• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၁၀၂၇ စစ်ဆင်ရေး ၃ လအတွင်း စစ်ကောင်စီ အရှက်တကွဲ ဆုံးရှုံးရမှုများ

by ဟိန်းထူးဈာန်
31 January 2024
in ဆောင်းပါး
A A
၁၀၂၇ စစ်ဆင်ရေး ၃ လအတွင်း စစ်ကောင်စီ အရှက်တကွဲ ဆုံးရှုံးရမှုများ

ဆုံးရှုံးသွားသည့် ဂျက်တိုက်လေယာဉ် သုံးစင်းနှင့် ရဟတ်ယာဉ် လေးစင်း၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၇၅ သန်းဖိုးခန့် ရှိသည်။

6.8k
VIEWS
Share on FacebookShare on Twitter

၁၀၂၇ စစ်ဆင်ရေး သုံးလပြည့်သောအခါ ၎င်း၏ ရိုက်ခတ်မှုကို ပိုမိုကောင်းမွန်စွာ တိုင်းတာရန် ဧရာဝတီက စစ်ကောင်စီ၏ အကြီးမားဆုံး ဆုံးရှုံးမှုများကို စာရင်းပြုစုခဲ့သည်။

လွန်ခဲ့သောနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်သည့် ညှိနှိုင်းထိုးစစ်သည် စစ်ကောင်စီကို ယခင် မကြုံဖူးအောင် များပြားသည့် ကြီးမားသော ရှုံးနိမ့်မှုများ ဖြစ်စေသည်။ ထို ထိုးစစ်သည် အခြား တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင် တော်လှန်ရေး အင်အားစုများက လွန်ခဲ့သော သုံးနှစ်နီးပါးက ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းခဲ့သော စစ်ကောင်စီတပ်ကို ညှိနှိုင်းတိုက်ခိုက်ရန် စိတ်အားတက်ကြွစေသည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်မြောက်ပိုင်းတွင် ဆင်နွှဲသည်။

ဆုံးရှုံးမှုများတွင် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များမှသည် တင့်ကားများမှ သံချပ်ကာကားများအထိ ပါဝင်သလို အလံဖြူထောင်ကာ တလျှောက်လုံး ထွက်ပြေးရသည့် စစ်သားများနှင့် အမိန့်ပေးကွပ်ကဲမှု ထိပ်ဆုံးမှ အရာရှိများလည်း ပါဝင်သည်။

အရှက်သိက္ခာကျဆင်းစေသည့် ရှုံးနိမ့်မှုများအပြင် စစ်ကောင်စီသည် စီးပွားရေး ဆုံးရှုံးမှုများကိုလည်း ခံစားရသည်။ ထိုဆုံးရှုံးမှုများတွင် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များမှသည် တင့်ကားများမှ သံချပ်ကာကားများအထိ ပါဝင်သလို အလံဖြူထောင်ကာ တလျှောက်လုံး ထွက်ပြေးရသည့် စစ်သားများနှင့် အမိန့်ပေးကွပ်ကဲမှု ထိပ်ဆုံးမှ အရာရှိများလည်း ပါဝင်သည်။

အလွန်များပြားလှသော လက်နက်ခဲယမ်းများနှင့် အဓိကကျသည့် စစ်စခန်းများ၊ သေနင်္ဂဗျူဟာကျသည့် မြို့များကိုလည်း ညီနောင်မဟာမိတ်များနှင့် တနိုင်ငံလုံးမှ တော်လှန်ရေး မဟာမိတ်များက သိမ်းဆည်းမိသည်။ ၎င်းတို့ကို အောက်တွင် တစေ့တစောင်း ဖော်ပြလိုက်သည်။

ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ညီနောင်မဟာမိတ်များက အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ စစ်ကောင်စီတပ်ကို တိုက်ရန် စိတ်အားတက်ကြွစေသလို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေး တပ်မတော် (KNDF) နှင့် ကရင်နီတပ်မတော် (KA) တို့သည် ဂျက်တိုက်လေယာဉ် နှစ်စင်းနှင့် ရဟတ်ယာဉ်တစင်းတို့ကို ပစ်ချခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် KIA သည် စစ်ကောင်စီ၏ FTC 2000G ဂျက်တိုက်လေယာဉ်ကို ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် ပစ်ချသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် KIA သည် ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီးတွင် Mi-17 ရဟတ်ယာဉ်ကို ပစ်ချသည်။ ထို Mi-17 သည် လိုင်ဇာမှ ၈ မိုင်အကွာ၌ ပစ်ချခံရချိန်တွင် စစ်ကောင်စီ တပ်များအတွက် ရိက္ခာပို့ဆောင်နေခြင်း ဖြစ်သည်။

ဆုံးရှုံးသွားသည့် ဂျက်တိုက်လေယာဉ် သုံးစင်းနှင့် ရဟတ်ယာဉ် လေးစင်း၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၇၅ သန်းဖိုးခန့် ရှိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ K8-W လေယာဉ်တစင်းကို KNDF နှင့် KA တို့က ကရင်နီ (ကယား) ပြည်နယ် မြို့တော်အနီး လွိုင်ကော်တွင် ပစ်ချသည်။

၁၀၂၇ စစ်ဆင်ရေး မစတင်မီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် တစင်းနှင့် ရဟတ်ယာဉ် သုံးစင်းကို ပစ်ချခဲ့သေးသည်။

၁၀၂၇ စစ်ဆင်ရေး မစတင်မီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် တစင်းနှင့် ရဟတ်ယာဉ် သုံးစင်းကို ပစ်ချခဲ့သေးသည်။

ပထမဆုံး ပစ်ချခံရသည်မှာ Mi-35 ရဟတ်ယာဉ် ဖြစ်သည်။ ထိုရဟတ်ယာဉ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် KIA က ကချင်ပြည်၊ မိုးမောက်မြို့နယ်တွင် ပစ်ချသည်။ KIA သည် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) ၏ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။

ဒုတိယမြောက် ပစ်ချခံရသည်မှာ အမျိုးအစားမသိ စစ်ရဟတ်ယာဉ် ဖြစ်သည်။ ထိုရဟတ်ယာဉ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် KNDF က စစ်ကောင်စီတပ်နှင့် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီး မြေပြင်တွင် တိုက်ပွဲဖြစ်နေစဉ် ပစ်ချသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေး တပ်များက ရွှေပြည်အေးမြို့ကို သိမ်းပိုက်ရန် ကြိုးစားနေစဉ် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်ကို ပစ်ချလိုက်ကြောင်း ကြေညာသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် တောင်ငူလေတပ်မှ တက်လာသော K8-W တစီးကို ကရင်နီ အမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) က ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်၊ တွာသစ်မြို့အနီးတွင် ပစ်ချသည်။

အကြမ်းဖျဉ်း ခန့်မှန်းချက်အရ ဆုံးရှုံးသွားသည့် ဂျက်တိုက်လေယာဉ် သုံးစင်းနှင့် ရဟတ်ယာဉ် လေးစင်း၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၇၅ သန်းဖိုးခန့် ရှိသည်။

တင့်ကားများနှင့် သံချပ်ကာယာဉ်များ

ညီနောင်မဟာမိတ်များသည် အနည်းဆုံး တင့်ကား ရှစ်စီး၊ သံချပ်ကာယာဉ် ၁၆ စီးနှင့် အတွဲလိုက်ပစ်သည့် ဒုံးကျည်ပစ်ယာဉ် နှစ်စီးကို ၁၀၂၇ စစ်ဆင်ရေး ပထမ သုံးလအတွင်း ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ဖျက်ဆီးခဲ့၊ သိမ်းပိုက်ခဲ့သည်။

MNDAA က အများဆုံး သိမ်းပိုက်ခြင်းဖြစ်ပြီး သံချပ်ကာနှင့် တင့်ကား ၁၆ စီး သိမ်းပိုက်ကာ အတွဲလိုက်ပစ်သည့် ဒုံးကျည်တင်ယာဉ် နှစ်စီးကို ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်၊ မုန်းကိုး၊ သိန္နီ၊ ကွမ်းလုံနှင့် လောက်ကိုင် မြို့နယ်များတွင် သိမ်းပိုက်ခဲ့သည်။

MNDAA က အများဆုံး သိမ်းပိုက်ခြင်းဖြစ်ပြီး သံချပ်ကာနှင့် တင့်ကား ၁၆ စီး သိမ်းပိုက်ကာ အတွဲလိုက်ပစ်သည့် ဒုံးကျည်တင်ယာဉ် နှစ်စီးကို ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်၊ မုန်းကိုး၊ သိန္နီ၊ ကွမ်းလုံနှင့် လောက်ကိုင် မြို့နယ်များတွင် သိမ်းပိုက်ခဲ့သည်။

ညီနောင်မဟာမိတ်များသည် အနည်းဆုံး တင့်ကား ရှစ်စီး၊ သံချပ်ကာယာဉ် ၁၆ စီးနှင့် အတွဲလိုက်ပစ်သည့် ဒုံးကျည်ပစ်ယာဉ် နှစ်စီးကို ၁၀၂၇ စစ်ဆင်ရေး ပထမ သုံးလအတွင်း ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ဖျက်ဆီးခဲ့၊ သိမ်းပိုက်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် TNLA နှင့် မန္တလေး PDF တပ်များသည် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုတွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ် နှစ်စီးကို ဖျက်ဆီးသည်။

အခြား သံချပ်ကာယာဉ် လေးစီးကို TNLA က ရှမ်းပြည်မြောက်ပိုင်းတွင် သိမ်းဆည်းပြီး AA က ရခိုင်ပြည်နယ်တွင် နောက်ထပ် သံချပ်ကာယာဉ် နှစ်စီး သိမ်းဆည်းသည်။

အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း စစ်ကောင်စီ၏ တင့်ကားနှင့် သံချပ်ကာ ယာဉ်များကို ဖျက်ဆီးကြသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) က ၎င်း၏ လက်နက်ကိုင်တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သည် စစ်ကောင်စီ၏ တင့်ကား နှစ်စီးနှင့် သံချပ်ကာယာဉ် တစီးကို ပဲခူးတိုင်း၊ ကျောက်ကြီး မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ဖျက်ဆီးလိုက်ကြောင်း ကြေညာသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း KNDF သည် စစ်ကောင်စီ တင့်ကားတစီးကို လွိုင်ကော်အနီးတွင် ဖျက်ဆီးခဲ့သည်။

လက်နက်ခဲယမ်းများ

ညီနောင်မဟာမိတ်များသည် သုံးလအတွင်း စစ်ကောင်စီတပ်များထံမှ လွန်စွာများပြားသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းမိသည်။

ညီနောင်မဟာမိတ်များသည် သုံးလအတွင်း စစ်ကောင်စီတပ်များထံမှ လွန်စွာများပြားသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းမိသည်။ ထိုလက်နက်များတွင် ပစ္စတိုများမှသည် ကြီးမားသော ဒုံးကျည်ပစ် လက်နက်များအထိ ပါဝင်သည်။ ခဲယမ်းများတွင် တလက်မ မပြည့်သည့် ကျည်ဆံများမှသည် ၁၀၀ မမ အမြောက်ဆံများအထိ ပါဝင်သည်။

သိမ်းဆည်းမိသည့် လက်နက်များတွင် လက်ပစ်ဗုံးများ၊ ဒုံးကျည်ပစ် လက်နက်များနှင့် ဒရုန်းတားဆီးရေး ဂျမ်မာများအထိ နိုင်ငံအမျိုးမျိုးမှ ထုတ်လုပ်သည့် လက်နက်အမျိုးမျိုး ပါဝင်သည်။

သိမ်းဆည်းမိသည့် လက်နက်များတွင် လက်ပစ်ဗုံးများ၊ ဒုံးကျည်ပစ် လက်နက်များနှင့် ဒရုန်းတားဆီးရေး ဂျမ်မာများအထိ နိုင်ငံအမျိုးမျိုးမှ ထုတ်လုပ်သည့် လက်နက်အမျိုးမျိုး ပါဝင်သည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများသည် ညီနောင်မဟာမိတ်အဖွဲ့ကို ပိုမို အင်အားတောင့်တင်းစေပြီး ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကထက် ပိုအားကောင်းစေသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများသည် ညီနောင်မဟာမိတ်အဖွဲ့ကို ပိုမို အင်အားတောင့်တင်းစေပြီး ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကထက် ပိုအားကောင်းစေသည်။

အမြောက်ကြီးများ

မဟာမိတ်အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ပထမ သုံးလအတွင်း ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် အမြောက်ကြီးများ အနည်းဆုံး ၂၀ ခု သိမ်းဆည်းမိသည်။

မဟာမိတ်အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ပထမ သုံးလအတွင်း ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် အမြောက်ကြီးများ အနည်းဆုံး ၂၀ ခု သိမ်းဆည်းမိသည်။ AA, MNDAA နှင့် TNLA တို့သည် ရှမ်းပြည် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ စစ်ကောင်စီ၏ သေနင်္ဂဗျူဟာကျသည့် တောင်ကုန်းစခန်းများ၊ ဒေသဆိုင်ရာနှင့် စစ်ဆင်ရေးဌာနချုပ်များမှာ အမြောက်ကြီးများကို သိမ်းပိုက်ခြင်း ဖြစ်သည်။

ထိုသိမ်းဆည်းမိသော ဟောင်ဝစ်ဇာ အမြောက်များသည် အရပ်သားများကို နေ့စဉ်နီးပါး ပစ်ခတ်နေသည့် အမြောက်များဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

သေနင်္ဂဗျူဟာကျသည့် စခန်းများနှင့် ဌာနချုပ်များ

ညီနောင်မဟာမိတ်အဖွဲ့သည် သေနင်္ဂဗျူဟာကျသည့် တောင်ကုန်းစခန်းနှင့် အဓိက စစ်ဌာနချုပ် ၃၆ ခုကျော်ကို သိမ်းပိုက်ခဲ့သည်။ ထိုသို့သိမ်းပိုက်သည့် နေရာများတွင် ကွက်ခိုင်ဗျူဟာစခန်း၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ် ၁၂၅ နှင့် ၂၈၉ ခြေလျင်တပ်ရင်း ဌာနချုပ်များ၊ အမှတ် ၁၂၉ ခြေမြန်တပ်မ ဌာနချုပ်နှင့် လောက်ကိုင် ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (ဒစက) တို့ ပါဝင်သည်။

သိမ်းပိုက်ထားသော မြို့များ

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် မြို့ပေါင်း ၁၈ မြို့ကို သိမ်းပိုက်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် မြို့ပေါင်း ၁၈ မြို့ကို သိမ်းပိုက်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လမှ စတင်ပြီး တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်နီပြည်နယ်များ၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတွင် မြို့ပေါင်း ၃၆ မြို့ကို သိမ်းပိုက်သည်။ (ထိုအရေအတွက်တွင် ညီနောင်မဟာမိတ်များ သိမ်းပိုက်သည့် မြို့များလည်း ပါဝင်သည်။)

အဆင့်မြင့် အရာရှိများ

ညီနောင်မဟာမိတ်အဖွဲ့သို့ ယခုလအတွင်း လက်နက်ချသည့် ဗိုလ်မှူးချုပ် ခြောက်ဦးသည် အာဏာသိမ်းပြီးနောက် လက်နက်ချသည့် အဆင့်အမြင့်ဆုံး အရာရှိများတွင် ပါဝင်သည်။ မြန်မာစစ်တပ်သမိုင်းတွင် ဗိုလ်မှူးချုပ် ခြောက်ဦး တပြိုင်နက် လက်နက်ချသည်မှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။

မြန်မာစစ်တပ်သမိုင်းတွင် ဗိုလ်မှူးချုပ် ခြောက်ဦး တပြိုင်နက် လက်နက်ချသည်မှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။

ထိုဗိုလ်မှူးချုပ် ခြောက်ဦးသည် ဇန်နဝါရီလ ၄ ရက်နေ့တွင် လက်နက်ချပြီး ညီနောင်မဟာမိတ်အဖွဲ့ထံ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမြို့တော် လောက်ကိုင်ကို ပေးအပ်သည်။

ထိုလက်နက်ချ ဗိုလ်ချုပ်များတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒေသဆိုင်ရာ စစ်ဆင်ရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ အမှတ် ၅၅ ခြေမြန်တပ်မမှူးတို့ ပါဝင်သည်။ အခြားလက်နက်ချသည့် ဗိုလ်မှူးချုပ် သုံးဦးမှာ အမှတ် ၁၂၊ ၁၄ နှင့် ၁၆ စစ်ဆင်ရေးဌာနချုပ်မှူးများ ဖြစ်သည်။ ၎င်းတို့နှင့်အတူ အခြားအရာရှိ ၂၀၀ ကျော်လည်း လက်နက်ချသည်။

ညီနောင်မဟာမိတ်အဖွဲ့သို့ ယခုလအတွင်း လက်နက်ချသည့် ဗိုလ်မှူးချုပ် ခြောက်ဦးသည် အာဏာသိမ်းပြီးနောက် လက်နက်ချသည့် အဆင့်အမြင့်ဆုံး အရာရှိများတွင် ပါဝင်သည်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ညီနောင်မဟာမိတ်က ဖမ်းမိသည့် စစ်ကောင်စီ အဆင့်မြင့်အရာရှိများတွင် ရာထူးအကြီးဆုံးဖြစ်သည်။ သူသည် ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မမှူး ဖြစ်ခဲ့သည်။ ထိုမြို့နယ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် TNLA က သိမ်းပိုက်ပြီး မကြာမီ သူ့ကို ဖမ်းမိခြင်းဖြစ်သည်။

အမှတ် ၁၉ စစ်ဆင်ရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပလက်ဝ မြို့နယ်မှ စစ်ကောင်စီစခန်းကို AA က တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးသည်။ နောက်တနေ့တွင် သူ့ကိုဖမ်းမိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် AA က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် အမှတ် ၃၄၄ ခြေမြန်တပ်ရင်း ဒုတပ်မှူး ဗိုလ်မှူး သန့်ဇင်ထွန်းနှင့် တပ်စုမှူး ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် အပါအဝင် စစ်ကောင်စီစစ်သား ၁၀ ဦး ဖမ်းမိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် MNDAA သည် ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မှ စစ်စခန်းတခုကို သိမ်းပိုက်သောအခါ စစ်ကောင်စီ၏ အမှတ် ၆၉ ခြေလျင်တပ် တပ်မှူးကို ဖမ်းမိသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် TNLA သည် ရှမ်းပြည်မြောက်ပိုင်းမှ သေနင်္ဂဗျူဟာကျသည့် တောင်ကုန်း စခန်းဖြစ်သော စခန်းသစ်ကုန်းကို သိမ်းယူသောအခါ ဗိုလ်မှူးတဦး ဖမ်းမိသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အခြားအဆင့်မြင့် စစ်အရာရှိများသည်လည်း တိုင်းရင်းသား လက်နက်ကိုင်များထံ လက်နက်ချ၊ အဖမ်းခံရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အခြားအဆင့်မြင့် စစ်အရာရှိများသည်လည်း တိုင်းရင်းသား လက်နက်ကိုင်များထံ လက်နက်ချ၊ အဖမ်းခံရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီလေတပ်မှ ဗိုလ်မှူး ခိုင်သန့်မိုးကို ဖမ်းမိသည်။ သူသည် တောင်ငူလေတပ်မှ လေယာဉ်မှူးဖြစ်ပြီး သူ့ကို တော်လှန်ရေး ပူးပေါင်းတပ်များက ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှ ဝေးကွာသော တောအတွင်း ဖမ်းမိခြင်းဖြစ်သည်။ သူမောင်းနှင်လာသည့် K8-W အမောင်းသင်/ဂျက်တိုက်လေယာဉ်ကို တော်လှန်ရေးအင်အားစုက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပစ်ချလိုက်ခြင်း ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဟိန်းထူးဈာန်၏ Operation 1027 Delivered Three Months of Humiliation to Myanmar’s Junta ကို ဘာသာပြန်သည်။)

You may also like these stories:

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.1k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
447

ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်

စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

စစ်ပြေးများသာမက ထောင်ကျစစ်သားများကိုပါ တပ်က ခေါ်ထုတ်မှုများရှိလာ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAKIAKNLAMNDAANUGSliderTNLAဂျက်လေယာဉ်စခန်းသိမ်းတိုက်ပွဲစစ်ကောင်စီစစ်သုံပမ်းစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်အဖွဲ့ညှိနှိုင်းထိုးစစ်တင့်ကားတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံမြို့သိမ်းတိုက်ပွဲလက်နက်ခဲယမ်းလက်နက်ချမှုလေကြောင်းတိုက်ခိုက်မှုသံချပ်ကာယာဉ်
ဟိန်းထူးဈာန်

ဟိန်းထူးဈာန်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကောလင်းကို တိုက်ရန် စစ်ကောင်စီ အင်အားဖြည့်နေ

ကောလင်းကို တိုက်ရန် စစ်ကောင်စီ အင်အားဖြည့်နေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved