• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ပြော

by ဧရာဝတီ
25 November 2024
in သတင်းတို
A A
စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ပြော

နိုဝင်ဘာလ ၉ ရက်က ပြုလုပ်ခဲ့သည့် TNLA ၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ / PSLF/TNLA

1.9k
VIEWS
Share on FacebookShare on Twitter

စစ်ဘေးဒဏ် ပြင်းထန်စွာ ခံစားနေရသည့် ပြည်သူများအား ညှာတာထောက်ထားသောအားဖြင့် စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အမြဲအသင့်ရှိနေကြောင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ယနေ့ ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် ပဋိပက္ခများအဆုံးသတ်ရေး တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကို အသိအမှတ်ပြုပြီး ကောင်းမွန်သည့်ရလဒ်များ ရရှိရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောထားသည်။

TNLA က “စစ်ဘေးဒဏ် အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲတမ်းအဆင်သင့်ရှိသည်” ဟု ဆိုထားသည်။

ယမန်နှစ် အောက်တိုဘာလမှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင် မဟာမိတ်သုံးဖွဲ့ နှင့် စစ်တပ်ကြား ရှမ်းမြောက်ဒေသ၌ ယာယီအပစ်ရပ်ရေး ဟိုဂင်သဘောတူစာချုပ် ရေးထိုးနိုင်ခဲ့သော် လည်း ယခုနှစ်စပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA အနေဖြင့် ပလောင်ဒေသတခုလုံးရှိ စစ်တပ်စခန်းများအား တိုက်ထုတ်ရှင်းလင်းကာ နယ်မြေသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်တပ်က နေ့စဉ်နီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် TNLA သိမ်းပိုက်ထားသည့် မြို့၊ ရွာများတွင် အရပ်သားရာနှင့်ချီ သေဆုံးမှုရှိနေသည်။

ထို့ပြင် လက်ရှိတွင်လည်း စစ်တပ်အား ဆက်လက်မတိုက်ခိုက်ရေးအတွက် TNLA အပေါ် အပြင်းအထန်ဖိအားပေးနေပြီး TNLA ထိန်းချုပ်ဒေသရှိ တရုတ်နယ်စပ်ဂိတ်များပိတ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ စသည့် ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ဆို့ထားသည်။

ထိုအခြေအနေများအောက်တွင် TNLA ၏ တွေ့ဆုံဆွေးနွေးရေး ထုတ်ဖော်ကြေညာချက်သည် တရုတ်ဖိအားကို တုံ့ပြန်ရန်နှင့်‌ ဒေသတွင်းအခြေအနေအား ထိန်းသိမ်းရန်၊ စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး ပြောကြားချက် များကို တုံ့ပြန်ရန် သဘောထားဖော်ပြခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ / PSLF/TNLA

၎င်းက “ဆွေးနွေးဖို့အသင့်ရှိတယ်ဆိုတာ ခဏခဏပြောကြတာပါပဲ။ တရုတ်က ဖိအားပေးရင်တော့ တွေ့ရင်တွေ့ကြမှာပဲ။ ပြဿနာက နယ်မြေပြဿနာ ဆွေးနွေးရင်တော့ ပြဿနာတက်ကြတာပဲ။ စစ်တပ်ကလည်း ဆွေးနွေးမယ်သာပြောနေတာ အရပ်သားရွာတွေ ဗုံးကြဲက မပြတ်ဘူး၊ ရက်ဆက်ကြဲနေတာ” ဟု ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း ယနေ့ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့သို့ပေးပို့သော သဝဏ်လွှာတွင် တိုင်းရင်းသားအချင်းချင်းကြား နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင် ကြောင်း ပြောထားသည်။

၎င်းက “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည်ဆိုပါက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့်အခြေအနေကိုသာ ပေါ်ပေါက်စေမည်” ဟု ဆိုသည်။

ထို့ပြင် အချင်းချင်း ယုံမှားသံသယကင်းကာ အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရမည့်အချိန်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသည့် အခွင့်အရေးများအား အသုံးချကာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ကြရန်လည်း စစ်ခေါင်းဆောင်က ဆိုထားသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
126
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
138
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.4k

TNLA ကမူ ပလောင် (တအာင်း) လူမျိုးများအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးနှင့် တအာင်းပြည်နယ်ရရှိရေး တိုက်ပွဲ ဝင်နေခြင်းဖြစ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအား တိုင်းရင်းသား မြန်မာလူထုနှင့် အတူတကွ တည်ဆောက်ရန် အမြဲကြိုးပမ်းနေကြောင်း ပြောထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA က နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့အား သိမ်းပိုက်နိုင်ခဲ့ပြီး TNLA ဌာနဆိုင်ရာများနှင့် အရပ်သားများ ပါဝင်သည့် မြို့စီမံအုပ်ချုပ်ရေးကော်မတီများဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လျက်ရှိသည်။

You may also like these stories:

တရုတ်ဖိအားပေးသည့် ကြားက သီပေါနယ်ကို TNLA အလုံးစုံ ထိန်းချုပ်

TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးTNLAစစ်ရေးပဋိပက္ခညီနောင်မဟာမိတ်တရုတ်တွေ့ဆုံဆွေးနွေးရန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
အမေရိကန်က မြန်မာစာသင်ကျောင်း (ရုပ်/သံ)

အမေရိကန်က မြန်မာစာသင်ကျောင်း (ရုပ်/သံ)

ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ ပီကင်းကောခူကျေးရွာ (ရုပ်/သံ)

ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ ပီကင်းကောခူကျေးရွာ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved