• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

မင်းတပ်က ချင်းတောင်ပိုင်းရော၊ ယောနယ်အတွက်ပါ အဓိကကျတယ်

by ဧရာဝတီ
26 December 2024
in အင်တာဗျူး
A A
မင်းတပ်က ချင်းတောင်ပိုင်းရော၊ ယောနယ်အတွက်ပါ အဓိကကျတယ်

မင်းတပ်မြို့ကို ထိန်းချုပ်ထားသည့် ချင်းညီနောင်ရဲဘော်များ / CDF-Mindat

2k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း ပေါ်ပေါက်လာသော ချင်းကာကွယ်ရေးတပ် (မင်းတပ်)၊ ချင်း ကာကွယ်ရေးတပ် (ကန်ပက်လက်)၊ မတူပီ တပ်မဟာ (၁)၊ ချင်းအမျိုးသား အဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်း အရုံး ZFU၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ ပေါင်းစည်းထားသည့် Chin Brotherhood Alliance ချင်းညီနောင်အဖွဲ့ (CB) သည် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ၎င်းတို့ လှုပ်ရှားနယ်မြေ မြို့နယ် ၆ ခုတွင် ဆောင်ရွက်နေရာ ၁ နှစ်မပြည့်မီ အချိန်၌ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ တွန်းဇံ မြို့နယ်များအား ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မြို့နယ်တခုသာ သိမ်းပိုက်ရန် ကျန်တော့သည်။

ချင်းညီနောင်၏ (Operation CB) အဖြစ် နိုဝင်ဘာ ၉ ရက်က ဖော်ဆောင်ခဲ့သော မင်းတပ်နှင့် ဖလမ်းမြို့သိမ်း တိုက်ပွဲသည် ဒီဇင်ဘာ ၂၁ ရက်၌ မင်းတပ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ကန်ပလက်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့သလို ဖလမ်းမြို့ကို ရရန် အဓိက စခန်းကုန်းတခုသာ ကျန်တော့ပြီး ချင်းညီနောင် လှုပ်ရှားနယ်မြေ၌ တီးတိန်တမြို့သာ ကျန်တော့သည့် အခြေအနေဖြစ် သည်။

ချင်းပြည်နယ်အတွင်းက စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ CDF မင်းတပ် စစ်ဦးစီးချုပ်လည်းဖြစ်၊ ချင်းညီနောင်အဖွဲ့ စစ်ရေးတာဝန်ခံဖြစ်သူ ဆလိုင်းထန်ချွမ်းဖေကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မင်းတပ်က စစ်ကောင်စီအတွက် ဘယ်လောက်ဗျူဟာကျပြီး ဘယ်နယ်တွေကို ကွပ်ကဲတဲ့နေရာမျိုးလဲ။

ဖြေ ။ ။ မင်းတပ်က ကန်ပက်လက်ကို လှမ်းကွပ်ကဲလို့ ရသလို ကျင်ဒွေးတို့ဘာတို့ဆိုလည်း လှမ်းပြီး ကွပ်ကဲတာ ရှိတယ်။ အဓိကကတော့ စစ်နယ်မြေမှူးပေါ့။ သူတို့က မာရှယ်လောထုတ်ထားတဲ့ မြို့နယ်အတော်များများမှာ စစ်နယ်မြေမှူး တွေခန့်တယ်လို့ ပြောပါတယ်။ ဖမ်းမိတဲ့ စစ်တပ်အရာရှိတွေ ပြောကြားချက်အရ ၂၀၂၁ မေလတိုက်ပွဲတွေမှာ ကျနော်တို့ အောင်မြင်မှုရတဲ့အခါမှာ မေလလယ်လောက်ကစပြီးတော့ တိုင်းမှူးအဆင့်လာထိုင်တယ်။ ကထစမှူး (စစ်ဆင်ရေးအထူး အဖွဲ့မှူး) လာထိုင်တယ်လို့ ပြောပါတယ်။

နောက်ပိုင်း တည်ငြိမ်သလို ပြန်ဖြစ်လာတဲ့အခါ ဗိုလ်မှူးကြီးအဆင့်ပေါ့၊ စစ်နယ်မြေမှူးကပဲ ကွပ်ကဲပြီးသွားနေတာ ဖြစ်တယ်။ ချင်းပြည်နယ် တောင်ပိုင်းဘက်မှာတော့ သူက ရာထူးအားဖြင့်လည်း စီနီယာကျတယ်။ ပြီးတော့ တာဝန်ယူရတဲ့အပိုင်း မှာလည်း နမခကနေ တိုက်ရိုက်လာတော့ သြဇာအရှိန်အဝါရှိတဲ့အတွက် အထူးသဖြင့် ထီးလင်း၊ ကျောက်ထု၊ ဆော၊ မင်းတပ်၊ ကန်ပက်လက်ဒေသမှာ သူရဲ့လွှမ်းမှုအများကြီးရှိခဲ့တယ်လို့ သိရတယ်။

CDF မင်းတပ် စစ်ဦးစီးချုပ်နှင့် ချင်းညီနောင်အဖွဲ့ စစ်ရေးတာဝန်ခံ ဆလိုင်းထန်ချွမ်းဖေ/ CDF-Mindat

မေး ။ ။ မင်းတပ်စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ခုခံခဲ့ပါသလဲ။

ဖြေ ။ ။ မင်းတပ်က ချင်းပြည်နယ်တောင်ပိုင်းရော၊ ယောနယ် အတွက်ပါ အဓိကအချက်အချာ ကျတဲ့ စိုးမိုးကုန်းတခုလို ဖြစ်နေတော့ စကစအတွက်လည်း အင်မတန် အရေးပါတဲ့နေရာပေါ့၊ လုံးဝလက်မလွှတ်ရေး လေကြောင်းရော၊ ဒရုန်းတွေနဲ့ ပါ မျိုးစုံသုံးပြီးခုခံခဲ့တော့ တော်တော်ကို ပြင်းထန်တာပေါ့။ နှစ်ဖက်လုံးအတွက် အင်မတန်မှအရေးကြီးတဲ့ တိုက်ပွဲပဲ၊ စစ်ကောင်စီရဲ့ ပြင်းပြင်း ထန်ထန် ခုခံနေတဲ့ကြားထဲမှာပဲ မြို့ကိုခက်ခက်ခဲခဲ တဆင့်ချင်းထိန်းချုပ်၊ ပြီးတော့ ခလရ ၂၇၄ ရှိတဲ့ဘက်ကို ချဉ်းကပ် စကစကို ကျုံးသွင်းတဲ့ ပုံမျိုးနဲ့ ထိုးစစ်ဆင် သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။

မေး ။ ။ မတူပီမြို့သိမ်းပြီးကတည်းက ကြားမှာ အချိန် ၅ လလောက်ရှိခဲ့တော့ စစ်ကောင်စီက မင်းတပ်အတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ခဲ့တာရှိလဲ။

ဖြေ ။ ။ ဇွန်လကုန် မတူပီပြီးကတည်းက မင်းတပ်လာတော့မယ်ဆိုတာ သိထားတော့ ပြင်ဆင်မှုက အချိန်ရတယ်လို့ ပြောရမှာပေါ့ သူတို့တော်တော်ကို ခိုင်ခိုင်မာမာ လုပ်ထားကြတယ်။ ဘက်ဟိုးတွေနဲ့ ၁၂ ပေအကျယ် မြောင်းတွေတူး၊ ဆူးညှောင့်တွေထောင် အဲဒီအောက်မှာ မိုင်းတွေ ထပ်ထောင်ထားတယ်။

ခလရ ၂၇၄ ဆိုတာက အုတ်တံတိုင်း အပြည့်အဝ ခတ်ထားတဲ့နေရာမျိုး လုပ်လို့ရနိုင်သမျှအကုန်လုံး နည်းနာကို သုံးပြီး ခုခံစစ်ဆင်ပြင်တယ်။ ရိက္ခာပိုင်းဆိုင်ရာ အများကြီး ထောက်ပို့ထားတာရှိတယ်။ လက်နက်၊ ခဲယမ်းနဲ့ပတ်သက်ရင်လည်း တောက်လျှောက်ပေါ့ ဖြည့်တယ်။

မတူပီတုန်းက ကျနော်တို့ ဗြုန်းဒိုင်းဝင်ကြဲတဲ့ပုံစံ ဖြစ်တော့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အခါ သူတို့ဘက်က ကြိုတင် ပြင်ဆင်ချိန် အဲဒီလောက်ကြီး မရလိုက်ဘူး။ ဒရုန်းမသုံးနိုင်ဘူး၊ မင်းတပ်မှာက သူတို့ဒရုန်းတွေ တောက်လျှောက်သုံးတယ်။ ကျနော်တို့ ဒရုန်းကိုလည်း ကောင်းကင်ကို ပျံလို့မရအောင် သူတို့က Jammer အကောင်းစားတွေနဲ့ စနစ်တကျကို လုပ် ထားတာ။ သူတို့အတွက် ဘယ်လိုမှ လက်လွှတ်လို့မရတဲ့နေရာ ဖြစ်နေတော့ အများကြီး ကြိုတင်ပြင်ဆင်မှု လုပ်ထားခဲ့တာ တွေ့ရပါတယ်။

သူတို့ အဓိကလုပ်ခဲ့တာက စခန်းက ၁၅ ခုကျော်လောက်ရှိတယ်။ သူတို အင်အားက တော်တော်များတယ်။ ရဲတပ်ရင်း ရှိမယ်၊ ခရိုင်ရဲရှိမယ်၊ နယ်မြေခံရဲစခန်းရှိတယ် ပြီးရင် စစ်သားတွေပေါ့။ သူတို့ မိသားစုဝင်တွေ မပါ၊ တကယ့် တပ်ဖွဲ့ဝင် အင်အားက ၅၀၀ လောက် ရှိပါတယ်။ အဲဒါကို ကျနော်တို့က ရှင်းလင်းရေးလုပ်တာ ဖြစ်ပါတယ်။

တကယ်လို့ မြို့ထဲကို ကျနော်တို့ ဝုန်းဒိုင်ကြဲပြီး လုပ်လိုက်ရင် ပြည်သူတွေရဲ့ အသက်အိုးအိမ် အခုထက်ပိုပြီး ထိခိုက်မှုတွေ ရှိသွားနိုင်တယ် ဒါကြောင့် မြို့ပေါ်ထိခိုက်မှု မရှိရအောင် သူ့ရဲ့ခံစစ်နေရာမှာပဲ သိမ်းသွင်းပြီးတော့ နေရာကို ကျဉ်းအောင်လုပ် လိုက်တယ်ပေါ့။ ဗျူဟာပြောင်းပြီးတော့မှ သူတို့နေတဲ့နေရာတွေကို တဖြည်းဖြည်းချင်း၊ တဆင့်ချင်းသိမ်းပြီးတော့မှ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ ဒီစစ်ဆင်ရေးအတွင်းမှာ တနေ့ထဲ လေယာဉ်နဲ့ ဗုံးအလုံးရေ ရာချီသုံးခဲ့တယ်လို့ သိရတော့လေ အဲဒီ အခြေအနေ ရှင်းပြပြပေးပါအုံး။

ဖြေ ။ ။ သယ်ယူပို့ဆောင်ရေးလေယာဉ် Y 12 နဲ့ နေ့စဉ်လာပြီး တခေါက်တခေါက် အလုံး ၅၀၊ ၆၀ လောက် ကြဲတယ်၊ နှစ်ခေါက်လောက်ဆို တရက်ကို အလုံးရေ ၁၀၀ ကျော်သွားတာပေါ့။ ဒါပေမယ့် တကယ့် တိုက်လေယာဉ်လိုဟာမျိုးက တခါလာရင် ပေါင် ၅၀၀ ဗုံးနှစ်လုံးလောက်ကြဲတယ်။ လေယာဉ်အမျိုးအစားတွေက မတူတော့ သုံးတဲ့ဗုံးကီလိုတွေကလည်း မတူကြဘူး။ တော်တော်များများကတော့ တိုက်လေယာဉ်နဲ့ လာကြဲသလို Y12 နဲ့ လာကြဲတာရှိတယ် ။ ပြင်းထန်တဲ့နေ့မျိုး ဆို ရင် အလုံး ၁၀၀ ကျော်ထိ လာကြဲတယ်။

မေး ။ ။ အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ဧပြီလကုန်ပိုင်းလောက်မှာ မင်းတပ်က တူမီးတွေနဲ့ စစ်ကားတွေကို သိမ်းပြလိုက်နိုင်ခဲ့တယ်။ အဲဒီတုန်းက တူမီးတွေနဲ့ ဘာကြောင့်တိုက်နိုင်ခဲ့တာလဲ။

ဖြေ ။ ။ အဲဒီတုန်းကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ကို မထီမဲ့မြင်ပြုလို့ ကျနော်တို့ တောင်းဆိုနေတာကို ဒီကောင်တွေက ရပါတယ်ကွာ၊ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးဆိုပြီး ကျနော်တို့ကို စော်ကားတဲ့အတွက်ကြောင့် ရရာလက် နက်ကို ဆွဲကိုင်ပြီး တော်လှန်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတုန်းက မောင်းပြန်ဆိုတာ ဘာမှန်းတောင် မသိခဲ့ဘူး။ တူမီးခါးချိုးတွေတောင်မှ အသက်ကြီးပိုင်းတွေမှာပဲ ရှိတော့ တာကိုး။ တော်တော်များများ လူငယ်တွေမှာ တူမီးခါးချိုးတွေတောင် ကိုင်လေ့မရှိဘူး။ နောက်တခု အဲဒီတုန်းက သူတို့ ကျရှုံးတာက ကျနော်တို့ဘက်က စည်းလုံးမှုတွေလည်း အများကြီးပါတယ်။ တမြို့လုံး၊ တနယ်လုံးက စည်းလုံးညီညွတ်စွာနဲ့ အောင်ပွဲဆင်နိုင်ခဲ့တယ်။ ကျနော် တို့ကို ဒီကောင်တွေ သေနတ်တောင်မပစ်တတ်တာ ဘာလုပ်နိုင်မှာလဲဆိုတဲ့ အထင်သေးစိတ်နဲ့ တက်လာတဲ့အခါမှာ အလူးအလဲခံလိုက်ရတဲ့ အနေအထားပေါ့။

မေး ။ ။ ချင်းညီနောင်ရဲ့ လှုပ်ရှားနယ်မြေတွေက ဘယ်မြို့နယ်တွေလဲ။ အခုဘယ်မြို့နယ်တွေ လွတ်မြောက်ပြီလဲ။

ဖြေ ။ ။ ကျနော်တို့ရဲ့ လှုပ်ရှားနယ်မြေတွေက မင်းတပ်မြို့နယ်၊ ကန်ပလက်မြို့နယ် ရှိမယ်။ ပြီးလို့ရရှိရင် မတူပီမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်ရှိမယ်။ ZFU ဇိုလန်းလို့ ပြောလိုက်တာနဲ့ တီးတိန်နဲ့ တွန်းဇံက တခါတည်းပါပြီး သားပါ။ အဲဒီလိုပုံစံမျိုးနဲ့ ကျနော်တို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဆိုတော့ ဒီခြောက်မြို့နယ်ပေါ့လေ။ လောလောဆယ် မလွတ် မြောက်သေးတာက ဖလမ်းနဲ့ တီးတိန်မြို့နယ် ဖြစ်ပါတယ်။ ဖလမ်းမြို့နယ်ကတော့ အခုတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနေ အထား ရှိတယ်။ တီးတိန်မြို့နယ်ကတော့ နောက်ဆုံးလက်ကျန်တခု ဖြစ်ပါလိမ့်မယ်။

ချင်းတောင်ပိုင်းနှင့် ယောနယ်ပြ မြေပုံ (ဧရာဝတီ)

မေး ။ ။ ဖလမ်းကလည်း နောက်ဆုံးစခန်းကုန်းတခုပဲ ကျန်တော့တာဆိုတော့ တီးတိန်မှာက စစ်ကောင်စီအင်အား ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ တီးတိန်မှာ ခလရ ၂၆၉ တပ်ရင်း အခိုင်အမာ တပ်စွဲထားတာရှိတယ်၊ နယ်မြေခံရဲနဲ့ ပူးပေါင်းထားတော့ အင်အား အထိုက်အလျောက် ရှိတယ်၊ တီးတိန်က ကလေးနဲ့ တအားကြီးမဝေးတဲ့ အနေအထားပေါ့။ ဒါပေမယ့် ကျနော်တို့ မင်းတပ် အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီးဝေးတယ်လို့ ပြောလို့ရပါတယ်။ ကျောက်ထုတပ်ထိုင်ထား တဲ့နေရာနဲ့ မင်းတပ်ဆိုရင် ၁၅ မိုင်လောက်ပဲဝေးတယ် ။ ဒါကိုတောင်မှ ကျနော်တို့ ကြိုးစားပြီးတော့ လုပ်နိုင်ခဲ့တယ်။

တီးတိန်ဘက်မှာတော့ ကလေးနဲ့ မိုင် ၄၀ ကျော် ၅၀ လောက် ကွာဝေးတဲ့ အနေအထားမှာဆိုရင် စစ်ကူလာရင်လည်း ကျနော်တို့ ဖြတ်တောက် ပြီးတော့ ရှင်းလင်းနိုင်မယ်လို့ ယုံကြည်ထားတယ်။

စစ်ရဲ့ သဘောတရားမှာကတော့ ချက်ချင်းဖြစ်တာတွေလည်း ရှိတယ်၊ ဥပမာ မင်းတပ်က အခိုင်အမာတွေကို ကျနော်တို့ ဖြိုလိုက်နိုင်တဲ့အခါမှာ ကန်ပက်လက်က အလိုအလျောက် စွန့်ခွာသွားတယ်။ ကျနော်တို့ ဖလမ်းကို အချိန် မြန်မြန်နဲ့ သိမ်းပိုက်တယ်ဆိုရင် တီးတိန်က စွန့်ခွာတာမျိုးမဖြစ်ဘူးလို့လည်း ပြောလို့မရဘူး။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
29
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
68
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
40

ကျနော်တို့ရဲ့ ရည်မှန်းချက်က မြန်လေကောင်းလေပေါ့။ နှစ်မကုန်ခင် သိမ်းပိုက်နိုင်မယ့် အနေအထားက ပြောလို့မရ သေးဘူး။ ကျနော်တို့ရဲ့ အခြေအနေကို ပြန်ချိန်ပြီးတော့ ထိုးစစ်တွေလုပ်နေတဲ့အခါမှာ အင်အားအကန့်အသတ်နဲ့ ကြန့်ကြာမှုဆိုတာရှိန်ိုင်တယ်။ အမြန်ဆုံးတော့ ကျနော်တို့ သိမ်းဆည်းဖို့ ကြိုးစားမယ်။ ကျနော်တို့ရဲ့ ပစ်မှတ်က တီးတိန်မှာ စကစ လုံးဝ ကင်းစင်ရမယ်။

မေး ။ ။ ချင်းညီနောင်လှုပ်ရှားမြေမှာ မြို့နယ်တခုလောက်ပဲ ကျန်တော့တဲ့အခြေအနေဆိုပေမယ့် ချင်းလန်း ကောင်စီ (CC) လှုပ်ရှားရာ ပြည်နယ်မြို့တော် ဟားခါးတို့ ထန်တလန်တို့ကျန်တယ်၊ ချင်းပြည်နယ် တခုလုံး လွတ်မြောက်ဖို့ဆိုရင် ဒီအဖွဲ့တွေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားဖို့ရှိလဲ။

ဖြေ ။ ။ ဟားခါးဆိုတာက ချင်းအားလုံးနဲ့သက်ဆိုင်တဲ့မြို့ဖြစ်ပါတယ်။ ကျနော်တို့နဲ့လည်း တစိတ်တပိုင်း သက်ဆိုင်တဲ့ မြို့ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခွင့်သာရမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။ ကျနော်တို့က ချင်းပြည် ရယ်လို့ မဟုတ်ပါဘူး။ အခြားနေရာတွေမှာတောင် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။

ကျနော်တို့ရဲ့ ချင်းပြည်၊ ကျနော်တို့ရဲ့ ချင်းလူမျိုး လွတ်မြောက်ဖို့အတွက်ဆိုရင် ပိုပြီးတော့တောင် ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် မြေပြင်မှာ ပဋိပက္ခတွေ အသွင်ဆောင်စေနိုင်တဲ့ တဖွဲ့နဲ့တဖွဲ့လေးစားမှု မရှိတာတို့ပေါ့လေ။ ငါလည်းချင်းပဲကွ၊ ငါနဲ့ဆိုင်တယ်ဆိုပြီး ထင်ရာစိုင်းပြီးတော့ ဟားခါးမှာတော့ ကျနော်တို့သွားလုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပူးပေါင်းဆောင် ရွက်ခွင့်သာ ရမယ်ဆိုရင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်ချင်တယ်။

ဟားခါးတင်မကပါဘူး ထန်တလန်ကိုလည်း ပူးပေါင်း ဆောင်ရွက်ချင်တယ်။ အဓိက ကျနော်တို့ စိတ်ဝင်စားတာ က ချင်းပြည်တခွင်လုံးမှာ စကစ ကင်းစင်ရေးနဲ့ ကျနော်တို့နဲ့ စပ်ဆက်နေရာတွေကို ကျနော်တို့ လုပ်ခွင့်သာတဲ့ အနေအထားမှာ အစွမ်းကုန်ကြိုးစားပြီး လုပ်သွားဖို့ရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ အမြဲအသင့်ရှိပါတယ်

(ချင်းညီနောင်စစ်ဆင်ရေးတွင် အာရက္ခတပ်တော် (AA) သည်လည်း မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်လျက်ရှိရာ AA နှင့် မဟာမိတ်ဆက်ဆံရေး အခြေအနေများနှင့်ပတ်သက်၍ အင်တာဗျူး ဒုတိယပိုင်းအဖြစ် ထပ်မံဖော်ပြပေးသွားမည်)

You may also like these stories:

တော်လှန်ရေးခရီးက တဖက်မှာ နိုင်ငံရေး မိုးလေဝသတွေ ရှိနေတယ်

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

“BPLA အညာကို ဝင်တယ် ပြောတာထက် အညာကို ပြန်လာတယ်လို့ပဲ ပြောရမှာ”

ချင်းနဲ့ တူမီး၊ တူမီးနဲ့ ချင်း

Your Thoughts …
Tags: CDF မင်းတပ်Operation CBချင်းညီနောင်ချင်းပြည်နယ်စစ်ဦးစီးချုပ်ဆလိုင်းထန်ချွမ်းဖေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်

မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်

by စောလွင်
19 June 2024
13.2k

စစ်ကောင်စီ၏ စစ်ဗျူဟာရှိရာ မတူပီမြို့ကို ထိုးစစ်ဆင်နေသည့် ချင်း တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ သေဆုံး ဒဏ်ရာရမှုများ ရှိကြောင်း

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.8k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

စစ်ရေးအရှိန်မြင့်လာနိုင်သည့် ယောဒေသ

စစ်ရေးအရှိန်မြင့်လာနိုင်သည့် ယောဒေသ

by ဧရာဝတီ
21 January 2025
7.9k

ချင်းတောင်ပိုင်း မင်းတပ်မှ ကျောက်ထုသို့၊ ကန်ပက်လက်မှ ဆောသို့၊ ကျင်ဒွေးမှ လောင်းရှည်သို့ မိုင် ၂၀ ခန့်သာရှိပြီး ယောဒေသ တော်လှန်ရေးအင်အားစုများမှ ယောနယ်နှင့် ပုံတောင်ပုံညာကို ထိန်းချုပ်နိုင်ပါက ပခုက္ကူခရိုင်ကိုလည်း ဆက်လက်ခြိမ်းခြောက်လာနိုင်ခြေရှိသည်

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

by အေးချမ်းဆု
19 October 2023
7.6k

ကချင်ပြည်နယ်အတွင်းရှိ PDF များကို ကချင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) များအဖြစ် ဖွဲ့စည်းပြီး KIA က ဌာနတခုအသစ်ဖွင့်၍ တိုက်ရိုက် ကိုင်တွယ်သည်။

Next Post
ဘုတလင်မှာ အရပ်သား ၁၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထား (ရုပ်/သံ)

ဘုတလင်မှာ အရပ်သား ၁၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထား (ရုပ်/သံ)

မံစီမြို့စောင့်တပ် KIA ထံ လက်နက်ချ (ရုပ်/သံ)

မံစီမြို့စောင့်တပ် KIA ထံ လက်နက်ချ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved