သမိုင်းဝင် ဒီပဲယင်းလုပ်ံကြံမှုဟာ ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ၂၁ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေကတော့ ဒီအကြမ်းဖက်မှုရဲ့ လက်သည်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရနဲ့ စစ်တပ်ကမွေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံဖြိုးရေးအသင်း (USDA) တို့လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျီရွာအထွက်နားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အထက်မြန်မာပြည် စည်းရုံးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးတင်ဦးတို့ ပါဝင်တဲ့ ယဉ်တန်းကို တားဆီးလုပ်ကြံခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလုပ်ကြံမှုမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူမရဲ့ ကားကိုမောင်းပေးခဲ့တဲ့ ဦးကျော်စိုးလင်း က သူအနီးကပ်မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေကို ပြန်ရှင်းပြထားတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR