စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကို ဒီဇင်ဘာလ ၂၅ရက်နေ့က ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်း ဟာ ဒေသခံ ၁၀၀ နီးပါးကို ဖမ်းဆီးသွားပြီး မြို့ပေါ်မှာ တပ်စွဲနေတယ်လို့ ဘုတလင် PDF တွေထံက သိရပါတယ်။
စစ်ကြောင်းဟာ မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နမခ) ကနေ ဘုတလင် တောင်ပိုင်း တလျှောက်က ကံသစ်၊ ပဇီးတော၊ သရက်တိုရိုး အစရှိတဲ့ရွာတွေကို ဖြတ်ကာ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး၊ လမ်းကြောင်းတလျှောက်က အရပ်သားပြည်သူမှန်သမျှကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစစ်ကြောင်းဟာ တပ်မ(၇၇) နဲ့ တပ်မ(၃၃) လက်အောက်ခံ တပ်ရင်းတွေ စုပေါင်းထားပြီး၊ စည်ပါရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ တပ်ရင်းမှူးလည်း ပါတယ်လို့ ပြောပေမယ့် ဧရာဝတီအနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်အင်အားနည်းနေတဲ့ စစ်တပ်ဟာ နေရာအနှံ့မှာ ပေါ်တာဆွဲနေတဲ့ဖြစ်ရပ်တွေ ရှိနေတာကြောင့် အခုလို ဒေသခံပြည်သူ ၁၀၀ နီးပါးဖမ်းဆီးခံရတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy