• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို

by ဧရာဝတီ
4 November 2022
in သတင်း
A A
၂၀၂၁ ခုနှစ် တပ်မတော်(လေ)ဖွဲ့စည်းမှု ၇၄နှစ် မြောက် အခမ်းအနား / CINCDS

၂၀၂၁ ခုနှစ် တပ်မတော်(လေ)ဖွဲ့စည်းမှု ၇၄နှစ် မြောက် အခမ်းအနား / CINCDS

5.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက ပြည်ပမှတင်သွင်းလာသည့် လေကြောင်းလိုင်းများအတွက် လောင်စာဆီများကို လေတပ်သို့ လွှဲပြောင်းကာ အသုံးပြုနေကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ Amnesty International (AI) က ယမန်နေ့က ထုတ်ပြန်သည်။

နိုဝင်ဘာ ၃ ရက်နေ့ ထုတ် Deadly Cargo ဟုအမည်ပေးထားသည့် AI အဖွဲ့၏ အစီအရင်ခံစာတွင် ၂၀၂၁ ဖေဖော်ဝါရီလမှ ယခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်လာသော လေယာဉ်ဆီတင် သင်္ဘော ၈ စင်းကို စောင့်ကြည့်ခဲ့ကြောင်း၊ ၎င်းဆီများ သို့လှောင်ဖြန့်ဖြူးခြင်းကို စွမ်းအင်နှင့် ရေနံကုမ္ပဏီကြီးဖြစ်သည့် Puma ၏ လုပ်ငန်းခွဲ ၂ ခုဖြစ်သည့် Puma Energy Asia Sun (PEAS) နှင့် National Energy Puma Aviation Services (NEPAS) တို့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ဂြိုလ်တုမှရသော ဓာတ်ပုံများနှင့် ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ လေယာဉ်ဆီ ထောက်ပံ့ ပို့ဆောင်ရေး ပစ္စည်းတချို့ကို အနီးနားရှိ မြန်မာ စစ်တပ်က ထိန်းချုပ်ရာ စစ်ဘက်ဆိုင်ရာ နေရာများသို့ သယ်ဆောင် သွားသည်ဟု ဖော်ပြထားသည်။

National Energy Puma Aviation Services (NEPAS) သည် နိုင်ငံပိုင်လုပ်ငန်းတခုဖြစ်သည့် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်း ဝယ်ရေးလုပ်ငန်း (MPPE) နှင့် Puma တို့ ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။

ထို့အပြင် တရုတ်ကုမ္ပဏီ Petro China ၏ လုပ်ငန်းခွဲ Singapore Petroleum နှင့် ထိုင်းကုမ္ပဏီ Thai Oil တို့ကလည်း လောင်စာဆီတင်သင်္ဘောနှစ်စင်းကို မြန်မာစစ်တပ်ထံသို့ တိုက်ရိုက်လွှဲပြောင်းပေးခဲ့ကြောင်း၊ အကောက်ခွန်အချက် အလက်များ၊ တင်ပို့မှု မှတ်တမ်းများအရ သိရကြောင်း AI က ဆိုထားသည်။

အလားတူ Pumaနှင့် ဖက်စပ်လုပ်နေသည့် NEPAS ကလည်း စစ်ဖက်ကထိန်းချုပ်သည့် လေယာဉ်ဆီ သိုလှောင်ကန်များ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့အတွက် ထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်သည့် ကုမ္ပဏီများနှင့် လေကြောင်းပို့ဆောင်ရေးနှင့် အကျိုးဆောင်များ အပါအဝင် အားလုံးကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ စစ်ကောင်စီသို့ ထောက်ပံ့မှု၊ ရောင်းချမှုနှင့် လွှဲပြောင်းမှုတို့ကို ချက်ခြင်း ရပ်ဆိုင်းရန် AI က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်သွင်းရောင်းချဖြန့်ဖြူးခြင်းနှင့် သိုလှောင်ကန်လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးဖြစ်သော Puma Energy က ၎င်း၏ ရှယ်ယာများကို ပြည်တွင်းကုမ္ပဏီတခုသို့ ရောင်းရန် သဘောတူထားပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီသည် လေကြောင်းကို အဓိက အသုံးပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အာဏာသိမ်းမှုပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေလျက်ရှိသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် တိုင်းရင်းသား နယ်မြေများ အပါအဝင် မြန်မာနိုင်ငံ တဝှမ်းတွင် ပြည်သူလူထုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၄၀ နီးပါး ပြုလုပ်ခဲ့မှုအတွင်း အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကာ နေအိမ်များ၊ ဘာသာရေး အဆောက် အအုံများလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း အမျိုးသား ညီညွတ် ရေး အစိုးရ (NUG) ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
3
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
3
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
14

You may also like these stories:

စင်ကာပူအခြေစိုက် တရုတ်အစိုးရပိုင်ကုမ္ပဏီ မြန်မာကို လေယာဉ်ဆီ ရောင်းခဲ့

မြန်မာကို လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ရန် လူ့အခွင့်အရေးလှုပ်ရှားသူများ တောင်းဆို

လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ

Your Thoughts …
Tags: AIစစ်ကောင်စီစစ်ရာဇဝတ်မှုလေကြောင်းတိုက်ခိုက်မှုလေယာဉ်ဆီလွှဲပြောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒီအတိုင်းဆိုရင် စစ်ကောင်စီကို အာဆီယံက ရွာအပြင်ထုတ်ထားဦးမှာပဲ (ရုပ်/သံ)

ဒီအတိုင်းဆိုရင် စစ်ကောင်စီကို အာဆီယံက ရွာအပြင်ထုတ်ထားဦးမှာပဲ (ရုပ်/သံ)

ရန်ကုန်မြို့ကို ဝင်ရောက်ဆိုက်ကပ်မည့် SITC ကုန်သေတ္တာတင်သင်္ဘောကို ကွောင်စုဆိပ်ကမ်းတွင် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်  /  GNLM

တရုတ်က မြန်မာသို့ သင်္ဘောလမ်းကြောင်းသစ်ဖွင့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved