• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ရေးအရှိန်မြင့်လာနိုင်သည့် ယောဒေသ

by ဧရာဝတီ
21 January 2025
in သတင်း
A A
စစ်ရေးအရှိန်မြင့်လာနိုင်သည့် ယောဒေသ

ယောနယ်မှ တော်လှန်ရေး အင်အားစုများကလည်း ဂန့်ဂေါခရိုင်တွင်း စစ်ရှိန်မြှင့်ကာ စစ်ကောင်စီ ကင်းစင်ရေး လုပ်မည်ဟု ဆိုသည်။

7.9k
VIEWS
Share on FacebookShare on Twitter

ချင်းညီနောင်အဖွဲ့က မင်းတပ်၊ ကန်ပက်လက်တို့ကို သိမ်းလိုက်သည့်အခါ နယ်မြေခြင်း ထိစပ်နေသည့် ချင်းတောင်ပိုင်း ဝင်ပေါက်ဟု ဆိုရမည့် ယောနယ်မှ တော်လှန်ရေး အင်အားစုများကလည်း ဂန့်ဂေါခရိုင်တွင်း စစ်ရှိန်မြှင့်ကာ စစ်ကောင်စီ ကင်းစင်ရေးလုပ်မည်ဟု ဆိုလာသည်။

ပထဝီအနေအထားအရ ယောဒေသသည် ပုံတောင်ပုံညာနှင့် ချင်းတောင်တန်းကြားရှိပြီး ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်တို့ ပါဝင်ကာ ဧရာဝတီမြစ် အနောက်ဖက်ဒေသများဖြစ်သည့် ပခုက္ကူခရိုင် ပေါက်မြို့နယ်နှင့် ထိစပ် နေပြီး ထီးလင်းမြို့က ပခုက္ကူနှင့် ကားလမ်းအရ ၉၇ မိုင်သာ ကွာဝေးသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၁ ရက်က Chin Brotherhood Alliance ချင်းညီနောင်အဖွဲ့မှ မင်းတပ်၊ ကန်ပက်လက်တို့ကို သိမ်းပြီးနောက် စစ်ကောင်စီကလည်း တော်လှန်ရေးတပ်များ စိမ့်ဝင်မည်စိုး၍ ပခုက္ကူအနောက်ခြမ်းကို အလုံးအရင်းဖြင့် လှုပ်ရှားခံစစ်ပြုလုပ်ကာ ရှင်းလင်းလာသလို ယောနယ် တော်လှန်ရေးအင်အားစုများကလည်း ဇန်နဝါရီ ၆ ရက်တွင် ထီးလင်းမြို့ကို စတင်တိုက် ခိုက်ခဲ့သည်။

ပါဝင်သည့်တပ်များက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ဂန့်ဂေါခရိုင်တပ်ရင်း အမှတ် (၁၅၊ ၁၆၊ ၁၇) YRA (Htilin)၊ ယောဗျူဟာ အမှတ် ၈၁၊ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ဖြစ်ပြီး မြို့နယ် ထွေအုပ်ရုံး၊ ရဲစခန်း၊ ရုပ်သံကုန်း၊ စိုက်ပျိုးရေးရုံး၊ ဘဏ်စသည့်နေရာများကို ဒရုန်းများဖြင့် (၆၀ မမ ဗုံးသီး) ဗုံးသီးများကြဲချခဲ့သလို ရော့ကတ် အလုံး ၅၀ ကျော်ဖြင့် ပစ်ခတ်သည်။

၂၀၂၂ နှစ်လယ်မှ စ၍ ထီးလင်းမြို့ကို ရိက္ခာ၊ ဆေးဝါးသွင်းခွင့် ကန့်သတ်ပိတ်ဆို့ခံထားရပြီး လက်ရှိမြို့ပေါ်တွင် အမှတ် (၇၇) ခြေမြန်တပ်မ လက်အောက်ခံ အင်းတကော်အခြေစိုက် ခမရ (၁၀၇) အမှတ် (၃၆၈) အမြောက်တပ်တို့မှ တပ်ဖွဲ့ဝင် ၈၀ ကျော်၊ ရဲ ၁၀၀ ခန့်၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၅၀ ကျော်တို့ နှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြို့ခံတချို့ စုစုပေါင်း ၈၀၀ခန့်သာ ကျန်တော့သည်။

ထီးလင်း ပကဖမှ တာဝန်ရှိသူတဦးက “တပ်ရင်းနဲ့ ပကဖတွေပေါင်းပြီးတော့ လက်နက်ကြီး တွေနဲ့ စစ်ရေးလှုပ်ရှားထားတာ ရှိတယ်။ လက်ရှိတော့ စစ်ဆိုင်ထားတဲ့အခြေအနေပေါ့၊ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာမျိုး မရှိပေမယ့် ကျနော်တို့ အဖွဲ့ တွေက ထီးလင်းမြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ပြောလို့ရပါတယ်။ ထီးလင်းမြို့ထဲက စစ်ကောင်စီ အခြေစိုက်ထားတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ” ဟု ပြောသည်။

အမျိုးသမီးငယ်များဖြင့်ပါ ဖွဲ့စည်းထားသည့် ယော ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF)

လက်ရှိ မြို့တွင်းပိတ်မိနေသူများက လိုရာသွားခွင့်ပြုရန် တော်လှန်ရေးအင်အားစုများအား တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။

ထီးလင်းမြို့နယ် ပအဖမှ တာဝန်ရှိသူတဦးက “သူတို့ မြို့ထဲက ထွက်ခဲ့လို့ ဥပမာ ရန်ကုန်သွားမယ် ဒါပေမယ့် လုံခြုံရေးအရ စိတ်မချရသေးရင် ဒီမြို့နယ်တွင်းမှာပဲ ၂လ၊ ၃လ ကူညီစောင့်ရှောက်ပြီး စိတ်ချရတဲ့ အချိန်ပေးသွားမယ်လို့ ကော်မတီ တွေ အနေနဲ့ တိုင်ပင်ထားတာတော့ရှိတယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အခွင့်မသာလို့သာ ထွက်ဖို့ ကြံနေတာတွေရှိတယ်လို့ သိရတယ်၊ ဒါက နောက်ဆုံးသိရတဲ့ မြို့တွင်း အခြေအနေတွေပါ”ဟု ပြောသည်။

ထီးလင်းမြို့နယ်တွင် မြို့တမြို့၊ ရပ်ကွက် ၂ခု ကျေးရွာအုပ်စု ၇၁အုပ်စု၊ ကျေးရွာပေါင်း ၉၄ ရွာ ရှိကာ မြောက်ဘက်တွင် ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် ဆောမြို့နယ်၊ ကျောက်ထုမြို့၊ အရှေ့ဘက်တွင် ကျောမြို့၊ ပေါက်မြို့နယ်၊ အနောက်ဘက် တွင် ချင်းပြည်နယ် မင်းတပ်၊ မတူပီမြို့နယ်များနှင့် နယ်နိမိတ် ထိစပ်နေသည်။

ထီးလင်းအပါအဝင် မကွေးတိုင်း ဂန့်ဂေါခရိုင်အတွင်းမှ ဂန့်ဂေါ၊ ဆောမြို့နယ်များနှင့် ချင်းညီနောင်အဖွဲ့များ (CB)က သိမ်း ထားသည့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်များသည် ထိစပ်နေပြီး လက်ရှိအချိန်တွင် ဂန့်ဂေါခရိုင်၏ ၈၀ ရာခိုင်နှုန်း ခန့်သည် တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါခရိုင် ပကဖမှ တာဝန်ရှိသူတဦးက “ထီးလင်းနဲ့ ဆောမှာ စစ်ကောင်စီ အထိုင်စခန်းတွေမှာပဲ စိုးမိုးထားနိုင်တယ်၊ ထီးလင်းမှာဆို မြို့ပေါ်နဲ့ ရေမျက်နီ ကင်းစခန်းလောက်မှာပဲ ရှိတော့တယ်၊ တခါတလေ စစ်ကြောင်းထွက်မျိုးတွေ ရှိတယ်၊ ဂန့်ဂေါအပိုင်းမှာ အားကောင်းတဲ့ ပျူရွာ ၅ ရွာလောက်ထိ ရှိသေးတယ်၊ ပြီးတော့ ဂန့်ဂေါ မြို့ ပေါ် အထိုင်ရှိတယ်။ ခလရ ၅၀၊ လက်နက်ကြီး အမြောက်တပ် ရှိတယ်၊ အဲဒီလိုမျိုးပဲ သူတို့ စိုးမိုးထားနိုင်တော့တယ်၊ ကျောတိုက်နယ်ဘက်မှာ ကပစနဲ့ မြို့ပေါ်ပေါ့။ ဆောဘက်မှာ ကျောက်ထု အမြောက်တပ်ဧရိယာ၊ ဆောမြို့ပေါ်က တော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ ဝင်ထွက်သွားလာနေတာမျိုးတွေ ရှိတော့ သူတို့ အလုံးစုံ ထိန်းချုပ်နိုင်မှုမရှိတော့ဘူးလို့ ပြောလို့ ရတယ်” ဟု ပြောသည်။

ထီးလင်းမြို့နယ်တွင် မြို့မရဲစခန်း၊ ရေမျက်နီရဲစခန်း၊ ဆောမြို့ပေါ်၌ ရဲစခန်းတခုနှင့် လောင်းရှည်၌ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ ၂၅)၊ ကျောက်ထုမြို့နယ်ခွဲတွင် အမှတ် (၃၆၈) အမြောက်တပ်ရင်း(အမတ ၃၆၈) တို့ တည်ရှိသလို ဂန့်ဂေါမြို့နယ်၌ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ခလရ ၅၀၊ အမှတ် (၃၇၁) အမြောက်တပ်ရင်း (အမတ ၃၇၁)၊ မြောက်ခင်ရန်းရွာ၌ လက်နက်ကြီးအထိုင်စခန်းနှင့်အနီးရှိ ပျူစောထီးကျေးရွာ ၁၀ ရွာခန့်တွင် ပျူစောထီး၊ စစ် တပ်နှင့်ရဲတို့ ပူးပေါင်းစခန်း တို့ရှိ ကြောင်း သိရသည်။

မြောက်ခင်ရန်းရွာမှ ပျူစောထီးနှင့် စစ်တပ်တို့သည် မကြာခဏဆိုသလို အနီးရှိ သင်တော၊ ရွှေဘိုစသည့် ရွာများမှ ပြည်သူ များအား ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်လေ့ရှိရာ ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလက ရွာသား ၁၀ဦး အစုလိုက်အသတ်ခံရ သလို မေလက လူငယ် ၂ဦးကို မီးရှို့သတ်ဖြတ်သည့် ဗီဒီယိုဖိုင်ထွက်ပေါ်ခဲ့သည်။

ချင်းတောင်တန်း ဝင်ပေါက် ယောဒေသပြ မြေပုံ (ဧရာဝတီ)

ဂန့်ဂေါခရိုင်သည် ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဒု ဗိုလ်မှူးကြီးဟောင်း လှဆွေ(ဘူးလက်) ၏ အမာခံနယ်မြေဖြစ်ပြီး ဂန့်ဂေါမြောက်ပိုင်းရှိ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း၊ ရွှေမေတ္တာနှင့် မြစ်သာမြစ် အရှေ့ဘက် ရှိ လယ်ကြီး (အရှေ့)၊ လယ်ကြီး(အနောက်)တို့သည် ပျူစောထီး အားကောင်းသော ရွာများဖြစ်ပြီး ချင်းတောင်ဝင်ပေါက် တခုဖြစ်သည့် ကလေးမြို့ရှိ ဒေသကွပ်ကဲမှုဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲသည့် ရွာများဖြစ်သည်။

ချင်းတောင်ပိုင်း မင်းတပ်မှ ကျောက်ထုသို့၊ ကန်ပက်လက်မှ ဆောသို့၊ ကျင်ဒွေးမှ လောင်းရှည်သို့ မိုင် ၂၀ ခန့်သာရှိပြီး ယောဒေသ တော်လှန်ရေးအင်အားစုများမှ ယောနယ်နှင့် ပုံတောင်ပုံညာကို ထိန်းချုပ်နိုင်ပါက ပခုက္ကူခရိုင်ကိုလည်း ဆက်လက်ခြိမ်းခြောက်လာနိုင်ခြေရှိသည်ဟု စစ်ရေးသုံးသပ်သူတဦးက ပြောသည်။

“ယောနယ်ကို ထိန်းလို့ ပုံတောင်ပုံညာကို ထိန်းလို့ရသွားပြီဆိုရင် ရှေ့က ပခုက္ကူပေါ့၊ ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူမှာ ကပစ ၂ ခု ရှိတယ်၊ ဝါဇီငွေစက်ရုံ ရှိတယ်၊ ကပစစက်ရုံတွေ ဖြိုနိုင်ပြီဆိုရင်တော့ တပ်ကိုတော့ အရင်းအမြစ်ဖြိုနိုင်တာကို၊ ကပစတွေ ကို အမြစ်ဖြုတ်မှ စစ်တပ်က တိုက်တာကို သူတို့ ဖြုတ်နိုင်မှာကို၊ အဲဒီတော့ ကပစတွေကို တိုက်မှာပဲ၊ အဲဒီ တော့ ဆက်တိုး မယ်ထင်တယ်။ ဘာလို့ဆိုတော့ ချင်း CDF တွေရယ်၊ ယောက PDF တွေတို့ ယော Army တို့ အကုန်လုံးက မဟာမိတ်တွေ ဖြစ်တာကို။ သူက ချင်းပြည်တောင်ပိုင်းမှာ ထိုင်ပြီး ခံစစ်ပြင်တာထက် ပိုကောင်းတာကို” ဟု ၎င်းက သုံးသပ်သည်

ဂန့်ဂေါ- ပုလဲကားလမ်းပေါ်ရှိ ကျောမြို့တွင် ကပစ ၂၃၊ ပေါက်မြို့တွင် ကပစ ၂၄ တို့ရှိကာ ကျောက်ထုလေယာဉ်ကွင်းကို သုံး ၍ စစ်ကောင်စီက လေကြောင်းမှတဆင့် လက်နက်ခဲယမ်း ရိက္ခာလူအင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေကြောင်း၊ လက်ရှိ ယောဒေသ ဂန့်ဂေါခရိုင်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့အချို့ မိသားစုဝင်များပါ ခေါ်ဆောင်၍ တော်လှန်ရေး တပ်များထံ အလင်းဝင်ရောက်မှုများရှိနေသလို စစ်ကြောင်းများကို တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ သေဆုံး ထိခိုက်မှု များအပြင် အရှင်ဖမ်းမိ လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုများလည်းရှိကြောင်း သိရ သည်။

စစ်ကောင်စီသည် ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များပါဝင်သည့် ပခုက္ကူခရိုင်အတွင်းသို့ ချင်းတော်လှန်ရေး တပ်များ စိမ့်ဝင်မလာစေရန် မြိုင်၊ ပခုက္ကူအနောက်ခြမ်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ပ်ိတ်ဆို့နေသည်။

ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတဦးက “တကယ်လို့ချင်းဘက်ကနေ ဆင်းလာမယ်ဆိုရင် အာရက္ခတပ်တော် (AA)၊ ကိုဆောင်းခတို့ရဲ့ BPLA၊ ချင်းအဖွဲ့ CDF၊ ယောအဖွဲ့ YDF အဲဒီလိုတွေ ပါလာကြမှာလေ၊ သူတို့ ဘက်မှာ နယ်မြေတခုလုံးကို စိုးမိုးထိန်းချုပ်ထားနိုင်မှု အားကောင်းလာပြီဆိုရင် ဒီဘက်ကို ဆင်းလာမယ့်အနေအထားမျိုး အဲဒီအဖွဲ့တွေသာ ဆင်းလာခဲ့မယ်ဆိုရင် သူတို့ အင်အားနဲ့ ထိန်းထားနိုင်မယ့်အခြေအနေမျိုးတော့မရှိဘူး။ ဒါပေမယ့် အဲဒီလို ဖြစ်လာခဲ့မယ်ဆိုရင် ကာနိုင်ဖို့ဆိုတာ နယ်မြေစိုးမိုးထားနိုင်မှ ဖြစ်မှာ လက်ရှိက ပခုက္ကူ၊ ပေါက်၊ မြိုင်ဘက်မှာ တော်လှန်ရေး အင်အားစုတွေ နယ်မြေထိန်းချုပ်ထားနိုင်မှုက စစ်ကောင်စီထက် ပိုတယ်” ဟု ပြောသည်။

ယောဒေသရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ (PDF)

ထိုအခြေအနေများအပေါ် စစ်ကောင်စီလက်အောက်ခံ မကွေးတိုင်းပြောခွင့်ရတိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ထံသို့ ဧရာဝတီမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ယောနယ်နှင့် ပခုက္ကူဒေသ၌ ကာကွယ်ရေးပစ္စည်းစက်ရုံများဖြစ်သည့် ကပစ ၂၁ (ဆိပ်ဖြူ)၊ ကပစ ၂၂ (ဆိပ်ဖြူ)၊ ကပစ ၂၃ (ကျော)၊ ကပစ ၂၄ (ပေါက်)၊ ကပစ ၂၅ (လောင်းရှည်)၊ ဝါဇီငွေစက္ကူစက်ရုံ (ဆိပ်ဖြူ)တို့တည်ရှိကာ ဆိပ်ဖြူမြို့နယ်မှ ကပစ ၂၁၊ ကပစ ၂၂ နှင့် ဝါဇီငွေစက္ကူ စက်ရုံတို့သည် စစ်တပ်အတွက် ခဲယမ်းမီးကျောက် ရေသောက်မြစ်ဖြစ်သကဲ့သို့ ဘဏ္ဍာရေး ငွေကြေးလည်ပတ်မှု အတွက် အရေးကြီးသဖြင့် ကာကွယ်နိုင်ရေး ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နှင့်လက်အောက်ခံ ပခုက္ကူ၊ ရေစကြို၊ စလင်းတို့ တွင် အခြေစိုက်ထားသည့် တပ်ရင်းများဖြင့် ခံစစ်ပြင်ဆင်မှုများလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
472
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
73

ချင်းညီနောင်အဖွဲ့များ၏ စစ်ဆင်ရေးအောင်မြင်မှုက ချင်းတောင်ပိုင်းမှ ရခိုင်ရိုးမတောင်ပိုင်းအထိ စစ်ကောင်စီ ချုပ်ကိုင်ထား သည် ဧရာဝတီမြစ်အနောက်ခြမ်းဒေသများကို ခြိမ်းခြောက်နိုင်ပြီဖြစ်ရာ ချင်းတောင်ပိုင်းမှ အရှေ့ဘက်သို့ ထိုးဆင်း လာပါက ယောဒေသသို့ ရောက်ရှိမည်ဖြစ်ပြီး ယောနယ်တွင် PDF များ အားကောင်းပြီး မင်းတပ်၊ ကန်ပက်လက်တို့မှ CDF များနှင့် မဟာမိတ်ဖွဲ့ဆက်ဆံရေး ကောင်းမွန်မှုများ ရရှိနေပြီဖြစ်သည်။

“ချင်းပြည်တောင်ပိုင်းကတော့ ယောနယ် ယော၊ ဆော၊ ဂန့်ဂေါဆက်နေတာကို၊ အဲဒီ တော့ သူတို့က ချင်းတောင်ကနေပြီး ထိုင်ပြီးတော့ ခံစစ်ပြင်နေမှာ မဟုတ်ဘူးလေ၊ ယောနယ်က သူတို့ မဟာမိတ်တွေနဲ့ ပေါင်းပြီးတော့ ယောနယ်ကို ဝင်ပြီး ထိန်းဖို့ ကြိုးစားမှာပဲ ပထမအဆင့်၊ အဲဒါဆိုရင် ချင်းတောင်ခြေ တောင်ပိုင်းက လုံခြုံရေး စိတ်ချသွားရပြီပေါ့။ ချင်းပြည် တောင်ပိုင်းရဲ့ တောင်ဘက်ကျတဲ့ ရခိုင်ကလည်း လွတ်မြောက်ပြီးပြီဆိုတော့ ယောနယ်လွတ် မြောက်သွားရင် ချင်းကဘာမှ စိတ်ပူစရာမလိုဘူး” စစ်ရေးလေ့လာသူက သုံးသပ်သည်။

You may also like these stories:

မင်းတပ်က ချင်းတောင်ပိုင်းရော၊ ယောနယ်အတွက်ပါ အဓိကကျတယ်

ချင်းပြည်နယ်၏ ၈၅ ရာခိုင်နှုန်း တော်လှန်ရေးတပ်တို့ ထိန်းချုပ်ထား

ချင်းပြည်နယ် တောင်ပိုင်းတခုလုံး စစ်ကောင်စီလက်မှ လွတ်မြောက်ခြင်း

Your Thoughts …
Tags: ချင်းညီနောင်ဂန့်ဂေါထီးလင်းပခုက္ကူယောနယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်

မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်

by စောလွင်
19 June 2024
13.2k

စစ်ကောင်စီ၏ စစ်ဗျူဟာရှိရာ မတူပီမြို့ကို ထိုးစစ်ဆင်နေသည့် ချင်း တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ သေဆုံး ဒဏ်ရာရမှုများ ရှိကြောင်း

စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာစခန်း စွန့်ခွာထွက်ပြေး

စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာစခန်း စွန့်ခွာထွက်ပြေး

by ဧရာဝတီ
6 November 2023
5.6k

တောင်ခင်ရန်းရဲစခန်းသည် ကလေး- ဂန့်ဂေါ ကားလမ်းအနီးတွင်ရှိပြီး ရဲနှင့် စစ်ကောင်စီပူးပေါင်းအင်အား ၈၀ နီးပါး ရှိကာ ကားလမ်းမကြီးအား ထိန်းချုပ်စိုးမိုးရေးတွင် စစ်ရေးအရ အရေးပါသည့် စခန်းတခုလည်းဖြစ်ကြောင်း

မတူပီက ချင်းတပ်တို့ကြား အငြင်းပွားမှု အဖြေမရှာနိုင်သေး

မတူပီက ချင်းတပ်တို့ကြား အငြင်းပွားမှု အဖြေမရှာနိုင်သေး

by စောလွင်
23 June 2024
3k

တိုက်ခိုက်မှုကြောင့် ချင်းညီနောင်နှင့် မဟာမိတ်တပ်မှ ရဲဘော်များ ကျဆုံးထိခိုက်မှု ရှိသော်လည်း ချင်းပြည်သူ အချင်းချင်း မလိုလားအပ်သည့် ပြဿနာ မဖြစ်လို၍ အကြောင်းအရာအချို့ကို မပြောဘဲ ချန်လှပ်ထားကြောင်း

KIA၊ NUG နဲ့ ချင်းညီနောင်တို့ ပူးပေါင်းရေး ဘာတွေဆွေးနွေးခဲ့လဲ

KIA၊ NUG နဲ့ ချင်းညီနောင်တို့ ပူးပေါင်းရေး ဘာတွေဆွေးနွေးခဲ့လဲ

by ဧရာဝတီ
9 August 2025
3k

ချင်းညီနောင်အဖွဲ့ (CB)သည် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ အမျိုးသားညီညွတ် ရေးအစိုးရ (NUG)တို့နှင့် KIO ဌာနချုပ် လိုင်ဇာမြို့တွင် ဇူလိုင်လ တတိယအပတ်အတွင်း၌ သီးခြားစီတွေ့ဆုံခဲ့သည်။

ပျူရွာများကို သိမ်း၍ ကလေး-ဂန့်ဂေါလမ်းကို ထိန်းချုပ်ရန် လုပ်ဆောင်လာ

ပျူရွာများကို သိမ်း၍ ကလေး-ဂန့်ဂေါလမ်းကို ထိန်းချုပ်ရန် လုပ်ဆောင်လာ

by ဧရာဝတီ
18 April 2025
2.9k

ကလေးနှင့် ဂန့်ဂေါမြို့နယ်အစပ်တွင် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းတပ်စွဲထားသည့် ကျေးရွာ ၁၂ ရွာခန့်ရှိပြီး မြောက်ခင် ရန်းရွာ၊ ဟံသာဝတီရွာနှင့် ကြံတောရွာတို့မှာ ပျူစောထီးအင်အား အတောင့်တင်းဆုံးရွာများဖြစ်

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

by မေရီခိုင်
16 May 2025
2.6k

ချင်းညီနောင်(CB) အဖွဲ့ဝင်တပ်ဖွဲ့များ ပေါင်းစည်းပြီး ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့် ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းမည်ဟု ချင်းညီနောင်က မေ ၁၁ ရက်၌ ထုတ်ပြန်ကြေညာသည်။

Next Post
မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

စစ်ကောင်စီ မွေးထားတဲ့ မြို့ပြ ပြည်သူ့စစ်တွေ (ရုပ်/သံ)

စစ်ကောင်စီ မွေးထားတဲ့ မြို့ပြ ပြည်သူ့စစ်တွေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved