• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

by ယုဖြူဟန်
21 January 2025
in သတင်း
A A
မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

စဖန်ဘူရီခရိုင်ရှိ ကြက်သားစက်ရုံမှ မြန်မာလုပ်သားများ/ ဦးခိုင်ကြီး Facebook

1.8k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ စဖန်ဘူရီခရိုင်ရှိ ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား ၇၂ ဦးမှာ လုပ်အားခမရသည့်အပြင် အလုပ်ရှင်က ခြိမ်းခြောက်သဖြင့် အခက်တွေ့နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများနှင့် အလုပ်သမားများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာမှစ၍ လစာပုံမှန်မရတောဘဲ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် တဦးလျှင် ဘတ် ၂၅,၀၀၀ မှ ၂၈,၀၀၀ အထိ အလုပ်ရှင်ထံမှ ရရန်ရှိပြီး အလုပ်သမား ၇၂ ဦးအတွက်ဆိုလျှင် ဘတ် ၁၈ သိန်းခန့်ကို အလုပ်ရှင်က ထုတ်ပေးရမည်ဖြစ်သည်။

ယခုအခါ အလုပ်ရှင်မှ ခြိမ်းခြောက်လာသဖြင့်လုပ်အားခများ ပြန်ရရန် AAC မဟာမိတ် အဖွဲ့ထံ အကူအညီ တောင်းရာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်ရုံး) တွင် ဇန်နဝါရီ ၁၆ ရက်၌ အမှုဖွင့် တိုင်ကြားပေးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

၎င်းက “ကြက်သားစက်ရုံက မြန်မာလုပ်သားတွေ လုပ်အားခ နှစ်လကျော်မရတဲ့အပြင် အလုပ်ဆင်းသူတွေကိုပဲ စက်ရုံ အတွင်း နေခွင့်ပြုမယ်၊ အလုပ်မဆင်းရင် သက်ဆိုင်ရာရဲစခန်းကိုတိုင်ပြီး မြန်မာပြည်ဖမ်းပို့မယ်လို့ အကြိမ်ကြိမ်ခြိမ်း ခြောက်တော့ အလုပ်သမားတွေက မခံမရပ်နိုင်ဖြစ်ပြီး ကျနော်တို့အဖွဲ့ကို အကူအညီတောင်းလာတာပါ“ဟု ဆိုသည်။

လက်ရှိအချိန်တွင် လုပ်အားခတောင်းဆိုထားသော မြန်မာအလုပ်သမားများကို စက်ရုံထဲမှ နှင်ထုတ်ထားသဖြင့် အလုပ်လက်မဲ့ဖြစ်နေကြပြီး နေရေးစားရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

အမျိုးသမီး အလုပ်သမားတဦးက “ကျမတို့တွေကို လနဲ့ချီကြာပြီ။ လုပ်အားခကို ပေးလိုက်မပေးလိုက်နဲ့ လုပ်နေတာ။ အခုလည်း နှစ်လကျော်စာမပေးတဲ့အပြင် ခြိမ်းပါခြိမ်းခြောက်လာတော့ တိုင်လိုက်ရတာပါ။ အလုပ်မဆင်းတော့ စားရေးသောက်ရေးပါ အခက်အခဲဖြစ်နေတယ်“ ဟု ပြောသည်။

မြန်မာအလုပ်သမားများအနေဖြင့် လုပ်အားခများ ပြန်လည်ရရှိရန်နှင့် စက်ရုံထဲ လုပ်အားခမပေးဘဲ ခိုင်းစေနေမှုများကို သွားရောက်စစ်ဆေးပေးရန် အလုပ်သမားရုံထံ တောင်းဆိုထားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ စာချုပ်ပါအလုပ်မျိုးမဟုတ်ဘဲ အခြားလုပ်ငန်းခွင် များသို့ ပို့ဆောင်ခံရခြင်း၊ လစာခေါင်းပုံဖြတ်ခြင်း၊ ခေတ္တသာအလုပ်လုပ်ရခြင်း စသည်ဖြင့် နေ့စဉ်တိုင်ကြားမှုများ ရှိကြောင်း အလုပ်သမားရေးကူညီပေးနေသူများထံမှ သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
127
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
143
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

ယခုဇန်နဝါရီလအတွင်း၌ပင် ၂ နှစ် စာချုပ်ဖြင့်လာသူ အလုပ်သမား ၉၉ ဦးသည် ထိုင်းအရှေ့ပိုင်း၊ ဆကဲအိုခရိုင် ခွတ်ဖီ ခွန်မြို့ ရှိ ကြက်သားစက်ရုံတွင် ရက်ပိုင်းသာအလုပ်ရပြီး ရပ်နားခံခဲ့ရသလို ပရာကျင်ဘူရီမြို့ရောက် အလုပ်သမား ၂၅ ဦးမှာလည်း စာချုပ်ပါ အလုပ်မရသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်နေ၍ အလုပ်သမားရေးဆောင်ရွက်သူများကို တိုင်ကြားထားကြောင်း သိရသည်။

You may also like these stories:

လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ

ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား

လားရှိုး ပြန်တိုက်ရန် စစ်တပ် ပြင်နေ

Your Thoughts …
Tags: AACခြိမ်းခြောက်ထိုင်းအလုပ်ရှင်မြန်မာလုပ်သားလုပ်အားခအမျိုးသမီး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

by ဧရာဝတီ
7 August 2023
8.2k

ကျူးလွန်သူ ၈ ဦးကို မြို့နယ်အချုပ်ထောင်တွင် ဖမ်းဆီးထားပြီး တာဝန်များအားလုံးကို ရပ်ဆိုင်းထားကြောင်း၊ အလားတူ ကျူးလွန်ခံရသည့် အမျိုးသမီးကိုလည်း တာဝန်မှရပ်ကာ သာမန်ပြည်သူအဖြစ် စောင့်ရှောက်ထားပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

by ဧရာဝတီ
27 March 2025
8.2k

ဖြစ်စဉ်မှာ ယခုလ ၂၄ ရက်က စက်ရုံအမှိုက်ပုံး၌ လစဉ်သုံးပစ္စည်း စွန့်ပစ်သဖြင့် အမျိုးသမီးအလုပ်သမား ၄၀ ကျော်ကို CCTV တပ်ထားသော နေရာ၌ ဓမ္မတာလာမလာ တဦးချင်း လုံခြည်လှန်၍ စက်ရုံမှ တာဝန်ရှိ အမျိုးသမီးတဦးက ကာယအိန္ဒြေပျက်သည့်အထိ...

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

by ဧရာဝတီ
9 August 2023
7.2k

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ နှော်ကျေးရွာတွင် အစည်းအဝေးပြုလုပ်နေချိန် စကားပြောရယ်မောသည်ဟူသော အကြောင်းပြချက်ဖြင့် အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ဝင်က ခေါ်ယူရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

by ဧရာဝတီ
6 February 2025
6.4k

အထူးသဖြင့် အကြမ်းဖက်မှုတွေက အမျိုးသားကနေ အမျိုးသမီးအပေါ်ဖြစ်စေ၊ အမျိုးသားအချင်းချင်း ဖြစ်စေ၊ အမျိုးသမီးအချင်းချင်းဖြစ်စေ မရှိဖို့လိုတာပေါ့။ အဓိကက လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းအကောင်အထည် ဖော်မှု ချောမွေ့ ဖို့ရယ်၊ စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်လေးစားမှုအပြည့်နဲ့ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ ယူဆတယ်။

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

by ယုဖြူဟန်
29 January 2025
4.4k

စစ်ကောင်စီကမူ စစ်မှုထမ်းဆင့်ခြင်းကို မီဒီယာများသာမက ပုဂ္ဂလိကတဦးချင်းကပါ မဟုတ်မမှန်ပုံကြီးချဲ့ ပြောနေကြောင်း၊ ရပ်ကွက် ကျေးရွာ မြို့နယ် ခရိုင်အဆင့်ဆင့်၏ စစ်မှုထမ်းဆင့်ခေါ်ခြင်း အားနည်းချက်ကို အများစုက သတင်းမှန် အနည်း ငယ်ပေါ် အခြေခံ၍ လူထုအထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှု ပုံရိပ်ထိခိုက်ကျဆင်းစေရန်...

Next Post
စစ်ကောင်စီ မွေးထားတဲ့ မြို့ပြ ပြည်သူ့စစ်တွေ (ရုပ်/သံ)

စစ်ကောင်စီ မွေးထားတဲ့ မြို့ပြ ပြည်သူ့စစ်တွေ (ရုပ်/သံ)

လားရှိုးက ဆုတ်ပေးမယ်ဆိုတဲ့သဘောထား MNDAA မှာ မရှိဘူးလို့ ယူဆတယ်

လားရှိုးက ဆုတ်ပေးမယ်ဆိုတဲ့သဘောထား MNDAA မှာ မရှိဘူးလို့ ယူဆတယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved