• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ပစ်မှတ်ဖြစ်လာတော့မည့် စစ်လက်နက်ထုတ် ကပစ စက်ရုံများ

by အောင်သူရ
26 December 2024
in သူ့အတွေး သူ့အမြင်
A A
မြန်မာ သေမင်းတမန် စစ်လက်နက်စက်ရုံများကို ပစ်မှတ်ထားခြင်း

ကပစ စက်ရုံတရုံကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားစစ်ဆေးစဉ်

4.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကျဆုံးခြင်းသည် စစ်ကောင်စီအတွက် ခြောက်ခြားစရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင်ရှိသော စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းစက်ရုံအချို့ အကာအကွယ် ကင်းမဲ့သွားသောကြောင့် ဖြစ်သည်။

တော်လှန်ရေးအင်အားစုများအနေဖြင့်ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ စစ်လက်နက်ပစ္စည်းစက်ရုံများကို တိုက်ခိုက်မည်ဆိုပါက အရှေ့ဘက်မှ တိုက်ရန် မလွယ်ကူပေ။ ဧရာဝတီမြစ်ကြီး ကြားခံဖြစ်နေသောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စက်လက်နက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ ၂၅ ရုံရှိသည်။ မကွေးတိုင်းထဲတွင် ၁၅ ရုံ၊ ပဲခူးတိုင်းထဲတွင် ခုနစ်ရုံ၊ နေပြည်တော်တပ်ကုန်းတွင် နှစ်ရုံနှင့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် တရုံရှိသည်။

မကွေးတိုင်းနှင့် ပဲခူးတိုင်းတွင်ရှိသော စစ်လက်နက်ပစ္စည်းစက်ရုံများမှာ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင် ရှိကြသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မလဆ) အစိုးရအား တော်လှန်နေသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို တရုတ်အစိုးရက လက်နက်ခဲယမ်း အင်အားများစွာ ကူညီပေးခဲ့သည်။

ထို့ကြောင့် မြန်မာစစ်တပ်နှင့် ဗကပ များသည် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲကြီးများ ဖြစ်ခဲ့ရသည်။ ထို့အချိန်မှစ၍ မဆလ အစိုးရသည် မြန်မာနိုင်ငံ၏ အမျိုးသားရေး ရန်သူအဖြစ် တရုတ်နိုင်ငံကို သတ်မှတ်ခဲ့သည်။

ထို့ကြောင့်လည်း စစ်တပ်အတွက် အလွန်အရေးပါသည့် စစ်လက်နက်ပစ္စည်းစက်ရုံများကို ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင် တည်ဆောက်ခဲ့သည်။

ထို့ကြောင့်လည်း စစ်တပ်အတွက် အလွန်အရေးပါသည့် စစ်လက်နက်ပစ္စည်းစက်ရုံများကို ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင် တည်ဆောက်ခဲ့သည်။

ထို့ပြင် မဆလ ခေတ်မှစ၍ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ မရှိတော့ခြင်းနှင့် ထိုအချိန်က ရခိုင်လူမျိုးများသည် မြန်မာစစ်တပ်တွင် အများအပြား တာဝန်ထမ်း ဆောင်ကြသူများဖြစ်သည်။ ဗမာလူမျိုးများပြီးလျှင် ရခိုင်လူမျိုးများမှာ စစ်တပ်ထဲတွင် ဒုတိယအများဆုံးဟုပင် ပြောဆိုကြသည်။

ထို့ကြောင့်လည်း အနောက်ဘက်တွင် ရခိုင်ရိုးမ၊ အရှေ့ဘက်တွင် ဧရာဝတီမြစ် စသော သဘာဝ အတားအဆီးကြီး နှစ်ခုလည်း ရှိနေသည့် ရခိုင်ရိုးမတောင်ခြေ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင် စစ်လက်နက်ပစ္စည်းစက်ရုံများအား တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

၇၆ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် ဒုံးတပ်ဖွဲ့ / AP
၇၆ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် ဒုံးတပ်ဖွဲ့ / AP

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နဝတ ခေတ်တွင်လည်း ဗိုလ်ချုပ် နေဝင်း၏ အယူအဆအတိုင်း စစ်လက်နက်ပစ္စည်းစက်ရုံများ တိုးချဲ့သည့်အခါ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းကိုသာ ရွေးခဲ့သည်။

ရန်ကုန်မြို့၊ အင်လျားလိတ်ဟိုတယ် အနီးတွင်ရှိသော ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) စက်ရုံ နှစ်ခုကို နေပြည်တော်၊ တပ်ကုန်းသို့ ရွှေ့ခဲ့သည်။

သို့သော် ဒီဇင်ဘာလအတွင်း အာရက္ခတပ်တော် (AA) က အမ်းမြို့ရှိ နပခ စစ်ဌာနချုပ်နှင့် တောင်ကုတ်မြို့ရှိ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) တို့အား သိမ်းပိုက်နိုင်ခဲ့သည်။

အမ်းမြို့သည် မကွေးတိုင်းနှင့် ချိတ်ဆက်ထားသောမြို့ ဖြစ်သည်။ အမ်း-ပဒါန်းလမ်းသည် ရခိုင်ရိုးမနှင့် မကွေးတိုင်းကို အဓိက ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး စုစုပေါင်း ၆၄ မိုင် ရှည်လျားသည်။ တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းကို ဆက်သွယ်ထားသည့် အဓိကမြို့ဖြစ်သည်။

အမ်းမြို့ မကျခင်ကပင် တော်လှန်ရေးတပ်ဖွဲ့များက အမ်း-ပဒါန်း ကားလမ်းကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ လက်ရှိ ပဒါန်းမြို့တွင် စစ်ကောင်စီ၏ အမှတ် ၉၀၅ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်နှင့် အမှတ် ၃၇၅ အမြောက် တပ်ရင်းတို့ ရှိသည်။ အဆိုပါ စစ်ကောင်စီတပ်ရင်းနှစ်ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ပါက အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ပြီး မကွေးတိုင်းတွင်းရှိ ကပစ စက်ရုံများအတွက် စိုးရိမ်စရာ ဖြစ်လာတော့မည် ဖြစ်သည်။

ပဒါန်းမြို့နှင့် ၁၀ မိုင်အကွာတွင် ရှိသော ငဖဲမြို့တွင် အမှတ် ၁၄ စက်လက်နက်ပစ္စည်းစက်ရုံ ရှိသည်။ ကပစ ၁၄ တွင် ဒုံးကျည်များနှင့် အီလက်ထရွန်းနစ် Printed Circuit Board (PCB) များ ထုတ်လုပ်သည်ဟု စစ်အင်ဂျင်နီယာ အချို့က ဆိုသည်။ အဆိုပါစက်ရုံတွင် မြေအောက်လိုဏ်ဂူများ ရှိသည်။

ပဒါန်းမြို့နှင့် ၁၀ မိုင်အကွာတွင် ရှိသော ငဖဲမြို့တွင် အမှတ် ၁၄ စက်လက်နက်ပစ္စည်းစက်ရုံ ရှိသည်။ ကပစ ၁၄ တွင် ဒုံးကျည်များနှင့် အီလက်ထရွန်းနစ် Printed Circuit Board (PCB) များ ထုတ်လုပ်သည်ဟု စစ်အင်ဂျင်နီယာ အချို့က ဆိုသည်။ အဆိုပါစက်ရုံတွင် မြေအောက်လိုဏ်ဂူများ ရှိသည်။

ထို့ပြင် မကွေးတိုင်းအတွင်း ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင် ကပစ ၁၃၊ ကပစ ၁၂၊ ကပစ ၁၀၊ ကပစ ၂၀၊ ကပစ ၂ နှင့် ကပစ ၂၁ တို့ ရှိကြသည်။

အဆိုပါ စက်ရုံများထဲမှ မင်းလှမြို့နယ်ထဲတွင် ရှိသော ကပစ ၂ မှာ မော်တာလက်နက်များနှင့် လောင်ချာ (RPG) လက်နက်များ ထုတ်လုပ်သည့်စက်ရုံဖြစ်ပြီး ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများ ထုတ်လုပ်သည့်စက်ရုံ ဖြစ်သည်။

ကပစ ၁၃ စက်ရုံသည် မော်တာဗုံးသီးများနှင့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည် စက်ရုံ (DI) များတွင် သုံးသည့်ယမ်းများ ထုတ်လုပ်သည့်စက်ရုံ ဖြစ်သည်။ ကျောက်မိုင်းခွဲသည့်အခါတွင် သုံးသည့် ယမ်းများကိုလည်း အဆိုပါစက်ရုံတွင် ထုတ်လုပ်ခြင်း ဖြစ်သည်။

ကပစ စစ်လက်နက်ထုတ် စက်ရုံပြ မြေပုံ

ဆိပ်ဖြူမြို့တွင်ရှိသော ကပစ ၂၁ စက်ရုံသည် စစ်ကောင်စီလေတပ်၏ ဗုံးကြဲရာတွင် အသုံးပြုသည့် ဗုံးများ ထုတ်လုပ်သည့်စက်ရုံ ဖြစ်သည်။ ကပစ ၂၁ သာ မလည်ပတ်နိုင်ပါက လေကြောင်းမှ ကြဲချနေသည့် ဗုံးသီးများ ဆက်လက် မထုတ်လုပ်နိုင်တော့ပေ။

လက်ရှိစစ်ကောင်စီ၏ အနေအထားမှာ လက်နက်ခဲယမ်းများ အလျင်မီ ထုတ်လုပ်နေရသည်။ ယခင်ကကဲ့သို့ တနှစ်စာ ကြိုထုတ်ထားနိုင်သည့် အခြေအနေ မရှိတော့ပေ။

ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းနှင့် ရခိုင်ရိုးမတောင်ခြေတွင်ရှိသော စစ်ကောင်စီ၏ လက်နက်ခဲယမ်း ထုတ်လုပ်သည့် စက်ရုံများသည် အမ်းအခြေစိုက် နပခ စစ်ဌာနချုပ် ကျဆုံးမှုနှင့်အတူ မလုံခြုံတော့သည့်အခြေအနေ ဖြစ်သွားခဲ့လေပြီ။

ဧက ရာနှင့်ချီ ကျယ်ဝန်းသော စစ်လက်နက်ပစ္စည်း စက်ရုံများတွင် လက်နက် အကောင်းစားများနှင့် အချို့သောနေရာများတွင် လက်နက်ကြီးများ တပ်ဆင်ထားသော်လည်း လုံခြုံရေးအင်အားမှာ အလွန်နည်းနေပြီ ဖြစ်သည်။

အဆိုပါတပ်များတွင်ရှိသော စစ်ကောင်စီ စစ်သားများသည် စစ်မတိုက်ဖူးသူများ ဖြစ်နေသည့်အတွက် တော်လှန်ရေးအင်အားစုများ လာတိုက်သည့်အခါ ခံတိုက်ဖို့ထက် ထွက်ပြေးမည်မှာ မလွဲမသွေဖြစ်သည်။

အဆိုပါတပ်များတွင်ရှိသော စစ်ကောင်စီ စစ်သားများသည် စစ်မတိုက်ဖူးသူများ ဖြစ်နေသည့်အတွက် တော်လှန်ရေးအင်အားစုများ လာတိုက်သည့်အခါ ခံတိုက်ဖို့ထက် ထွက်ပြေးမည်မှာ မလွဲမသွေဖြစ်သည်။

လက်ရှိအချိန်တွင် AA နှင့် တော်လှန်ရေးအင်အားစုများသည် အမ်းမြို့တွင်ရှိသော နပခ တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်ထားပြီ ဖြစ်သော်လည်း ၆၄ မိုင်သာ ဝေးသည့် အမ်း-ပဒါန်းလမ်းကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ ပဒါန်းတွင် စစ်ကောင်စီ၏ အမြောက်တပ်တခု ရှိနေသည်။ တိုင်းစစ်ဌာနချုပ်ကြီးပင် တိုက်ခိုက်နိုင်သည့် AA အနေဖြင့် အမြောက်တပ်တခုကို တိုက်ခိုက်နိုင်မည်မှာ မလွဲမသွေ ဖြစ်သည်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
603
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.1k
၂၀၂၂ ခုနှစ်က နေပြည်တော်တွင် ကျင်းပသည့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အခမ်းအနား/GNLM

တော်လှန်ရေးအင်အားစုများ အနေဖြင့် စစ်ကောင်စီဘက်မှ ရရှိထားသော လက်နက်ကြီးများဖြင့် မကွေးတိုင်း အနောက်ဘက်ခြမ်းရှိ ကပစ စက်ရုံများအတွင်းသို့ တိုက်ခိုက်နိုင်သည့် အခြေအနေ ဖြစ်လာပြီဖြစ်သည်။

အမ်း-မင်းဘူးလမ်းနှင့် အမ်း-ပဒါန်းလမ်းကိုသာ တော်လှန်ရေးအင်အားစုများက အပြည့်အဝ ထိန်းချုပ်နိုင်ပါက ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ကပစ စက်ရုံများ၏ လုံခြုံရေးကို တော်လှန်ရေးအင်အားစုများက အပြည့်အဝ ခြိမ်းခြောက်လာနိုင်တော့မည် ဖြစ်သည်။

You may also like these stories:

ကပစ စက်ရုံတွေ လုံခြုံအောင်ကာဖို့ မဖြစ်နိုင်တော့ဘူး (ရုပ်/သံ)

မြန်မာ သေမင်းတမန် စစ်လက်နက်စက်ရုံများကို ပစ်မှတ်ထားခြင်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်

မြန်မာ့စစ်လက်နက်ထုတ်လုပ်မှု ကြီးထွားလာနေ

Your Thoughts …
Tags: AASliderစစ်ကောင်စီစစ်လက်နက်စက်ရုံစစ်အာဏာသိမ်းမှုတရုတ်တော်လှန်ရေးအင်အားစုနပခဗကပမလဆလက်နက်ခဲယမ်း
အောင်သူရ

အောင်သူရ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မင်းတပ်က ချင်းတောင်ပိုင်းရော၊ ယောနယ်အတွက်ပါ အဓိကကျတယ်

မင်းတပ်က ချင်းတောင်ပိုင်းရော၊ ယောနယ်အတွက်ပါ အဓိကကျတယ်

ဘုတလင်မှာ အရပ်သား ၁၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထား (ရုပ်/သံ)

ဘုတလင်မှာ အရပ်သား ၁၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထား (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved