• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မလေးရှားရွေးကောက်ပွဲက မြန်မာ့အရေး မည်သို့ သက်ရောက်မည်နည်း

by ဧရာဝတီ
13 October 2022
in ဆောင်းပါး
A A
မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာ မဟုတ်သော မလေးရှားနိုင်ငံခြားရေးဝန်ကြီးသစ်သည် မြန်မာ့အရေးတွင် သူ့လောက် တက်ကြွမည်မှာ မသေချာ

မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာ မဟုတ်သော မလေးရှားနိုင်ငံခြားရေးဝန်ကြီးသစ်သည် မြန်မာ့အရေးတွင် သူ့လောက် တက်ကြွမည်မှာ မသေချာ

2.9k
VIEWS
Share on FacebookShare on Twitter

မလေးရှားနိုင်ငံရေး လေ့လာသူများ မျှော်လင့်ထားသည့်အတိုင်း မလေးရှား ဝန်ကြီးချုပ် အစ္စမေးလ် ဆက်ဗရီ ယာကော့သည် လွှတ်တော်ကို အောက်တိုဘာ ၁၀ ရက်နေ့က ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ်အတွက် လမ်းဖွင့်ပေးသည်။ ရွေးကောက်ပွဲများကို နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပမည်ဟု မျှော်လင့်ရသည်။

အကောင်းဆုံးဖြစ်နိုင်သည့် အခြေအနေမှာ အထွေထွေရွေးကောက်ပွဲသစ်သည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဝန်ကြီးချုပ် ၃ ဦးပြောင်းလဲကာ ညွန့်ပေါင်းအစိုးရ ၂ ခု ပြိုကွဲပြီးနောက် မတည်မငြိမ်ဖြစ်နေသည့် မလေးရှားနိုင်ငံရေးကို တစုံတရာ တည်ငြိမ်သော အခြေအနေသို့ ယူဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။ သို့သော် လာမည့် အထွေထွေရွေးကောက်ပွဲသည် ဒေသဆိုင်ရာ နောက်ဆက်တွဲ သက်ရောက်မှုများ၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မလေးရှား၏ မူဝါဒနှင့် စပ်ဆက်၍ သက်ရောက်မှုများ ဖြစ်လာနိုင်သည်။

မလေးရှား လက်ရှိနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရကို စစ်အုပ်စုက ဖြုတ်ချသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ဖြစ်လာသည့် အကျပ်အတည်းကို ဖြေရှင်းရန် မလေးရှားအစိုးရ၏ မူဝါဒကို လက်ရှိဦးဆောင်နေသူဖြစ်သည်။ ထိုရာထူးကို သြဂုတ်လတွင် စတင်တာဝန် ထမ်းဆောင်စဉ်မှ စတင်ပြီး သူသည် မြန်မာအကျပ်အတည်းနှင့် ပတ်သက်၍ အတက်ကြွအထက်သန်ဆုံး အထူးသံတမန်ဖြစ်နေပြီး မြန်မာအကျပ်အတည်းတွင် ပိုမိုလက်တွေ့ကျသော နည်းလမ်းချမှတ်ရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ကို တိုက်တွန်းသည်။

ASEAN အသင်း၏ ဘုံသဘောတူညီချက် ၅ ချက် ငြိမ်းချမ်းရေး အစီအစဉ်သည် လက်တွေ့ကျ၊ မကျ ကို သူကမေးခွန်းထုတ်ပြီး စစ်ကောင်စီသည် အဓိက တောင်းဆိုချက်များဖြစ်သည့် အကြမ်းဖက်မှု ချက်ချင်း ရပ်စဲရေးနှင့် ပဋိပက္ခနှင့် သက်ဆိုင်သူအားလုံးတွေ့ဆုံဆွေးနွေးရေးကို လျစ်လျူရှုထားကြောင်း ထောက်ပြသည်။ တဘက်တွင် စစ်ကောင်စီသည် ၎င်းတို့အုပ်ချုပ်ရေး ဆန့်ကျင်သူများကို အမြစ်ဖြတ်သုတ်သင်ရန် အားထုတ်မှုများအား ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန် ငြင်းဆန်လာသည်။ NUG သည် စစ်အုပ်ချုပ်ရေးကို စစ်ရေးအရ၊ နိုင်ငံရေးအရ ဆန့်ကျင်မှုများအား ပေါင်းစပ်ပေးနေသည်။

မစ္စတာ ဆိုင်ဖူဒင်သည် NUG နှင့် လူသိရှင်ကြားတွေ့ဆုံသည့် တဦးတည်းသော ASEAN အသင်းဝင် နိုင်ငံခြားရေး ဝန်ကြီးဖြစ်ပြီး ASEAN လုပ်ဖော်ကိုက်ဘက်များအနေဖြင့် သူ၏ နမူနာကို လိုက်လံလုပ်ဆောင်ရန် တောင်းဆိုသည်။

လွန်ခဲ့သောလက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်တွင် ကျင်းပသည့် ကုသမဂ္ဂ အထွေထွေ ညီလာခံမှ သီးခြားအစည်းအဝေးတွင် NUG ဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် မစ္စတာ ဆိုင်ဖူဒင်က ဖနွမ်ပင်တွင် ကျင်းပမည့် ASEAN ထိပ်သီးဆွေးနွေးပွဲသည် ထိုအဖွဲ့ကို အဓိကကျသည့် စမ်းသပ်မှုဖြစ်မည်ဟုပြောသည်။ ထိုထိပ်သီးအစည်အဝေးသည်လည်း မလေးရှားရွေးကောက်ပွဲနှင့် လွန်စွာနီးကပ်နေသည်။

“အခုအချိန်နဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် ASEAN ထိပ်သီးဆွေးနွေးပွဲ ကြားမှာ ASEAN အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ အခြေအနေနဲ့ ကိုက်ညီရဲ့လား၊ ဒီထက် ပိုမိုကောင်းမွန်တာတွေနဲ့ အစားထိုးသင့်လားဆိုတာကို အလေးအနက် ပြန်လည်သုံးသပ်ရတော့မယ်။ နိုဝင်ဘာလမှာ ကျနော်တို့ တွေ့တဲ့အခါ ကျနော်တို့ဟာ ခက်ခဲတဲ့ မေးခွန်းတွေကို မေးမြန်း ဖြေဆိုရတော့မယ်” ဟု မစ္စတာ ဆိုင်ဖူဒင်က ပြောသည်။

မစ္စတာ ဆိုင်ဖူဒင်က မလေးရှားနိုင်ငံ၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး မည်မျှကြာကြာ ဆက်လက် ညှိနှိုင်းနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ သူ၏ပါတီဖြစ်သော ပါတီ ပရီဘူမီ ဘာဆာတု မလေးရှား (BERSATU) သည် ၂၂၂ နေရာရှိသော မလေးရှား ပါလီမန်တွင် ၂၈ နေရာသာ အနိုင်ရသည်။

မလေးရှား နိုင်ငံရေးလေ့လာသူများကမူ အာဏာရ မလေးအမျိုးသား ညီညွတ်ရေးအဖွဲ့ချုပ် (UMNO) မှ 1MDB အရှုပ်တော်ပုံကြောင့် ဘက်ပြောင်းလာသူများ ခိုလှုံရာအဖြစ် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းထားသည့် မလေးလူမျိုးစုပါတီဖြစ်သည့် BERSATU ပါတီသည် ရွေးကောက်ပွဲတွင် အခြေအနေကောင်းမည်ဟု ထင်သည့် နိုင်ငံရေး လေ့လာသုံးသပ်သူ မရှိသလောက်ပင်ဖြစ်သည်။ ပါတီ ဥက္ကဋ္ဌ မူဟစ်ဒင် ယာဆင်သည် ဝန်ကြီးချုပ်အဖြစ်မှ ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် နုတ်ထွက်လိုက်ရသောကြောင့် ထိုအခြေအနေဖြစ်လာခြင်း ဖြစ်သည်။

အရေးပါသည့် ပြည်နယ်ရွေးကောက်ပွဲ အများအပြားတွင် အနိုင်ရပြီးနောက် UMNO ခေါင်းဆောင်ပိုင်းက ရွေးကောက်ပွဲသစ်ကျင်းပလျှင် ပါတီငယ်များ၏ ထောက်ခံမှုကို အားကိုးစရာမလိုဘဲ အာဏာပြန်ရမည်ဟု မျှော်လင့်နေကြသည်။ BERSATU သည် ရွေးကောက်ပွဲသစ်တွင် အခြေအနေကောင်းလျှင်ပင် ထိုပါတီသည် ညွန့်ပေါင်းအစိုးရတွင် အရေးမပါတော့သည့် အစိတ်အပိုင်းသာ ဖြစ်တော့မည်ဖြစ်သည်။ ထို့ကြောင့် မစ္စတာ ဆိုင်ဖူဒင်သည် လာမည့်ရွေးကောက်ပွဲအပြီး လက်ရှိရာထူးတွင် တည်မြဲနေရန် အာမခံချက် မရှိတော့ပေ။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
456
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k

မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနှင့် ပတ်သက်သည့် လက်ရှိမူဝါဒ တစိတ်တပိုင်းကို ဆက်လက် ထိန်းသိမ်းထား နိုင်သော်လည်း နောက်တက်လာမည့် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့ အကျပ်အတည်းကို ဦးစားပေးအဆင့် သတ်မှတ်နိုင်ရန်နှင့် မစ္စတာ ဆိုင်ဖူဒင်ကဲ့သို့ အဖွဲ့ဝင်နိုင်ငံများကို မဝေဖန်ရဆိုသည့် အစွဲကို ချိုးဖောက်ရန် စိတ်အားထက်သန်ခြင်း ရှိ၊ မရှိမှာ မသေချာလှပေ။ ထိုအချက်မှာ မလေးရှားပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှုက နယ်စပ်ကို ကျော်လွန် သက်ရောက်နိုင်သည့် နည်းလမ်းတခုပင် ဖြစ်သည်။

ကိုးကား။ ။ The Diplomat သတင်း How Malaysia’s Election Could Affect the Conflict in Myanmar

You may also like these stories:

မြန်မာကို ဝိုင်းပယ်မှုများအတွက် ထိုင်းအထူးသံတမန် သတိပေး

အွန်လိုင်းငွေလိမ်မှုများ အရှေ့တောင်အာရှ သံတမန်ရေး ထိခိုက်နိုင်ကြောင်း မလေးရှား သတိပေး

မြန်မာ့အ‌ရေး အာဆီယံ ချဉ်းကပ်ပုံ အလုပ်မဖြစ်သေး

Your Thoughts …
Tags: AseanBERSATUNUGUMNOစစ်ကောင်စီစစ်အာဏာသိမ်းမှုဘုံသဘောတူညီချက် ၅ ချက်မစ္စတာ ဆိုင်ဖူဒင်မလေးရှားရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ

မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်

မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာကိုပေါက်နှင့်အင်တာဗျူး (ရုပ်/သံ)

မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာကိုပေါက်နှင့်အင်တာဗျူး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved