မြန်မာစစ်တပ်သည် စစ်မျက်နှာအများအပြားမှ ဆုံးဖြတ်ချက် ပြတ်သားသည့် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် ဆိုးရွားသော သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု သင်ခန်းစာကို လေ့လာနေရသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တပ်များသည် ပြည်တွင်းစစ်ကို ပြန်လည်မီးမွှေးပြီး ၎င်း၏ စစ်ယန္တရားကို မောင်းနှင်ရန် တစတစ ပိုမို အကုန်အကျများသည့် ဓာတ်ဆီ၊ ဒီဇယ်နှင့် လောင်စာဆီရရေးအတွက် လှည့်ပတ်ကြံစည်နေရသည်။
လောင်စာဆီကို ရုရှားလုပ် ဗုံးကြဲလေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အတွက်သာမက ထရပ်ကားနှင့် တပ်ဖွဲ့သယ်ဆောင်ရေး သံချပ်ကာယာဉ်များ၊ ကွပ်ကဲရေး ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးဌာနများ၊ စစ်ဆေးရုံများနှင့် အရာရှိအိမ်ရာများမှ မီးစက်များအတွက်ပါ လိုအပ်နေသည်။
စစ်တပ်က တိုက်ခိုက်ရန် လိုအပ်သည့် အခြေခံလက်နက်နှင့် ပစ္စည်းအများစုကို ထုတ်လုပ်သည့် စစ်တပ်ပိုင်စက်ရုံ ၂၅ ရုံမှ မီးစက်များအတွက်လည်း ဈေးကြီးသော ဒီဇယ်ကို လိုအပ်သည်။ ထိုအခြေခံထုတ်ကုန်များတွင် သေနတ်များနှင့် ခဲယမ်းများ၊ ပြည်တွင်းထုတ် ထပ်ဆင့်ကွဲဗုံးများနှင့် မြန်မာလေတပ်က သုံးနေသည့် ပေါင် ၅၀၀ ဗုံးများ ပါဝင်သည်။ ဇွန်လ အစောပိုင်းတွင် စစ်ကိုင်းတိုင်းမှ မင်္ဂလာဧည်ခံပွဲ တခုကို ဗုံးကြဲသောအခါ လူအနည်းဆုံး ၂၇ ဦး သေဆုံးသည်။
မြန်မာသို့ ပေးပို့သော လောင်စာဆီကို ပိတ်ဆို့ရေး လိုလားသူများ အခက်တွေ့လာသည်။ လောင်စာသည် စစ်တပ်အတွက်သာမက အရပ်သား သယ်ယူပို့ဆောင်ရေး၊ ဆေးရုံများနှင့် စိုက်ပျိုးရေးအတွက်လည်း မရှိမဖြစ် လိုအပ်သည့် ရင်းမြစ်ဖြစ်သည်။
လက်ရှိအချိန်အထိ နိုင်ငံတကာ အာရုံစိုက်မှုသည် စစ်ကောင်စီက လေယာဉ်ဆီ တင်သွင်းသည့်အပေါ်သာ ရှိနေသော်လည်း မည်သည့်လောင်စာမှ မရှိပါက စစ်တပ်သည် ယန္တရား ရပ်ဆိုင်းသွားမည် ဖြစ်သည်။ ထိုနေရာတွင် မြန်မာသို့ ပေးပို့သော လောင်စာဆီကို ပိတ်ဆို့ရေး လိုလားသူများ အခက်တွေ့လာသည်။ လောင်စာသည် စစ်တပ်အတွက်သာမက အရပ်သား သယ်ယူပို့ဆောင်ရေး၊ ဆေးရုံများနှင့် စိုက်ပျိုးရေးအတွက်လည်း မရှိမဖြစ် လိုအပ်သည့် ရင်းမြစ်ဖြစ်သည်။
“လေယာဉ်ဆီနဲ့ အခြားလောင်စာတွေအကြား ကွဲပြားမှုက နှစ်မျိုးလုံးကို စစ်ဘက် အရပ်ဘက် သုံးနိုင်ပေမယ့် လေယာဉ်ဆီက စစ်ရာဇဝတ်မှုတွေနဲ့ ပိုမို လွယ်ကူစွာ ဆက်စပ်နေနိုင်တယ်” ဟု Nikkei Asia သို့ ဂျနီဗာ အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) မှ ဝါရင့်သုတေသီ မွန်ဆီဖာရာက ပြောသည်။

မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့မှုများသည် ကွက်ကျားဖြစ်နေသည်။ မင်းအောင်လှိုင် အာဏာသိမ်းပြီး နောက်တပတ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အုပ်ချုပ်ရေးပိုင်းအမိန့် ၁၄၀၁၄ ကို ထုတ်ပြန်ကာ ထိုအမိန့် ၁ (က) ၁ သည် အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါနှင့် ဥရောပသမဂ္ဂက မြန်မာစစ်တပ် အသိုက်အဝန်းတခုလုံး၏ ပိုင်ဆိုင်မှုများနှင့် အကျိုးစီးပွားများကို ပစ်မှတ်ထားသည်။ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်တို့ကလည်း စစ်တပ်၏ စစ်ဆင်ရေး လုပ်နိုင်စွမ်းကို ဖိအားပေးရန် စစ်တပ်အတွက် လက်နက်ထောက်ပံ့သူများ အပါအဝင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထား အရေးယူမှုများ ချမှတ်သည်။
သို့သော် လောင်စာဆီတင်သွင်းမှု ပိတ်ပင်ရန် အရေးယူမှုများသည် မပြတ်သားသည့် အောင်မြင်မှုများသာ ရသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးဆောင်သည့် အားထုတ်မှုများသည် ကုလသမဂ္ဂ အေဂျင်စီတခုက ရခိုင်ပြည်နယ်သို့ လေကြောင်းမှ ပို့ဆောင်နေသည့် ကာကွယ်ဆေး ဖြန့်ချိမှုကို ထိခိုက်ပြီး ပြည်သူအတွက် ဆိုးကျိုးဖြစ်မည်ကို စိုးရိမ်သောကြောင့် ရပ်ဆိုင်းသွားသည်။
လောင်စာဆီနှင့် လက်နက်အတွက် အခြားပစ္စည်းများ တင်သွင်းရာတွင် ပါဝင်ပတ်သက်သည့် မြန်မာကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုသစ်များကို ယခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့သည်။ ဘိုင်ဒင် အစိုးရသည် စိုးရိမ်ပူပန်စရာ နယ်ပယ်များစာရင်း၏ မြန်မာ စီးပွားရေး အကြံပေးချက်တွင် လေယာဉ်ဆီကို ဇန်နဝါရီလက ထည့်သွင်းလိုက်သည်။
အခြေအနေက ပိုမို ကျပ်လာနေသည်။ အဓိကမြို့ကြီးများ၏ ပြင်ပတွင် စစ်ကောင်စီသည် ကျယ်ပြန့်လှသော နယ်မြေများကို တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးနေပြီး နိုင်ငံ၏ ထက်ဝက်အောက်ကိုသာ ထိန်းချုပ်ထားနိုင်ဖွယ် ရှိသည်။ ထို့ကြောင့် စစ်ကောင်စီထိန်းချုပ် ဒေသများအကြား လောင်စာဆီ သယ်ယူပို့ဆောင်ရေးသည် ပိုမိုထိခိုက်လွယ်လာသည်။ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ၂၀၁၉ ခုနှစ်စာရင်းအရ ဓာတ်ဆီဆိုင် ၂,၆၀၀ ကျော်သို့ အများအပြား ဖြန့်ချိရန် မြစ်ကြောင်းသွား ဆီတင်သင်္ဘောများ မရှိသောကြောင့် ဆီဘောက်ဆာကားများနှင့် ထရပ်ကားများသည် လောင်စာများကို တနိုင်ငံလုံးသို့ ပို့ဆောင်ရမည်ဖြစ်သည်။
နိုင်ငံသည် ၁၉၈၈ ခုနှစ်က အခြေအနေသို့ ရောက်လုနီးပါးဖြစ်နေသည်။ ထိုစဉ်က စစ်အုပ်စု ဗိုလ်ချုပ်မှူးကြီး စောမောင်၏ စစ်အစိုးရသည် အာဏာသိမ်းသော်လည်း နိုင်ငံ၏ မည်သည့်နယ်စပ်ကိုမှ ထိန်းချုပ်ထားခြင်း မရှိပေ။ ထို့ကြောင့် မည်သည့် နယ်စပ်ကုန်သွယ်ရေးမဆိုသည် မှောင်ခိုကုန်သွယ်ခြင်း ဖြစ်သည်။
နိုင်ငံသည် ၁၉၈၈ ခုနှစ်က အခြေအနေသို့ ရောက်လုနီးပါးဖြစ်နေသည်။ ထိုစဉ်က စစ်အုပ်စု ဗိုလ်ချုပ်မှူးကြီး စောမောင်၏ စစ်အစိုးရသည် အာဏာသိမ်းသော်လည်း နိုင်ငံ၏ မည်သည့်နယ်စပ်ကိုမှ ထိန်းချုပ်ထားခြင်း မရှိပေ။ ထို့ကြောင့် မည်သည့် နယ်စပ်ကုန်သွယ်ရေးမဆိုသည် မှောင်ခိုကုန်သွယ်ခြင်း ဖြစ်သည်။
ထိုစဉ်က မြန်မာစစ်တပ်ကို ယန္တရားမပါသည့် ခြေလျင်တပ်မများဖြင့်သာ ဖွဲ့စည်းထားပြီး ၎င်းတို့သည် ခြေကျင်ကင်းလှည့်ရတတ်သည်။ ယနေ့ လောင်စာဆီ ရှားပါးမှုသည် တပ်များ အလျင်အမြန် ဖြန့်ကြက်ခြင်းကို ပိုမို အနှောင့်အယှက် ဖြစ်လာသည်။ စစ်ကောင်စီတပ်များသည် တပ်ဖွဲ့လိုက် လက်နက်ချသည့် ပြင်းထန်သော စစ်မြေပြင် ရှုံးနိမ့်မှုများ မတိုင်မီ လွန်ခဲ့သောနှစ်ကပင် အင်အား ၉၅,၀၀၀ အထိ ကျဆင်းလာသည်ဟု ခန့်မှန်းရသည်။
နက်ရှိုင်းလာနေသော အကျပ်အတည်း
စစ်ကောင်စီ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှု အလွဲအမှားများသည် ပိုမိုထင်ရှားလာသောကြောင့် ရိုးရှင်းသော စီးပွားရေးသည်ပင် အရေးယူပိတ်ဆို့မှုများထက် ပိုမိုပြီး အထိနာဖွယ်ရှိသည်။
ဇွန်လက ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ မြန်မာကျပ်ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ၂၀၂၃ နှစ်ကုန်ကထက် ၂၀ ရာခိုင်နှုန်း ကျဆင်းပြီး ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ထက် အနည်းငယ်သာ ကျဆင်းသည်။
၂၀၂၄ ခုနှစ်၊ မတ်လအထိ ၆ လအတွင်း ပို့ကုန် ၁၃ ရာခိုင်နှုန်း ကျဆင်းပြီး သွင်းကုန်သည်လည်း ယခင်နှစ် အလားတူ ကာလကထက် ၂၀ ရာခိုင်နှုန်း ကျဆင်းကြောင်း အထက်ပါ အစီရင်ခံစာအရ သိရသည်။ တချိန်တည်းတွင် ၂၀၂၃ ခုနှစ်က အထည်ချုပ်လုပ်ငန်းပြီးလျှင် နိုင်ငံအတွက် နိုင်ငံခြားငွေအရဆုံးဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုသည် မတ်လအထိ ၆ လအတွင်း ၂၃ ရာခိုင်နှုန်း ကျဆင်းသည်။
မြန်မာသည် လောင်စာဆီ မထုတ်သလောက်ဖြစ်ပြီး ခေတ်မီ ရေနံဓာတုစက်ရုံများလည်း မရှိသောကြောင့် ထိုသို့ မြင့်မားလာနေသည့် နိုင်ငံခြားငွေ မလုံလောက်မှုသည် မြန်မာ့စွမ်းအင်ကဏ္ဍကို အထူးသဖြင့် ထိခိုက်စေသည်။ လောင်စာဆီ အားလုံးနီးပါးကို တင်သွင်းရပြီး နိုင်ငံခြားငွေမာဖြင့် ပေးချေရသည်။
တင်သွင်းရသည့် ဓာတ်ဆီကို စစ်ကောင်စီတပ်များက ရွာလုံးကျွတ်ပျက်ဆီးစေသည့် ရွာမီးရှို့ရာတွင်လည်းသုံးပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေအိမ်၊ ဘုန်းကြီးကျောင်း၊ ဗလီနှင့် ခရစ်ယာန် ဘုရားကျောင်းများ အပါအဝင် အဆောက်အအုံ ၇၀,၀၀၀ ကျော် မီးရှို့ခံရကြောင်း အချို့စာရင်းများအရ သိရသည်။
မကြုံစဖူး များပြားလှသည့် နယ်မြေဆုံးရှုံးမှုများအပြီး ယနေ့တွင် တရုတ် သို့မဟုတ် ထိုင်းမှ ကုန်းလမ်းဖြင့် လောင်စာတင်သွင်းခြင်းသည်လည်း စစ်ကောင်စီအတွက် ပိုမိုပြဿနာရှိလာသည်။ ရေကြောင်းမှတဆင့် စင်ကာပူမှ လောင်စာ တင်သွင်းခြင်းသည် ပိုမိုလွယ်ကူပြီး မြန်မာနိုင်ငံ လောင်စာတင်သွင်းမှု၏ ၆၆ ရာခိုင်နှုန်း အနည်းဆုံးရှိသည်ဟု ကုလသမဂ္ဂ Comtrade အချက်အလက်များအရ သိရသည်။
ရေနံထုတ်ကုန် ကုန်ချောများ၏ ၉၆ ရာခိုင်နှုန်းကို တင်သွင်းရပြီး အဓိကအားဖြင့် စင်ကာပူမှတင်သွင်းကာ စင်ကာပူ ရေနံထုတ်ကုန်ဈေးကွက် ပေါက်ဈေးဖြင့် တင်သွင်းရသည်ဟု မြန်မာစွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးက ပြောကြောင်း ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသန အင်စတီကျု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရေနံထုတ်ကုန် ကုန်ချောများ၏ ၉၆ ရာခိုင်နှုန်းကို တင်သွင်းရပြီး အဓိကအားဖြင့် စင်ကာပူမှတင်သွင်းကာ စင်ကာပူ ရေနံထုတ်ကုန်ဈေးကွက် ပေါက်ဈေးဖြင့် တင်သွင်းရသည်ဟု မြန်မာစွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးက ပြောကြောင်း ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသန အင်စတီကျု အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် မြန်မာသည် မကြာမီ အနာဂတ်တွင် ကြီးမားသော ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်ထားဟု ပြောသော်လည်း နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု မည်သူကပေးမည်ကို ရှင်းပြခြင်းမရှိပေ။
တရုတ်ပြီးလျှင် စင်ကာပူသည် မြန်မာ၏ ဒုတိယအကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သည်။ ကုလသမဂ္ဂ Comtrade အချက်အလက်များအရ စင်ကာပူက မြန်မာနိုင်ငံသို့ ပို့ကုန်သည် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၇၄ ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၃၂ ဘီလီယံသို့ ထိုးတက်သွားသော်လည်း ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံသို့ ပြန်လည် ကျဆင်းသည်။ ၂၀၂၂ ခုနှစ်တွင် ထိုပို့ကုန်များ၏ ၉၃ ရာခိုင်နှုန်းနီးပါးသည် တွင်းထွက်လောင်စာများ၊ လောင်စာဆီများ၊ ရေနံချက်ပစ္စည်းများဖြစ်သည်ဟု အမျိုးအစားဖော်ပြသည်။ ၂၀၂၃ ခုနှစ်တွင် ထိုကုန်ပစ္စည်းများ ၉၄ ဒသမ ၅ ရာခိုင်နှုန်းသို့ တက်သွားပြီး ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖိုး ရှိသည်။
စစ်တပ်က လောင်စာတင်သွင်းခြင်းကို ဦးစားပေးနေရသောကြောင့် သာမန် မြန်မာပြည်သူများ၏ နေ့စဉ် ပကတိ အခြေအနေသည် ဆိုးရွားနေသည်။ ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကို အများအားဖြင့် မှီခိုနေရသည့် မဟာဓာတ်အားလိုင်းသည် အချိန်အများစုတွင် ပြတ်တောက်နေသည်။ ၂၀၂၁ ခုနှစ် အစောပိုင်းက အာဏာသိမ်းမှု နောက်ပိုင်းတွင် လောင်စာဆီ ဈေးနှုန်းများ လေးဆတက်သွားပြီး ယခင်က တလီတာလျှင် ၆၀၀ ကျပ် (ယနေ့ တရားဝင်ငွေဈေးအရ ၁၈ ဆင့်) သာရှိရာမှ ယခုနှစ် ဇွန်လနှောင်းပိုင်း လောင်စာရသည့် အချိန်များတွင် တလီတာ ၂,၅၀၀ ကျပ် (၇၇ ဆင့်) သို့ တက်သွားသည်။

၂၀၂၂ ခုနှစ်မှ စတင်၍ တင်းကျပ်သော လောင်စာခွဲတမ်း ချမှတ်ထားပြီး ကားသမားများသည် ဆီဖြည့်ရန် Facebook တွင် အချက်အလက်မျှဝေသော အဖွဲ့များနှင့် မှောင်ခိုဈေးကွက်ကို အသုံးပြုကြရသည်။ အငှားယာဉ်မောင်းသူ အများအပြားသည် ကားများကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီး လယ်သမားများလည်း ၎င်းတို့ စက်ယန္တရားများကို မောင်းနှင်နိုင်ခြင်း မရှိတော့ပေ။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လောင်စာအကြီးအကျယ် ပြတ်တောက်သောကြောင့် လောင်စာဆီ ဆိုင်များနှင့် စက်ရုံများ ပိတ်ရသည်။ အမြတ်ထုတ်လိုသူများသည် ဒီဇယ် တလီတာလျှင် ၅,၀၀၀ ကျပ်အထိ ရောင်းပြီး နေပြည်တော်မှ စက်သုံးဆီဆိုင် ခြောက်ဆိုင် ပိတ်လိုက်ကြောင်း လွတ်လပ်သော သတင်းဌာနတခုဖြစ်သည့် Myanmar Now က ဖော်ပြခဲ့သည်။ ထိုသို့ လောင်စာဆီ အကြီးအကျယ် မလုံလောက်မှုကို ဖော်ပြသည့်အနေဖြင့် အဆင့်မြင့်ရဲအရာရှိများအတွက်ပင် ဒီဇယ်နှင့် ဓာတ်ဆီကို ခွဲတမ်းဖြင့်ပေးသည်။
လောင်စာဆီဈေးနှုန်း အကြီးအကျယ်တက်ပြီး ထိုသို့ ဆက်လက်တက်နေမည့် အဓိကအကြောင်းရင်းတခုမှာ ကျပ်ငွေကို တရားဝင် ရည်ညွှန်းငွေလဲနှုန်းနှင့် ချိတ်ဆက်ရန် စစ်တပ်က ဆိုးရွားစွာ အားထုတ်နေပြီး ကျပ်ငွေတန်ဖိုး ထိုးစိုက်ဆင်းခြင်း ဖြစ်သည်။ ဒီဇင်ဘာလ ရောက်သောအခါ မြန်မာဗဟိုဘဏ်သည် လောင်စာတင်သွင်းသူများသို တရားဝင်ငွေလဲနှုန်း ၂,၁၀၀ ကျပ်ဖြင့် ရောင်းချပေးရန် ဒေါ်လာမရှိတော့ပေ။ ဈေးကွက်ဈေးနှုန်း တဒေါ်လာ ၃,၄၀၀ ကျပ်သို့ ရောက်လာသောအခါ လောင်စာဆီဈေးနှုန်း မြင့်တက်ပြီး ကျယ်ပြန့်သော မလုံလောက်မှုများ ဖြစ်လာသည်။ ဈေးကွက်ငွေလဲနှုန်းသည် ဇွန်လအစောပိုင်းတွင် တဒေါ်လာ ၄,၃၀၀ ကျပ်အထိ ရောက်လာသည်။
Comtrade အချက်အလက်များနှင့် အခြား သတင်းရင်းမြစ်များက ပြည်ပမှလောင်စာသည် မြန်မာဗိုလ်ချုပ်များအတွက် မည်မျှအရေးကြီးသည်ကို အတည်ပြုနေသည်။ ဒီဇယ်နှင့်ဓာတ်ဆီ အများစုပါသည့် စွမ်းအင်တင်သွင်းမှုကြောင့် မြန်မာသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ အနည်းဆုံး ကုန်ကျခဲ့ပြီး စုစုပေါင်းသွင်းကုန်၏ ၃၂ ရာခိုင်နှုန်းရှိသည်။
Comtrade အချက်အလက်များနှင့် အခြား သတင်းရင်းမြစ်များက ပြည်ပမှလောင်စာသည် မြန်မာဗိုလ်ချုပ်များအတွက် မည်မျှအရေးကြီးသည်ကို အတည်ပြုနေသည်။ ဒီဇယ်နှင့်ဓာတ်ဆီ အများစုပါသည့် စွမ်းအင်တင်သွင်းမှုကြောင့် မြန်မာသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ အနည်းဆုံး ကုန်ကျခဲ့ပြီး စုစုပေါင်းသွင်းကုန်၏ ၃၂ ရာခိုင်နှုန်းရှိသည်။
စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ်သည် အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံများသို့ မြန်မာက ဓာတ်ငွေ့တင်ပို့သည့် တန်ဖိုးထက် များစွာ ပိုမိုနေသည်။ ထိုသို့ တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံဖိုးရှိပြီး နိုင်ငံ စုစုပေါင်း ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းရှိသည်။
ထိုင်းနှင့် တရုတ်၏ တရားဝင်စာရင်းများကို အခြေခံပါက မြန်မာ၏ ဒုတိယအကြီးမားဆုံး နိုင်ငံခြားငွေရင်းမြစ်ဖြစ်သည့် ဓာတ်ငွေ့တင်ပို့မှု တန်ဖိုးသည် ယခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံခန့်သို့ ကျဆင်းမည် ဖြစ်သည်။ အဓိကကျသည့် ရွှေ၊ ရတနာ၊ ရဲတံခွန်နှင့် ဇောတိက ဓာတ်ငွေ့လုပ်ကွက်များမှ ထုတ်လုပ်မှု ထိုးစိုက်ဆင်းမည်ဟု ခန့်မှန်းထားသောကြောင့် ထိုအခြေအနေသည် ပိုမိုဆိုးရွားလာရန်သာ ရှိသည်။
“ဓာတ်ငွေ့ထုတ်လုပ်မှုသည် ၂၀၃၀ ပြည့်နှစ် ရောက်သောအခါ လက်ရှိထုတ်လုပ်မှု၏ ၇၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းရပြီး ကျားကန်ပေးရန် အစီအစဉ်လည်း မရှိပေ” ဟု မြန်မာလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အကြံပေးဟောင်း ဂွီလျူးမ် ဒီ လန်ဂါက ဒီဇင်ဘာလတွင် ရေးသားခဲ့သည်။ “မြန်မာမှ ဓာတ်ငွေ့သိုက်များ ကုန်ခန်းမှု နီးကပ်လာပြီး ၂၀၂၁ ခုနှစ်မှ စတင်ပြီး ထိုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများအားလုံး ရပ်ဆိုင်းသွားခြင်းနှင့်အတူ ထိုင်း-မြန်မာ စွမ်းအင်ဆက်ဆံရေးသည် တချိန်ကလောက် အပြန်အလှန် မှီခိုမှု ရှိတော့မည် မဟုတ်ပေ” ဟုလည်း ၎င်းက ဆက်လက်ရေးသားသည်။
ပြည်ပမှ တင်သွင်းသည့် လောင်စာအပေါ် မြန်မာ၏ မှီခိုမှုကို အခြား ထိခိုက်လွယ်မှုတခုကလည်း ပိုမို ဆိုးရွားစေသည်။ စစ်ကောင်စီ၏ ဒုတိယအားနည်းချက်မှာ အဓိကလောင်စာဆီ တင်သွင်းသည့် လမ်းကြောင်းဖြစ်သော စီးပွားရေးမြို့တော် ရန်ကုန်မှ ၁၆ ကီလိုမီတာခန့်ဝေးသည့် သီလဝါဆိပ်ကမ်း ဖြစ်သည်။
သီလဝါမှ လောင်စာဆီတင်သွင်းသည့် ဆိပ်ကမ်းများသည် လက်ရှိအချိန်အထိ မြန်မာတွင် အကြီးမားဆုံးဖြစ်ပြီး စစ်ကောင်စီ၏ စွမ်းအင်အသက်သွေးကြောတွင် အရေးပါသော အချိတ်အဆက်ဖြစ်သည်။ ထိုဆိပ်ကမ်း၏ စုစုပေါင်း စွမ်းအင်သိုလှောင်နိုင်စွမ်းသည် ရက်ပေါင်း ၉၀ မှ ၁၅၀ ခန့်အတွက် လုံလောက်ရုံသာ ရှိသည်။
အနည်းငယ်မျှသော လောင်စာပေးပို့မှုများသည် ထိုင်းနယ်စပ်များကို ဖြတ်ကျော်ပြီး မြိတ်သို့ ရောက်ကြသည်။ ထိုဆိပ်ကမ်းသည် တနင်္သာရီတိုင်းတောင်ဘက်ပိုင်းမှ လူသိနည်းသော ဆိပ်ကမ်းဖြစ်ပြီး လောင်စာဆီမှောင်ခိုကူးမှု များပြားသည်။ သို့သော် ရေနံထုတ်ကုန် ကုန်ချောအများစုကို ကုန်ချသည့်နေရာမှာ သီလဝါဖြစ်သည်။ အဓိက ရေနံထုတ်ကုန်များမှာ ဒီဇယ်နှင့် ဓာတ်ဆီဖြစ်သော်လည်း လေယာဉ်ဆီလည်း ပါဝင်ပြီး လေယာဉ်ဆီကို ယခင် ပူးမားဆိပ်ကမ်းတွင် ချသည်။
ဖြန့်ချိရေး အခြေခံအဆောက်အအုံ မလုံလောက်သောကြောင့် ၂၀၂၂ ခုနှစ်က လိုအပ်ခဲ့သည့် ဆီတင်ကားများသည် သီလဝါဆိပ်ကမ်းမှ လောင်စာကို တင်ဆောင်ပြီး တနိုင်ငံလုံးသို့ ပို့ဆောင်ရမည်ဖြစ်သောကြောင့် အဘက်ဘက်တွင် တော်လှန်ရေးအင်အားစုများထံ နယ်မြေဆုံးရှုံးနေသည့် စစ်ကောင်စီအတွက် နောက်ထိခိုက်လွယ်မှုတခု ဖြစ်စေပြန်သည်။
“စစ်တပ်သည် လောင်စာဆီ ဖြန့်ချိရေး ကွင်းဆက်တခုလုံးကို ထိန်းချုပ်ထားသောကြောင့် ပြည်ပလုပ်ငန်းများ အနေဖြင့် ၎င်းတို့သည် အရပ်ဘက် ဂျက်လေယာဉ်များအတွက် A1 လေယာဉ်ဆီများကိုသာ ရောင်းချခြင်း မဟုတ်ကြောင်း မပြောနိုင်ပေ။ လောင်စာဆီများ သီလဝါမှ သိုလှောင်ကန်များသို့ ရောက်သွားသောအခါ ထိုလောင်စာဆီကို စစ်တပ်လေယာဉ်များအတွက် လွှဲပြောင်အသုံးပြုမည် မဟုတ်ဟု မည်သူမှ အာမခံနိုင်ခြင်း မရှိပေ” ဟု မြန်မာသို့ လေယာဉ်ဆီတင်ပို့မှု ပိတ်ဆို့အရေးယူရန် အားထုတ်မှုများနှင့် ပတ်သက်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amenesty International-AI ၏ လွန်ခဲ့သောနှစ်က အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်က တွေ့ရသည့် လေယာဉ်ဆီ တိုက်ရိုက်ရောင်းချမှုများကို သွယ်ဝိုက်ရောင်းချမှု အနည်းဆုံး ခုနစ်ကြိမ်ဖြင့် အစားထိုးခဲ့ပြီး စုစုပေါင်း ၆၇ ကီလိုတန်ကို ဗီယက်နမ်မှတဆင့် ပေးပို့သည်ဟု ယခုနှစ် နောက်ဆက်တွဲ အစီရင်ခံစာတွင် AI က ပြောသည်။
၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်က တွေ့ရသည့် လေယာဉ်ဆီ တိုက်ရိုက်ရောင်းချမှုများကို သွယ်ဝိုက်ရောင်းချမှု အနည်းဆုံး ခုနစ်ကြိမ်ဖြင့် အစားထိုးခဲ့ပြီး စုစုပေါင်း ၆၇ ကီလိုတန်ကို ဗီယက်နမ်မှတဆင့် ပေးပို့သည်ဟု ယခုနှစ် နောက်ဆက်တွဲ အစီရင်ခံစာတွင် AI က ပြောသည်။ လောင်စာများကို မြန်မာသို့ မရောက်မီ အကြိမ်ကြိမ် ဝယ်ခဲ့ရောင်းခဲ့ကြောင်းလည်း အဆိုပါအဖွဲ့က ပြောသည်။
ဗီယက်နမ် အကောက်ခွန်စာရင်းများကို စစ်ဆေးပြီး AI သည် လောင်စာကို ဗီယက်နမ်သို့ မတင်ပို့မီ ဝယ်ယူသည့် ကုန်သည်များကို ခြေရာခံကာ အထင်ရှားဆုံးကုန်သည်မှာ ဒူဘိုင်းအခြေစိုက် BB Energy က ပုဂ္ဂလိကပိုင် စင်ကာပူအခြေစိုက် လုပ်ငန်းခွဲ BB Energy (Asia) Pte Ltd., အဖြစ် ဖော်ပြသည်။ Nikkei က မှတ်ချက်ပေးရန် မေတ္တာရပ်ခံသည်ကို BB Energy Asia က တုံ့ပြန်ခြင်း မရှိပေ။
“ကျနော်တို့ရဲ့ ပထမ အစီရင်ခံစာ ထွက်လာတာနဲ့ တပြိုင်နက် စစ်ကောင်စီက လုပ်ပုံကိုင်ပုံ ပြောင်းလိုက်တယ်” ဟု AI မှ ဖာရာက ပြောသည်။ “ဒီကိစ္စကို အောင်မြင်အောင်လုပ်ဖို့ ဒေသတွင်းမှာ မဟာမိတ်တွေရှိနေလို့ သူတို့ စိတ်မပူကြဘူး။ ကြုံသလို လုပ်နေတဲ့နည်းလမ်းက အလုပ်မဖြစ်ဘူး။ မြန်မာစစ်တပ်က အရေးယူပိတ်ဆို့မှုကို ကွေ့ရှောင်တဲ့ အတွေ့အကြုံ ဆယ်စုနှစ်များစွာ ရှိတယ်” ဟုလည်း ၎င်းက ပြောသည်။
မပြတ်သားသော စည်းများ
လေယာဉ်ဆီအပြင် ရေနံဓာတုပစ္စည်း ကုန်ချောများ မြန်မာသို့ ပို့ဆောင်ခြင်းသည် အများအားဖြင့် ရိုးရှင်းပြီး ထိုကိစ္စတခုတည်းသည် တရားမဝင် မဟုတ်သလို အရေးယူနိုင်သောကိစ္စလည်း မဟုတ်ပေ။ ပြည်ပကုမ္ပဏီတခုက မြန်မာမှ အရေးယူပိတ်ဆို့ခံထားရသည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်နှင့် စီးပွားရေး ငွေပေးငွေယူ လုပ်သောအခါ အနောက်တိုင်း အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်မှုဖြစ်ပွားသည်။ အနောက်တိုင်း အရေးယူပိတ်ဆို့သော အင်အားကြီးနိုင်ငံများသည် နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများနှင့် မြန်မာ၏ အိမ်နီးချင်းနိုင်ငံများကို ပစ်မှတ်မထားမိစေရန် အထူးဂရုစိုက် ချင့်ချိန်သည်။
ဒီဇယ်နှင့် ဓာတ်ဆီများကို စင်ကာပူမှ သီလဝါသို့ သင်္ဘောအမည်များရှေ့တွင် MT (Motor Tanker) ဟု ဖော်ပြထားပြီး ရေနံ သို့မဟုတ် ဓာတုပစ္စည်းတင် သင်္ဘောဖြစ်ကြောင်း ပြသသည့် သင်္ဘော ၅၀ စီးခန့်က ပို့ဆောင်သည်။
ကျယ်ပြန့်ပြီး ရေနောက်သည့် ရန်ကုန်မြစ်လက်တက်ခွဲတွင် တည်ရှိသော မြန်မာနိုင်ငံ၏ ထိုအဓိကဆိပ်ကမ်းကို မြန်မာက စီမံပြီး တရုတ်မှ Hutchison Port Holdings က ပိုင်သည်။ Hutchison Port Holdings သည် ကမ္ဘာတဝန်းမှ ဆိပ်ကမ်း ၅၀ ခန့်ကို ပိုင်ဆိုင်ပြီး ဗြိတိသျှဗာဂျင်ကျွန်းစုတွင် ကုမ္ပဏီမှတ်ပုံတင်ထားသည်။

လောင်စာပေးပို့မှုများကို သီလဝါမှ အမျိုးမျိုးသော သွင်းကုန်အုပ်စုများက စီမံသည့် သိုလှောင်ကန်ခြံဝင်း ရှစ်ခုတွင် ချသည်။ ရန်ကုန်အခြေစိုက် Brighter Energy သည် အရေးယူပိတ်ဆို့ခံထားရသည့် စစ်တပ်လုပ်ငန်းစုကြီး နှစ်ခုအနက် တခုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင်သည့် မြေဧက ၁၇၀ တွင် ဒီဇယ်နှင့် ဓာတ်ဆီ လီတာ သန်း ၁၀၀ သိုလှောင်နိုင်သည့် သိုလှောင်ကန် ၁၅ ခုကို လွန်ခဲ့သောနှစ်တွင် တည်ဆောက်ပြီးစီးသည်။
“ပေါ်လာတဲ့ အဓိကမေးခွန်းကတော့ မြန်မာမှာ အကြီးမားဆုံး တင်သွင်းသူတွေဖြစ်တဲ့ ခရိုနီတွေက အဓိက ရေနံလုပ်ငန်းကြီးတွေ လိမ်လို့ မရအောင် လုပ်ထားတဲ့ စည်းမျဉ်းတွေကို ဘယ်လို ကျော်ဖြတ်နေလဲ ဆိုတာပဲ” ဟု အမည်မဖော်လိုသည့် လောင်စာဖြန့်ချိရေးလုပ်ငန်း အတွင်းလူတဦးက Nikkei သို့ ပြောသည်။
“ဒီလူတွေ အားလုံးဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအရဖြစ်စေ၊ သွယ်ဝိုက် အဆက်အသွယ်တွေကြောင့်ဖြစ်စေ နိုင်ငံရေးအရ ဖွင့်ချခံရပြီးသူတွေ ဖြစ်တယ်။ ဘဏ်တွေက ဒါကို လောင်စာတင်သွင်းသူတွေအဖြစ် သိသလို သိလည်း သိသင့်တယ်” ဟု ၎င်းက ပြောသည်။
လေယာဉ်ဆီ ပိတ်ဆို့ခြင်းသည် မြန်မာ၏ လေကြောင်းလုပ်ငန်းကို ထိခိုက်စေမည် သို့မဟုတ် ရပ်ဆိုင်းသွားစေရန် အလားအလာရှိသည်ဟု Global Witness က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာကို အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာလေတပ်သည် စွမ်းဆောင်ရည်ကောင်းသည့် သို့မဟုတ် အလွန်မြင့်မားသည့် အမြင့်ပေတွင်ဖြစ်စေ၊ လေယာဉ်ချင်း စီးချင်းထိုးရာတွင်ဖြစ်စေ လေယာဉ်ဆီ မခဲစေရန် အဆင့်မြင့်လေယာဉ်ဆီ မလိုအပ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာလေတပ်သည် လေထဲတွင် ရန်သူမရှိဘဲ အလွန်မြင့်မြင့်မားမား မပျံသန်းသောကြောင့် ဖြစ်သည်။ ထိုလေယာဉ်များကို ဗုံးကြဲရန်နှင့် ထောက်လှမ်းရေးလုပ်ရန်သာ အသုံးပြုသည်။
မြန်မာသည် မြို့ပြလေကြောင်း လိုအပ်ချက်များနှင့် ဘက်စုံသုံး လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ အပါအဝင် ရုရှားနှင့် တရုတ်လုပ် ဂျက်လေယာဉ်များ၊ တာဘိုလေယာဉ်များအတွက် အခြေခံ A1 လေယာဉ်ဆီကို အသုံးပြုသည်။ လိုအပ်သော ပေါင်းစပ်ပစ္စည်းများကို အိန္ဒိယနှင့် ထိုင်းတွင် အလွယ်တကူ ဝယ်နိုင်ပြီး မြန်မာလေတပ်သည် စွမ်းဆောင်ရည်ကောင်းသည့် သို့မဟုတ် အလွန်မြင့်မားသည့် အမြင့်ပေတွင်ဖြစ်စေ၊ လေယာဉ်ချင်း စီးချင်းထိုးရာတွင်ဖြစ်စေ လေယာဉ်ဆီ မခဲစေရန် အဆင့်မြင့်လေယာဉ်ဆီ မလိုအပ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာလေတပ်သည် လေထဲတွင် ရန်သူမရှိဘဲ အလွန်မြင့်မြင့်မားမား မပျံသန်းသောကြောင့် ဖြစ်သည်။ ထိုလေယာဉ်များကို ဗုံးကြဲရန်နှင့် ထောက်လှမ်းရေးလုပ်ရန်သာ အသုံးပြုသည်။
ထိရောက်သော လေယာဉ်ဆီ ပိတ်ဆို့မှုသည် ပြည်တွင်းလေကြောင်းကို ရပ်ဆိုင်းစေပြီး မြန်မာ၏ အသက်ငင်နေသော ခရီးသွားလုပ်ငန်းကို မလှုပ်ရှားနိုင်အောင် ဖြစ်စေမည်။ နိုင်ငံတကာသို့ ပျံသန်းသည့် မြန်မာလေကြောင်းလိုင်းများသည် ပြည်ပတွင် ဆီဖြည့်နိုင်ကြသော်လည်း ထိုလေယာဉ်များ၏ လက်ကျန်ဆီများကို ဘေးကင်းစွာ အခြားနေရာတွင် ပြန်လည်ဖြည့်တင်းရန် မဖြစ်နိုင်ပေ။
“လေယာဉ်တစင်းကနေ အခြားတစင်းကို ပြောင်းထည့်ပေးတဲ့ လေယာဉ်ဆီကို အသုံးပြုလို့ ရတယ်လို့ မသတ်မှတ်ဘူး” ဟု ဘန်ကောက်မှ အငြိမ်းစား အမေရိကန်လေတပ် တပ်မှူးတဦးက Nikkei သို့ ပြောသည်။
“ပြည်တွင်းလေကြောင်းခရီးစဉ် လျော့ကျသွားသောကြောင့် အလားအလာရှိသော ရိုက်ခတ်မှုနှင့် စစ်တပ်၏ ဗုံးကြဲမှု၊ လေကြောင်းတိုက်ခိုက်မှုစွမ်းရည် ကျဆင်းခြင်းကြောင့် ကယ်နိုင်သော အသက်များကို ချိန်ဆရမည်ဖြစ်ပြီး အရေးယူမှု မရှိခြင်းကြောင့် လူသားချင်းစာနာမှုအတွက် ပေးဆပ်ရမှုသည် လေယာဉ်ဆီ ပိတ်ပင်မှုကြောင့် ဖြစ်လာနိုင်သည့် ရိုက်ခတ်မှုများထက် များစွာ ပိုမိုမြင့်မားသည်” ဟု Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည်။
အရေးယူပိတ်ဆို့မှု တိုက်ပွဲများ
အက်ကြောင်းများသည် နက်ရှိုင်းလာသည်။ မြန်မာက စင်ကာပူအပေါ် စွမ်းအင်အတွက်သာမက ဘဏ်လုပ်ငန်းနှင့် ကုန်သွယ်ရေး ပေးချေမှုများအတွက် ကာလကြာရှည်စွာ မှီခိုနေရခြင်းသည် အခြား ထိခိုက်လွယ်မှုတခု ဖြစ်သည်။ အနောက်တိုင်း တားဆီးပိတ်ပင်မှုများ ပိုမိုနက်ရှိုင်းလာပြီး နိုင်ငံခြားဘဏ်များသည် မြန်မာနှင့် ကုန်သွယ်ရေး၊ အထူးသဖြင့် လက်နက်နှင့် စွမ်းအင် ကုန်သွယ်ခြင်းကို ဝန်ဆောင်မှုပေးခြင်းကြောင့် ဖြစ်လာသည့် ဂုဏ်သတင်းထိခိုက်မှုနှင့် ပတ်သက်ပြီး ပိုမို စိုးရိမ်လာကြသောကြောင့် မြန်မာနှင့် စီးပွားရေးအရ ဆက်ဆံခြင်းသည် ပိုမိုပြဿနာများလာသည်။ လေယာဉ်ဆီ တင်ပို့မှုများ အပါအဝင် မြန်မာနှင့် ကုန်သွယ်ရေးဝန်ဆောင်မှုများတွင် ထိုင်းဘဏ်များ ပိုမိုပါဝင်ပတ်သက်လာသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အင်ဒရူးက ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာက မီးမောင်းထိုးပြသည်။
“စင်ကာပူဟာ စစ်ကောင်စီနဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာကို ကွဲပြားခြားနားတဲ့ နေရာတခု ဖြစ်လာတာ သေချာတယ်။ ဒါပေမယ့် ဘဏ်ဝန်ဆောင်မှုနဲ့ ငွေကြေးခဝါချမှုကနေ လေယာဉ်ဆီနဲ့ ဒီဇယ်လို စက်မှုထုတ်ကုန်တွေအထိ အထွတ်အထိပ်ရောက်အောင် လုပ်၊ မလုပ် ကျနော်တို့ စောင့်ကြည့်ရမယ်” ဟု ဝါရှင်တန် အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာ Nikkei သို့ ပြောသည်။ “ကျနော့်အမြင်အရကတော့ အဲဒီနယ်ပယ်ဟာ စင်ကာပူက ပူးပေါင်းဆောင်ရွက်မှု နည်းတဲ့နေရာလို့ ထင်တယ်” ဟုလည်း ၎င်းက ပြောသည်။
မြန်မာစစ်တပ်သည် လောင်စာဆီဖြန့်ချိရေးနှင့် ပတ်သက်သည့် မှားယွင်းသော ရှည်လျားသည့် သမိုင်းရှိသည်။ ၁၉၈၁ ခုနှစ် နွေရာသီတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ရှစ်သိန်းရှိသော မန္တလေးမှ ခြောက်ပုံ တပုံသည် မှောင်ခို လောင်စာဆီ သိုလှောင်မှုကြောင့် မီးလောင်ကျွမ်းပြီး ပျက်စီးသွားသည်။
စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ မြန်မာသို့ တင်ပို့မှုနှင့် ပတ်သက်သည့် မေးခွန်းကို လွန်ခဲ့သောနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က စာဖြင့်ဖြေကြားသည်။ စင်ကာပူ အစိုးရသည် မြန်မာအပေါ် အထွေထွေကုန်သွယ်ရေး ပိတ်ပင်မထားကြောင်း ၎င်းက ပြောသည်။
“မြန်မာဟာ ကျနော်တို့ ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာဖြစ်ပြီး မြန်မာ့စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ စုပေါင်းအားထုတ်မှု လိုတယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုတယ်” ဟု စင်ကာပူ ဒုဝန်ကြီးချုပ် ဂန်ကင်ယောင်က တိုကျိုတွင် ကျင်းပသည့် အာရှ အနာဂတ်ဖိုရမ်တွင် Nikkei သို့ မကြာသေးမီက ပြောသည်။

“ကျနော်တို့က ဒီကိစ္စကို အရမ်းအလေးအနက်ထားပြီး ကျနော်တို့နဲ့ မျှဝေနိုင်တဲ့ လှုပ်ရှားနိုင်တဲ့ ဘယ်တက်ကြွလှုပ်ရှားသူမဆို အဖွဲ့အစည်းမဆိုရဲ့ နောက်ထပ် သတင်း အချက်အလက်တွေ ရှိတယ်ဆိုရင် ကျနော်တို့က အဲဒီစိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့ ဝမ်းမြောက်ဝမ်းသာရှိပါတယ်” ဟုလည်း ၎င်းပြောသည်။
စစ်ကောင်စီသည် အရေးယူပိတ်ဆို့ခံရသည့် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများနှင့် အစိုးရအဖွဲ့အစည်းများ၏ ပြည်ပဆက်ဆံရေးများ ဖော်ထုတ်ခြင်းကို ခက်ခဲအောင် လုပ်နေသည်။ အမည်ခံကုမ္ပဏီသစ်များ ဆက်တိုက် ပေါ်လာနေပြီး မြန်မာတွင် မည်သည့်ကုမ္ပဏီကို မည်သူပိုင်ကြောင်း ဖော်ပြသည့် မြန်မာကုမ္ပဏီများ အွန်လိုင်း မှတ်ပုံတင်ခြင်းစနစ် (MyCO) ကို အများပြည်သူ ကြည့်ရှုခွင့်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ စတင် ဖြတ်တောက်လိုက်ထားသည်။
“အရေးယူပိတ်ဆို့မှုတွေကို ကျော်လွှားဖို့ Asia Sun နဲ့ Asia Puma က အမည်ပြောင်းလိုက်ဖို့ပဲ လိုတဲ့အတွက် အချက်အလက်တွေကို အွန်လိုင်းကနေ ဖြုတ်ချလိုက်တာဟာ စစ်ကောင်စီက လူလည်ကျတာပဲ။ ဒါကြောင့်မို့ ကျနော်တို့က အမြဲတမ်း အမီလိုက်နေရတယ်” ဟု ပါမောက္ခ အဘူဇာက ပြောသည်။
ဘဏ်များကို ဂုဏ်သိက္ခာဆိုင်ရာ ဖိအားပေးခြင်းအပြင် အရေးယူပိတ်ဆို့မှုများ ထိရောက်စေရေး သယ်ယူပို့ဆောင်ရေးအတွက် အကာအကွယ်နှင့် အာမခံလျော်ကြေးပေးသည့် (P&I) ရေကြောင်း အာမခံများ မပေးရေးကိုလည်း ဖိအားပေးသင့်သည်။ ရေနံတင်သင်္ဘောများ ရေနံယိုဖိတ်မှုအတွက် ပေးလျော်ရသည့် အာမခံ လျော်ကြေး လွန်စွာ မြင့်မားသောကြောင့် ထိုအာမခံ မပါလျှင် ဆိပ်ကမ်းများသို့ မကပ်နိုင်တော့ပေ။
ဘဏ်များကို ဂုဏ်သိက္ခာဆိုင်ရာ ဖိအားပေးခြင်းအပြင် အရေးယူပိတ်ဆို့မှုများ ထိရောက်စေရေး သယ်ယူပို့ဆောင်ရေးအတွက် အကာအကွယ်နှင့် အာမခံလျော်ကြေးပေးသည့် (P&I) ရေကြောင်း အာမခံများ မပေးရေးကိုလည်း ဖိအားပေးသင့်သည်ဟု ၎င်းက ပြောသည်။ ရေနံတင်သင်္ဘောများ ရေနံယိုဖိတ်မှုအတွက် ပေးလျော်ရသည့် အာမခံ လျော်ကြေး လွန်စွာ မြင့်မားသောကြောင့် ထိုအာမခံ မပါလျှင် ဆိပ်ကမ်းများသို့ မကပ်နိုင်တော့ပေ။
မကြာသေးမီက ကုလသမဂ္ဂ အစီရင်ခံစာသည် လက်နက်တင်ပို့မှုတွင် နိုင်ငံတကာ ဘဏ်လုပ်ငန်းစနစ်၏ အခန်းကဏ္ဍကို အဓိကအာရုံစိုက်ပြီး လောင်စာဆီ အာမခံကိစ္စကိုလည်း ဖော်ပြသည်။ “ရေကြောင်း အာမခံ မရှိလျှင် သင်္ဘောများသည် ကုန်တင်ရန်ဖြစ်စေ၊ ကုန်ချရန်ဖြစ်စေ ဆိပ်ကမ်းများသို့ကပ်ရန် ခွင့်ပြုချက်ရမည် မဟုတ်တော့ပေ” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကနေဒါ တနိုင်ငံတည်းကသာ မြန်မာသို့ လေယာဉ်ဆီ သယ်ဆောင်သည့် သင်္ဘောအတွက် P&I ရေကြောင်း အာမခံပေးခြင်းကို ပိတ်ပင်ထားကြောင်း ထိုအစီရင်ခံစာက မှတ်ချက်ချသည်။ မြန်မာသို့ လောင်စာပို့သည့် သင်္ဘောများကို အာမခံပေးနေသည့် ဗြိတိန်နှင့် ဥရောပသမဂ္ဂ အာမခံလုပ်ငန်းများရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် Global Witness က ဖော်ပြသည်ဟု ထိုအစီရင်ခံစာအရ သိရသည်။
“ကမ္ဘာမှာ အဲဒီလို P&I အာမခံပေးလုပ်တဲ့ အာမခံလုပ်ငန်း ဆယ်ဂဏန်းပဲရှိတယ်။ ဒါကြောင့် ရုရှားနဲ့ ရေကြောင်း ရေနံစိမ်းတင်ပို့တဲ့ ဥရောပက အဲဒီလို အာမခံလုပ်ငန်းတွေကို လုပ်တဲ့အတိုင်း ကျနော်တို့ ဘာကြောင့် မလုပ်နိုင်ရမှာလဲ” ဟု Nikkei သို့ ပါမောက္ခ အဘူဇာက ပြောသည်။
(Nikkei Asia ပါ Dominic Faulder ၏ Economic crisis likely to hit junta harder than sanctions as insurgents gain ground ကို ဘာသာပြန်သည်။ စင်ကာပူမှ ဒိုင်လန် လိုနှင့် တိုကျိုမှ တာမာယိုမူတို တို့က ပံ့ပိုးကူညီသည်။)
You may also like these stories:
မြန်မာ့စီးပွားရေး ဆက်လက် ထိုးဆင်းနေ
၂၀၂၄-၂၀၂၅ အတွင်း ဖြစ်နိုင်ဖွယ် စစ်ကောင်စီ၏ ခြေလှမ်းများ
စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး
အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို
လောင်စာဆီ အကျပ်အတည်းကြောင့် ကုန်စည်ပို့ဆောင်ရေး ခက်ခဲလာ
လောင်စာဆီအခက်ခဲ စားသုံးသူကို အကျပ်အတည်းဖြစ်စေ












