• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ဖိအားပေးသည့် ကြားက သီပေါနယ်ကို TNLA အလုံးစုံ ထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
14 October 2024
in သတင်း
A A
တရုတ်ဖိအားပေးသည့် ကြားက သီပေါနယ်ကို TNLA အလုံးစုံ ထိန်းချုပ်

သီပေါမြို့ ခလရ ၂၃ ကို သိမ်းပြီးနောက် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ/ TNLA

3.7k
VIEWS
Share on FacebookShare on Twitter

တရုတ်က တိုက်ပွဲများရပ်ရန် အပြင်းအထန် ဖိအားပေးနေသည့်ကြား ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြောက်ဘက် နှစ် မိုင် အကွာရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခလရ ၂၃ ကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) မှ ယမန်နေ့ ညနေပိုင်းက သိမ်းပိုက်ကာ တမြို့နယ်လုံးကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦး၏ အဆိုအရ “ခလရ ၂၃ က နှစ်လကျော် ပိတ်ဆို့ခံရတယ်လေ။ ဘယ်တောင့်ခံနိုင် တော့မလဲ။ မနေ့ညနေက လုံး၀ ကျသွားပြီ။ စစ်သုံ့ပန်းတွေ ဖမ်းမိတာ များတယ်လို့ကြားတယ်။ အဲဒီတပ်ရင်းမှာတော့ လက်နက်ခဲယမ်းတွေလည်း အများကြီး ကျန် နိုင်တယ်” ဟု သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်အများအပြားကို TNLA က သီပေါမှ မြို့နှင်ဒဏ်ပေးခဲ့ခြင်းကြောင့် နယ်မြေ တဆက်တည်းရှိသည့် နမ့်လန်မြို့သို့ ဆုတ်ခွာသွားခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ထိုလက်ကျန်တပ်ရင်းအား စစ်ကောင်စီလက်လွှတ်လိုက်ရသောကြောင့် သီပေါမြို့နယ်တွင် စစ်တပ် ကင်းစင်သွားပြီး မြို့ကို TNLA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။

TNLA နှင့်တော်လှန်ရေးတပ်များ သိမ်းထားသည့် ရှမ်းပြည်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်ထိစပ်သည့်ဒေသမှ မြိုများ

စက်တင်ဘာလဆန်းတွင် စစ်တပ်အား ထပ်မတိုက်ရန်နှင့် ဆန့်ကျင်ပါက ကြောက်ရွံ့ကျိုးနွံစေရန် လုပ်ဆောင်မည် ဖြစ် ကြောင်း တရုတ်မှ ဖိအားပေးခြိမ်းခြောက်ခဲ့ပြီး တလအကြာ၌ TNLA က သီပေါမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ခလရ ၂၃ တပ်စခန်း အနီးတဝိုက်သို့ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၈၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ သလို နမ့်လန်မြို့ အခြေစိုက်စခန်းမှ လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်ခဲ့ကြောင်း TNLAက အောက်တိုဘာ ၁၂ နေ့ တွင် ထုတ်ပြန်ထားသည်။

ယနေ့ သီပေါမြို့အခြေအနေနှင့် ပတ်သက်၍ TNLA က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးဘဲ ပြောရေးဆိုခွင့်ရှိသူ လွေး ယေဦး ကို ဆက်သွယ်ထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးပေ။

သီပေါမြို့တွင် ယခင်ကတည်းက ခလရ ၂၃ ခြေလျင် တပ်ရင်း အပြင် ခမရ ၅၀၃ နှင့် ခမရ ၅၀၄ ခြေမြန်တပ်ရင်း ၂ ရင်း လည်း ရှိရာ TNLA က ထို ခြေမြန်တပ်ရင်းများကို စက်တင် ဘာ ၂၇ ရက်က သိမ်းထားပြီးဖြစ်၍ ယခုအခါ မြို့နယ်အုပ် ချုပ်ရေး ယန္တရား စတင်ဖော်ဆောင်နေပြီ ဖြစ်သည်။

သီပေါမြို့သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ခဲ့သည့် လားရှိုးမြို့နှင့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၁) အခြေ စိုက်ခဲ့သည့် ကျောက်မဲမြို့ကြား၌ရှိပြီး ရှမ်းတောင်ဒေသနှင့်လည်း ဆက်သွယ်နိုင်ရာ စစ်ကောင်စီက လက်လွှတ်ခဲ့ရသည့် လားရှိုုး ပြန်ရရေး ထိုးစစ်ဆင်ရန် ကြိုးစားနေချိန် သီပေါမြို့နယ်တခုလုံး TNLA ထိန်းချုပ်လိုက်နိုင် ခြင်းက စစ်ကောင်စီအတွက် စစ်ရေးအရ ပိုမိုခက်ခဲစေကြောင်း စစ်ရေးလေ့လာနေသူများက သုံးသပ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90
အောက်တိုဘာ ၆ရက်က သီပေါမြို့ပေါ်သို့ စစ်ကောင်စီဗုံးကြဲပြီးနောက် မီးလောင်နေသည်ကို တွေ့ရစဉ် TNLA

TNLA သည် မန္တလေး – လားရှိုးလမ်းပေါ်ကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲတို့အပြင် ယခုအခါ သီပေါမြို့ကိုပါ ထိန်းချုပ် လိုက်ပြီဖြစ်သည်။

လက်ရှိသီပေါမြို့ပေါ်သို့ လူဦးရေ၏ ထက်ဝက်ကျော် ပြန်ဝင်ရောက် နေထိုင်ကာ ပုံမှန်သွားလာလှုပ်ရှားမှုများ ရှိနေ သော်လည်း လေကြောင်းရန်ကို စိုးရိမ်နေကြရကြောင်း၊ လေကြောင်းရန်ကြောင့် TNLA က မြို့ပေါ်ရှိ ဖုန်းဆက်သွယ် ရေးလိုင်းများအားလုံး ဖြတ်တောက်ထားပြီး ည မထွက်ရ အမိန့် ယာယီကြေညာထားကြောင်း သိရသည်။

စစ်ကောင်စီ တပ်ရင်းများသည် သီပေါမြို့မှ TNLA သိမ်းယူ ထိန်းချုပ် ထားသည့် နမ္မတူမြို့သို့ ဆက်သွယ်ထားရာ လမ်းမကြီးပေါ် တည်ရှိသောကြောင့် လက်ရှိတွင် ထိုမြို့ နှစ်ခု ကုန်စည် စီးဆင်းရေးနှင့် ဒေသခံများ ကူးလူးဆက်သွယ်ရေး ပုံမှန်ပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့ပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှ နောင်ချို-ကျောက်မဲ- သီပေါ- လားရှိုး- သိန္နီ- ကွတ်ခိုင်- မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ TNLA နှင့် မဟာမိတ်တပ် များက ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

တရုတ်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် အပစ်ရပ်ရန်ဖိအားပေးမှုကြားမှ TNLA က သီပေါမြို့ကို ထပ်မံသိမ်းပိုက်လိုက်နိုင် ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၁၂ မြို့အထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်သလို လက်ရှိတွင် နောင်ချို၊ တောင်းခမ်း တိုက်ပွဲများလည်း ဆက်လက် ပြင်းထန်လျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

မြောက်ပိုင်း တိုင်းရင်းသားတပ်တွေကို တရုတ်က ကြိုးကိုင်လို့ ရသလား

လားရှိုး ပြန်တိုက်ရန် စစ်တပ် ပြင်နေ

MNDAA ၏ ထုတ်ပြန်ချက် တရုတ်ဖိအား ပြင်းထန်မှုကိုပြ

သီပေါနှင့် တောင်းခမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်

စစ်ကောင်စီရဲ့ ရှမ်းမြောက် ပြန်လှန်ထိုးစစ် ဆိုသည်မှာ

Your Thoughts …
Tags: 1027TNLAခလရ ၂၃တရုတ်ဖိအားသီပေါ
မိုင်းခြိူဝ်းဇာရ်

မိုင်းခြိူဝ်းဇာရ်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
စစ်ကောင်စီရဲ့ ရှမ်းမြောက် ပြန်လှန်ထိုးစစ် ဆိုသည်မှာ

စစ်ကောင်စီရဲ့ ရှမ်းမြောက် ပြန်လှန်ထိုးစစ် ဆိုသည်မှာ

မြန်မာ့အရေး ‘အလွတ်သဘော’ အစည်းအဝေး ထိုင်း ကျင်းပမည်

မြန်မာ့အရေး ‘အလွတ်သဘော’ အစည်းအဝေး ထိုင်း ကျင်းပမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved