကုလသမဂ္ဂ အေဂျင်စီတွေက စစ်ခေါင်းဆောင်တွေနဲ့ သူတို့ဆွေမျိုးတွေရဲ့ အိမ်တွေကို ရုံးခန်းအဖြစ် ငှားရမ်းကြတယ်။ အရင်ကလည်း ကျနော်တို့ ပွင့်လင်းမြင်သာမှု မရခဲ့သလို အခုလည်း မရဘူး။ ကုလသမဂ္ဂဟာ သူတို့ လုပ်ငန်းဆောင်ရွက်တဲ့ မူတွေနဲ့အညီ စစ်ကောင်စီနဲ့ ဆက်ဆံရာမှာလည်း ပွင့်လင်းမြင်သာမှုကို ဦးထိပ်ပန်ဆင်သင့်တယ်။

အခုအချိန်ဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို မူနဲ့အညီ ဝေဖန်ရမယ့်အချိန် ဖြစ်တယ်။

(ယခုကိုးကားထားသည့် အချက်အလက်များသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့အထိ ဖြစ်ပြီး အသေးစိတ်ကို https://airtable.com/shr9w3z7dyIoqdUv4/tbl8hVtSci8VifbO9 နှင့် https://airtable.com/shrYUbzQe1hKXQ68x/tblswChRJGSzJWr7k တို့တွင် ကြည့်ရှုနိုင်ပါသည်။)

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Bo Kyi ၏ UN Mission in Myanmar is Lending Legitimacy to Genocidal Military Regime ကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြသည်။ ကိုဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း [AAPP] ၏ လက်ရှိ တွဲဖက် အတွင်းရေးမှူးဖြစ်သည်။)

You may also like these stories:

ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာစစ်တပ်ကျူးလွန်နေဟု အမေရိကန်သမ္မတ ပြော

မြန်မာကလေးများ ထပ်မံသတ်ဖြတ်မခံရရေး ကမ္ဘာက ချက်ခြင်းအရေးယူရမည်

ကလေးငယ်များကို သတ်ဖြတ်မှုအပေါ် နိုင်ငံတကာအဖွဲ့များ နှုတ်ဆိတ်နေဟု ဝေဖန်

လက်ယက်ကုန်းမှ ကလေးငယ်များ လွတ်မြောက်ရေး အကူအညီမဲ့နေ

မြန်မာ့ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများ နိုင်ငံတကာက ပစ်ပယ်ခံနေရ

Loading