စစ်ကောင်စီလက်အောက်တွင်ရှိသော တပ်အားလုံးကို တန်းပြည့်စစ်မှုထမ်းချိန် ဖြစ်ကြောင်း မကြာသေးခင်ရက်ပိုင်းတွင် ကြေညာချက်ထုတ်လိုက်သည်။ ယခင်က ရှေ့တန်းထွက်သည့် တပ်မှစစ်သည်များကိုသာ တန်းပြည့်စစ်မှုထမ်းချိန်အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။
တပ်အားလုံးအား တန်းပြည့်စစ်မှုထမ်းချိန် သတ်မှတ်လိုက်သည့်အတွက် ခွင့်မဲ့ပျက်ကွက်ဖြစ်သည့် မည်သည့် စစ်သားမဆို ထောင်ဒဏ် နှစ် ၂၀ သို့မဟုတ် သေဒဏ်အထိ ချမှတ်နိုင်တော့မည်ဖြစ်သည်။
အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာတွင် တပ်ရင်းတပ်ဖွဲ့ အားလုံးကို တန်းပြည့်စစ်မှုထမ်းချိန်အဖြစ် အမိန့်ညွှန်ကြားချက် ထုတ်ရသည်မှာလည်း အကြောင်းရှိသည်။
၂၀၂၄ ခုနှစ်သည် စစ်ကောင်စီအတွက် အရေးအကြီးဆုံး ခုခံစစ်ဖြစ်လာပါသည်။ ဤနှစ်ကို မကျော်ပါက စစ်ကောင်စီအနေဖြင့် ကျဆုံးပြီဟု ပြောလို့ရမည့် အနေအထားအထိ ရောက်လာနိုင်သည်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကာလတွင် ဖြစ်ပေါ်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီအတွက် ချောက်ခြားဖွယ် အကောင်းဆုံး အိပ်မက်ဆိုး ဖြစ်ခဲ့ပါသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EROs)၊ တော်လှန်ရေးအင်အားစုများသည် စခန်းသိမ်းသည့်အဆင့်မှ တပ်ဌာနချုပ်များသိမ်းသည့်အပြင် မြို့သိမ်း၊ နယ်သိမ်းအဆင့်အထိ တက်လှမ်းလာခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EROs)၊ တော်လှန်ရေးအင်အားစုများသည် စခန်းသိမ်းသည့်အဆင့်မှ တပ်ဌာနချုပ်များသိမ်းသည့်အပြင် မြို့သိမ်း၊ နယ်သိမ်းအဆင့်အထိ တက်လှမ်းလာခဲ့ကြသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ စစ်ဆင်ရေးနှင့် အာရက္ခတပ်တော် (AA) ၏ ရခိုင်ပြည်နယ်အတွင်းက စစ်ဆင်ရေးများနှင့်အတူ တော်လှန်ရေးအရှိန် မြှင့်လာသောကြောင့် အာဏာသိမ်းအလွန် အစောပိုင်းကာလတွင် တိုက်စစ်ဖွင့် ကစားခဲ့သော စစ်ကောင်စီသည် တဖြည်းဖြည်း တိုက်စစ်မှ ခုခံစစ်ဖြစ်လာပြီး နောက်ပိုင်းတွင် ခွာစစ်နဲ့အတူ ပြေးစစ် ဆင်ရသည်အထိ ဖြစ်လာနေသည်။
ထို့ကြောင့်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တပ်အင်အားအတွက် အကြံပေးများနှင့် တိုင်ပင်ကာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေများကို အသက်သွင်းရန် ဆောင်ရွက်ခဲ့သည်။
စစ်မှုထမ်းဥပဒေကြောင့် အစောဆုံး အမြတ်ထွက်ကြသည်မှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှသည် မြို့နယ်အဆင့်နှင့် ခရိုင်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများအထိ ဖြစ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (မစဖ)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခစဖ) မှ အဖွဲ့ဝင် စစ်တပ်ကိုယ်စားလှယ်များပါ အကျိုးအမြတ်များစွာ ရရှိကြသည်။
ရပ်ကွက် ကျေးရွာအုပ်စုအလိုက် တပ်သားသစ်အရေအတွက် သတ်မှတ်ခြင်းမှသည် မဲနှိုက်၍ မဲပေါက်ချင်လား၊ မဲမပေါက်ချင်တာလားအတွက် ပေါက်ဈေးတခု ရှိလာခဲ့သည်။ လူအစားထိုး ထည့်ပေးရမည်လား၊ ရပ်ကွက်အတွက် အချိုးကျ လူအင်အားပြည့်အောင် ငွေနှင့်စည်းရုံးပြီး လူသစ် မည်သို့ထည့်မည်နည်းကအစ ဖြစ်သည်။
မြန်မာပြည်၏ ထုံးစံအတိုင်း ဥပဒေတခု ထွက်လာပြီး အသက်ဝင်လာပြီးနောက် တာဝန်ရှိသည့် အာဏာပိုင်အဖွဲ့အစည်းအတွက် လုပ်ပိုင်ခွင့်ချပေးလိုက်သလို ဖြစ်လာသည်။
ကန့်သတ်ချက်များပေါ် မူတည်၍ လိုအပ်သူများအပေါ် လမ်းလေး ‘ဟ’ ပေးပြီး ရလာသည့် အကျိုးစီးပွား လာဘ်လာဘများကို မျှဝေရယူကြတော့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ထဲတွင် အနည်းငယ် လှုပ်ခတ်ခဲ့ဖူးသော စစ်မှုထမ်းဥပဒေအပေါ် သတင်းစာရှင်းလင်းပွဲတခု၌ တိုင်းပြည်အေးချမ်းသာယာမှသာ စစ်မှုထမ်းဥပဒေကို အသုံးပြုမည့်သဘော ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ဖူးသည်။ ယခုအချိန်တွင် စစ်မှုထမ်းဖို့ရန် နိုင်ငံတော် တည်ငြိမ်အေးချမ်းနေလို့လား ဆိုသည့်မေးခွန်းအား ကလေးများကိုပင် မေးပါက အဖြေထွက်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ထဲတွင် အနည်းငယ် လှုပ်ခတ်ခဲ့ဖူးသော စစ်မှုထမ်းဥပဒေအပေါ် သတင်းစာရှင်းလင်းပွဲတခု၌ တိုင်းပြည်အေးချမ်းသာယာမှသာ စစ်မှုထမ်းဥပဒေကို အသုံးပြုမည့်သဘော ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ဖူးသည်။ ယခုအချိန်တွင် စစ်မှုထမ်းဖို့ရန် နိုင်ငံတော် တည်ငြိမ်အေးချမ်းနေလို့လား ဆိုသည့်မေးခွန်းအား ကလေးများကိုပင် မေးပါက အဖြေထွက်ပါသည်။
အဘယ်ကြောင့် တိုင်းပြည် မတည်ငြိမ်ချိန်တွင် စစ်မှုထမ်းဥပဒေအား အသက်ဝင်အောင် လုပ်သနည်းဟု မေးပါက စစ်ကောင်စီဘက်တွင် သူတို့နိုင်ဖို့ မသေချာတော့ဘူးဆိုသည်ကို သိသွားသောကြောင့်ဟု ဖြေရပေမည်။ ထို့ကြောင့်လည်း လူအင်အားအရင်းအမြစ်ရအောင် တရားဝင်နည်းနှင့် လုပ်လာကြခြင်းဖြစ်သည်။
အာဏာမသိမ်းမီကတည်းက တပ်သားသစ်စုဆောင်းရေးကိစ္စသည် စစ်တပ်ထဲတွင် အခက်အခဲပြဿနာတရပ် ဖြစ်နေခဲ့သည်။ ရာထူးယူချင်သည့်သူများ၊ နေရာကောင်းရချင်သူများကို တပ်သားသစ် ‘စုရ အင်အား’ နှင့် ချိန်ထိုးပြီး ရာထူးပေးခြင်း၊ နေရာပေးခြင်းများ လုပ်ခဲ့သောကြောင့် တပ်သားသစ် ဈေးကွက်သည် ဝယ်လိုအား ကြီးမားခဲ့သည်။ တရားဝင်လူကုန်ကူးနေသော လူမှောင်ခိုဈေးကွက်ကြီးဟုပင် ပြောရမည်။
တပ်သားသစ် စုဆောင်းပေးရသော စုဆောင်းရေးတပ်များသည် တပ်သားသစ်စုပေးခြင်းထက် တပ်အသီးသီးမှ စု၍ရသော တပ်သားသစ်များကို လက်ခံပြီး အနာအဆာကင်းကြောင်းနှင့် လက်ခံ၍ရကြောင်း အာမခံပေးရုံနှင့် ငွေကြေးများ အလိုလို ရနေကြသည်။ စုဆောင်ရေးတပ်မှူးတယောက်၏ လစဉ်ဝင်ငွေသည် သိန်းရာနှင့်ချီ ရှိတတ်သည်။
ယာယီတပ်ခွဲမှူး ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးအပွင့် တင်ချင်သူများနှင့် ယာယီတပ်ရင်းမှူး ဗိုလ်မှူးမှ ဒုတိယ ဗိုလ်မှူးကြီး တင်ချင်သူများက အဓိကဖြစ်သည်။ “မင်း အပွင့်မတင်ချင်ဘူးလား” ဆိုသည့် ခြိမ်းခြောက်သံကြောင့် ရသည့်သူကို လူဖြစ်လျှင်ပြီးရော စုဆောင်းကြတော့သည်။
စုဆောင်းခံရသူများထဲတွင် ထောင်ထွက်၊ သူခိုး၊ လူမိုက် ဒုစရိုက်မျိုးစုံ ပါကြသည်။ လူသစ်စုလိုက် သင်တန်းဆင်း၍ တပ်ကိုရောက်လျှင် ပြေးလိုက်နှင့် သံသရာလည်နေသည်။ တပ်အများစုတွင် စု၍ရသည့်စစ်သားထက် ထွက်ပြေးသည့်စစ်သားက များနေသဖြင့် ‘စုရ’ ထက် ‘ပြုန်းတီး’ က ပိုများနေတတ်ကြသည်။
စာရင်းလိမ်ပြပြီး မရှိတော့သည့် စစ်ပြေးများ၏ လစာရိက္ခာများအား ထုတ်ယူရတာကလည်း အခွင့်အရေးတရပ်လို ဖြစ်နေခဲ့သည်။ ဒီတပ်မှပြေး၊ ဟိုတပ်ကပြန်ဝင်သူတွေအထိပင် ရှိခဲ့ပါသေးသည်။
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းကာလ ကြာလာသည်နှင့်အမျှ နယ်မြေများ၊ စခန်းများသာမက တပ်ဌာနချုပ်များပါ ဆုံးရှုံးလာရပြီး စစ်သားအများစုသည်လည်း စိတ်ဓာတ်ပျက်ပြားလာနေကြသည်။
အရာရှိ စစ်သည်များ အနေဖြင့်လည်း “ငါတို့အလှည့် ဘယ်နေ့လာမလဲ၊ ဟိုကောင်ကတော့ သေပြီ၊ ဟိုကောင်ကတော့ အဖမ်းခံရပြီ” ဆိုသော စိတ်တွေနှင့် ပျားများ အသိုက်ပြောင်းသည့် အသံကိုပင် ဒရုန်း လာသည့်အသံမှတ်ကာ ပြားပြားဝပ်လောက်အောင် ချောက်ခြားနေခဲ့ကြသည်။
အရန်လက်နက်ခဲယမ်း မပြောနှင့် ရိက္ခာပင် မပို့ပေးနိုင်သည့် စခန်းများအပြင် တပ်ဌာနချုပ်များပါ အများအပြား ရှိလာနေသည်။ အုပ်ချုပ်ထောက်ပံ့မှု ကောင်းခြင်းဆိုသောအချက်သည် စစ်အောင်ရသော အချက်ကြီးများထဲတွင် အဓိကကျသည့်အချက် ဖြစ်ပါသည်။ ဆက်သွယ်ရေးလမ်းကြောင်းများအား တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ဖြတ်တောက်ထားခြင်းကြောင့် စစ်ကောင်စီအနေဖြင့် နေရာအများစုတွင် လေကြောင်းကလွဲလျှင် မည်သို့မှ အုပ်ချုပ်ထောက်ပံ့၍ မရတော့ပါ။
နယ်မြေနှင့် လမ်းကြောင်းများကို ထိန်းထားနိုင်ရန်အတွက် တည်ဆောက်ထားသည့် အခြေစိုက်တပ်များ ကျသွားချိန်တွင် အတွင်းပိုင်းကတပ်များသည် အလိုလိုပိတ်မိကာ တပ်အလိုက် အလံဖြူထောင်ကြ၊ အလင်းဝင်ကြသည်အထိ ဖြစ်လာနေပါသည်။
စစ်မှုထမ်းဥပဒေအရ စုဆောင်းရရှိသော တပ်သားအသစ်များသည်လည်း စိတ်ဓာတ်နှင့် ခံယူချက်ကောင်း၍ ဝင်လာသူက အနည်းစုသာဖြစ်ပြီး အများစုမှာ အတင်းအကျပ် စုဆောင်းခံရခြင်းကြောင့် ဝင်လာသူများနှင့် ဝတ်ကျေတမ်းကျေ အချိန်ကာလပြည့်ပြီးရော ဝင်လာသူက ပိုများပါသည်။
စစ်မှုထမ်းဥပဒေအရ စုဆောင်းရရှိသော တပ်သားအသစ်များသည်လည်း စိတ်ဓာတ်နှင့် ခံယူချက်ကောင်း၍ ဝင်လာသူက အနည်းစုသာဖြစ်ပြီး အများစုမှာ အတင်းအကျပ် စုဆောင်းခံရခြင်းကြောင့် ဝင်လာသူများနှင့် ဝတ်ကျေတမ်းကျေ အချိန်ကာလပြည့်ပြီးရော ဝင်လာသူက ပိုများပါသည်။
တရားဝင် အငြိမ်းစား နုတ်ထွက်ခွင့်ရထားသူများအား အရန်တပ်ဥပဒေဖြင့် ပြန်ခေါ်နေခြင်းကြောင့် လွတ်အောင် ဘယ်လိုပြေးရမလဲသာ တွေးနေကြပါသည်။ အခြားအဆင့် စစ်သည်အများစုသည် လစာမလောက်မငနှင့် နောက်တန်းတွင် ကျန်ခဲ့သော မိသားစုများကို ငဲ့ကွက်လွန်း၍သာ ကြိတ်မှိတ်လုပ်နေကြပြီး အထက်ကို ယုံကြည်မှုကမူ အလွန်ကျဆင်းနေကြသည်။
ထိုအခြေအနေကို သိသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လတ်တလောအခြေအနေကို ထိန်းချုပ်မည့် နည်းလမ်းအား အကြံပေးများနှင့် တိုင်ပင်၍ တိုင်းပြည်တခုလုံးမှ တပ်များအား တန်းပြည့်စစ်မှုထမ်းချိန်ဖြစ်ကြောင်း အကြောက်တရားသွင်းသည့်အမိန့် ထုတ်ပြန်လိုက်သည်။ တပ်ထဲတွင် တပ်ချုပ်ဖြစ်သည်အထိ အထက်ဖားအောက်ဖိပြီး လက်အောက်ကို အရေးယူအပြစ်ပေးရင်း အကြောက်တရားဖြင့် အာဏာတည်ဆောက်ကာ နေရာရလာသူဖြစ်၍ သူ၏လုပ်ရပ်သည် မဆန်းကြယ်ပါ။
သာမန်အချိန်တွင် ခွင့်မဲ့ပျက်ကွက်မှု ကျူးလွန်သူအား တပ်မတော်အက်ဥပဒေ ၃၈ အရ အရေးယူရပြီး ပြစ်ဒဏ်အားဖြင့်လည်း ထောင် ၃ နှစ်မှ ၅ နှစ်အထိသာ ကျခံရသည်။ တန်းပြည့်စစ်မှုထမ်းချိန် ဆိုသည်မှာ ရန်သူနှင့် တိုက်ပွဲဆင်နွဲနေသော တပ်ဖွဲ့တဖွဲ့တွင် တွဲဖက်ထားသည့်အချိန် သို့တည်းမဟုတ် ပါဝင်သည့်အချိန်၊ ရန်သူက လုံးဝသော်လည်းကောင်း၊ တစိတ်တဒေသသော်လည်းကောင်း သိမ်းပိုက်ထားသော တိုင်းပြည် တပြည်၌ဖြစ်စေ၊ နေရာတခု၌ဖြစ်စေ စစ်ချီတက်ရာ၌ ပါဝင်သည့်အချိန် စသည်ဖြင့် သတ်မှတ်ထားသည်ကို တွေ့ရသည်။
သာမန်အချိန်တွင် တပ်မှထွက်ပြေးသော အရာရှိ စစ်သည်များအား တပ်မတော်အက်ဥပဒေပုဒ်မ ၃၈ အရ ထောင်ဒဏ် ၃ နှစ်ခန့်သာ ပြစ်ဒဏ်ချမှတ်နိုင်သည်။ သို့သော် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်ပြီး အာဏာမသိမ်းမီက ဤပုဒ်မအပေါ် အမိန့်ချမှတ်ရာတွင် အရာရှိဖြစ်သူများကို ၅ နှစ်အထိ ချမှတ်ခဲ့သည်။
ထွက်ပြေးသောအရာရှိ များလာခြင်းကို ထိန်းဖို့ဟု အကြောင်းပြပါသည်။ မြန်မာစစ်တပ်တွင် တပ်ချုပ်အတည်ပြုသည့် ပြစ်ဒဏ်သာ အတည်ဖြစ်သောကြောင့် စစ်ခုံရုံးများနှင့် စစ်တရားရုံးများသည်လည်း တရားမျှတမှု မရှိသလောက် ဖြစ်နေသည်။
ယခုကဲ့သို့ တနိုင်ငံလုံးမှတပ်များအား တန်းပြည့်စစ်မှုထမ်းချိန်ဟု ကြေညာခြင်းသည် သာမန်ခွင့်မဲ့ပျက်ကွက် ပြစ်မှုကျူးလွန်သူပင် ထောင် ၃ နှစ်သာ ကျရမည့်အခြေအနေမှ ထောင်အနှစ်၂၀ သို့မဟုတ် သေဒဏ်တို့အထိ ထိုက်အောင် လုပ်လိုက်သလို ဖြစ်သည်။
မည်မျှ နှစ်များကြာအောင် စစ်တပ်ထဲတွင် ပေးဆပ်ခဲ့သည် ဆိုစေကာမူ တခုခုလွဲသည်နှင့် ညှာတာငဲ့ကွက်ရိုးထုံးစံ မရှိပါ။ ရှေ့တန်းတွင် စစ်တိုက်နေသည့် တပ်ရင်းမှူးအနေဖြင့် ရန်သူ့အလောင်း၊ လက်နက် မည်မျှရခဲ့ပါစေ၊ နောက်တန်းက မွေးမြူရေးကြက်ခြံ မသမာမှုကြောင့် အရေးယူခံရမှုမျိုးများက လက်တွေ့ဖြစ်ပါသည်။
မည်မျှ နှစ်များကြာအောင် စစ်တပ်ထဲတွင် ပေးဆပ်ခဲ့သည် ဆိုစေကာမူ တခုခုလွဲသည်နှင့် ညှာတာငဲ့ကွက်ရိုးထုံးစံ မရှိပါ။ ရှေ့တန်းတွင် စစ်တိုက်နေသည့် တပ်ရင်းမှူးအနေဖြင့် ရန်သူ့အလောင်း၊ လက်နက် မည်မျှရခဲ့ပါစေ၊ နောက်တန်းက မွေးမြူရေးကြက်ခြံ မသမာမှုကြောင့် အရေးယူခံရမှုမျိုးများက လက်တွေ့ဖြစ်ပါသည်။
ယခုလည်း ထိုနည်းအတိုင်းပင်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်မဝင်ခင်က တပ်တွင်းမှာရှိနေသည့် စစ်သားများအပေါ်ရော၊ ဥပဒေအရဝင်လာသည့် စစ်သားများအပေါ်ပါ “မင်းတို့ တပ်ကနေ ထွက်ပြေးကြည့်လေ၊ အရင်က ၃ နှစ် အခုအနှစ် ၂၀ နော်” ဆိုသည့် ခြိမ်းခြောက်အကြပ်ကိုင်မှု ဖြစ်သည်။
ပုံရိပ်ကောင်းရစေရန် ဘုရားတည်၊ ကျောင်းဆောက် လုပ်ပြတတ်သည့် ဘုရားဒကာ မင်းအောင်လှိုင်သည် သူ့အာဏာ အသက်ဆက်ဖို့အတွက် လက်အောက်ကို ချနင်းရန် ဝန်လေးနေမည် မဟုတ်ပါ။
‘မလုပ်ရဲတာ ဘာမှမရှိဘူး’ ဆိုသူအပေါ် သစ္စာစောင့်သိနေကြသည့်သူများအတွက်မူ ကြိုက်ရာလမ်းအတိုင်းသာ ခံစားနေကြရပေတော့မည်ဟုသာ တွေးနေမိပါတော့သည်။ စာရေးဆရာ မင်းသိင်္ခ ရေးလေ့ရှိသလို “သဗ္ဗေ သတ္တာ ကမ္မသကာ” သာ ဖြစ်သည်။
(စွယ်တော်သည် CDM စစ်သားတဦးဖြစ်သည်။)
You may also like these stories:
လူငယ်တွေအပြင် ၆၀ကျော် စစ်ပင်စင်စားတွေပါ စစ်မှုထမ်းခိုင်းနေ (ရုပ်/သံ)
စစ်မှုထမ်းဟောင်းတွေလည်း စစ်မှုမထမ်းလို (ရုပ်/သံ)
စစ်မှုထမ်းစာရင်း၌ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများပါ၍ မိသားစု စိုးရိမ်
မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး
အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁
အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂