• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ

by ဧရာဝတီ
10 July 2024
in သတင်း
A A
ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတခုကို တွေ့ရစဉ် / ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်များရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံသူ မရှိတော့ဘဲ ငွေထုတ်ယူသူသာ များလာပြီး လိုသလောက် ထုတ်ယူ၍ မရသည့်အခြေအနေ ဖြစ်လာကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတခုမှ ဝန်ထမ်းတဦးက “အခုက ငွေထုတ်တဲ့သူက အရမ်းများတယ်။ အပ်တဲ့သူက မရှိသ လောက်ပဲ။ ဘဏ်စုငွေအဖြစ်အဖြစ် ထားတဲ့သူတွေတောင် ငွေပြန်ထုတ်လာတာတွေရှိတော့ လက်ကျန်ပမာဏနဲ့ တွက်ပြီး ကျမတို့ ဘဏ်ကတော့ ထုတ်ပေးတယ်။ ဥပမာ ကျပ်သိန်း ၁၀၀ အပ်ထားတဲ့သူဆိုရင်အခုချိန်မှာ သူ့ငွေကို အကုန်ပြန်ထုတ် ချင်တယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ပဲ ပေးနိုင်တယ်။ နောက်လူ ထုတ်မပေးနိုင်မှာဆိုးလို့ အဲဒီလိုလုပ်နေရတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်ကလည်း ပုဂ္ဂလိကဘဏ်များကို နေ့စဉ် ငွေထုတ်ပေးရာတွင် လျော့နည်းလာသော ကြောင့် လက်ရှိ ဘဏ်များတွင် ငွေထုတ်ယူပါက ကျပ် ၁၀ သိန်းနှင့် ကျပ်သိန်း ၂၀ အထိသာ ရရှိပြီး ငွေထုတ်ယူရာ၌ အခက် အခဲများ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ပြည်ပပို့ကုန်လုပ်ငန်းရှင်ကြီးတဦးက “အခုက ငွေအပ်နှံတဲ့သူထက် ထုတ်တဲ့သူက များနေတယ်။ လုပ်ငန်းရှင်တွေ၊ အရောင်း/ အဝယ်သမားတွေက ဘဏ်ထဲမှာ ထားဖို့ထက် ကိုယ့်အိမ်မှာပဲ ကိုယ်ငွေကို ထားလို့ရသလောက် ထားလိုက် တာပေါ့။ ဘဏ် မှာအပ်တဲ့သူ နည်းသွားတယ်။ အဲဒီတော့ ဘဏ်မှာရှိတဲ့ လက်ကျန်နဲ့ ထိန်းပြီးထုတ်ပေးနေရတဲ့ အခြေအနေ ဖြစ်တယ်။ လုပ်ငန်းရှင်အများစုနဲ့ ကုန်သည်တွေက ဘဏ်နဲ့ ကင်းကွာသွားတဲ့သဘောပဲ” ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီက ဘဏ်များကို အရေးယူမည်ဟုထုတ်ပြန်ပြီးသည့်နောက် ဘဏ်များပြိုလဲမည်ကို စိုးရိမ်စိတ်ဖြင့် အပ်နှံသူ နည်းပါးလာခြင်းဖြစ်သလို မိမိအပ်နှံထားသည့် ငွေကို ယခင်ကဲ့သို့ ဘဏ်များတွင် အလွယ်တကူ ထုတ်ယူ၍ မရသည့် အခြေ အနေများကြောင့်လည်း ဘဏ်များအပေါ် ယုံကြည်မှုကျဆင်းကာ အပ်နှံထားသည့် ငွေများကိုပါ ပြန်၍ ထုတ်ယူလာခြင်း ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း အပ်နှံငွေများ အလွယ်တကူထုတ်ယူ၍ မရသည့်အခြေအနေများနှင့် ပတ်သက်၍ ဘဏ်စာရင်းအသစ် (Special Account) မှ ငွေသားပြန်လည်ထုတ်ယူရာတွင် ကန့်သတ်ချက်မရှိ ထုတ်ယူခွင့်ပြုပြီးဖြစ်ကြောင်း ဗဟိုဘဏ်က မီဒီယာများကို ဖြေကြားထားသည်။

ထို့ပြင် ငွေသားထုတ်ယူရာတွင် မဖြစ်မနေကိစ္စရပ်များအတွက်သာ ထုတ်ယူရန်လည်း ဗဟိုဘဏ်က ဆိုသည်။

ယခုအချိန်တွင် ဘဏ်တခုနှင့်တခုအပေါ် မူတည်၍ တချို့မှာ ကျပ်သိန်း ၂၀ ထုတ်ယူ၍ရသလို တချို့ဘဏ်မှာ ၁၀ သိန်းသာ ရရှိသည့် အနေအထားဖြစ်လာသလို ATM စက်များတွင်လည်း ငွေထုတ်ယူ၍ မရတော့ကြောင်း ထုတ်ယူသူများထံက သိရ သည်။

နေပြည်တော်တွင် နေထိုင်သူတဦးက “ဒီနေ့မနက် ငွေသွားထုတ်တာ ATM စက်မှာ ငွေက ထုတ်လို့မရခဲ့ဘူး။ စက်တွေက မီးလင်းတယ်။ ထုတ်မှ ပိုက်ဆံမလုံလောက်ပါလို့ ပြတာ။ KBZ ဘဏ်က စက်သုံးလုံးစလုံးမရတာ။ အရင်က တရက် ကျပ် ၁၀ သိန်း ရတယ်။ အခုတော့ တပြားမှ မရလာခဲ့ဘူး။ ဘဏ်တွေမှာလည်း လူတော်တော်များတယ်” ဟု ဧရာဝတီသို့ ပြော သည်။

ထို့ကြောင့် လက်ရှိတွင် ငွေထုတ်ယူလိုသူနှင့် ငွေအပ်နှံသူ ညီမျှမှုမရှိဘဲ ငွေထုတ်ယူသူသာ များပြားနေပြီး ငွေအပ်နှံသူမှာ မရှိသည့်အခြေအနေဖြစ်ကြောင်း ဘဏ်လုပ်ငန်းနှင့် နီးစပ်သူများနှင့် လုပ်ငန်းရှင်များထံက သိရသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များ၏ နာယကများ၊ ဥက္ကဋ္ဌများ အားလုံးကို စစ်ကောင်စီက နေပြည်တော်သို့ ခေါ်ယူထားပြီး မပျက်မကွက်တက်ရောက်ရမည်ဟုလည်း ဖိတ်ကြားစာ၌ ရေးသားထားသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
148
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
66

You may also like these stories:

ဘဏ်များကို ဗဟိုဘဏ် ငွေထုတ်မပေးနိုင်တော့

ဘဏ်များ အရေးယူမည့်ကိစ္စ အိမ်ခြံမြေ ဈေးကွက် ထိခိုက်နိုင်

Your Thoughts …
Tags: ATMငွေထုတ်ယူမှုဗဟိုဘဏ်အပ်နှံငွေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

Next Post
ကချင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၈ ခု ရေဘေးသင့်

ကချင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၈ ခု ရေဘေးသင့်

နောင်ချိုရှိ  နောက်ဆုံးကျန်သည့် ၆၀၆ ဒုံးတပ်ရင်း TNLA သိမ်း

နောင်ချိုရှိ နောက်ဆုံးကျန်သည့် ၆၀၆ ဒုံးတပ်ရင်း TNLA သိမ်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved