• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအား ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိုးစစ်ဆင်

by စောရယ်
14 December 2023
in သတင်း
A A
မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအား ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိုးစစ်ဆင်

မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအား ဂြိုလ်တုမှ မြင်ရပုံ

7.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီးရှိ စစ်ကောင်စီ ဗျူဟာကုန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေလျှက်ရှိသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်များက တိုက်ခိုက်နေကြခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်၊ ဝေဟင်အင်အားသုံးပြီး တိုက်ခိုက်နေလျှက်ရှိသည်။

TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးတားအိုက်ကျော် က “အဲဒီဘက်မှာတော့ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတယ်။ စစ်ကောင်စီဘက်က ၁၀ ကြိမ်ကျော်လောက်ရှိပြီထင်တယ်။ လေယာဉ်နဲ့လာပစ်ခတ်တာရှိတယ်။ ဂျက်ဖိုက်တာနဲ့ရော ရဟတ်ယာဉ်တွေနဲ့ရော၊ လက်နက်ကြီးနဲ့ပစ်တာတွေလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည့် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလကုန်ထိ အပစ်ရပ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သေးသည်။ ထိုသတင်းများ ထွက်ပေါ်နေချိန်တွင်ပင် ယခုကဲ့သို့ စစ်တပ်၏ စစ်ရေးအရ အရေးပါသော ဗျူဟာကုန်း တိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၏ အရှေ့မြောက်ဘက်ရှိ ရဟတ်ယာဉ် ဆင်းသက်နိုင်သည့် ကွင်း ၂ ကွင်းပါ လုံခန်စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၆ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၂၇ ရက် ဝန်းကျင်တွင် ၁၀၅ မိုင် ဗျူဟာကုန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ယနေ့အထိဆိုလျင် ၁၈ ရက်ဝန်းကျင် ရှိလာပြီ ဖြစ်သည်။

မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအား ဂြိုလ်တုမှ မြင်ရပုံ

စစ်ကောင်စီ၏ ဗျူဟာကုန်းသည် ၁၀၅ မိုင်မီးသတ်စခန်း၏ မြောက်ဘက်တွင် ကပ်လျက်ရှိပြီး ဂြိုလ်တုဓာတ်ပုံများအရ ရဟတ်ယာဉ်ဆင်းသက်နိုင်သည့် ကွင်းတကွင်း ၊ အမြောက်ဟု ယူဆရသည့် လက်နက်ကြီး ပစ်ကျင်း ၂ ကျင်းနှင့် ကတုတ်ကျင်းများ တူးထားကြောင်း တွေ့ရသည်။

ဗျူဟာကုန်း၏ အရှေ့ဘက်တွင် စစ်ထောက်လှမ်းရေးစခန်းရှိပြီး အရှေ့တောင်ဘက်တွင် မန်တုံဌာနေ ပြည်သူ့စစ်စခန်း ရှိသည်။

အဆိုပါဗျူဟာကုန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၁၄ )တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု သတင်းများ ထွက်နေသော်လည်း TNLA ဘက်ကမူ တိုက်ပွဲဖြစ်နေဆဲသာဖြစ်ကြောင်း ဆိုသည်။

ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က “ မူဆယ် ၁၀၅ မိုင်ကတော့ ဗျူဟာကုန်းပါ။ အခုက အဲဒီမှာ ဗျူဟာမှူးရှိ မရှိကတော့ မသိရဘူး။ အရင်ကတော့ ဗျူဟာမှူးကိုယ်တိုင် ထိုင်တာပေါ့။ တိုက်ပွဲကတော့ မနက်ကတည်းက ဆက်ဖြစ်နေတုန်းပဲ” ဟု ဆိုသည်။

“ ၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ဒီဇင်ဘာ ၇ရက်နေ့အထိ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၅၃ ခုကို ညီနောင်မဟာမိတ်များ၏ အကူအညီဖြင့် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း ပလောင် (တအာင်း) အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ထံမှ သိရသည်။

You may also like these stories:

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
542
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
46
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
96

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

ကျင်စန်းကျော့ဂိတ် တိုက်ခိုက်ခံရမှု ကျပ် ၃၀ ဘီလီယံကျော် ဆုံးရှုံး

မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးTNLAညီနောင်မဟာမိတ် ၃ ဖွဲ့ဗျူဟာကုန်းမူဆယ် ၁၀၅ မိုင်
စောရယ်

စောရယ်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

ရိုဟင်ဂျာများအတွက် နိုင်ငံတကာက ဝန်ထုတ်ဝန်ပိုးခွဲယူရန် အင်ဒိုနီးရှားပြော

ရိုဟင်ဂျာများအတွက် နိုင်ငံတကာက ဝန်ထုတ်ဝန်ပိုးခွဲယူရန် အင်ဒိုနီးရှားပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved