• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ

by ဧရာဝတီ
13 October 2022
in စီးပွားရေး
A A
Puma Energy သည် သူ၏ရှယ်ယာများကို ၎င်း၏ စီးပွားမိတ်ဖက်ကုမ္ပဏီဖြစ်သည့် Asia Sun Energy (ASE)သို့ လက်လွှဲရောင်းချသွားကြောင်း သိရသည်

Puma Energy သည် သူ၏ရှယ်ယာများကို ၎င်း၏ စီးပွားမိတ်ဖက်ကုမ္ပဏီဖြစ်သည့် Asia Sun Energy (ASE)သို့ လက်လွှဲရောင်းချသွားကြောင်း သိရသည်

4.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်သွင်းရောင်းချဖြန့်ဖြူးခြင်းနှင့် သိုလှောင်ကန် လုပ်ငန်းများကို ရင်းနှီးမြှုပ် နှံထားသည့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးဖြစ်သော Puma Energy က ၎င်း၏ ရှယ်ယာများကို ပြည်တွင်းကုမ္ပဏီတခုသို့ ရောင်းချရန် သဘောတူညီချက်ရရှိထားပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ဧရာဝတီသတင်းဌာနက စုံစမ်းရာတွင် Puma Energy သည် သူ၏ရှယ်ယာများကို ၎င်း၏ စီးပွားမိတ်ဖက်ကုမ္ပဏီဖြစ်သည့် Asia Sun Energy (ASE)သို့ လက်လွှဲရောင်းချသွားကြောင်း သိရသည်။

Puma Energy နှင့် Asia Sun Energy (ASE) ကုမ္ပဏီ တို့သည် ၂၀၁၄ ခုနှစ်တွင် Puma Energy Asia Sun (PEAS) ဖက်စပ်ကုမ္ပဏီကို ထူထောင်ပြီး ပြည်ပမှ လေယာဉ်ဆီနှင့် စက်သုံးဆီ အစရှိသော လောင်စာဆီများကို ပြည်တွင်းဈေးကွက်သို့ လက်ကားတင်သွင်းရောင်းချခြင်း အပြင် ကုဗမီတာ ၉ သောင်း ကျော် ဝင်ဆံ့သည့် လောင်စာဆီ သိုလှောင်ကန်ကိုလည်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းအနီးတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ရင်းနှီးမြှုပ်နှံကာ တည်ဆောက်ခဲ့သည်။

အဆိုပါ ဖက်စပ်ကုမ္ပဏီတွင် Puma ကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ASE က ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြသည်။

“ Pumaက အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက လုပ်ငန်းလည်ပတ်မှုကို ရပ်နားထားတာကြာပြီ။ အခုက အပြီးထွက်ဖို့ ပြန်ရောင်းခဲ့တာပေါ့။ လတ်တလောက Asia Sun ကိုပဲ လက်လွှဲရောင်းချမယ့် အခြေအနေရှိတယ်၊ တခြားကုမ္ပဏီကိုဆိုရင် Asia Sun က လက်ခံဦးမှလေ ” ဟု ရန်ကုန်မြို့ရှိ စက်သုံး ဆီတင်သွင်းရောင်းချနေသော ကုမ္ပဏီကြီးတခုမှ သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
150
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

Puma Energy Asia Sun (PEAS) ကုမ္ပဏီ ရှယ်ယာအရောင်းအဝယ်ကိစ္စသည် အခြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်း လုပ်ဆောင်ခဲ့သော တယ်လီကွန်းကုမ္ပဏီများကဲ့သို့ မဟုတ်ဘဲ ပြည်တွင်း ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ပြီး ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် မိတ်ဖက်ကုမ္ပဏီသို့သာ လက်လွှဲရောင်း ချခြင်းက ပိုဖြစ်နိုင်ကြောင်း သူက ဆိုသည်။

သူက ဆက်လက်၍ “ ဒီကုမ္ပဏီ (Asia Sun) ကလည်း ပွင့်လင်းမြင်သာမှု သိပ်ရှိတဲ့ ကုမ္ပဏီလည်း မဟုတ်ပြန်ဘူး။ နာမည်သာခံထားပြီး နောက်ကွယ်ကနေ တခြားသူတွေ လုပ်နေကြတာပဲဆိုတော့ ဒီကုမ္ပဏီနဲ့ ပတ်သက်ပြီး ပြောရခက်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် Asia Sun Energy ကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

Asia Sun Energy (ASE) ကုမ္ပဏီသည် ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ် ခေါ်နေချိန်ဖြစ်သည့် ၂၀၁၃ ခုနှစ်၌ ပြည်ပတွင် ပညာသင်ကြားပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့သော စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းကျော်ကျော်အောင် ထူထောင်ထားသော ကုမ္ပဏီဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး နှင့် စက်သုံးဆီတင်သွင်းခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်သည်။

အခြားသော ဒါရိုက်တာ ၂ ဦးမှာ ဒေါ်ကြူကြူမြင့် နှင့် ဒေါ်သရဖီလှမျိုးတို့ ဖြစ်သည်။

ဦးဝင်းကျော်ကျော်အောင်သည် မြန်မာနိုင်ငံသို့ မပြန်လာမီတွင် စင်ကာပူ နိုင်ငံတွင် အနေများခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး ၁ နှစ်ဝန်းကျင်မှာပင် Puma ကဲ့သို့သော နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီး နှင့် ဖက်စပ်လုပ်ကိုင်နိုင်ရန် ညှိနှိုင်းနိုင်ခဲ့သလို သီလဝါဆိပ်ကမ်းအနီးရှိ လောင်စာဆီသိုလှောင်ကန်မြေနေရာကိုလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ နှစ် ၅၀ ငှားရမ်းလုပ် ကိုင်ခွင့်ရရှိအောင် ဆောင်ရွက်နိုင်သူလည်း ဖြစ်သည်။

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းအနီးရှိ Puma Energy ပိုင် ကုဗမီတာ ၉ သောင်း ကျော် ဝင်ဆံ့သည့် လောင်စာဆီ သိုလှောင်ကန်

ဦးဝင်းကျော်ကျော်အောင်သည် ခရိုနီလက်သစ်တဦးဖြစ်လာနေသည့် ဧရာဟင်္သာလုပ်ငန်းစုပိုင်ရှင် ဦးဇော်ဝင်းရှိန် နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူလည်း ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး(ကကဝယ်)၏ တင်ဒါများ ရရှိနေသူများ နှင့်လည်း ပတ်သက်သူ ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

သူက ဆက်လက်၍ “ Puma ကလည်း ဝင်ဖို့ လုပ်လာတုန်းက ဆန်ရှင်ထိထားတဲ့ ကုမ္ပဏီတွေနဲ့ လက် တွဲမိမှာစိုးလို့ စင်ကာပူ နဲ့ အဆက်သွယ်ရှိတဲ့ သူကို ရွေးလုပ်လိုက်တာ။ ဒါပေမဲ့ တကယ်တမ်းက စစ်တပ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီပဲ။ အခုစစ်ဗိုလ်ချုပ်တွေက ခရိုနီတွေ လုပ်တဲ့ လုပ်ငန်းမှာ ပိုက်ဆံမထည့် တော့ဘူး၊ ရှေ့ထွက်လုပ်ပေးမယ့် သူကို ပိုက်ဆံပေးပြီး သူတို့လုပ်ချင်တဲ့ လုပ်ငန်းတွေ လုပ်ကြတာ ” ဟု ဆိုသည်။

ထို့ပြင် ဦးဝင်းကျော်ကျော်အောင်သည် စီးပွားရေးလုပ်ငန်းရှင်အသိုက်အဝန်းကြားတွင် နာမည်ထင်ရှားပြီး ပေါက်မြောက်သည့်သူ ဖြစ်မနေခြင်းကပင် စီးပွားရေးလုပ်ငန်းများတွင် ရှေ့ထွက်လုပ်ဆောင်ပေး၍ရသူ ဖြစ်လာကြောင်း သူက ပြောဆိုသည်။

အသက် ၃၈ နှစ်ဝန်းကျင်အရွယ်သာ ရှိသေးသော စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းကျော်ကျော်အောင်သည် ၂၀၁၇ ခုနှစ်၌ စင်ကာပူတွင် နေထိုင်သော သူ၏ အမျိုးသမီးဖြစ်သူ နှင့် အိမ်ထောင်ရေးဖောက်ပြန်နေသူဟု သံသယရှိသော အမျိုးသားတဦးကို ကြေးစားသမားများ လွှတ်ကာ ဖမ်းဆီးသတ်ဖြတ်ရန် စေခိုင်းခဲ့သူဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သူဖြစ်သည်။

Asia Sun Energy ကုမ္ပဏီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသော စစ် ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်များ နှင့် တိုက်လေယာဉ်များအတွက် လေယာဉ်ဆီများ တင် သွင်းပေးနေသည့် ကုမ္ပဏီဖြစ်ခြင်းကြောင့် အမျိုးသားညီညွှတ်ရေးအစိုးရ NUG က အမည်ပျက် စာရင်းသွင်းထားခံရသည့် ကုမ္ပဏီလည်း ဖြစ်သည်။

အဆိုပါကုမ္ပဏီသည် Puma Energy နှင့် အစိုးရပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) တို့ ပူးပေါင်းပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် ၁၀ ခုတွင် လောင်စာဆီ ဖြည့်ဆည်းခြင်း လုပ်ငန်းများကို လုပ်ကိုင်ခြင်းနှင့် ကတ္တရာ ရောင်းချခြင်း လုပ်ငန်းများ လုပ်ကိုင်နေသော National Energy Puma Aviation Services (NEPAS) ရှိ Puma ကုမ္ပဏီပိုင်ဆိုင် သော ရှယ်ယာအနည်းငယ်ကိုလည်း ဝယ်ယူခွင့်ရရှိထားကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

တခြားသော စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တဦးကမူ NEPAS မှ Puma ၏ ရှယ်ယာများကို စစ်တပ်ကအာဏာသိမ်းမီ ၂၀၂၁ ခုနှစ် နှစ်စပိုင်းတွင် ပြည်တွင်းလေကြောင်းလိုင်းများအတွက် A1 ဂျက်လေယာဉ်ဆီ အပါအဝင် ဓာတ်ဆီ၊ ဒီဇယ်များကို တင်သွင်းဖြန့်ဖြူးရောင်းချရန်အတွက် ထူထောင် လိုက်သော 24 Hour Group လက်အောက်ရှိ 24 Petroleum ကုမ္ပဏီက ဝယ်ယူခွင့်ရလိုက်ကြောင်း ပြောသည်။

24 Hour Group သည် စီးပွားရေးလုပ်ငန်းရှင် ဦးအောင်အောင်ဇော် ပိုင်ဆိုင်ပြီး ကမ္ဘောဇလေ ကြောင်းလိုင်း (Air KBZ) နှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) တို့ကို ကမ္ဘောဇ စီးပွားရေးလုပ်ငန်းစု (KBZ) ထံမှ ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းတွင် ဝယ်ယူထားသော ကုမ္ပဏီအုပ်စုဖြစ်သည်။

“နိုင်ငံတကာလေကြောင်းလိုင်းတွေက ဒီမှာဆီမထည့်ဘူး။ ပြည်တွင်းလေယာဉ်ဆီဈေးကွက်က စစ်တပ် နဲ့ ပြည်တွင်းလေကြောင်းလိုင်းအတွက် သုံးတာဆိုတော့ တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကပဲ ယူကြမှာ” ဟု အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ထိုအခြေအနေကို အတည်ပြုနိုင်ရန်အတွက် စစ်ကောင်စီ၏ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန လက် အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)တို့၏ ဦးဆောင်ညွှန်ကြားရေးမှူးများထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

Puma ကုမ္ပဏီဘက်ကလည်း ၎င်း၏ ရှယ်ယာများကို မည်သည့်ပြည်တွင်းကုမ္ပဏီကို ရောင်းချလိုက် သည်ကို ယခုအချိန်အထိ ထပ်မံထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

စစ်ကောင်စီကလည်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း လေယာဉ်ဆီ တင်သွင်း သိုလှောင် ရောင်းချ ဖြန့်ဖြူးခြင်းများကို နိုင်ငံတကာစံနှုန်းများဖြင့် လုပ်ဆောင်နိုင်ရန် လေယာဉ်ဆီလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီကို စွမ်းအင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှုးချုပ်များ၊ လက်ထောက်စစ်ထောက်ချုပ်၊ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)၊ Air Thanlwin၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)၊ Yangon Aerodrome ကုမ္ပဏီ၊ Golden Myanmar လေကြောင်းလိုင်း (GMA) စသည့် ပုဂ္ဂလိကကုမ္ပဏီများ၊ တာဝန်ရှိသူများ အပါအဝင် လူပုဂ္ဂိုလ် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။

You may also like these stories:

မြန်မာနိုင်ငံတွင် တိုယိုတာကား စထုတ်

အနောက်နိုင်ငံ ကုန်အမှတ်တံဆိပ်များ မြန်မာအပေါ် သဘောထားကွဲ

ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း

Your Thoughts …
Tags: Asia Sun EnergyPuma Energyစက်သုံးဆီစီးပွားရေးလုပ်ငန်းရှင်ရှယ်ယာလေယာဉ်ဆီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်အပါအဝင် လုပ်ငန်းရှင်တချို့ကို တရားစွဲရန် စီစဉ်နေ

ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်အပါအဝင် လုပ်ငန်းရှင်တချို့ကို တရားစွဲရန် စီစဉ်နေ

by ဧရာဝတီ
17 October 2023
23.4k

လတ်တလော ဖမ်းဆီးစစ်ဆေးခံနေရသူများထဲတွင် စက်သုံးဆီလုပ်ငန်းရှင်များ နှင့် အမေရိကန်ဒေါ်လာ အရောင်းအဝယ် လုပ်ဆောင်သူ အများအပြားပါဝင်နေသောကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်း ထားမှုများအတွက် ငွေပေးချေမှုများ နောက်ကျမည်ကို စိုးရိမ်လျက်ရှိကြကြောင်း

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

by ဧရာဝတီ
19 September 2023
14.3k

လာဘ်စားမှုကြောင့် နေပြည်တော်လူဖမ်းပွဲ နောက်ဆက်တွဲ အနေ ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွန့် အောင် အပါအဝင် အခြားသော ဝန်ကြီးဌာနအရာရှိတချို့လည်း ထပ်မံ ဖမ်းဆီးစစ် ဆေးမေးမြန်းခံရလျက်ရှိကြောင်း

လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့

လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့

by အောင်ခမ်း
17 November 2023
13.9k

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပိတ်ပင်တားမြစ်ခဲ့ခြင်းက စစ်ကောင်စီ အားကိုးနေရသော လေကြောင်းစစ်ဆင်ရေးများနှင့် ပစ်ကူများကို အကန့်အသတ်ဖြစ်လာစေပြီ ဖြစ်သည်။

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

by ဧရာဝတီ
9 May 2024
13k

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

လေယာဉ်ဆီ ဆန်ရှင်လုပ်ခံရတဲ့အခါ

လေယာဉ်ဆီ ဆန်ရှင်လုပ်ခံရတဲ့အခါ

by ဧရာဝတီ
26 August 2023
11.3k

အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်ပြည်ထောင်စု၏ ဆန်ရှင်များသည် တရစ်ချင်း ပိုကျပ်လာနေလျက် ရှိသည်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

Next Post
မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာ မဟုတ်သော မလေးရှားနိုင်ငံခြားရေးဝန်ကြီးသစ်သည် မြန်မာ့အရေးတွင် သူ့လောက် တက်ကြွမည်မှာ မသေချာ

မလေးရှားရွေးကောက်ပွဲက မြန်မာ့အရေး မည်သို့ သက်ရောက်မည်နည်း

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ

မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved