• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

တော်လှန်ရေးခရီးက တဖက်မှာ နိုင်ငံရေး မိုးလေဝသတွေ ရှိနေတယ်

by ဧရာဝတီ
17 December 2024
in အင်တာဗျူး
A A
တော်လှန်ရေးခရီးက တဖက်မှာ နိုင်ငံရေး မိုးလေဝသတွေ ရှိနေတယ်

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)မှ စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော် (ဧရာဝတီ)

1.8k
VIEWS
Share on FacebookShare on Twitter

စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများသာမက တိုင်းစစ်ဌာနချုပ်တခုလုံးပါ သိမ်းပိုက်နိုင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးမှ အဓိက ဦးဆောင်သူများဖြစ်သည့် MNDAA နှင့် TNLA တို့မှာ တရုတ်ဖိအားများကြောင့် ရောက်သည့်နေရာ ထိုးစစ်ရပ်ကာ အပစ် အခတ်ရပ်စဲ၍ တွေ့ဆုံဆွေးနွေးသွားမည်ဆိုသော သဘောထားများကို အသီးသီး ထုတ်ပြန်ထားကြသည်။

၂၀၂၃ အောက်တိုဘာလ ၂၇ရက် ကိုးကန့်ဒေသ ချင်းရွှေဟော်မှစခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသရှိ မြို့ကြီးများကိုသာမက ဒုတိယပိုင်းတွင် မန္တလေးတိုင်းထဲမှ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူး ၊ သပိတ်ကျင်း ၊ မတ္တရာမြို့များကို သိမ်းနိုင်ခဲ့ပြီး နေပြည်တော်အထိ ဟုပင် ပြောရလောက်အောင် ရိုက်ခတ်သည့် လှိုင်းက ကြီးမားခဲ့သည်။

သို့သော် ယခုနှစ် သြဂုတ်လ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်အပြီး ဖိအားပေးမှုများနှင့် ကြုံလာ ရသည့်အခါ ရှမ်း- မန်း ထိုးစစ်က လချီရပ်ဆိုင်းသွားသလို စစ်ကောင်စီကပင် မတ္တရာအနောက်ခြမ်း အပါအဝင် မန္တလေး တိုင်းတွင်းနယ်မြေတချို့ကို ထိုးစစ်ဆင်လာရာ တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ဆုတ်ခွာ ပေးခဲ့ရမှုများ ရှိခဲ့သည်။

ထိုသို့ တရုတ်ဖိအားကြောင့် တန့်သွားရသည့် ရှမ်း-မန်းစစ်ဆင်ရေး၊ မန္တလေးတိုင်းအတွင်း စစ်ရေး အခြေအနေများနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)မှ စစ်ဦးစီးအဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာစိုးသူရဇော်အား ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ လက်ရှိ တရုတ် ဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ချင်ပါလဲ။ အကျိုးသက်ရောက်မှု ဘာတွေဖြစ်စေသလဲ

ဖြေ။ ။ ကျနော်တို့ရဲ့ လက်ရှိတော်လှန်ရေးက ဘယ်နိုင်ငံရဲ့ မြှောက်ထိုးပင့်ကော်မှုကြောင့်မဟုတ်သလို ဘယ်နိုင်ငံကမှ မက်လုံးပေးလို့ တော်လှန်ခဲ့ကြတာ မဟုတ်ဘူး။ ဘယ်ကမှမြှောက်ပေးလို့ တော်လှန်ခဲ့ကြတာ မဟုတ်ဘူး၊ ဘယ်သူတွေ ကပဲ ကျနော်တို့ကို တားဆီးနေစေကာမူ ပြည်သူတွေက အကြမ်းဖက်စစ်အုပ်စုကို ဒီအချိန်မှာ နိတ္ထိတံအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ခိုင်မာနေသရွေ့ ဘယ်နိုင်ငံရဲ့ ဖိအားကိုမဆို ကြံ့ကြံ့ခံနိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

အဓိကအင်အားကတော့ ပြည်သူလူထုမှာပဲ ရှိပါတယ်၊ ပြည်သူရဲ့ ကြံ့ကြံ့ခံမှု အားပေးမှုနဲ့ နွေဦးတော်လှန်ရေး တာထွက် ခဲ့တာ ဒီနေ့အချိန် ဒီနေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူကပဲတားတား ကျနော်တို့ရဲ့ တော်လှန်ရေး အရှိန်က ရပ်တန့်သွားမှာတော့ မဟုတ်ဘူး။

တခုတော့ ရှိတာပေါ့ ပြင်ပ ပယောဂတွေကင်းတယ်ဆိုလို့ရှိရင် ကျနော်တို့တော်လှန်ရေးဟာ မျှော်မှန်းထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန် အောင်ပွဲဆင်နိုင်မှာပေါ့။ ပြင်ပ ပယောဂတွေရှိလာတဲ့အခါဆိုရင်တော့ ကျနော်တို့ မူလရည်မှန်းထားတဲ့ ကာလထက် နည်းနည်းနောက်ကျသွားတာ နှေးကွေးသွားတာမျိုး၊ လေးလံသွားတာမျိုး ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် ကျနော်ရဲရဲကြီး ပြောရဲတာကတော့ ရပ်တန့်သွားမှာမျိုးကတော့ လုံးဝ ရှိလာစရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။

မေး။ ။ လက်ရှိမှာ မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုအင်အားစုတချို့ ထိန်းချုပ်နယ်မြေတွေက ဆုတ်ခွာ သွားတာမျိုးတွေကို တွေ့နေရတော့ အခြေအနေကို ရှင်းပြပေးပါအုံး။

ဖြေ ။ ။ တော်လှန်ရေးရဲ့ သဘောတရား၊ စစ်ရဲ့သဘောတရားအရ အချို့အခြေအနေတွေမှာ ရန်သူကို ထိုးရ တာရှိသလို တချို့ အခြေအနေတွေမှာ လိုအပ်ချက်အရ ဗျူဟာကိုပြန်ကစားတာ၊ စစ်ရဲ့ သဘောတရားအရ ခံ၊ ခွာ၊ ချီ ၊ တိုက် ဆိုတဲ့ အတိုင်းပဲ တချို့ အခြေအနေတွေမှာ ကျနော်တို့တိုက်ပြီး တချို့အခြေအနေမှာ လိုအပ်တဲ့အခါ ဆုတ်ရတာ လည်း ရှိကောင်း ရှိပါတယ်။

ဒါပေမယ့် ကျနော်တို့ နောက်ပြန်လှည့်သွားတာ မဟုတ်ဘူး။ ရပ်တန့်သွားတာ မဟုတ်ဘူး။ တော်လှန်ရေးခရီးဖြစ်တဲ့ အတွက် ကျနော်တို့က ဘယ်အချိန်မှာ ဘာဖြစ်မယ် ဘယ်အချိန်မှာ ဘယ်ခရီးကိုရောက်မယ်ဆိုတာတော့ ခန့်မှန်းနိုင်ဖို့ ခက်ပါတယ်။ နောက်လှည့်သွားခြင်းတော့ မရှိဘူး၊ ရပ်တန့်သွားခြင်းတော့ မရှိဘူး။သို့သော်လည်းပဲ တချို့သောအခြေအနေ တွေမှာတော့ ကျနော်တို့ ပုံမှန်ထက် လေးသွားတာမျိုး ၊ အတိုင်းအတာတခုထိ နှေးကွေးသွားတာမျိုး ရှိကောင်းရှိပါတယ် ။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက သပိတ်ကျင်းမြို့နယ်သို့ ဝင်ရောက်သိမ်းပိုက်သည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)မှ တပ်ဖွဲ့များ (MPDF)

မေး။ ။ မန္တလေးတိုင်းထဲမှာ မဟာမိတ်အင်အားစုတွေနဲ့ ဘယ်လောက်ထိ စုစုစည်းစည်းရှိနေပြီလို့ ပြောနိုင်မလဲ။

ဖြေ ။ ။ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ တတ်နိုင်သမျှ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေကြတယ် ။ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ကြားကာလ အစီအမံဆိုတဲ့ ပလက်ဖောင်းကနေလည်း မန္တလေး ဒေသတွင်းက တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေရောနဲ့ ချိတ်ဆက်ပြီးတော့မှ ကျနော်တို့ ဆောင်ရွက် နေကြပါတယ်။

တချို့ အခြေအနေတွေမှာ ကျနော်တို့ခွဲပြီး လုပ်နေကြရတယ်ဆိုပေမယ့် အခုလိုမျိုး ကြားကာလ အစီအမံဖြစ်လာတဲ့ အခါမှာတော့ တူရာတူရာ စုပြီး ဒီပလက်ဖောင်းတခုတည်းမှာ ဒီဆုံရပ်တခုတည်းမှာ အားလုံးစုစည်း တော်လှန်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေကြပါတယ်။ ပြီးပြည့်စုံတဲ့ အခြေအနေကိုတော့ မရောက်သေးပါဘူး။ ကျနော်တို့ ဆက်လက်ပြီး ကြိုးစားကြရပါဦးမယ် ။ ဒါပေမယ့် ပြောနိုင်တာကတော့ စနစ်ကျတဲ့လမ်းစတခု ၊ ပလက်ဖောင်းတခု ၊ အစီအမံတခုကိုတော့ ကျနော်တို့က တည်မိထားပြီလို့ ဆိုနိုင်ပါတယ်။

မေး ။ ။ လက်ရှိ အာရက္ခတပ်တော် (AA )ရဲ့ အောင်ပွဲတွေကရော တော်လှန်ရေး အင်အားစုတွေကိုလည်း ဘယ်လို အကျိုးသက်ရာက်မှုတွေ ရှိသွားစေပါသလဲ။

ဖြေ။ ။ အင်မတန်အားဖြစ်ပါတယ်။ ကျနော်တို့ဆိုရင် ဒီ ဗီဒီယိုဖိုင်ကို မကြာခဏ ပြန်ကြည့်ဖြစ်ပါတယ်။ လေ့လာစရာ တွေလည်း ရှိတယ်။ ကျနော်တို့ သင်ယူစရာတွေလည်းရှိတယ်။ ပြည်သူလူထု ကိုယ်တိုင် မှာ ဆိုရင်လည်း အင်မတန် အားရစရာကောင်းတယ်။ နှစ်ထောင်းအားရစရာ ရှိတယ်။
အာရက္ခတပ်တော်ရဲ့ အောင်မြင်မှုဟာ တိုက်ရိုက်အားဖြင့်တော့ အာရက္ခတပ်တော်မှာပဲ အကျိုးရှိတယ်လို့ ထင်ကောင်း ထင်ရပေမယ့် အခုလိုမျိုး နိုင်ငံရေး မိုးလေဝသတွေ ပြင်းထန်နေတဲ့အချိန်မှာ ပြည်သူလူထုအတွက် အင်မတန်မှ အားတက် စေရုံတင်မက ကျနော်တို့တော်လှန်ရေးအင်အားစုတွေလည်း အင်မတန် အားတက်ရတယ်။ ငါတို့သာဆိုရင် ဘယ်လို တိုက်ကြမလဲ၊ သူများတွေကဖြင့် ဒီလိုတိုက်သွားတယ်။ ငါတို့သာဆိုရင် ဘယ်လို အမိန့်ပေးကွပ်ကဲမလဲ၊ သူတို့ကို ကြည့်ပြီးတော့ တပ်ကို ဘယ်လိုစုဖွဲ့မှုလုပ်မလဲဆိုတာတွေ ကျနော်တို့ တွေးလို့ရတယ်။ စစ်ကို စစ်နဲ့တူအောင် တိုက်သွားတဲ့ အခါမှာ ဒီလိုအောင်ပွဲတွေ ရပါလားဆိုတဲ့ အသိဉာဏ် အလင်းပွင့်မှုကိုပါ ကျနော်တို့ ရရှိစေပါတယ်။

မေး။ ။ ရခိုင်တို့ ၊ ကချင်တို့မှာ အောင်ပွဲတွေဆက်တိုက်ရှိနေပေမယ့် အရှိန်ကောင်းခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက နှေးကွေးသလို ဖြစ်နေတဲ့ အခြအနေမှာ ဘာလိုသုံးသပ်ချင်ပါသလဲ။

ဖြေ ။ ။ နေရာဒေသ တခုတည်းကိုပဲ ကြည့်ပြီးတော့ ဆုံးဖြတ်လို့ မရပါဘူး။ တနိုင်ငံလုံးအတိုင်းအတာမှာ ကျနော်တို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ တော်လှန်ရေး၊ စစ်ရေးဖြစ်စဉ်တွေ ဒါတွေကို ကျနော်တို့ ချိတ်ဆက်စဉ်းစားနိုင်ဖို့ လိုပါတယ်။

အခုဆိုလို့ရှိရင်လည်း အာရက္ခတပ်တော်က နခခ ၅ နဲ့ မောင်တောတမြို့လုံး သိမ်းနိုင်ပြီ ဒါဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံရဲ့ နယ်စပ်ကုန်စည်စီးဆင်းဖို့ နယ်စပ်မျဉ်း တလျှောက်ကို ထိန်းချုပ်ထားနိုင်ဆိုရမယ်၊ ဒီပုံစံတိုင်းသာ ဆက်သွား သိပ်မကြာခင် ရက်ပိုင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကျမှာပဲ။

တဖက်မှာလည်း မဟာမိတ် KIO/ KIA အနေနဲ့ ဗန်းမော်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတယ်။ ဒါကြောင့်မို့ ကျနော်တို့ရဲ့ တော်လှန်ရေးသည် ရပ်တန့်သွားသလား၊ နှေးကွေးသွားသလားဆိုသည့်ကိစ္စသည် တော်လှန်ရေးဟာ ဆုတ်ယုတ်နေ တာလား၊ တိုးတက်နေတာလားဆိုတဲ့ကိစ္စဟာ နေရာဒေသတခု ၊ အဖြစ်အပျက်တခုတည်းကိုပဲ ကြည့်ပြီးတော့ အဲ့ဒီရဲ့ ညွှန်းကိန်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။

ဘယ်ချိန်မှာ ဘာဖြစ်မယ်ဆိုတာကို တိတိကျကျပြောဖို့တော့ ခက်တာပေါ့။ တော်လှန်ရေးခရီးက တဖက်မှာလည်း နိုင်ငံရေး မိုလေဝသတွေက ရှိနေတာကိုး။ ကျနော်တို့ အမှားအယွင်းနည်းနည်းနဲ့ ပြည်သူလူထုထိခိုက်မှု အနည်းဆုံး အခြေအနေ တွေဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားပြီးတော့မှ တော်လှန်ရေးခရီး ဒီထက်ပိုပြီးရောက်အောင် ခရီးဆက်ကြရဖို့ပဲရှိပါတယ်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
257
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
112

ကုန်ကုန်ပြောမယ်ဆိုရင် မင်းအောင်လှိုင်ရှိနေတဲ့နေရာထိလိုက်ရှာပြီး အပြီးတိုင်ချေမှုန်းဖို့ထိ မျှော်မှန်းထားတာဖြစ်တယ်။ မင်းအောင်လှိုင် သေရုံနဲ့ ကျနော်တို့တော်လှန်ရေးပြီးပြီလားဆိုတော့လည်း မပြီးသေးဘူး ။ မင်းအောင်လှိုင်သေခြင်းဟာ ကျနော်တို့တော်လှန်ရေးခရီးရဲ့ အဆင့်တခုပဲရှိသေးတယ် ။ ဒီအဆင့်ကိုကျော်လွန်ပြီး ကျနော်တို့က နောက်ထပ်အများကြီး သွားကြရဦးမှာဖြစ်တယ်။

You may also like these stories:

မတ္တရာအနောက်ခြမ်းတိုက်ပွဲများ၌ မန္တလေး PDF ပါဝင်လာ

သိမ်းထားသည့် မတ္တရာအနောက်ခြမ်းမှ တော်လှန်ရေးတပ်များ ပြန်ဆုတ်

စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ပြော

Your Thoughts …
Tags: တရုတ်ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)ရှမ်း-မန်းစစ်ဆင်ရေးအာရက္ခတပ်တော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
အင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကစားကွင်းလုပ်လို့မရဘူး (ရုပ်/သံ)

အင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကစားကွင်းလုပ်လို့မရဘူး (ရုပ်/သံ)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျတော့မှာလား (ရုပ်/သံ)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျတော့မှာလား (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved