• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မံစီရှိ တပ်ရင်းဌာနချုပ်များ KIA ဝင်တိုက်

by ဧရာဝတီ
26 December 2024
in သတင်း
A A
မံစီရှိ တပ်ရင်းဌာနချုပ်များ KIA ဝင်တိုက်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်သားများ (Kachin News Group)

3k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်တို့က ဗန်းမော်ခရိုင် မံစီမြို့မှ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၃၁၉ ၊ ခမရ ၆၀၁နှင့် အမြောက်တပ် အမတ-၅၂၃ တို့ကို ဒီဇင်ဘာ ၄ရက်နေ့ကတည်းက တိုက်ခိုက်နေရာ မြေမြန်တပ်ရင်း ခမရ-၃၁၉ တပ်ရင်းမှူးထွက်ပြေးနေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တိုက်ပွဲက ပြင်းထန်နေပါတယ်။ မံစီ ၃၁၉ ရဲ့ တပ်ရင်းမှူးကတော့ အပြင်ဘက်ရောက်တယ်လို့ ပြောတယ်၊ ကျသွားတာ လားတော့ တိတိကျကျအတည်ပြု ပြောလို့ မရဘူး။ လောလောဆယ်သိမ်းထားတဲ့ အခြေအနေတော့ မရှိဘူး ” ဟု သူက ပြောသည်။

မံစီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ကူပေးခြင်းနှင့် ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး အမြောက်တပ် အမတ-၅၂၃မှ လက်နက်ကြီးများ ဗန်းမော်ဘက်သို့ ရွှေ့နေ ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

KIA တို့က အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်နှင့် မံစီမြို့မှ တပ်စခန်းများအား ဒီဇင်ဘာ ၄ ရက်မှစ၍ တပြိုင်နက်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲများပြင်းထန်လျက်ရှိရာ ဒေသခံ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရပြီး ဗန်းမော်မြို့ခံအချို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

ဗန်းမော်တိုက်ပွဲတွင် KIA ပူးပေါင်းတပ်များက စစ်တပ်စခန်းချရာ နည်းပညာတက္ကသိုလ်နှင့် မြို့ပတ်လည်ရှိ ကာကင်းစခန်း များအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်များက ဗီဒီယိုမှတ်တမ်းများနှင့်တကွ လူမှုကွန်ရက်တွင် ဖော်ပြနေကြသည်။

KIA ပြန်ကြားရေးဌာနကမူ စခန်းသိမ်းပိုက်မှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုများအား တရားဝင် အတည်ပြုခြင်း မရှိသေးသော်လည်း KIA ပူးပေါင်းတပ်ဖွဲ့ဝင်များ ဗန်းမော်မြို့တွင်း ရပ်ကွက်အချို့တွင် ဝင်ရောက်နေရာယူထားနိုင်ပြီ ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49
ဗန်းမော်မှ တိမ်းရှောင်လာသော စစ်ရှောင်ကားများ/ သုညသုခ ပရဟိတလူငယ်အသင်း

ဗန်းမော်အခြေအနေကို ဆက်တိုက်ဖော်ပြပေးနေသည့် Banmaw Scout Team ၏ အဆိုအရ KIA ပူးပေါင်းတပ်များက စကခ-၂၁ တပ်ရင်းဌာနချုပ်ကာကင်းစခန်းများအား သိမ်းပိုက်ထားကာ စကခ-၂၁ ကို ဝိုင်းရံပိတ်ဆိုထားကြောင်း၊ ဗန်းမော် အခြေစိုက် တပ်ရင်းဌာနချုပ်များကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။

ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲများအတွင်း သောင်းချီသော အရပ်သားများမှာ ရွှေကူ၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ မန္တလေး စသည့် ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကာ မြို့တွင်း၌လည်း ပိတ်ကျန်နေသူများ ရှိကြောင်း သိရသည်။

မြေပြင်အချက်အလက်များအရ အရပ်သားထိခိုက်သေဆုံးမှုမှာ မြို့တွင်းနာရီစင်အနီး၊ ၂ မိုင်ရပ်ကွက်နှင့် သိမ်တော်ကြီး ဘုရားဝင်းတို့၌ အများဆုံးဖြစ်ကြောင်းနှင့် မြို့အတွင်း ပြည်သူ သောင်းဂဏန်းခန့်ကျန်နေသေးကြောင်းလည်း Banmaw Scout Team က ယမန်နေ့တွင် ဆိုထားသည်။

ဗန်းမော် နည်းပညာတက္ကသိုလ်ရှေ့တွင် တွေ့ရသော တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး/Banmaw Scout Team

ဒေသခံ လူမှုကူညီရေးအသင်းများမှာ မြို့အတွင်း ဝင်ရောက်နိုင်ခြင်း မရှိတော့ဘဲ မိမိအစီအစဉ်ဖြင့် ဗန်းမော်မှ ရေကြောင်း ကတဆင့် ရွှေကူမြို့နယ်၊ စင်းခန်းရွာဘက်သို့ ထွက်လာနိုင်သူများအား မန္တလေးအပါအဝင် ၎င်းတို့သွားလိုသည့် နေရာများ သို့ ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း ၎င်းကပြောသည်။

လက်ရှိ မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများ နေရာချထားရေးနှင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာအပါအဝင် လိုအပ်နေပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အသင်းအဖွဲ့များအနေဖြင့် အမြန်ဆုံး ကူညီထောက်ပံ့ပေးကြရန် လူမှုကူညီရေး လုပ်ဆောင်နေသူများက တောင်းဆိုထားသည်။

ဗန်းမော်နှင့် မံစီဒေသမှ စစ်ဘေးရှောင်သူများမှာ KIA သိမ်းထားပြီးဖြစ်သော မိုးမောက်မြို့နယ်နှင့် ဒေါ့ဖုန်းယန်ဒေသတို့ရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေသူများလည်းရှိနေပြီး မိုးမောက်မြို့နယ်၌ လူဦးရေ ၁၁၀၀၀ ကျော်နှင့် ဒေါ့ဖုန်းယန်တွင် ၂၈၀၀ ကျော် ခိုလှုံလျက်ရှိကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ဖော်ပြသည်။

ဗန်းမော်မြို့သည် မန္တလေးနှင့် ရေလမ်းကုန်းလမ်းနှစ်ခုလုံးတိုက်ရိုက်ဆက်သွယ်နိုင်သည့်အပြင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လွယ်ဂျယ်မြို့နှင့်လည်း ဆက်သွယ်နိုင်သည့်အတွက် စစ်ရေး၊ စီးပွားရေးအရ အရေးပါပြီး KIA အနေဖြင့် ဗန်းမော်နှင့် မံစီအား သိမ်းပိုက်နိုင်ပါက ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတခုလုံးတွင် တိုက်ခိုက်သိမ်းပိုက်ရန် ရွှေကူမြို့နှင့် ဝိုင်းမော်မြို့တို့သာ ကျန်ရှိတော့မည်ဖြစ်သည်။

You may also like these stories:

ဗန်းမော်မြို့တွင်း ပိတ်မိနေသူအချို့ လက်နက်ကြီးမှန်

တရုတ်က နယ်စပ်ပြန်ဖွင့်သော်လည်း ဗန်းမော်တိုက်ပွဲရပ်ဖို့ ဖိအားပေးနေ

ကချင်စစ်မျက်နှာမှ ဗန်းမော် စစ်ဆင်ရေး

ဗန်းမော်ကို စစ်ဆင်နေချိန် KIA ကို တရုတ် ခေါ်ယူဆွေးနွေး

Your Thoughts …
Tags: KIAဗန်းမော်မံစီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
ရာသီဥတုဖောက်ပြန်မှုက ကချင်မြေ၌ ရွှေတူးမှု ပိုဆိုးလာစေ

ရာသီဥတုဖောက်ပြန်မှုက ကချင်မြေ၌ ရွှေတူးမှု ပိုဆိုးလာစေ

ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ပါ

ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ပါ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved