• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၂၄-၂၀၂၅ အတွင်း ဖြစ်နိုင်ဖွယ် စစ်ကောင်စီ၏ ခြေလှမ်းများ

by ဝေမင်းထွန်း
8 June 2024
in ဆောင်းပါး
A A
၂၀၂၄-၂၀၂၅ အတွင်း ဖြစ်နိုင်ဖွယ် စစ်ကောင်စီ၏ ခြေလှမ်းများ

ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးမင်းအောင်လှိုင်အား အာဏာလွှဲမည်လော/AFP

12k
VIEWS
Share on FacebookShare on Twitter

စစ်ရေးအခြေအနေ

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီသည် တနိုင်ငံလုံးအနှံ့တွင် စစ်ရေးအရ ထိုးနှက်ခံနေရသည့် ကာလဖြစ်၏။ တပြည်လုံးတွင် ဧရာဝတီတိုင်း၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့မှအပ နေရာအနှံ့ တိုက်ပွဲပြင်းထန်နေ၏။

ရှမ်းမြောက်၊ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ မွန်တို့တွင် တိုက်ပွဲများ ပြင်းထန်ပြီး စစ်စခန်းများစွာနှင့် မြို့ပေါင်း ၆၀ ကျော် လက်လွှတ်ဆုံးရှုံးနေ၏။ ရှမ်းတောင် ဆီဆိုင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ကလည်း စစ်သံပေးနေ၏။

ရခိုင်တောင်ပိုင်း သံတွဲခရိုင်တွင် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဧရာဝတီတိုင်းတွင်လည်း ဂယက်ရိုက်လာ၏။ စစ်ကောင်စီအတွက် စစ်ရေးအရ လောလောဆယ် စိတ်ချနေရသည့်နေရာမှာ ရှမ်းအရှေ့သာ ရှိ၏။

စစ်ရေးအရ ရှမ်းမြောက်၊ ကချင်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်းတိုင်း မြောက်ပိုင်းတို့တွင် ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့ဘဲ ခံစစ်စခန်းကြီးများ တည်ဆောက်ပြီး ခံစစ်သေဖြင့် ခုခံနေသည်ကို တွေ့ရ၏။ ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လများတွင် ရှမ်းတောင် ဆီဆိုင်ဒေသ၊ ကရင် ကော့ကရိတ်ဒေသ ဒေါနတောင်ကြောနှင့် ကရင်နီ လွိုင်လင်လေး၊ လွိုင်ကော်ဒေသတို့တွင် စစ်ကောင်စီက အကန့်အသတ်နှင့် ထိုးစစ်များ စတင်ခဲ့သည်ကို တွေ့ရ၏။

ကရင်ဒေသထိုးစစ်အား တပ်မတခု အင်အား ၁ ထောင်ကျော် သုံးသော်လည်း ထင်တိုင်း မပေါက်ခဲ့ပေ။ ကရင်နီဒေသ ထိုးစစ်အား ဗျူဟာတခု အင်အား ၅၀၀ ခန့် အသုံးပြုပြီး လွိုင်ကော်အား ပိတ်ဆို့ထားမှု ချေဖျက်ရန် ကြိုးစားနေ၏။ အဖြေမထွက်သေးပေ။

ဆီဆိုင်ထိုးစစ်ကမူ စစ်ကောင်စီ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်၏။ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးသည် ဆိုသည်မှာလည်း PDF များအား ချေမှုန်းနိုင်ခြင်းမရှိဘဲ PDF များကို ထောက်ခံသည်ဟု ယူဆသည့်ရွာများအား လိုက်လံမီးရှို့ပြီး အကြောက်တရားဖြင့် ခြိမ်းခြောက်ခြင်း၊ PDF တို့အား ထောက်ခံသည့် ရေသောက်မြစ်ဖြတ်ရန် ပြုလုပ်ခြင်းသာဖြစ်ပြီး အလုပ်မဖြစ်ပေ။

သို့ဖြစ်ရာ စစ်ကောင်စီသည် ၎င်းတို့ သာမည်ထင်သည့် နေရာ၊ မဖြစ်မနေ ထိုးစစ်ဆင်သည့် နေရာများအပ ကျန်သည့်နေရာအများစုတွင် ခံစစ်သေဖြင့်သာ ရင်ဆိုင်နေ၏။ အဓိက တပ်အင်အားလည်း မလုံလောက်ပေ။ ပဲခူးရိုးမကဲ့သို့ ဝိုင်းပတ်နိုင်သည့် ဒေသမျိုးတွင်းပင် အင်အားအပြည့်အဝသုံး၍ ပိတ်ဆို့ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။

သို့ဖြစ်ရာ စစ်ကောင်စီသည် ၎င်းတို့ သာမည်ထင်သည့် နေရာ၊ မဖြစ်မနေ ထိုးစစ်ဆင်သည့် နေရာများအပ ကျန်သည့်နေရာအများစုတွင် ခံစစ်သေဖြင့်သာ ရင်ဆိုင်နေ၏။ အဓိက တပ်အင်အားလည်း မလုံလောက်ပေ။ ပဲခူးရိုးမကဲ့သို့ ဝိုင်းပတ်နိုင်သည့် ဒေသမျိုးတွင်းပင် အင်အားအပြည့်အဝသုံး၍ ပိတ်ဆို့ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။

လက်ရှိကာလတွင် စစ်တပ်သည် တပ်သားသစ်များ အတင်းအကျပ် စုဆောင်းနေသည်ဖြစ်ရာ လာမည့်လများမှ စ၍ တပ်အင်အား တစတစ ပြန်လည် တိုးလာမည်ဖြစ်၏။ ယခုဇွန်လမှစ၍ ရခိုင်နှင့် ရှမ်းမြောက်တွင် အထိနာထားသည့် တပ်မ ၁၁၊ စကခ ၇ နှင့် စကခ ၁၉ တို့ကို စတင်အင်အားဖြည့်နေ၏။ တပ်ရင်းတရင်းလျှင် စစ်ထွက်အင်အား ၁၅၀ ခန့် ပြည်မီရန် ရည်ရွယ်ဖြည့်တင်းနေရာ နောက်ချန်အင်အားပါ ထည့်တွက်ပါက တရင်းလျှင် အင်အား ၁၈၀ မှ ၂၀၀ အထိ ဖြည့်တင်းရန် ရည်ရွယ်ပုံရသည်။

သို့သော်လည်း ထိုတပ်သားသစ်များသည် စိတ်ဓာတ်ရေးအရရော အတွေ့အကြုံအရပါ တနှစ်အတွင်း စစ်မြေပြင်တွင် အပြည့်အဝ အသုံးတည့်နိုင်ဦးမည် မဟုတ်ပေ။

သို့ဖြစ်ရာ လာမည့်တနှစ်အတွင်း စစ်ကောင်စီသည် ခံစစ်ကို အဓိကထားပြီး ခံစစ်များ မကျစေရန် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကို စုပြုံသုံးပြီး စစ်ရေးအရ အဓိက ခံစစ်ဆင်သွားလိမ့်မည်။ အချို့နေရာများတွင် အကန့်အသတ်နှင့် စစ်ဆင်ရေးများ ပြုလုပ်နိုင်သည်။ တဖက်တွင် စစ်အင်အား စုဆောင်းဖြည့်တင်းမှုကို အဓိကထား ပြုလုပ်မည်ဟု သုံးသပ်ရ၏။

အပစ်ရပ်ရေးအခြေအနေ

စစ်ကောင်စီအနေဖြင့် သူတို့၏ နိုင်ငံရေးထွက်ပေါက်ဟု ယူဆထားသည်မှာ ၂၀၂၅ ခုနှစ်ထဲတွင် မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ရန် ဖြစ်၏။ စစ်ကောင်စီသည် တရုတ်နှင့် အာဆီယံတို့၏ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေး အ‌ဖြေရှာ‌ရေးကို လုံးဝပယ်ချထား၏။

တရုတ်တို့၏ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရရေး တောင်းဆိုမှုအား စစ်ကောင်စီက လုံးဝ သဘောမတူသည့်အပြင် ကမ္ဘောဒီယားဝန်ကြီး ချုပ်ဟောင်း ဟွန်ဆန်၏ ဒုတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး တောင်းဆိုမှုကိုလည်း ပယ်ချထား၏။ မစ္စတာ ဟွန်ဆန်၏ အဆိုပါတောင်းဆိုမှုသည် အာဆီယံကိုယ်စား တောင်းဆိုသည်ထက် တရုတ်ကိုယ်စား တောင်းဆိုပုံရ၏။

စစ်ကောင်စီ၏ အကြိမ်ကြိမ် ပယ်ချမှုများကြောင့် မြန်မာပြည်ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေးတို့အတွက် တရုတ်တို့၏ လှုပ်ရှားမှုများ ရပ်တန့်သွား၏။ မြောက်ပိုင်းသုံးဖွဲ့နှင့် တရုတ်၊ စစ်ကောင်စီတို့ မေလအတွင်း ပဉ္မမအကြိမ် တွေ့ဆုံဆွေးနွေးမှု မတိုင်မီ ဧပြီလတွင်းအထိ အာရက္ခတပ်တော် (AA) အား အပစ်ရပ်ရန် တရုတ်တို့ ဖိအားပေးမှု ရှိနေသော်လည်း မေလဆန်းမှစ၍ တရုတ်တို့ ဖိအားပေးခြင်း မရှိတော့သဖြင့် မေလဆွေးနွေးပွဲတွင် AA အနေဖြင့် ပြတ်ပြတ်သားသား ရပ်တည်ခွင့်ရသွား၏။

KIA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ စစ်ဆင်ရေးများကြောင့် တရုတ်တို့၏ ဖိအားပေးမှုများရှိသည်ဟု ကြားသိရသော်လည်း ယခုအခါ တိုက်ပွဲများသည် တရုတ်နယ်စပ်နှင့် ဝေးကွာသွားပြီဖြစ်၍ တရုတ်ဖိအား လျော့ကျနိုင်၏။ တဖန် နယ်စပ်တလျှောက် တရုတ်တို့က လောင်စာဆီနှင့် ရိက္ခာ ပိတ်ဆို့မှုများ ပြုလုပ်နိုင်သော်လည်း ဝ နယ်နှင့် ကိုးကန့်တို့ကဲ့သို့ ကချင်တွင် ထိရောက်မှု ရှိမည်မဟုတ်ပေ။

မည်သို့ဖြစ်စေ လောလောဆယ်တွင် တရုတ်အထူးသံ မစ္စတာ တိန့်ရှီကျွန်းနှင့် တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းတို့၏ လှုပ်ရှားမှုများ ပြီးခဲ့နှစ်လအတွင်း သိသိသာသာ လျော့ကျသွား၏။ ၎င်းတို့ မျှော်မှန်းသလို မြန်မာစစ်တပ်ဘက်က အလျှော့အတင်း မရှိ၍ ရပ်တန့်သွားပုံရ၏။ အကယ်၍သာ ၎င်းတို့မျှော်လင့်သလို စစ်တပ်ဘက်က အလျှော့အတင်းရှိပါက တိုင်းရင်းသားတပ်ဖွဲ့များကို ဆက်လက် ဖိအားပေးမည်သာဖြစ်၏။

လက်ရှိအချိန်တွင် တရုတ်သဘောထားမှာ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအား စောင့်ကြည့်မည်လော၊ သို့မဟုတ် အခြားလမ်းကြောင်းတခု စဉ်းစားနေသည်လော အတပ်ပြောရန် ခက်ခဲ၏။ လက်ရှိစစ်ပွဲ အပစ်ရပ်ရန် ဖိအားပေးနိုင်သူမှာ တရုတ်နိုင်ငံတခုတည်းသာရှိပြီး အမေရိကန်၊ အာဆီယံနှင့် အခြားနိုင်ငံများ စွမ်းဆောင်နိုင်စွမ်း မရှိပေ။

လက်ရှိအချိန်တွင် တရုတ်သဘောထားမှာ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအား စောင့်ကြည့်မည်လော၊ သို့မဟုတ် အခြားလမ်းကြောင်းတခု စဉ်းစားနေသည်လော အတပ်ပြောရန် ခက်ခဲ၏။ လက်ရှိစစ်ပွဲ အပစ်ရပ်ရန် ဖိအားပေးနိုင်သူမှာ တရုတ်နိုင်ငံတခုတည်းသာရှိပြီး အမေရိကန်၊ အာဆီယံနှင့် အခြားနိုင်ငံများ စွမ်းဆောင်နိုင်စွမ်း မရှိပေ။

လုံးဝမလျော့သည့် စစ်ကောင်စီ

စစ်တပ်သည် စစ်မျက်နှာပေါင်းစုံတွင် အထိနာနေသော်လည်း လုံးဝ လေသံမလျှော့ပေ။ လက်ရှိ မြောက်ပိုင်းသုံးဖွဲ့နှင့် ဆွေးနွေးသည့် ဆွေးနွေးပွဲများတွင်ဖြစ်စေ၊ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ် SSPP၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားတို့နှင့် ဆွေးနွေးပွဲများတွင်ဖြစ်စေ ၎င်းတို့၏ မူဝါဒများဖြစ်သည့် တို့တာဝန်အရေး သုံးပါး၊ ၂၀၀၈ အခြေခံဥပဒေ၊ အပစ်အခတ်ရပ်စဲရေး NCA ဆိုသည်တို့ကနေ တပြားမှ မလျှော့ပေ။

မူဆယ်မြိုနယ် ၁၀၅ မိုင် စီးပွားရေးဇုန်တွင် တွေ့ရသည့် ညီနောင်မဟာမိတ် သုံးဖွဲ့

မြောက်ပိုင်းသုံးဖွဲ့နှင့် ဆွေးနွေးပွဲများတွင် နယ်စပ်ကုန်သွယ်ရေးဖွင့်ရန် ဆွေးနွေးသည်၊ အခွန်ခွဲဝေရန် ဆွေးနွေးသည်ဟု သတင်းများ ထွက်နေသော်လည်း လက်တွေ့တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖျက်ဆီးခံရသည့် သီပေါအနီးမှ ကျင်သီတံတားကိုပင် ယခုချိန်အထိ ပြုပြင်ခြင်း မရှိရာ နယ်စပ်ကုန်သွယ်ရေးအား တိုင်းရင်းသားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေများအား ဖြတ်၍ ပြုလုပ်ရန် စစ်ကောင်စီတွင် သဘောထားမရှိပေ။

လက်ရှိ ရှမ်းအရှေ့မှတဆင့် တရုတ်နှင့် ကုန်သွယ်ကြရာတွင်လည်း မိုင်းလားမှတဆင့် ကုန်သွယ်ရသည်ကို စစ်ကောင်စီ မလိုလားပေ။ ယခုအခါ တာချီလိတ်အနီး ဝမ်ပုံ ကူးတို့ဆိပ်ခံကို တရုတ်အကူအညီနှင့် တည်ဆောက်ပြီး မဲခေါင်မြစ်ကြောင်းအတိုင်း စစ်ကောင်စီထိန်းချုပ်နယ်မြေမှ တရုတ်သို့ တိုက်ရိုက် နယ်စပ်ကုန်သွယ်ရေး စီစဉ်နေသည်ကို တွေ့ရ၏။

ဖိအားကြီးသည့် တရုတ်ကိုပင် နိုင်ငံရေးအရ မလျှော့သည့် စစ်တပ်သည် ပြည်တွင်း နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင် အင်အားစုများကို နိုင်ငံရေးအရ အလျှော့ပေး လိုက်လျောမည့်၊ စေ့စပ်ဆွေးနွေးမည့် အရိပ်အယောင် ယခုအထိ ပြသခြင်းမရှိပေ။ စစ်ကောင်စီသည် ယခုအချိန်တွင် လိုက်လျော အလျှော့ပေးမှု ပြုလုပ်ပါက ၎င်းတို့တပ်ပါ ပြိုကျသွားမည်ဟု ယူဆပြီး ဇွတ်ပေ၍ တင်းခံရန် ဆုံးဖြတ်ထားသည်ဟု ဆိုရမည်။

ရွေးကောက်ပွဲတဲ့လား

ရွေးကောက်ပွဲကို ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်အဖြစ် စစ်ကောင်စီက ယူဆထား၏။ ထို့ကြောင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ သန်းခေါင်စာရင်းကောက်ပြီး ၂၀၂၅ နှစ်ဆန်းတွင် ရွေးကောက်ပွဲလုပ်ရန် ရည်ရွယ်ထား၏။ ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံ နိုင်ငံရေးအင်အားစုများ မပါသည့်အပြင် တနိုင်ငံလုံးအနှံ့တွင် ပြုလုပ်နိုင်မည့် ရွေးကောက်ပွဲမဟုတ်ဘဲ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် နေရာများတွင် ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်ရာ စစ်ကောင်စီ လိုလားသူများ၊ လက်ဝေခံများ အနိုင်ရမည့် သပိတ်ဝင်အိတ်ဝင် ရွေးကောက်ပွဲဖြစ်၏။

ရွေးကောက်ပွဲအပြီးတွင် အခြားသူအား အာဏာလွှဲမည်လော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးမင်းအောင်လှိုင်အား အာဏာလွှဲမည်လောဆိုသည်ကတော့ အပြတ်ပြောရန် စောသေး၏။

တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး ငြင်းပယ်ထားသည့် စစ်ကောင်စီ ရည်ရွယ်သည်မှာ ရွေးကောက်ပွဲရလဒ်နှင့် အစိုးရသစ်အား နိုင်ငံတကာက လက်ခံလာစေရန် ဖြစ်၏။ လက်ရှိတွင် ရုရှား၏ ထောက်ခံမှုသက်သက်မှာ နိုင်ငံရေးအရ အရာမရောက်ပေ။ စစ်ကောင်စီသည် ရွေးကောက်ပွဲရလဒ်ကို တရုတ်နှင့်အိန္ဒိယ အသိအမှတ်ပြုနိုင်သည်ဟု တွက်ဆထား၏။

စစ်ကောင်စီအတွက် လိုအပ်သည်မှာ အမေရိကန်၊ အနောက်အုပ်စုနှင့် အာဆီယံတို့က အသိအမှတ်ပြုရန် ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့ဝင်များက အမေရိကန်နှင့် အနောက်နိုင်ငံများမှ သံတမန်များကို ချဉ်းကပ်မှု ပြုလုပ်နေသည်။ စစ်ကောင်စီဘက်မှ လာမည့်ရွေးကောက်ပွဲရလဒ်အား အမေရိကန်နှင့် အနောက်နိုင်ငံများမှ အသိအမှတ်ပြုရေး ဦးတည်ချဉ်းကပ်နေပြီး အမေရိကန်ဘက်မှ အကျဉ်းသားအားလုံး လွှတ်ရေး၊ ရပ်ရွာများအား ဗုံးကြဲခြင်း၊ မီးရှို့ခြင်းများအား ရပ်တန့်ရန် တောင်းဆိုသည်ကို တွေ့ရပါသည်။ သို့သော်လည်း သဘောတူညီမှုရရှိသည့် အခြေအနေ မရှိပါ။ သဘောတူညီချက် ရရှိရန်လည်း ခက်ခဲ၏။ စစ်ကောင်စီအတွက် သံတမန်ရေး ကစားကွက်တခု ဖြစ်ပုံရ၏။

စစ်ကောင်စီ ရည်ရွယ်သည်မှာ ရွေးကောက်ပွဲမှ တက်လာသည့် အစိုးရကို နိုင်ငံတကာမှ အသိအမှတ်ပြုပြီး နိုင်ငံရေးထွက်ပေါက်ရရန် ဖြစ်၏။

ဦးသိန်းစိန်အစိုးရကဲ့သို့ပင် နိုင်ငံတကာ၏ အသိအမှတ်ပြုရပြီး အတိုက်အခံများသည် အစိုးရသစ် ဖွင့်ပေးသည့် လမ်းအတိုင်းလျှောက်ရန် ရည်ရွယ်သည်။ မြန်မာပြည် လက်ရှိပဋိပက္ခအား အမျိုးသားညီညွတ်ရေအစိုးရ (NUG)၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များ အပါအဝင် အတိုက်အခံအင်အားစုများနှင့် ဆွေးနွေးဖြေရှင်းရန် စဉ်းစားချက် မတွေ့ရပေ။ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်း ဝင်ရောက်ရေး၊ NCA အတိုင်း သွားရေးကိုသာ ဆုပ်ကိုင်ထား၏။

စစ်ရေးအရဆိုလျှင် ဒေသအများစုတွင် ခံစစ်ကိုသာ အားပြုမည်ဖြစ်ပြီး လက်နက်ခဲယမ်း အားနည်းသည်ဟု ၎င်းတို့ယူဆသည့် ချင်း၊ စစ်ကိုင်း၊ ကရင်နီ၊ ကရင်တို့တွင်သာ အကန့်အသတ်ရှိသည့် ထိုးစစ်များ ပြုလုပ်နိုင်သည်။ အတိုင်းအတာ ကြီးမားသည့် စစ်ဆင်ရေးများ တနှစ်အတွင်း ပြုလုပ်နိုင်ဖွယ် မရှိပါ။

စစ်ရေးအရဆိုလျှင် ဒေသအများစုတွင် ခံစစ်ကိုသာ အားပြုမည်ဖြစ်ပြီး လက်နက်ခဲယမ်း အားနည်းသည်ဟု ၎င်းတို့ယူဆသည့် ချင်း၊ စစ်ကိုင်း၊ ကရင်နီ၊ ကရင်တို့တွင်သာ အကန့်အသတ်ရှိသည့် ထိုးစစ်များ ပြုလုပ်နိုင်သည်။ အတိုင်းအတာ ကြီးမားသည့် စစ်ဆင်ရေးများ တနှစ်အတွင်း ပြုလုပ်နိုင်ဖွယ် မရှိပါ။

၂၀၂၅ နှစ်ဆန်း ရွေးကောက်ပွဲအပြီးအထိ တနှစ်အတွင်း တလလျှင် တပ်သားသစ် ၅,၀၀၀ နှုန်း စုဆောင်းမှုအရ တနှစ်ပြည့်လျှင် တပ်သားသစ် ၆ သောင်းခန့် စုဆောင်းရရှိမည်ဖြစ်ရာ စစ်ကောင်စီ၏ အတိုင်းအတာကြီးမားသည့် စစ်ဆင်ရေးများကို တနှစ်ခန့်အကြာ ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှ တွေ့မြင်ရဖွယ်ရှိ၏။

ချုပ်၍ဆိုရလျှင် စစ်တပ်သည် လာမည့်တနှစ်အတွင်း သံတမန်ရေးအရ ရွေးကောက်ပွဲကို အကြောင်းပြ လှုပ်ရှားပြီး စစ်အင်အား စုဆောင်းသည်ကို အဓိကထားမည် ဖြစ်၏။ ရွေးကောက်ပွဲရလဒ်ကို အနောက်နှင့် တရုတ်တို့ကသာ လက်ခံပါက သူ၏ နိုင်ငံရေးအောင်မြင်မှုဟု တွက်ဆဖွယ်ရှိ၏။ တဖက်ကလည်း ရွေးကောက်ပွဲကို ဗန်းပြပြီး သူ့အပေါ် ဖိအားများကို လျှော့ချရန် ကြိုးစားနေခြင်းလည်းဖြစ်၏။

စစ်တပ်က လက်ထုတ္တောရွာဒေသခံ ၃၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ / CJ

စစ်ရေးအရ ရှုံးပွဲများနေသော စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်က ဖြစ်ပွားသည့် စစ်ကိုင်းတိုင်း၊ လက်ထုတ္တောကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မေလ ၂၉၊ ၃၀၊ ၃၁ နေ့များက ဖြစ်ပွားသည့် ရခိုင်ပြည်နယ်၊ ဗျိုင်းဖြူကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဇွန်လ ၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာအား လေကြောင်းမှ တိုက်ခိုက်သတ်ဖြတ်မှု စသည့် အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သုံးခုကို တလအတွင်း ဇက်ရဲလက်ရဲ ကျူးလွန်ထားရာ စစ်ကောင်စီနှင့် ၎င်းတို့၏ ရွေးကောက်ပွဲရလဒ်အား အမေရိကန်နှင့် အနောက်နိုင်ငံများသာမက အာဆီယံနိုင်ငံများကပါ လက်သင့်ခံရန် မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပြီး ရွေးကောက်ပွဲပြီး၍ အစိုးရသစ်အား လက်လွှဲသည်ဟု လုပ်ဆောင်ပြီးပါက နိုင်ငံတကာက အသိမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကြီးမားသည့် စစ်ဆင်ရေးများ၊ ပြန်လှန်ထိုးစစ်များ ပြုလုပ်လာမည်ဟု သုံးသပ်ရပေသည်။

စီးပွားရေးအကျပ်အတည်း

၂၀၂၃၊ ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စစ်ကောင်စီသည် ကာကွယ်ရေး အသုံးစရိတ်ကို ဘီလီယံထောင်နှင့်ချီ ပြဌာန်းခဲ့သော်လည်း မလုံလောက်ခဲ့ပေ။ ကျပ်ငွေ ဘီလီယံ ၅,၆၃၅ ဘီလီယံ ပိုမိုသုံးစွဲခဲ့သည်ဟု သိရ၏။ ဘတ်ဂျက်တခုလုံး၏ လိုငွေပြမှုမှာ ၇,၈၁၁ ဘီလီယံရှိသည်ဟု သိရ၏။ ၂၀၂၄၊ ၂၀၂၅ အတွက် စစ်အသုံးစရိတ်မှာ ယမန်နှစ်ထက် အနည်းဆုံး နှစ်ဆမြင့်တက်လာသည် ဖြစ်သော်လည်း စစ်ကောင်စီ၏ ဝင်ငွေများ ကျဆင်းနေ၏။

အစိုးရ၏ အသုံးစရိတ် ၈၀ ရာခိုင်နှုန်းကို ကာမိသည့် မူဆယ်ကုန်သွယ်ရေး အပါအဝင် တရုတ် နယ်စပ်ကုန်သွယ်ရေး အားလုံး ပိတ်သွားပြီဖြစ်၏။ ကန်ပိုက်တီ ဂိတ်တခုသာ ကျန်တော့၏။ မြဝတီလမ်းမှာလည်း ပြတ်တောက်နေ၏။ သို့ဖြစ်ရာ စစ်ကောင်စီရမည့် အခွန်အခများ များစွာလျော့နည်းနေ၏။ ထွက်ခွာသွားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံများ ပြန်ဝင်မလာသည့်အပြင် အသစ်များလည်း လောက်လောက်လားလား ဝင်လာခြင်း မရှိပေ။ မြစ်ဆုံကို လက်ညိုးထိုး ရောင်းနေသော်လည်း တရုတ်က ယခုအထိ မည်သည့်တုန့်ပြန်မှုမှ မရှိပေ။

ထို့ကြောင့်လည်း မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်း၊ ငွေကြေးဖောင်းပွခြင်းကို မထိန်းနိုင်ပေ။ သုံးနှစ်ကျော်အတွင်း ငွေတန်ဖိုးကျဆင်းမှုများကို ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ တနှစ်ထက်တနှစ် ပိုမိုဆိုးဝါးလာသည်ကို တွေ့ရ၏။

ဤသို့ စီးပွားရေး အကျပ်အတည်း ကြုံနေရသည်ကို မှန်ကန်စွာ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ရွှေအရောင်းအဝယ် ပြုလုပ်သူများကို ဖမ်းဆီးခြင်း၊ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်သူများ၊ ငွေလွှဲလုပ်သူများအား ဖမ်းဆီးခြင်း၊ ပြည်ပသို့ ငွေးကြေးများ စီးဆင်းသည်ဟူသည့် စွပ်စွဲချက်ဖြင့် ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေ၏။ ဤသို့ ဖိနှိပ်မှုများဖြင့် စီးပွားရေး အကြပ်အတည်းကို မှန်ကန်စွာ ဖြေရှင်းနိုင်ခြင်း မရှိနိုင်ရာ စစ်ကောင်စီလက်ထက် စီးပွားရေး အကြပ်အတည်းသည် ပို၍ဆိုးလာဖွယ်ရှိ၏။

ဤသို့သော အခြေအနေအောက်တွင် လာမည့်တနှစ်အတွင်း တပ်သားသစ် ၆ သောင်းခန့် တိုးချဲ့ရန် ပြင်ဆင်နေခြင်း၊ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအား နေ့စဉ်အသုံးပြု၍ ခံစစ်ဆင်နေရခြင်းတို့ကြောင့် စစ်အသုံးစရိတ် မြင့်တက်ခြင်း၊ ဘတ်ဂျက်လိုငွေပြခြင်း အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ငွေကြေးဖောင်းပွခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။

ဤသို့သော အခြေအနေအောက်တွင် လာမည့်တနှစ်အတွင်း တပ်သားသစ် ၆ သောင်းခန့် တိုးချဲ့ရန် ပြင်ဆင်နေခြင်း၊ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအား နေ့စဉ်အသုံးပြု၍ ခံစစ်ဆင်နေရခြင်းတို့ကြောင့် စစ်အသုံးစရိတ် မြင့်တက်ခြင်း၊ ဘတ်ဂျက်လိုငွေပြခြင်း အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ငွေကြေးဖောင်းပွခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ်/AFP

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်က ပြည်တွင်းမှ ပညာတတ်များ၊ ဥစ္စာဓနများ ပထမအကြိမ် ပြည်ပသို့ ထွက်ခွာပြီးနောက် ယခု စစ်သားစုဆောင်းခြင်းကြောင့် လူငယ်များ၊ ပညာတတ်များ၊ ဥစ္စာဓနများ ဒုတိယအကြိမ် အလုံးအရင်းအလိုက် နိုင်ငံခြားသို့ ထွက်ခွာနေသည်။ ထို့ကြောင့် ပြည်တွင်း၌ လုပ်အားရော ပညာရှင်ပါ လျော့ကျပြီး ပြည်တွင်းစီးပွားရေး ထိခိုက်သည့်အပြင် ပြည်တွင်းမှ ဥစ္စာဓနများ ပြည်ပသို့ ထွက်ခွာနေသည်ဖြစ်၍ ပြည်တွင်း၌ ဥစ္စာဓနများ ပိုမိုလျော့ပါးလာနေသည်။

ဤသို့သော အခြေအနေအောက်တွင် စစ်တပ်သည် လာမည့်တနှစ်အတွင်း သံတမန်ရေးလှုပ်ရှားမှုများဖြင့် ရွေးကောက်ပွဲ ဦးတည်၍ နိုင်ငံရေးထွက်ပေါက်အဖြစ် စဉ်းစားသကဲ့သို့ တပြိုင်တည်းတွင် တပြည်လုံး အတိုင်းအတာအရ ခံစစ်ဆင်ပြီး စစ်အင်အား တည်ဆောက်ရန် ရည်ရွယ်သည်။ ရွေးကောက်ပွဲအပြီး အစိုးရအား သဏ္ဌာန်အရ အပြောင်းအလဲလုပ်ပြီးပါက စစ်ရေးအရ ပြန်လှန်ထိုးစစ်ကို အတိုင်းအတာကြီးကြီးမား ပြုလုပ်ရန် ရည်ရွယ်ပုံရ၏။

ထို့ပြင် ဤသို့သော နိုင်ငံရေး အကြပ်အတည်းများအပြင် ခန့်မှန်းမရသည့် စီးပွားရေး အကြပ်အတည်းနှင့် ငွေကြေးဖောင်းပွမှုက စစ်ကောင်စီကို မည်မျှအထိ ထိခိုက်နိုင်စေမည်ဆိုသည်ကိုလည်းကောင်း၊ PDF နှင့် EAO များ၏ တိုက်ခိုက်မှုများက စစ်ကောင်စီကို စစ်ရေးအရ မည်မျှ ထိခိုက်စေမည်ကိုလည်းကောင်း အချိန်နှင့်တပြေးညီ၊ အပြောင်းအလဲများနှင့်အညီ မပြတ် စောင့်ကြည့်သုံးသပ်သွားရန် လိုအပ်သည်။ သို့မှသာ စစ်ကောင်စီ၏ ခြေလှမ်းများကို အချိန်နှင့်တပြေးညီ ခန့်မှန်းသုံးသပ်နိုင်ပေမည်။

(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
29
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
710
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
202

နိုင်ငံကို ၅၀ ရာခိုင်နှုန်းအောက်သာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့သော်လည်း

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

သူရဲဘောကြောင်သည့် လေကြောင်းမှ သတ်ဖြတ်တိုက်ခိုက်ခြင်း

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAEAOKIANUGPDFSliderငွေကြေးဖောင်းပွမှုစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနယ်စပ်ကုန်သွယ်ရေးပြည်တွင်းစစ်မီးရှို့တိုက်ခိုက်မှုရွေးကောက်ပွဲလက်နက်ကြီးပစ်ကူလေကြောင်းတိုက်ခိုက်မှုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတင်းအကျပ် စစ်သားစုဆောင်းမှုအပစ်အခတ်ရပ်စဲရေးအမျိုးသားညီညွတ်ရေးအစိုးရအာဆီယံ
ဝေမင်းထွန်း

ဝေမင်းထွန်း

ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပဲခူးရိုးမသို့ ဝင်သည့် စစ်ကြောင်း ဒေသခံ ၉ ဦးကို သတ်ဖြတ်

ပဲခူးရိုးမသို့ ဝင်သည့် စစ်ကြောင်း ဒေသခံ ၉ ဦးကို သတ်ဖြတ်

မြေရှားသတ္တုမိုင်း မြေပြိုသောကြောင့် လူအနည်းဆုံး ၇ ဦးသေဆုံး

မြေရှားသတ္တုမိုင်း မြေပြိုသောကြောင့် လူအနည်းဆုံး ၇ ဦးသေဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved