• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ပြေးများသာမက ထောင်ကျစစ်သားများကိုပါ တပ်က ခေါ်ထုတ်မှုများရှိလာ

by ဧရာဝတီ
13 December 2023
in သတင်း
A A
စစ်ပြေးများသာမက ထောင်ကျစစ်သားများကိုပါ တပ်က ခေါ်ထုတ်မှုများရှိလာ

မန္တလေး ဗဟို အကျဉ်းထောင်

4.1k
VIEWS
Share on FacebookShare on Twitter

စစ်ပြေးများကိုသာမက တပ်မတော်အက်ဥပဒေဖြင့် ထောင်ကျနေရသည့် စစ်သားဟောင်းများကို လွတ်ငြိမ်းခွင့်မပေးဘဲ စစ်တပ်က လာခေါ်ထုတ်သွားမှုများရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အကျဉ်း ဦးစီး ဌာနသတင်းရင်းမြစ် များက ဆိုသည်။

ထောင်များ ခေါ်ထုတ်သွားသူများတွင် စစ်စည်းကမ်းဖောက်ဖျက်မှု၊ ခိုးမှု၊ မုဒိမ်းမှုစသည့် ရာဇဝတ်မှုကျူးလွန်သည့် စစ်သား များပါဝင်ပြီး အင်းစိန်ထောင်မှ ၂၀၀ ခန့်၊ ရန်ကုန်တိုင်းရှိ အမှတ် (၂) ဘဝသစ်စိုက်ပျိုးရေးစခန်းမှ ၁၇ ဦး၊ မန္တလေးဗဟို အကျဉ်းထောင်(အိုးဘို) မှ ၁၅၀ ခန့်၊ မြင်းခြံထောင် မှ ၁၆ ဦး၊ ပဲခူးတိုင်း ပြည်ထောင်မှ ၄၀ ကျော်၊ ပေါင်းတည်ထောင်မှ ၁၇ ဦး၊ တောင်ငူထောင်မှ ၆၂ ဦး၊ စစ်ကိုင်းတိုင်း ကလေးထောင်မှ ၁၇ ဦး၊ ရွှေဘိုထောင်မှ ၃၀ ခန့်၊ ရခိုင်ပြည်နယ် စစ်တွေထောင်မှ ၁၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်း၌ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်များနှင့်အတူ နိုင်ငံတဝန်း စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများ ကြုံနေရချိန် ခွင့်မဲ့နှင့် စစ်ပြေးများကို ပြန်လက်ခံ၍ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခွင့်ပြုမည်ဟု ထုတ် ပြန် ကြေညာပြီးနောက်ပိုင်း ယခုကဲ့သို့ အကျဉ်းကျနေသည့် စစ်သည်ဟောင်းများကို ခေါ်ထုတ်မှုများ ပြုလုပ်လာခြင်းဟု လည်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ အလုပ်စခန်း (ရဲဘက်) တခုမှ ထောင်ဝန်ထမ်းတဦးက “စစ်ပြေးတွေကို ပြန်ခေါ်ထုတ်တာတွေ ရှိ တယ်။ အမျိုးသားနေ့က ခေါ်ထုတ်သွားကြတာ။ ဒီမှာ ရှိနေတဲ့သူတွေက ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ ချည့်နေတဲ့သူ တွေများတယ်။ ဒဏ်ရာရပြီး ကျိုးနေတဲ့သူတွေတောင်ပါတယ်။ ၁၇ ယောက်ကို တပ်ကနေ ပြန်ပြီးလာခေါ်သွားကြတာ။ လွတ်ငြိမ်းပေးတာမျိုးမဟုတ်ဘဲ ဒီအတိုင်း ရွေးပြီးလာခေါ်ထုတ်သွားကြတာ” ဟု ဧရာဝတီကို ပြောသည်။

အကျဉ်းထောင်များမှ ထောင်ကျစစ်သားဟောင်းများအား ခေါ်ထုတ်မှုကို ယခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တပ်သားမှ တပ်ခွဲတပ်ကြပ်ကြီးအဆင့်ထိ ခေါ်ထုတ်နေခြင်းမျိုးဖြစ်ကြောင်း သိရသည်။

အကျဉ်းဦးစီးဌာနမှ Non-CDM ဝန်ထမ်းတဦးက “စစ်ပြေးတွေက မိအေးနှစ်ခါနာဖြစ်နေတာ။ စစ်တပ်ထဲမနေချင်၊ စစ်မတိုက်ချင်တော့လို့ ပြေးလို့ ထောင်ကျပါတယ်ဆိုမှ အတင်းပြန်ခေါ်နေကြတာ။ အဓိကတော့ စစ်တိုက်ဖို့ပြန်ခေါ်တာမျိုးပဲ။ အခု ခေါ်ထုတ်သွားတယ်ဆိုတဲ့ စစ်ပြေးအများစုက စစ်တိုက်နိုင်တဲ့အခြေအနေ မရှိတဲ့သူတွေများတယ်” ဟု ဆိုသည်။

ခွင့်မဲ့နှင့် စစ်‌ပြေးများအနက် သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် စစ်သည်များကို ပြန်လည်လက်ခံကာ နီးစပ်ရာတပ်များ တွင် တာဝန်ထမ်းဆောင်ခွင့်ပြုမည်ဟု ဒီဇင်ဘာ ၃ ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
481
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ယင်းထုတ်ပြန်ချက်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် လက်နက်ကိုင်များကို ချေမှုန်းနေသော စစ်ကောင်စီတပ်ထံ ခွင့်မဲ့နှင့် စစ်ပြေးများ၊ စစ်မှုထမ်းဟောင်းများ၊ ကျန်းမာရေးအခြေအနေအရ တပ်မတော်မှ ထွက်ခွင့်ရထားသူများက လက်ရှိ နိုင်ငံတဝှမ်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နိုင်ငံတော်တာဝန်ကို ပြန်လည်တာဝန်ထမ်းဆောင်လိုသည်ဟု ဆက်သွယ် တင်ပြလာမှုများရှိကြောင်း၊ တင်ပြလာမှုအရ သာမန်ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးပြီး နီးစပ်ရာတပ် များ၌ ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း “စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အမှတ် (၂) မှာ စစ်ပြေးမှုဆိုတာက ယေဘူယျအားဖြင့် တပ်သို့ပြန်လာရန် ရည်ရွယ်ချက်မရှိသော ခွင့်မဲ့ပျက်ကွက်ခြင်းကို ဆိုလိုတာ ဖြစ် တယ်။ တပ်ကို ပြန်လာဖို့၊ စစ်မှုထမ်းဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် စစ်ပြေးမှုမမြောက်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် စစ်မှုထမ်းရန် ရည်ရွယ်ချက်နဲ့ ပြန်လာလို့ရှိရင် စစ်ပြေးမှုအဖြစ် မသတ်မှတ်ဘဲနဲ့ ခွင့်မဲ့ပျက်ကွက်အဖြစ်သာ သတ်မှတ်ပြီး လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောထားသည်။

သို့သော် ၎င်းအနေဖြင့် ၂၀၂၀ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတခုတွင်မူ နိုင်ငံတကာရှိ တပ်မတော်များတွင် တပ်ပြေးများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ခွင့်လွှတ်ပေးသည့် ထုံးစံမရှိဟု ပြောဆိုခဲ့ဖူးသည်။

၁၉၅၉ စစ်တပ်အက်ဥပဒေအရ စစ်ပြေးမှုနှင့် အားပေးကူညီမှုများအတွက် ပုဒ်မ-၃၇၊ ခွင့်မဲ့ပျက်ကွက်မှုအတွက် ပုဒ်မ-၃၈ တို့ကို ထည့်သွင်းပြဋ္ဌာန်းထားပြီး စစ်ပြေးမှုကို ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ စီရင်နိုင်ကာ စစ်ပြေးမှုကျူးလွန် ရန် အားထုတ်ပါက ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၃၈ အရ ခွင့်မဲ့ပျက်ကွက်ပါက ထောင် ၃ နှစ်ထိ ချမှတ် နိုင်ကြောင်း သိရသည်။

ခမရ-၁၂၉ မှ တပ်ရင်းမှူး ကျော်ရဲအောင် ဦးဆောင်သော တပ်ရင်းတရင်းလုံးနှင့် တပ်မိသားစုဝင်များ အလင်းဝင် / The Kokang

PPN Myanmar မှ တာဝန်ရှိသူတဦးက “စစ်စည်းကမ်းတွေကို လာပြီးညှိနှိုင်းတာမျိုးတွေရှိတယ်။ ထောင်ကနေ လွှတ်ပေး မယ်၊ ကြွင်းကျန်ကာလကို တပ်ထဲမှာ ဆက်ပြီးအမှုထမ်းရမယ်ဆိုတဲ့ သဘောတူညီချက်မျိုးတွေ ရယူခဲ့ကြတယ်လို့ သိရ တယ်။ ဖြစ်နေတာက တပ်ကပြေးတာ အပြစ်ရှိတယ်ဆိုပြီး ထောင်ချထားတဲ့သူတွေကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးမယ်၊ စစ်မှုထမ်းပါဆိုတာတွေသည် အင်မတန်ရှက်စရာကောင်းတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခင်က ပြစ်မှုရှိသော စစ်သည်များအား တာဝန်ပြန်လည်ထမ်းဆောင်ခိုင်းခြင်းမျိုး မရှိခဲ့သလို စစ်မှုမထမ်းချင်သဖြင့် စစ်ပြေးဖြစ်သူ အများစုမှာလည်း အရေးယူထောင်ချခြင်းများကိုသာ ခံယူကြလေ့ရှိပြီး စစ်တပ်ထဲ ပြန်လည်ဝင်ရောက်သူ မရှိသလောက်ရှားပါးဟု စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။

အငြိမ်းစား ဗိုလ်မှူးတဦးက “အရင်ကတည်းက တပ်ပြေးတွေ အဖမ်းခံရတာ၊ ဖမ်းမိတာမျိုးတွေမှာတောင် သတ်မှတ်ကာလ အတွင်း အကျုံးဝင်နေသေးလို့ ဆက်ပြီးစစ်မှုထမ်းပါ၊ စစ်ထောင်ကိုပဲ ပို့မယ်ဆိုရင်တောင် ၉၉ ရာခိုင်နှုန်းလောက်က အရပ် ထောင်ကိုပဲ ရွေးကြတာများပါတယ်။ အရပ်ထောင်ကျပြီးလို့ ပြန်လွတ်လာရင် သာမန်အရပ်သားဘဝနဲ့ တသက်လုံးနေလို့ရ တာမို့ အရပ်ထောင်ကိုပဲ ရွေးကြတာပါ” ဟု ပြောသည်။

လက်ရှိ နိုင်ငံအနှံ့ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ၊ လက်နက်ချအညံ့ခံမှုများ ဆက်တိုက်ပြုလုပ်လာသလို CDM ပြုလုပ်လာသည့် စစ်သားဦးရေမှာလည်း တိုးလာလျက်ရှိကြောင်း၊ စစ်ဆင်ရေးများ၌ ဘက်ပြောင်းခိုလှုံမှုများအပြင် ရှေ့တန်းထွက်ချိန် ထွက်ပြေးနိုင်ရန် အခွင့်အရေး စောင့်မျှော်နေကြသူများ၊ CDM ပြုလုပ်ရန် စုံစမ်းမှု၊ ဆက်သွယ်မေးမြန်းမှုများလည်း ရှိနေကြောင်း စစ်တပ် CDM အသိုင်းအဝိုင်းက ဆိုသည်။

CDM ဗိုလ်ကြီး ထက်မြတ်က “ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးစလိုက်တော့ အောက်ခြေစစ်သည်တွေ အကျအဆုံး အထိအခိုက်တွေက သိသိသာသာ မြင့်တက်လာတယ်။ အရင်ကတည်းက တပ်ရင်းတွေမှာ ခွင့်မဲ့နဲ့တပ်ပြေးတွေက တလ ကို အနည်းဆုံး ၃ ယောက်လောက်ထိ ရှိခဲ့တာ။ နောက် ရာဇဝတ်မှုတွေလို ပြစ်မှုကျူးလွန်လို့ ပြုန်းတီးအင်အားတွေလည်း ရှိနေတာဆိုတော့ အင်အားချည့်နဲ့လာတာတော့ အသေအချာပဲ” ဟု မှတ်ချက်ပြုသည်။

ရှမ်းမြောက်ဒေသ၌ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA ထံ ခြေမြန်တပ်ရင်း ခမရ-၁၄၃ မှ တပ်ဖွဲ့ဝင် ၄၁ ဦး၊ ခမရ-၁၂၉ မှ တပ်ရင်းမှူး ကျော်ရဲအောင် အပါအဝင် တပ်ဖွဲ့ဝင်၁၂၆ ဦး၊ မိသားစု ၁၂၄ ဦးတို့အပြင် ခလရ-၁၂၅၊ ခလရ-၁၂၉ တို့မှ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်မှုများ ရှိခဲ့သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သိမ်းတိုက်ပွဲတွင်လည်း အထွေထွေအုပ်ချုပ်ရေးရုံး၌ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အလံဖြူပြ ထွက်ပြေးခဲ့သလို ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် တပ်မ-၆၆ လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို ဦးစီးသော တပ်ဖွဲ့ဝင် ၃၂ ဦး ကရင်နီအမျိုးသားများကာကွယ် ရေးတပ်ဖွဲ့ (KNDF) နှင့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ-၂၂ လက်အောက်ခံ စစ်ကြောင်းမှ ၂၃ ဦးတို့ တော်လှန်ရေးအဖွဲ့များထံ လက်နက်ချအညံ့ခံမှုများ ရှိခဲ့သည်။

CDM ဗိုလ်ကြီး ထက်မြက်က “လက်ရှိ အင်အားတွေက အများကြီးလိုအပ်နေတယ်။ သူ့မှာ လက်နက်ရှိတယ်၊ တိုက်ပေး မယ့်သူက တဖြည်းဖြည်းလျော့နည်းလာတယ်။ အာဏာရူးပြီး အာဏာသိမ်းလိုက်တဲ့ မင်းအောင်လှိုင်ကြောင့် အောက်က အဖွဲ့တွေက အလကားနေရင်း ပေးဆပ်နေရမှာပါလား ဆိုတဲ့ပုံစံမျိုးတွေ သိရှိလာကြတာရှိတယ်။ ဒီဘက်ကအဖွဲ့တွေက လည်း အဲဒီလိုမဖြစ်စေချင်လို့ ကောင်းကောင်းမွန်မွန် ဖိတ်ခေါ်နေတာတွေရှိတယ်။ ဒါကြောင့် ဘက်ပြောင်းလာကြတာတွေ က မှန်ကန်တဲ့ရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။ မင်းအောင်လှိုင်က သူ့အတွက် တိုက်ပေးမယ့်သူမရှိတာကို ကြောက်ပြီး အခုလို တွေ လုပ်လာတာလို့ မြင်တယ်” ဟု ဆိုသည်။

ယခင်က ရှေ့တန်းမထွက်ခဲ့ရသော လက်ရုံးတပ်များကိုလည်း ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်ခြင်းများ ပြုလုပ်လာသလို စက်တင်ဘာလမှစပြီး တပ်ရင်းတပ်ဖွဲ့အနေဖြင့် တလလျှင် တပ်သားသစ် ၁ ဦး၊ တနှစ် တပ်သားသစ် ၁၂ ဦး ရရှိအောင် စုဆောင်းရန်နှင့် သတ်မှတ်ချက်မပြည့်မီပါက တပ်ရင်းတပ်ဖွဲ့မှူး၊ ဌာနခွဲမှူးများကို အရေးယူဆောင်ရွက်မည်ဆိုသော ညွှန်ကြားမှုများကိုလည်း ပေါက်ကြားလာသည့် ကြေးနန်းစာများအရ သိရသည်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က မြန်မာစစ်တပ်အပေါ် ဆန်းစစ်ထားသော စစ်တမ်းတွင် စစ်ကောင်စီတပ် အင်အားအနေဖြင့် ၁ သိန်းခွဲဝန်းကျင်ရှိသည်ဟု ခန့်မှန်းထားပြီး တိုက်ခိုက်ရေးအင်အား ၇ သောင်းခန့်သာ ရှိကြောင်း၊ အာဏာသိမ်းကာလအတွင်း တိုက်ပွဲကျ၊ ဘက်ပြောင်းခိုလှုံမှု၊ တပ်ပြေး၊ ပင်စင်ယူ စသည့် အင်အား ၂ သောင်း ကျော်ရှိသည်ဟု ဖော်ပြထားသော်လည်း စစ်ကောင်စီဘက်ကမူ တပ်အင်အားအမှန်ကို လျှို့ဝှက်ထားပြီး တရားဝင်ထုတ်ပြန် ခြင်းမျိုး မရှိပေ။

You may also like these stories:

လွိုင်ကော်တွင် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချ

စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ဆက်ဆံရန် ကုလသမဂ္ဂတိုက်တွန်း

MNDAA နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ခန့် သေဆုံး

Your Thoughts …
Tags: ခွင့်မဲ့စစ်ကောင်စီစစ်ပြေးထောင်ကျစစ်သည်လွတ်ငြိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအား ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိုးစစ်ဆင်

မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအား ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိုးစစ်ဆင်

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved