ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ မံစီမြို့ကြားက မြို့စောင့်တပ် ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၃၁၉ ၊ ခမရ ၆၀၁ နဲ့ အမြှောက်တပ်ရင်း (အမတ ၅၂၃) တပ်တွေကနေ တိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချသူတွေရှိနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အတည်ပြု ပြောဆိုပါတယ်။
အဲဒီတပ်ရင်းတွေကို ကွပ်ကဲနေသူတွေထဲက တပ်ရင်းမှူးတွေဟာ တပ်ထဲကနေ ထွက်ပြေးသွားပြီး သေဆုံးလား လက်နက်ချထဲပါဝင်လားဆိုတာ အတည်မပြုရသေးဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး စစ်မျက်နှာ ခုနစ်ခုနဲ့ ဗန်းမော်၊ မံစီဒေသကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခုခံနေပေမဲ့ KIA က အမတ ၅၂၃ ၊ ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ တွေအတွင်းထိ ဝင်ရောက်တိုက်ခိုက်နေပြီလို့ ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













