• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

by အေးချမ်းဆု
30 May 2024
in ဆောင်းပါး
A A
အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

နမ့်ဆန် မြို့သိမ်းတိုက်ပွဲတွင် TNLA သိမ်းယူခဲ့သော စစ်ကောင်စီ လက်နက်များ / CJ

9.9k
VIEWS
Share on FacebookShare on Twitter

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များ အခြေအနေနှင့် ဖြန့်ခွဲမှု

လက်ရှိကာလတွင် တွေ့ရသည့် စစ်တပ်၏ စကခ ၂၀ ခု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ စကခ ၁

၁၀၂၇ စစ်ဆင်ရေး မစတင်မီ စကခ၏ ရှေ့တန်းဌာနချုပ်သည် ဟိုပန်၊ ပန်လုံတွင်လည်းကောင်း၊ တဗျူဟာသည် လောက်ကိုင်တွင်ထိုင်၍ လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား စခန်းများတွင်လည်းကောင်း၊ တဗျူဟာသည် ကျောက်မဲတွင်လည်းကောင်း စစ်ဆင်ရေး တာဝန်ယူသည်။

ချင်းရွှေဟော်တွင် တာဝန်ကျသော စကခ ၂ သည် ကရင်နီသို့ စစ်ဆင်‌ရေးတာဝန် ပြောင်းသောအခါ ချင်းရွှေဟော်တွင် စကခ ၁ ၏ တပ်များက တာဝန်ယူသည်။ ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အခါ စကခ ၁ ၏ ကျောက်မဲဗျူဟာသည် ကွမ်းလုံတွင်လာ၍ စစ်ဗျူဟာအခြေချ (စဗခ) ကွမ်းလုံနှင့် ပူးတွဲသည်။ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စကခ ၁ သည် ကွမ်းလုံ၊ ဟိုပန်၊ လောက်ကိုင်ဒေသအား တာဝန်ယူသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လက်နက်ချသောအခါ ဒကစ (လောက်ကိုင်) နှင့်အတူ အရာရှိ ၂၂၈ ဦး၊ အခြားအဆင့် ၁,၈၉၅ ဦး စုစုပေါင်း ၂,၁၂၃ ဦး စာရင်းတွင် စကခ ၁ ပါဝင်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လက်နက်ချသောအခါ ဒကစ (လောက်ကိုင်) နှင့်အတူ အရာရှိ ၂၂၈ ဦး၊ အခြားအဆင့် ၁,၈၉၅ ဦး စုစုပေါင်း ၂,၁၂၃ ဦး စာရင်းတွင် စကခ ၁ ပါဝင်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စကခ ၁ မှူး ဗိုလ်မှူးချုပ် ကျော်မျိုးမင်းအား ကျားဖြန့်ကိစ္စနှင့် ပတ်သက်ပြီး အရေးယူသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ တွင် တပ်မ ၁၁ ဒုတိယ တပ်မမှူး မျိုးမင်းထွေးအား ဗိုလ်မှူးချုပ်ရာထူးဖြင့် စကခမှူး ခန့်သည်။ ၁၀၂၇ စစ်ဆင်ရေးတွင် လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများတွင် အခြေစိုက်သည့် ရမခ တိုင်းတပ်ရင်းများအား စကခ ၁ တပ်များနှင့် ပေါင်းခဲ့သည်။

ခလရ ၁၂၉ (ရန်ခွမ့် ဝါ ညန်ခွမ့်) အား ခမရ ၁၇ (နောင်ချို) နှင့်လည်းကောင်း၊ ခလရ ၂၃၉ (လောက်ကိုင်) အား ခလရ ၂၄၃ (နမ့်လန်) နှင့်လည်းကောင်း၊ ခလရ ၁၂၈ (ပါစင်ကျော်) အား ခမရ ၁၁၄ (နောင်ချို) နှင့်လည်းကောင်း၊ ခမရ ၅၆၇ (နမ့်ဆလပ်) စကခ ၁၆ အား ခမရ ၅၀၃ (သီပေါ) နှင့်လည်းကောင်း၊ ခမရ ၅၆၈ (နမ့်ဆလပ်) စကခ ၁၆ အား ခမရ ၅၀၂ (ကျောက်မဲ) နှင့်လည်းကောင်း၊ ခလရ ၁၂၅ (ကုန်းကြမ်း) အား ခမရ ၁၁၅ (နောင်ချို) နှင့်လည်းကောင်း၊ ခမရ ၃၂၂ (လောက်ကိုင်) အား ခမရ ၅၀၁ (ကျောက်မဲ) နှင့်လည်းကောင်း၊ ခလရ ၁၂၇ (ကွမ်းလုံ) အား ခမရ ၅၀၄ (သီပေါ) နှင့်လည်းကောင်း၊ ခမရ ၃၁၂ (ကွမ်းလုံ) အား ခမရ ၅၀၅ (နမ့်လန်) နှင့်လည်းကောင်း၊ ခလရ ၁၄၃ (ဟိုပန်) အား ခမရ ၅၀၆ (နမ့်လန်) နှင့်လည်းကောင်း၊ ဒကစ လောက်ကိုင်ရုံးအဖွဲ့အား စကခ ၁ စကခရုံးနှင့်လည်းကောင်း ပေါင်းခဲ့သည်။

TNLA သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ မိုင်းဝီးတပ်စခန်းနှင့် မိုင်းလုံတပ်စခန်း / TNLA သတင်းနှင့်ပြန်ကြားရေး

လက်ရှိတွင် စကခ ၁ ရှေ့တန်းဌာနချုပ်နှင့် ဗျူဟာနှစ်ခု ခုနစ်ရင်းသည် လားရှိုးတွင် အခြေချ၍ လားရှိုး လုံခြုံ‌ရေးယူသည်။ တဗျူဟာနှင့် တပ်ရင်း သုံးရင်းသည် ကျောက်မဲတွင် အခြေပြုသည်။ အထိနာပြီး လက်နက်ချများနှင့် ဦးကျိုးနေသည့်တပ် ဖြစ်၏။

၂။ စကခ ၂

စကခ ၂ သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းမြောက် ကိုးကန့်ဒေသမှ ထွက်လာပြီး တလနား၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကရင်နီသို့ စစ်ဆင်ရေးဝင်သည်။ ရှေ့တန်း စကခဌာနချုပ်သည် ဘောလခဲ၊ ဗျူဟာတခုသည် ဒေါတမကြီး၊ ဗျူဟာတခုသည် ဖားဆောင်းတွင် အခြေစိုက်သည်။ ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက်သို့ စစ်ကူသွားခြင်းမရှိ။

လက်ရှိတွင် စကခ ဌာနချုပ်သည် တတက ၁၄ တွင်လည်းကောင်း၊ နဗဟ ၁ သည် လွိုင်ကော်၊ နဗဟ ၂ သည် မိုးဗြဲ ခမရ ၄၂၂ နောက်တန်းအခြေစိုက် ဌာနချုပ်တွင်လည်းကောင်း၊ နဗဟ ၃ သည် ဘောလခဲတွင်လည်းကောင်း အခြေပြုသည်။ ထိခိုက်ဆုံးရှုံးမှုများသော်လည်း စစ်ဆင်‌ရေးတာဝန် ယူနိုင်သေးသည်။

၃။ စကခ ၃

စကခ ၃ သည် မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ ပင်းဘော၊ နမ္မား၊ နန့်စီအောင် လမ်းကြောတလျှောက် တာဝန်ယူသည်။ လက်ရှိ KIA နှင့် တိုက်ပွဲများ ပြင်းထန်နေပြီး မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ နန့်စီအောင်တလျှောက် ခံစစ်ပြင်နေ၏။

၄။ စကခ ၄

ရွှေဘိုခရိုင်၊ ရေဦးတွင် ရှေ့တန်းဌာနချုပ်စိုက်သည်။ အာဏာသိမ်းပြီး စစ်ကိုင်းတိုင်းစစ်ဆင်ရေး စကတည်းက စစ်ကိုင်းတိုင်းတွင် တာဝန်ယူသည်။ စစ်‌ကြောင်းလိုက် ချေမှုန်းခံရခြင်းမျိုး မရှိ၍ ဆုံးရှုံးမှုနည်းသည်ဟု ဆိုနိုင်၏။ သို့သော် တတိတိနှင့် ခြွေစစ်ဖြင့် တိုက်ခိုက်ခံနေရ၏။

၅။ စကခ ၅

ရှေ့တန်းဌာနချုပ်သည် အမ်းတွင်ရှိသည်။ အမ်းတွင် တဗျူဟာရှိ၏။ တဗျူဟာနှင့် တပ်ရင်း သုံးရင်းအား ကျောက်ဖြူတွင်ထားရှိသည်။ တောင်ကုတ်၊ သံတွဲ၊ ဂွတွင် စကခ ၅ မှ တဗျူဟာရှိပြီး နပခ တိုင်းတပ်များနှင့် တွဲထား၏။ လက်ရှိတွင် AA နှင့် အမ်း၊ သံတွဲတို့တွင် တိုက်ပွဲပြင်းထန်နေသည်။ စတင် အထိနာစပြုနေ၏။

ရှေ့တန်းဌာနချုပ်သည် အမ်းတွင်ရှိသည်။ အမ်းတွင် တဗျူဟာရှိ၏။ တဗျူဟာနှင့် တပ်ရင်း သုံးရင်းအား ကျောက်ဖြူတွင်ထားရှိသည်။ တောင်ကုတ်၊ သံတွဲ၊ ဂွတွင် စကခ ၅ မှ တဗျူဟာရှိပြီး နပခ တိုင်းတပ်များနှင့် တွဲထား၏။ လက်ရှိတွင် AA နှင့် အမ်း၊ သံတွဲတို့တွင် တိုက်ပွဲပြင်းထန်နေသည်။ စတင် အထိနာစပြုနေ၏။

၆။ စကခ ၆

တဗျူဟာနှင့် တပ်ရင်း သုံးရင်းက နေပြည်တော်လုံခြုံရေး အပြင်စည်း တာဝန်ယူရသည်။ ကျန်တပ်ရင်းများသည် စစ်တောင်းမြစ်အနောက်ဘက် တောင်ငူ၊ ရေတာရှည်တို့တွင် ဖြန့်ခွဲလှုပ်ရှားသည်။ ထိခိုက်မှုရှိသော်လည်း စစ်ဆင်ရေး တာဝန်ယူနိုင်သေးသည်။

၇။ စကခ ၇

ရှေ့တန်းဌာနချုပ်သည် နမ့်ခမ်းတွင် အခြေစိုက်သည်။ ကချင်ပြည်နယ်နှင့် ရှမ်းအစပ် မန်ဝိန်းကြီးဒေသအထိ ဖြန့်ခွဲသည်။ တဗျူဟာနှင့် တပ်ရင်း ၃ ရင်းသည် ဖယ်ခုံတွင် စစ်ဆင်ရေးတာဝန်ယူသည်။ ၁၀၂၇ စစ်ဆင်ရေးတွင် TNLA နှင့်လည်းကောင်း၊ လက်ရှိ ကချင်စစ်ဆင်‌ရေးတွင် KIA နှင့်လည်းကောင်း၊ ဖယ်ခုံ၊ ဆီဆိုင်တွင် နောက်တန်းတပ်ရင်း ဌာနချုပ်များ၌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့နှင့်လည်းကောင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး စကခ ဖွဲ့စည်းပုံ ပျက်သွားသည်။ စကခ အလိုက် သီးခြားစစ်ဆင်ရေး တာဝန်ယူနိုင်စွမ်း မရှိတော့ပါ။

၈။ စကခ ၈

ရှေ့တန်းဌာနချုပ်သည် ကရင်ပြည်နယ်၊ ကမမောင်းတွင် အခြေပြုသည်။ စကခ ၈ မှူး ဗိုလ်မှူးချုပ် စိုင်းမင်းလှိုင်သည် ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ကမမောင်း ရှေ့တန်းဌာနချုပ်အနီး မိုင်းထိ၍ ဒဏ်ရာပြင်းထန်၏။ KNLA တပ်မဟာ ၂၊ ၅ တို့နှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများသော စကခ ဖြစ်သည်။

၉။ စကခ ၉

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇၊ ၈ ရက်နေ့များတွင် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော စစ်ကောင်စီ၏ စစ်သင်္ဘော

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျောက်တော်ဌာနချုပ်မှ ရေယာဉ်ဖြင့် ဆုတ်ခွာလာသော စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဦးစီးလက်ကျန် စကခ ၉ တပ်များနှင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးတွင် AA တို့ တိုက်ပွဲပြင်းထန်သည်။ ရေယာဉ်များ နစ်မြုပ်ပီး စကခမှူးနှင့်အဖွဲ့ သုံ့ပန်းအဖြစ် အဖမ်းခံရသည်။ စကခ ၉ ဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းလုံး၏ ဌာနချုပ်များ၊ ကန်စောက်ရှိ အမြောက်တပ်ရင်း ၃၇၇ တို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် AA က အပြီးတိုင် ရှင်းလင်းသိမ်းနိုင်ခဲ့သည်။ စကခ တခုလုံး ချေမှုန်းခံရသော စကခ ဖြစ်သည်။

၁၀။ စကခ ၁၀

၂၀၂၁ ခုနှစ် စစ်ကိုင်းမြောက်ခြမ်းတွင် အနော်ရထာစစ်ဆင်ရေး စတင်သည့်အခါ ရှမ်းမြောက် ဟိုပန်ဒေသမှ စကခ ၁၀ တခုလုံးကို စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့သည်။ ချင်းတွင်းမြစ်တလျှောက် နယ်မြေများနှင့် တန့်ဆည်၊ ကဒူးမဒေသတို့တွင် စစ်ဆင်ရေးဝင်သည်။ ၁၀၂၇ စစ်ဆင်ရေးတွင် စကခ ၁၀ နှင့် တပ်ရင်း ခြောက်ရင်းအား လားရှိုးလုံခြုံရေးအဖြစ် စေလွှတ်သည်။ အပစ်ရပ်လက်မှတ်ထိုးပြီးနောက် စစ်ကိုင်းတိုင်းသို့ ပြန်ပို့သည်။ တတိတိတိဖြင့် အမှည့်ခြွေခံနေရ၍ ထိခိုက်မှုရှိသော်လည်း စစ်ဆင်ရေး ဝင်နိုင်သေးသည်။

၁၁။ စကခ ၁၂

ရှေ့တန်း စကခဌာနချုပ်သည် ကိုးကန့်ဒေသ မော်ထိုက်နှင့် ဖောင်းဆိုင်ကြားရှိ ရှင်ဖျင်ကိုင်တွင် အခြေစိုက်သည်။ ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အခါ မော်ထိုက်ဒေသတွင် စကခ ၁၂ မှ သုံးရင်းသာရှိသည်။ ကျန်ဗျူဟာနှစ်ခုနှင့် တပ်ရင်း ခုနစ်ရင်းသည် ကော့ကရိတ် ကာကွယ်ရေးစစ်ဆင်ရေး ဝင်နေသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်လက်နက်ချ ဖြစ်စဉ်တွင် စကခမှူး အောင်ဇော်လင်းနှင့် အရာရှိ ၁၅ ဦး၊ အခြားအဆင့် ၉၀ လက်နက်ချခဲ့သည်။ စကခမှူးမှာ စစ်ခုံရုံးတင် သေဒဏ်ပေးခံရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်လက်နက်ချ ဖြစ်စဉ်တွင် စကခမှူး အောင်ဇော်လင်းနှင့် အရာရှိ ၁၅ ဦး၊ အခြားအဆင့် ၉၀ လက်နက်ချခဲ့သည်။ စကခမှူးမှာ စစ်ခုံရုံးတင် သေဒဏ်ပေးခံရသည်။

ရဲမွန်အခြေစိုက် အရာခံနှင့် အကြပ်ကြီး သင်တန်းကျောင်း ဒုတိယကျောင်းအုပ်နှင့် နည်းပြချုပ် အောင်ကျော်မိုးက စကခမှူးတာဝန် ပြောင်းယူသည်။ စကခ ၁၂ သည် ထိခိုက်မှုများပြီး ဖွဲ့စည်းပုံပျက်နေသည်။ စစ်ဆင်ရေးများတွင် အရန်တပ်အဖြစ်သာ ထမ်းဆောင်နိုင်သည်။

၁၂။ စကခ ၁၃

ကြာအင်းဆိပ်ကြီးတွင် စကခဌာနချုပ် အခြေစိုက်ပြီး ဝေါလေနှင့် ကျိုက်ဒုံတွင် ဗျူဟာထိုင်သည်။ ယခုနှစ်ဆန်းတွင် ကျိုက်ဒုံ ဗျူဟာမှူးက KNU ထံ လက်နက်ချသည်။ လက်အောက်ခံစခန်းများ အချို့ချေမှုန်းခံရ၊ အချို့လက်နက်ချပြီး၊ အချို့ ထိုင်းနိုင်ငံတွင်းသို့ ဝင်ပြေးသည်။ ကျိုက်ဒုံဗျူဟာ ပျက်သွားပြီဖြစ်၏။ ထိခိုက်မှုရှိသော်လည်း လက်ကျန် ဗျူဟာနှစ်ခုဖြင့် စစ်ဆင်ရေးတာဝန် ထမ်းနိုင်သေးသည်။

၁၃။ စကခ ၁၄

၁၀၂၇ စစ်ဆင်ရေး မစတင်မီအချိန်အထိ စကခ ၁၄ တဗျူဟာနှင့် တပ်ရင်း လေးရင်းသည် လဲခြားတွင်လည်းကောင်း၊ တဗျူဟာနှင့် တပ်ရင်း လေးရင်းသည် ကရင်နီပြည်နယ်၊ ရှားတောတွင်လည်းကောင်း တာဝန်ကျသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ တွင် စကခ ၁၄ တခုလုံး ရမခ ကွပ်ကဲမှုအောက် ရောက်လာပြီး ကွမ်းလုံနှင့် လောက်ကိုင်တွင် စစ်ဆင်ရေးဝင်ရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်လက်နက်ချ ဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် အေးမင်းဦး အပါအဝင် အရာရှိ ၂၅ ဦး၊ အခြားအဆင့် ၂၃၃ ဦး ပါဝင်သည်။ စကခမှူးမှာ စစ်ခုံရုံးတင် အရေးယူခံရသည်။ စကခ တခုလုံး စာရင်းပြအင်အား ၁,၉၈၅ ဦးတွင် သေဆုံး ၄၀၃ ဦး၊ တပ်ပြင်ပ ပျက်ကွက် ၅၃၅ ဦး၊ စုစုပေါင်း ၉၃၈ ဦးရှိသည်။ အင်အား ၁,၀၀၀ ကျော်သာ ကျန်တော့၏။

ယခုလက်ရှိ လားရှိုးနှင့် သိန္နီကြား နန့်တောင်တွင် အခြေပြုပြီး လားရှိုးမြို့ ရှေ့ကာကင်းတာဝန်ယူ၏။ စကခ ၁၄ မှ တပ်ရင်း နှစ်ရင်းအား ကျောက်မဲ၊ သီပေါတွင် ဖြည့်တင်းထား၏။ ကျန်တပ်ရင်းများ တြိဂံတိုင်းတွင်သာ ပြန်လည်စုဖွဲ့နေသည်။

၁၄။ စကခ ၁၅

စကခ ၁၅ ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းသည် ဘူးသီးတောင်နှင့် ရသေ့တောင်တွင် အခြေစိုက်သည်။ ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်တွင် ဒုတိယ စကခမှူး ဦးစီးအင်အား ၉၀၀ ခန့် AA ထံတွင် လက်နက်ချခဲ့သည်။

၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်တွင် စကခ ၁၅ လက်အောက်ခံတပ်ရင်း အားလုံးနှင့် နပခ ဘူးသီးတောင် ဗျူဟာ လက်အောက်ခံ တပ်ရင်း သုံးရင်း၊ အမြောက်တပ်ရင်း၊ ထောက်ပို့၊ ဂျီအီးတပ်များအားလုံးကို AA က သိမ်းပိုက်နိုင်ခဲ့သည်။ စကခ ၁၅ တခုလုံး စစ်အင်္ဂါစဉ်ထဲမှ ပျောက်သွားပြီဖြစ်၏။

၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်တွင် စကခ ၁၅ လက်အောက်ခံတပ်ရင်း အားလုံးနှင့် နပခ ဘူးသီးတောင် ဗျူဟာ လက်အောက်ခံ တပ်ရင်း သုံးရင်း၊ အမြောက်တပ်ရင်း၊ ထောက်ပို့၊ ဂျီအီးတပ်များအားလုံးကို AA က သိမ်းပိုက်နိုင်ခဲ့သည်။ စကခ ၁၅ တခုလုံး စစ်အင်္ဂါစဉ်ထဲမှ ပျောက်သွားပြီဖြစ်၏။

၁၅။ စကခ ၁၆

စကခ ၁၆ ရှေ့တန်းဌာနချုပ်နှင့် တပ်ရင်း လေးရင်းသည် တာရွှေထန်တွင် အခြေပြု၏။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်လက်နက်ချ ဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် သော်ဇင်ဦး အပါအဝင် အရာရှိ ၁၀ ဦး၊ အခြားအဆင့် ၇၀ ဦး လက်နက်ချခဲ့သည်။ စကခ ၁၆ ၏ သိန္နီ နောက်တန်းဌာနချုပ်၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဆလပ်ရှိ တပ်ရင်းအခြေစိုက်ဌာနချုပ် ခုနစ်ခုစလုံး ကျရှုံးသွားခဲ့သည်။ လားရှိုးအခြေစိုက် တပ်ရင်း သုံးရင်းသာကျန်သည်။

နမ့်ဆလပ် အခြေစိုက် ခမရ ၅၆၇၊ ၅၆၈ တို့ကို စကခ ၁ လက်အောက်ရှိ ခမရ ၅၀၂၊ ၅၀၃ တို့နှင့် ပေါင်းခဲ့သည်။ စကခ၏ လက်ကျန်တပ်ရင်း သုံးရင်းကို နမ့်ပေါင်တွင် တာဝန်ချထားသည်။ စကခမှူးမှာ အရေးယူခံရပြီး ဖွဲစည်းပုံပျက်သွားပြီ ဖြစ်သည်။

၁၆။ စကခ ၁၇

ရှေ့တန်းဌာနချုပ်ကို နမ့်ဖတ်ကာတွင် အခြေပြုသည်။ နမ့်ဆလပ်တွင် ဗျူဟာတခုထား၍ မုံးစီး တာမိုးညဲဒေသတွင် လှုပ်ရှားသည်။ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် စကခ ၁၇ မှ လက်ကျန်တပ်များကို မိုင်းပန်အခြေစိုက်သို့ ပြန်ခေါ်သည်။ လက်ရှိ ဆီဆိုင်တွင် စကခ ၁၇ မှ တဗျူဟာနှင့် တပ်ရင်း သုံးရင်းထိုင်သည်။ ထိုင်းနယ်စပ် မှတ်တိုင် ၉ အနီးတွင် တဗျူဟာနှင့် တပ်ရင်း သုံးရင်းထိုင်သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ထိခိုက်ကျဆုံးမှု ရှိသော်လည်း အသေးစိတ် မသိရှိပါ။

၁၇။ စကခ ၁၈

ကျိုင်းတုံ လုံခြုံရေး တဗျူဟာ၊ မိုင်းယောင်း တဗျူဟာနှင့် ရလခတိုင်းလက်အောက်ရှိ မိုင်းကိုင်တွင် တဗျူဟာထိုင်သည်။ တိုက်ပွဲမရှိ၊ ထိခိုက်မှုအနည်းဆုံး စကခဖြစ်သည်။

၁၈။ စကခ ၁၉

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ ဝင်လာသည့် မြန်မာနယ်ခြားစောင့်တပ်များ

စကခ၏ ရှေ့တန်းဌာနချုပ်ကို ပလက်ဝတွင် ထားရှိသည်။ ချင်းတောင်ပိုင်းနှင့် အိန္ဒိယ – ဘင်္ဂလားဒေ့ရှ် – မြန်မာ သုံးပွင့်ဆိုင်နယ်စပ်တွင် စစ်ဆင်‌ရေးတာဝန်ယူရသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပလက်ဝဌာနချုပ်ကို AA သိမ်းယူစဉ် စကခမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေမှာ ပျောက်ဆုံးသွားသည်။ တပ်တချို့ အိန္ဒိယဘက် ထွက်ပြေးခိုလှုံသည်လည်း ရှိသည်။ စကခတခုလုံး ချေမှုန်းခံလိုက်ရသည်။ ဖွဲ့စည်းပုံ ပျက်သွားပြီး စစ်ဆင်ရေးတာဝန်ယူနိုင်ခြင်း မရှိတော့ပါ။ နောက်တန်းဌာနချုပ်များ ကျန်သေး‌သော်လည်း အင်အားမရှိတော့ပေ။

၁၉။ စကခ ၂၀

သံတောင်ကြီးတွင် ရှေ့တန်းဌာနချုပ် ထားရှိသည်။ လိပ်သို၊ ယာဒိုနှင့် သံတောင်ဒေသတွင် စစ်ဆင်‌ရေး လှုပ်ရှားသည်။ ထိခိုက်မှုရှိသော်လည်း စစ်ဆင်ရေးတာဝန် ယူနိုင်ဆဲဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

၂၀။ စကခ ၂၁

တပ်ရင်းဌာနချုပ် လေးခု ဆုံးရှုံးထားသည်။ လက်ရှိတွင် မံစီ၊ မိုးမောက်မြို့များကို လက်လွှတ်ရပြီး အခြေစိုက်တပ်ရင်းများ တိုက်ခိုက်ခံနေရသည်။ ထိုတပ်ရင်းများ ကျသွားပါက ဗန်းမော်ရှိ စကခ ၂၁ ဌာနချုပ် တိုက်ခိုက်ခံရတော့မည် ဖြစ်သည်။

ဗန်းမော်ဒေသတွင် တာဝန်ယူပြီး လက်ရှိ KIA နှင့် တိုက်ပွဲပြင်းထန်လျက်ရှိကာ မိုးမောက်နှင့် ရွှေညောင်ပင်ကြား စခန်းများစွာနှင့် လွယ်ဂျယ်‌၊ စိန်လုံကဘာ‌ဒေသရှိ စခန်းများစွာ လက်လွှတ်ထားရသည်။ တပ်ရင်းဌာနချုပ် လေးခု ဆုံးရှုံးထားသည်။ လက်ရှိတွင် မံစီ၊ မိုးမောက်မြို့များကို လက်လွှတ်ရပြီး အခြေစိုက်တပ်ရင်းများ တိုက်ခိုက်ခံနေရသည်။ ထိုတပ်ရင်းများ ကျသွားပါက ဗန်းမော်ရှိ စကခ ၂၁ ဌာနချုပ် တိုက်ခိုက်ခံရတော့မည် ဖြစ်သည်။

(မှတ်ချက် ။ ။ စကခ ၁၊ ၁၂၊ ၁၄၊ ၁၆ တို့မှ စကခမှူးများ အရေးယူခံရ၊ စကခ ၈ မှူး ဒဏ်ရာရရှိ၊ စကခ ၉ မှူး၊ စကခ ၁၅ ဒုစကခ မှူး အဖမ်းခံရ၊ စကခ ၁၉ မှူး ပျောက်ဆုံးနေသည်ကို တွေ့ရ၏။ စကခ ၉၊ ၁၅၊ ၁၆ တို့မှာ ဖွဲ့စည်းပုံ လုံးဝပျက်သွားပြီး စကခ ၇၊ ၁၂၊ ၁၉ တို့မှာ ဖွဲ့စည်းပုံ ပျက်လုနီးပါးဖြစ်၏။ စကခ ၅၊ ၈၊ ၁၃၊ ၁၇၊ ၂၁ တို့မှာလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပြင်းထန်သောထိုးစစ်နှင့် ရင်ဆိုင်နေရသည်။ စကခ ၁၊ ၁၄ ကမူ လောက်ကိုင်တွင် လက်နက်ချခဲ့ရသည်ဖြစ်၍ ဦးကျိုးနေ၏။ စကခ ၂၊ ၃၊ ၄၊ ၆၊ ၁၀၊ ၁၈၊၂၀ စသည့် စကခ ၇ ခုသာ စစ်ဆင်ရေးတာဝန် အပြည့်အဝယူနိုင်၏။)

ထိုအခြေအနေအား ကုစားနိုင်ရန် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး တပ်သားသစ် စုဆောင်းရေးကို အတင်းအဓမ္မ ပြုလုပ်နေသည်ကို တွေ့ရသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF တို့နှင့် တိုင်းရင်းသားတပ်ဖွဲ့များကို စစ်တပ်လော်ဘီများအား အသုံးပြု၍လည်းကောင်း၊ နိုင်ငံရေးဇာတ်ပျက်များအား အသုံးပြု၍လည်းကောင်း၊ နိုင်ငံရေးအရ သရုပ်ဖျက်ရန် ကြိုးစားနေ၏။

သို့သော်လည်း စစ်ကောင်စီတပ်၏ အထိနာမှု၊ စစ်ရေးအရ ရှုံးနိမ့်မှု၊ နယ်မြေများ ဆုံးရှုံးစွန့်လွှတ်ရမှုများကမူ ဖုံးကွယ်လိမ်ညာ၍ မရသည့် လက်တွေ့ရလဒ်များဖြစ်၏။ စစ်တပ်‌လော်ဘီများနှင့် နိုင်ငံရေးဇာတ်ပျက်များ ပါးစပ်မဟရဲသည့် မြေပြင်မှ လက်တွေ့အခြေအနေမှန်များလည်း ဖြစ်ပေသည်။

(ပြီးပါပြီ)

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်

ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

၁၀၂၇ စစ်ဆင်ရေး ၃ လအတွင်း စစ်ကောင်စီ အရှက်တကွဲ ဆုံးရှုံးရမှုများ

ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီ လူမျိုးရေး အမုန်းတရား မီးရှို့

ကချင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAKIAKNDFKNUNUGPDFPNLOTNLAကျားဖြန့်စစ်ကောင်စီစစ်ခုံရုံးစစ်မှုထမ်းဥပဒေစစ်အင်္ဂါစဉ်စစ်အာဏာသိမ်းမှုတပ်သားသစ် စုဆောင်းရေးတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနယ်ခြားစောင့်တပ်ဖွဲ့မြို့သိမ်းတိုက်ပွဲရဟတ်ယာဉ်ပစ်ချခံရမှုလက်နက်ချမှုသေဒဏ်အနော်ရထာစစ်ဆင်ရေးအပစ်အခတ်ရပ်စဲရေးအောင်ဇေယျစစ်ဆင်ရေး
အေးချမ်းဆု

အေးချမ်းဆု

အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တန်းပြည့် စစ်မှုထမ်းဆောင်ချိန် သတ်မှတ်တာ ဘာကြောင့်လဲ

တန်းပြည့် စစ်မှုထမ်းဆောင်ချိန် သတ်မှတ်တာ ဘာကြောင့်လဲ

လွိုင်ကော်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ

လွိုင်ကော်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved