• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး

by ဧရာဝတီ
11 July 2024
in သတင်း
A A
စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး

ဦးသိမ်းဝေ ခေါ် ဆာ့ဂျ်ပန်းအား မကြာမီ တရားစွဲမည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်

9.9k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ကောင်စီသည် အထင်ရှားဆုံး ခရိုနီလုပ်ငန်းရှင်များအနက် တဦးဖြစ်သူ ဦးသိမ်းဝေ ခေါ် ဆာ့ဂျ်ပန်းအား သူ၏ ရိုးမဘဏ်နှင့် Yoma Strategic Holdings Ltd အမှုဆောင်များနှင့်အတူ လွန်ခဲ့သောလကတည်းက ဖမ်းဆီးထားသည်ဟု သူ၏ စီးပွားရေးလုပ်ငန်းများနှင့် မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

သူနှင့် အခြားကုမ္ပဏီအရာရှိများစစ်မေးခံနေရပြီး နေပြည်တော်တွင် နေအိမ်အကျယ်ချုပ် ဖမ်းထားသည်ဟု သတင်းရင်းမြစ်များပြောသည်။ မကြာမီ တရားစွဲခံရတော့မည်ဟု လည်း ဆိုကြသည်။

ယမန်နေ့ ဇူလိုင်လ ၁၀ ရက် နေပြည်တော်တွင် စစ်ကောင်စီ၊ ဗဟိုဘဏ်နှင့် ဘဏ်လုပ်ငန်းရှင်များကြား ပြုလုပ်သော အစည်းအဝေး၌ ဘဏ်လုပ်ငန်းရှင် အတော်များများ တက်ရောက်ကြသော်လည်း ရိုးမဘဏ် ကိုယ်စားလှယ်များကို မတွေ့ရသဖြင့် ဘဏ်ရှေ့ရေး သို့လော သို့လော ဖြစ်စေသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
124
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

ဦးသိမ်းဝေကို စစ်ကောင်စီက နေပြည်တော်တွင် ခေါ်ယူစစ်မေးနေကြောင်း ကုမ္ပဏီဘက်ကလည်း အတည်ပြုခဲ့ပြီး စင်ကာပူနိုင်ငံရှိ ရိုးမလုပ်ငန်းစု (Yoma Strategic Holdings) ၏ အစုရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့သည်။

YSH ၏ အစုရှယ်ယာများသည် ဇူလိုင်လ ၁၀ ရက်တွင် ၂၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့ပြီး ယင်းကျဆင်းမှုနှုန်းသည် ၃ နှစ်အတွင်း အများဆုံးကျဆင်းမှုဖြစ်ကြောင်း စင်ကာပူအခြေစိုက် The Straits Times က ဖော်ပြထားသည်။

ဦးသိမ်းဝေနှင့် အခြားကုမ္ပဏီအရာရှိများသည် ၎င်းတို့၏ ဘဏ်မှတဆင့် ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူသူ မြန်မာနိုင်ငံသားကို အိမ်ရာချေးငွေထုတ်ပေးပြီး မြန်မာဗဟိုဘဏ်က ခွင့်ပြုသည့် ပမာဏထက် အိမ်ရာချေးငွေ ထုတ်ပေးကာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖေါက်သည်ဟု စွပ်စွဲခံနေရသည်။

အသက် ၇၁ နှစ်ရှိပြီဖြစ်သော ဦးသိမ်းဝေကို စစ်ကောင်စီက ဒုတိယအကြိမ် စစ်မေးခြင်းဖြစ်သည်။ ထိုင်းတွင် ကွန်ဒိုဝယ်ရန် ငွေထုတ်ချေးသောကြောင့် ဇွန်လ အစောပိုင်းတွင်သူ့ကိုစစ်ဆေးသည်။ ရက်အနည်းငယ် အကြာတွင် သူ့ကို ပြန်လွှတ်ပေးသော်လည်း သူ့ “အခြေအနေ မကောင်း” ဟု မိသားစုနှင့်နီးစပ်သည့် သတင်းရင်းမြစ်များပြောသည်။

ဆာ့ဂျ်ပန်းဟုလည်းခေါ်သည့် ဦးသိမ်းဝေသည် သူ၏လုပ်ငန်း ၂ ခုဖြစ်သော စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings Ltd နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် First Myanmar Investment Co. Ltd. (FMI) တို့မှတဆင့် ဘဏ္ဍာရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ၊ ကုန်သွယ်ရေး၊ အစားအစာနှင့်ယမကာ စသည့် လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်သည့် ရိုးမအုပ်စု လုပ်ငန်းစုဥက္ကဌဖြစ်သည်။ Yoma Strategic Holdings သည် မြန်မာတွင် KFC လုပ်ငန်းခွဲလုပ်ခွင့်ရသည့် လုပ်ငန်းဖြစ်သည်။

မြန်မာတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်ခုခံရေးအုပ်စုများသည် နေပြည်တော်ကို မတိုက်ခိုက်သေးကြောင်းနှင့် ထိုသို့တိုက်ခိုက်ရန်လည်း အစီအစဉ်မရှိဟု ယုံကြည်ကြောင်း သူ ပြောကြားသည့် ဗီဒီယိုတခုပေါက်ကြားပြီးနောက် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဝေဖန်ခံရသည်။ သူ၏ပြောကြားချက်များသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစုကြီးများကို ပိုင်ဆိုင်သူများ၏ အမြင်ဟု မြင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ အာရုံစိုက်ရာ မြို့တော်နေပြည်တော်နှင့် မြို့ပြဒေသများကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားသည်ကို မြင်လိုကြသည်ဟု ယူဆပြီး ကျယ်ကျယ်ပြန့်ပြန့် မုန်းတီးမှုခံရသည်။

အများပြည်သူဒေါသနှင့် သူရင်ဆိုင်ရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ မြန်မာနိုင်ငံကို ထူးခြားစွာ အကျိုးဆောင်သောကြောင့်ဟုဆိုကာ သူ့ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် သီရိပျံချီဘွဲ့ပေးအပ်ခဲ့သည်။

ဦးသိမ်းဝေသည် ဘဏ်လုပ်ငန်းကိစ္စများအတွက် နေပြည်တော်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း Yoma Strategic Holdings က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ “သူ့ကို တရားစွဲဆိုထားတာ မရှိဘူး” ဟု ရိုးမအုပ်စု အမှုဆောင်အရာရှိချုပ်နှင့် ဆာ့ဂျ်ပန်း၏သား မယ်လ်ဗင် ပန်း ပြောသည်။

ဆာ့ဂျ်ပန်းမိသားစုနှင့် နီးစပ်သည့် နိုင်ငံခြား စီးပွားရေးသမားတဦးက “သူဟာ နှလုံးရောဂါလည်း ခံစားနေရပြီး နေပြည်တော်က ဆေးရုံမှာ ကုသမှုခံနေရတယ်လို့ ကျနော်တို့ကြားတယ်” ဟု ဟု လွန်ခဲ့သောလတွင် ပြောသည်။

“ဆာ့ဂျ်ပန်းကို ဖမ်းထားဆဲဖြစ်ပေမယ့် မယ်လ်ဗင်ပန်းက သောကြာနေ့မှ စင်္ကာပူကိုသွားပြီလို့ ကျနော့်ကိုပြောကြတယ်” ဟု အင်္ဂါနေ့တွင် သူ ထပ်ပြောသည်။

ဦးသိမ်းဝေနှင့် အမှုဆောင်အရာရှိ အချို့ နေပြည်တော်တွင် ဆက်လက်ဖမ်းဆီးခံနေရပြီး စစ်မေးခံနေရသည်ဟု ဆာ့ဂျ်ပန်း ဥက္ကဌအဖြစ်ဆောင်ရွက်သည့် ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် First Myanmar Investment (FMI) မှ ဒါရိုက်တာအချို့နှင့် နီးကပ်သည့် သတင်းရင်းမြစ်တခုကလည်း အင်္ဂါနေ့တွင် အတည်ပြုသည်။

ဦးသိမ်းဝေကို ဖမ်းဆီးထားခြင်းအား ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (UMFCCI) ၏ ညီနောင်အသင်း အမှုဆောင် ပြည်တွင်းစီးပွားရေးသမားတဦးကလည်း အတည်ပြုသည်။

“ထိုင်းမှာ ကွန်ဒိုဝယ်သူတွေကို သူ့ရဲ့ ရိုးမဘဏ်ကတဆင့် အိမ်ရာချေးငွေထုတ်ပေးလို့ သူ့ကို ပစ်မှတ်ထားတာလို့ ကျနော်တို့ကြားတယ်။ စစ်မေးရာမှာလည်း အဓိကက အဲဒီကိစ္စလို့ သိရတယ်” ဟု သူပြောသည်။

Yoma Strategic Holdings သည် ဇွန်လအစောပိုင်းတွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ထိုင်းတွင် ကွန်ဒိုဝယ်သည့် မြန်မာနိုင်ငံသားများကို အိမ်ရာချေးငွေထုတ်မပေးကြောင်း ငြင်းဆန်သည်။

ထိုစွပ်စွဲချက်အပြင် ရိုးမဘဏ်သည် ဗဟိုဘဏ်က ခွင့်ပြုသည့် ပမာဏထက် အိမ်ရာချေးငွေ ပိုမိုထုတ်ပေးသောကြောင့် ယခုလအစောပိုင်းတွင် အရေးယူမှုခံရသည့် ပုဂ္ဂလိကဘဏ် ၇ ခုတွင် ပါဝင်သည်။

You may also like these stories:

ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ

ဘဏ်များကို ဗဟိုဘဏ် ငွေထုတ်မပေးနိုင်တော့

ဘဏ်များ အရေးယူမည့်ကိစ္စ အိမ်ခြံမြေ ဈေးကွက် ထိခိုက်နိုင်

ပိတ်ဆို့မှုများထက် စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီ ပို အကျပ်ရိုက်

လစာတိုးပေးသော အလုပ်ရှင်များအား မြန်မာပြည်တွင် ဖမ်းနေသည်

Your Thoughts …
Tags: SliderYoma Strategic HoldingsYoma Strategic Holdings Ltdခရိုနီစ်ကောင်စီဆာ့ဂျ်ပန်းဖမ်းဆီးရိုးမဘဏ်ပိုင်ရှင်ဦးသိမ်းဝေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
စစ်သားတွေက တိုက်ဖို့ထက်ပြေးဖို့ပဲ အားသန်နေတယ် (ရုပ်/သံ)

စစ်သားတွေက တိုက်ဖို့ထက်ပြေးဖို့ပဲ အားသန်နေတယ် (ရုပ်/သံ)

စစ်ကောင်စီ ထိန်းသည့်ကြား ရွှေနှင့် ဒေါ်လာဈေးတက်

စစ်ကောင်စီ ထိန်းသည့်ကြား ရွှေနှင့် ဒေါ်လာဈေးတက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved