• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်

by Bertil Lintner
9 February 2022
in ဆောင်းပါး
A A
တရုတ်က ပေးပို့သည့် ရေငုပ်သင်္ဘောကို မြန်မာက မင်းရဲကျော်ထင် ဟု အမည်ပေးခဲ့ပြီး တပ်တော်ဝင် အခမ်းအနားကို တပ်မတော်ရေ၏ ၇၄ နှစ်မြောက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်

တရုတ်က ပေးပို့သည့် ရေငုပ်သင်္ဘောကို မြန်မာက မင်းရဲကျော်ထင် ဟု အမည်ပေးခဲ့ပြီး တပ်တော်ဝင် အခမ်းအနားကို တပ်မတော်ရေ၏ ၇၄ နှစ်မြောက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်

12.6k
VIEWS
Share on FacebookShare on Twitter

မြေပြင်တွင်သာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ ဝါးမြိုခြင်းခံနေရသော နိုင်ငံတနိုင်ငံမှ စစ်တပ်အတွက် ရေငုပ်သင်္ဘော ဆိုသည်မှာ မလိုချင်ဆုံးသော၊ မလိုအပ်ဆုံးသောအရာ ဖြစ်သည်။

သို့သော် မြန်မာဗိုလ်ချုပ်များသည် ဒီဇယ်-လျှပ်စစ်သုံး ရေငုပ်သင်္ဘောများကို တစီးတည်းသာမက နှစ်စီးပင် ဝယ်ယူလိုက်ပြီး ထိုဝယ်ယူမှုသည် သံတမန်ရေး ချိန်ခွင်လျှာညှိခြင်းနှင့် စစ်ကောင်စီ၏ တပ်သားများ သစ္စာခံ ဂုဏ်ယူ ကျေနပ်အောင်လုပ်ခြင်းနှင့်သာ ပတ်သက်နေသည်။

မြန်မာဗိုလ်ချုပ်များသည် ဒီဇယ်-လျှပ်စစ်သုံး ရေငုပ်သင်္ဘောများကို တစီးတည်းသာမက နှစ်စီးပင် ဝယ်ယူလိုက်ပြီး ထိုဝယ်ယူမှုသည် သံတမန်ရေး ချိန်ခွင်လျှာညှိခြင်းနှင့် စစ်ကောင်စီ၏ တပ်သားများ သစ္စာခံ ဂုဏ်ယူ ကျေနပ်အောင်လုပ်ခြင်းနှင့်သာ ပတ်သက်နေသည်။

၂၀၂၀ ပြည့်နှစ် မတ်လတွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို တန်ချိန် ၃,၀၀၀ ရှိသော ဆိုဗီယက်ခေတ်သုံး ကီလိုအတန်းအစား ရေငုပ်သင်္ဘောတစီး ပေးခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။ ထိုရေငုပ်သင်္ဘောကို ထိုနှစ် အောက်တိုဘာလက ကျင်းပသည့် ရေတပ်စစ်ရေး လေ့ကျင်းမှုတွင် ပြသခဲ့ပြီး ဘင်္ဂလားပင်လယ်အော်ရှိ ရေတပ်စခန်းများအနက် တခုတွင် ဖြန့်ကျက်ထားသည်ဟု မျှော်လင့်ရသည်။

ထိုနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသည် တန်ချိန် ၂,၁၀၀ ရှိသည့် မင် အတန်းအစား ရေငုပ်သင်္ဘောတစီးကို တရုတ်နိုင်ငံထံမှ လက်ခံရရှိသည်။ ထိုတိုက်ခိုက်ရေး ရေငုပ်သင်္ဘောသည် မြန်မာရေတပ်၏ ပုံစံ-၅ အလျင်အမြန် ချေမှုန်းရေး (FAC) သင်္ဘောတစီးက စောင့်ကြပ်ကာ ရန်ကုန်မြစ်အတွင်း သွားလာသည်ကို လူမှုကွန်ရက်တွင် တွေ့မြင်ကြရပြီးဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်သော ဗန္ဓုလ ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် တွေ့ရသော မင်းရဲသင်္ခသူ ရေငုပ်သင်္ဘော/ Tatmadaw Information Team

ထိုလက်နက်ကိရိယာများကို အင်အားပြနေသည့် အကြောင်းရင်းမှာ ၎င်းတို့၏ သေနင်္ဂဗျူဟာ တန်ဖိုးကဲ့သို့ပင် အရေးပါသည်ကို အငြင်းပွားဖွယ် မရှိတော့ပေ။ ထိုရေငုပ်သင်္ဘောကိစ္စများသည် ၎င်းတို့ကိုရောင်းချသော နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယအတွက် သေနင်္ဂဗျူဟာအရ အဓိပ္ပာယ်ရှိသည်။ မြန်မာသို့ ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းဖြင့် အိန္ဒိယက တရုတ်ထက် အသာစီးရမည်ဟု မျှော်လင့်နေသည်။ မြန်မာတွင် တရုတ်၏ သြဇာမြင့်မားလာခြင်းသည် နယူးဒေလီမှ လုံခြုံရေး စီမံသူများအတွက် အထူးစိုးရိမ်စရာ ဖြစ်နေသည်။

အနည်းဆုံး ၂၀၁၃ ခုနှစ်မှ စတင်ပြီး အိန္ဒိယသည် အမြောက်များ၊ ရေဒါများ၊ ညကြည့်ကိရိယာများကို မြန်မာ စစ်တပ်သို့ ပေးပို့နေသည်။ သို့သော် မကြာသေးမီနှစ်များတွင်မူ အိန္ဒိယသမုဒ္ဒရာတွင် တရုတ်သြဇာ ကြီးထွားလာခြင်းကို တန်ပြန်ရန် ရေတပ်ပူးပေါင်းဆောင်ရွက်မှုသို့ အာရုံစိုက်မှု ပြောင်းလဲလာသည်။

တချိန်တည်းတွင် တရုတ်နိုင်ငံကလည်း မြန်မာကို အဓိက စစ်ရေးမဟာမိတ်နှင့် ရေတပ်ကိရိယာများ အပါအဝင် အဓိက လက်နက်ရောင်းချသူအဖြစ် ဆက်လက်ဖြစ်နေစေရန် ကြိုးစားနေသည်။ မြန်မာရေတပ်ကို တရုတ်လုပ် C-802 သင်္ဘောတိုက်ဖျက်ရေး စစ်သင်္ဘောများဖြင့် လက်နက်တပ်ဆင်ထားပြီး လေတပ်သည်လည်း Chengdu JF-17 Thunder ဂျက်တိုက်လေယာဉ်များနှင့် Shaanxi Y-8 သယ်ယူပို့ဆောင်ရေး လေယာဉ်အများအပြားကို အသုံးပြုနေသည်။

ထို့ကြောင့် ယခုကဲ့သို့ ရေငုပ်သင်္ဘော လွှဲပြောင်းပေးပို့ခြင်းသည် ဘေဂျင်းက မြန်မာစစ်တပ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းပြီး ပိုမိုတည်ဆောက်ရန် ရည်ရွယ်ကြောင်း ဖော်ပြနေသည်။ ရုရှားကလည်း ထိုကစားပွဲတွင် ပါဝင်နေသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က ရုရှားလုပ် တင့်ကားများနှင့် အခြားစစ်လက်နက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ လာရောက်ပို့ဆောင်သည် ဆိုသည့် မီဒီယာ သတင်းများ ထွက်နေသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာဗိုလ်ချုပ်များကလည်း အရာရှိများနှင့် အခြားအဆင့်များက ၎င်းတို့ကို ဆက်လက်သစ္စာခံအောင်လုပ်ရန် ရည်ရွယ်သည်။ ၎င်းတို့သည် မည်သည့် တပ်ဖွဲ့ဝင်ဖြစ်စေကာမူ ခေတ်မီပြီး ကောင်းစွာ လက်နက်တပ်ဆင်ထားသည့် ကမ္ဘာ့အဆင့်ဝင်နေစေရန် အရေးကြီးနေသည်။ ထိုသို့ အမှန်တကယ် မဖြစ်လျှင်ပင် သူတို့ အကွက်ဆင်ထားသည့်အတိုင်း အမြင်ရောက်သွားစေရန် အရေးကြီးနေသည်။

ရန်ကုန်တွင် ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒပြနေကြစဉ်/ ဧရာဝတီ

မြန်မာစစ်တပ်သည် တောတွင်းအခြေစိုက် ပြောက်ကျားများကို တိုက်ခိုက်ရာတွင် အသုံးမဝင်လှသည့် တင့်ကားများနှင့် ကြီးမားသော သံချပ်ကာယာဉ်များကိုလည်း ဝယ်ယူထားသေးသည်။ ထိုသို့သော ဝယ်ယူမှုများသည် ဗိုလ်ချုပ်များအတွက် ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ဖြစ်စေသော လက်နက်ပစ္စည်းများကို အကြီးအကျယ်ဝယ်ယူသည့် ကရော်ကမည် ကာကွယ်ရေး အယူအဆနှင့် ဆက်စပ်နေသည်။ စစ်တပ်၏ ထိုသို့သော အစီအစဉ်များသည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပိုမိုအရေးပါလာသည်။

စစ်လက်နက်ပစ္စည်းများ အကြီးအကျယ် ဝယ်ယူမှုများအား စစ်တပ်က နိုင်ငံအတွက် မတည်မငြိမ်ဖြစ်စေသည့် အာဏာသိမ်းမှုကြောင့် အဓိကအားဖြင့် စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျုံ့သွားသည့် လွန်ခဲ့သောနှစ်က နက်ရှိုင်းသော စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်း ကာလတွင်ပင် လုပ်ဆောင်နေသည်။

ထိုသို့ စစ်လက်နက်ပစ္စည်းများ အကြီးအကျယ် ဝယ်ယူမှုများအား စစ်တပ်က နိုင်ငံအတွက် မတည်မငြိမ်ဖြစ်စေသည့် အာဏာသိမ်းမှုကြောင့် အဓိကအားဖြင့် စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျုံ့သွားသည့် လွန်ခဲ့သောနှစ်က နက်ရှိုင်းသော စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်း ကာလတွင်ပင် လုပ်ဆောင်နေသည်။ သို့သော် စစ်ကောင်စီ၏ ပထမဆုံးနှင့်ထိပ်ဆုံး ဦးစားပေးမှာ အာဏာနှင့် အောက်ခြေငယ်သားများ၏ သစ္စာခံမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်သာဖြစ်ပြီး စစ်လက်နက်ပစ္စည်းကိရိယာ ဝယ်ယူမှုများက ထိုကိစ္စကို အောင်မြင်စေမည်ဟု စစ်ကောင်စီက ယုံကြည်နေသည်။

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်အုပ်စုသည် နယ်စပ်ဒေသများမှ တိုင်းရင်းသား လက်နက်ကိုင်များကိုသာမက ထုံးစံအားဖြင့် အေးချမ်းသော နိုင်ငံအလယ်ပိုင်းဒေသများမှ မြို့ပြဒေသများတွင် လက်နက်ကိုင် ပုန်ကန်မှုများကိုလည်း ရင်ဆိုင်လာရသည်။ ထို့အပြင် လုံခြုံရေးတပ်များအကြား၊ အထူးသဖြင့် ရဲများက စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံသို့ ဘက်ပြောင်းမှုများလည်း ရှိနေသည်။

PDF တပ်များက ထုတ်ပြန်သည့် ထိခိုက်သေဆုံးမှု စာရင်းများအရ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီစစ်သား ၈,၀၀၀ ကျော်အထိ သုတ်သင်လိုက်ကြောင်း သိရသည်။ ထိုသို့သော ပြောဆိုချက်များသည် ပိုပိုသာသာ ပြောဆိုချက်များ ဖြစ်နိုင်သော်လည်း စစ်ကောင်စီသည် ပိုမိုကျယ်ပြန့်လာသည့် ပြည်တွင်းစစ်တွင် မကြုံဘူးသည့် ထိခိုက်သေဆုံးမှုများကို ခံစားနေရကြောင်း လွတ်လပ်သော လေ့လာစောင့်ကြည့်များက ယုံကြည်ကြသည်။

တချိန်တည်းတွင် ပြည်သူများ ခံစားနေရသော ဒုက္ခသည်လည်း လွန်စွာကြီးမားသည်။ ကုလသမဂ္ဂ လူသားချင်း စာနာမှုညှိနှိုင်းရေးရုံး (OCHA) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး (UNHCR) တို့က ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အရ လူပေါင်း ၁၃၅,၀၀၀ ကျော်သည် တိုက်ပွဲများကြောင့် ထွက်ပြေးနေရပြီး မကြာသေးမီက ကရင်နှင့် ကယားပြည်နယ်များမှ တိုက်ပွဲများကြောင့် ထိုအရေအတွက်သည် ၂ ဆ တိုးသွားနိုင်သည်။

ရန်ကုန်တွင် ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒပြမှုအား အကြမ်းဖက်နှိမ်နင်းနေသော စစ်သားများ/ဧရာဝတီ

ထိုကုသလသမဂ္ဂ အေဂျင်စီများသည် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ အပါအဝင် ပြည်သူလူထု နေအိမ်များကို လုယက်ဖျက်ဆီးခြင်း၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အတင်းအကျပ် လုပ်အားခိုင်းစေမှုများ၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများကိုလည်း မှတ်တမ်းတင်ထားကြသည်။ ထိုသို့သော လုပ်ရပ်များသည် စစ်ကောင်စီ အောက်ခြေတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို မထိခိုက်ဟု ယူဆရန် ခက်ခဲသည်။ အထူးသဖြင့် လူများစုဖြစ်သော ဗမာအများစုနေထိုင်ရာ ဒေသများတွင် ထိုကဲ့သို့သော ကိစ္စများဖြစ်လာသော အခါ စစ်တပ်အတွင်း ၎င်းတို့၏ စိတ်ဓာတ်ကို ပိုမိုထိခိုက်စေသည်။

ယခင်က စစ်တပ်သည် အရပ်သားများအပေါ် များပြားလှပြီး အပြည့်အ၀ ထုတ်ဖော်ပြောဆိုရန်ပင် မဖြစ်နိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့သော်လည်း အများအားဖြင့် နယ်စပ်မှ တိုင်းရင်းသား ဒေသများတွင် ဖြစ်သည်။ ထိုစဉ်က လက်နက်ချို့တဲ့စွာ တပ်ဆင်ထားသော်လည်း ၎င်းတို့သည် စစ်အတွေ့အကြုံရင့်ကာ အများအားဖြင့် ထိရောက်မှုရှိသော ခြေလျင်တပ်များ ဖြစ်သည်။

စစ်သားများသည် အရှေ့မြောက်ဒေသမှ ကွန်မြူနစ်သူပုန်များ၊ ထိုင်းနယ်စပ်မှ ကရင်ပြောက်ကျားများ၊ မြောက်ဘက်စွန်းမှ ကချင်ပြောက်ကျားများ၊ အခြား တိုင်းရင်းသားဒေသများမှ လက်နက်ကိုင်များနှင့် တိုက်ပွဲများတွင် မကြာခဏ လှုပ်ရှားနေသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် ထိုအခြေအနေအားလုံး ပြောင်းလဲသွားသည်။ ထိုစဉ်က စစ်အုပ်စု ခေါင်းဆောင်ပိုင်းအတွင်း အဓိက ကြောက်လန့်မှုသည် ယခုအချိန်တွင်ကဲ့သို့ပင် မကျေမနပ် ဖြစ်နေသော စစ်သားများက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ယခင်မျိုးဆက်နှင့် သွားရောက် ပူးပေါင်းမည်ကို စိုးရိမ်ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် ထိုအခြေအနေအားလုံး ပြောင်းလဲသွားသည်။ ထိုစဉ်က စစ်အုပ်စု ခေါင်းဆောင်ပိုင်းအတွင်း အဓိက ကြောက်လန့်မှုသည် ယခုအချိန်တွင်ကဲ့သို့ပင် မကျေမနပ် ဖြစ်နေသော စစ်သားများက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ယခင်မျိုးဆက်နှင့် သွားရောက် ပူးပေါင်းမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ ထိုသို့ဖြစ်လာပါက မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးနိဂုံး၏ အစဖြစ်သည်။

ထိုစဉ်ကလည်း ယခုအချိန်ကဲ့သို့ပင် စစ်တပ်အတွင်း ကြီးမားသည့် အကွဲအပြဲကို တားဆီးရန် အနိမ့်ဆုံးအဆင့် အနေဖြင့် အရာရှိများကို ကျေနပ်အောင် လုပ်ပေးသည်။ ၁၉၈၉ ခုနှစ် အစောပိုင်းတွင် စစ်အုပ်စုသည် သစ်လွင်ပြီး အဆင့်မြင့်သည့် စစ်လက်နက်ပစ္စည်း ကိရိယာများကို ဝယ်ယူရန် ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးသည်။

ထိုဝယ်ယူမှု အများအပြားသည် တရုတ်မှဖြစ်သလို စင်ကာပူ၊ ပါကစ္စတန်နှင့် အစ္စရေးမှလည်း အဓိက ဖြစ်သည်။ သို့သော် ဝယ်ယူမှုအများစုသည် ထိုစဉ်က ပြည်တွင်းပုန်ကန်မှု စစ်ဆင်ရေးများတွင် မလိုသလောက်ဖြစ်သည့် ဒုံးကျည်စနစ်များ၊ တင့်ကားကြီးများ၊ သံချပ်ကာယာဉ်များ၊ ရေတပ်ကင်းလှည့်ယာဉ်များနှင့် အမျိုးမျိုးသော ရေဒါကိရိယာများ ဖြစ်သည်။

တချိန်တည်းတွင် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများသည် ဂျာမန်ဒီဇိုင်းကို အခြေခံသည့် ဟောင်းနွမ်း လေးလံသော G-3 သေနတ်များနေရာတွင် အစားထိုးရန် ရိုင်ဖယ်သေနတ်သစ်များ ထုတ်လုပ်သည်။ စစ်သားများသည် ပိုမိုပုံပန်းကျသည့် ယူနီဖောင်းသစ်များကိုလည်း ရရှိကြသည်။

မြန်မာစစ်တပ် စခန်းကုန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မှ သိမ်းဆီးအပြီး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများအပြားနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီး နောက်တွင်ပင် စစ်တပ်သည် အင်အားသိသိသာသာ တိုးချဲ့လာသည်။ ကြည်း၊ ရေ၊ လေ တပ် သုံးခုသည် ၁၉၈၈ ခုနှစ်မတိုင်မီက အင်အား ၁၉၅,၀၀၀ ပင်မရှိပေ။ ထို့အပြင် ထိုအင်အား၏ အားလုံးနီးပါးသည်လည်း ကြည်းတပ်မှသာဖြစ်ပြီး လေတပ်နှင့် ရေတပ်တွင် အင်အားလွန်စွာနည်းပြီး အရေးပါခြင်း မရှိကြောင်း အများအပြားက ပြောသည်။

လန်ဒန်အခြေစိုက် သေနင်္ဂဗျူဟာ လေ့လာရေး နိုင်ငံတကာ အင်စတီကျု (IISS) နှင့် အခြားနိုင်ငံတကာ သုတေသန လုပ်ငန်းများ၏ အဆိုအရ မြန်မာကြည်းတပ်သည် ယခုအခါ အင်အား ၅၀၇,၀၀၀ ဦး၊ လေတပ်သည် ၂၃,၀၀၀ ဦးနှင့် ရေတပ်သည် ၁၉,၀၀၀ ဦးရှိပြီး စုစုပေါင်းအင်အား ၅၄၉,၀၀၀ ရှိသည်ဟု သိရသည်။

သို့သော် တပ်ဖွဲ့အများစုသည် အင်အားအပြည့်မရှိဘဲ စာရင်းများသည် အစီရင်ခံစာများတွင်သာ ရှိသောကြောင့် ထိုခန့်မှန်းချက်များသည် သိသိသာသာ ပိုမို ခန့်မှန်းတွက်ချက်ထားခြင်း ဖြစ်နိုင်သည်။ စစ်တပ်၏ အမှန်တကယ် အင်အားမှာ ထိုပမာဏ၏ ထက်ဝက်သာ ရှိနိုင်သော်လည်း ၁၉၈၈ ခုနှစ် မတိုင်မီကထက် အင်အား များနေဆဲဖြစ်သည်။

အချို့သည် ဆယ်စုနှစ် ၂ ခုပင်ကြာပြီဖြစ်သည့် ယခင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကြောင့် စစ်အုပ်စုမျိုးဆက်တခုသည် တိုက်ပွဲအတွေ့အကြုံ အကန့်အသတ်ဖြင့်သာ ရှိကြသည်။ အတွင်းသတင်းများကို သိသော ရင်းမြစ်များ အဆိုအရ ၎င်းတို့သည် စစ်ဝတ်စုံသစ်နှင့် လက်နက်များကို စစ်ရေးပြရာတွင်သာ ပိုမိုကျွမ်းကျင်ပြီး လက်တွေ့စစ်မြေပြင်တွင် မကျွမ်းကျင်ကြောင်း သိရသည်။

အတွင်းသတင်းများကို သိသော ရင်းမြစ်များ အဆိုအရ ၎င်းတို့သည် စစ်ဝတ်စုံသစ်နှင့် လက်နက်များကို စစ်ရေးပြရာတွင်သာ ပိုမိုကျွမ်းကျင်ပြီး လက်တွေ့စစ်မြေပြင်တွင် မကျွမ်းကျင်ကြောင်း သိရသည်။

ထို့အပြင် ၁၉၈၈ ခုနှစ် အရေးတော်ပုံနှင့် ဖြိုခွဲမှုများနောက်ပိုင်း ဈေးကွက်စီးပွားရေးသို့ ပြောင်းလဲမှုများသည် စစ်အရာရှိများကို ကိုယ်ကျိုးရှာရန် အခွင့်အလမ်းများစွာ ပေးခဲ့သည်။ မြန်မာနိုင်ငံမှ လူမှုကွန်ရက်သတင်း ရင်းမြစ်တခုက ရေးသားသည့်အတိုင်းဆိုရပါက “စစ်အရာရှိတွေက လာဘ်ယူဖို့နဲ့ ခရိုနီတွေနဲ့ စီးပွားရေး လုပ်ဖို့ပဲ စိတ်ဝင်စားတော့တယ်။ စစ်မတိုက်ချင်တော့ဘူး။ မြန်မြန်ချမ်းသာချင်လို့ စစ်တပ်ထဲဝင်လာတာ” ဟုသာ ဆိုရမည်ဖြစ်သည်။

ယခု စစ်အာဏာသိမ်းမှု မတိုင်မီ နှစ်အတန်ကြာက စာရေးသူကို အငြိမ်းစား စစ်အရာရှိတဦး ပြောသည့်အတိုင်း ဆိုပါက “တပ်ထဲတုန်းက ကျနော့်မှာ ဇိမ်ခံပစ္စည်းဆိုလို့ ကြက်တောင်ရိုက်တံနဲ့ အာမီရမ်ပဲ ရှိတယ်။ အဲဒါ ကျနော်က ဗိုလ်မှူးကြီးဖြစ်နေပြီ။ အခုခေတ်ကျတော့ ဗိုလ်ကြီးတွေ၊ ဗိုလ်လေးတွေတောင်မှ ကားတစီးမက၊ ဂေါက်ရိုက်တံ အစုံများစွာနဲ့ မယားငယ်က အနည်းဆုံး ၂ ယောက်ရှိတယ်။ သူတို့ စစ်တိုက်စရာ မလိုတော့ဘူး” ဟုသာ ဆိုရမည်ဖြစ်သည်။

စစ်အုပ်စုသစ်သည် မြန်မာနိုင်ငံတဝှမ်းမှ စစ်မြေပြင်များတွင် စမ်းသပ်ခံနေရပြီး တွေ့ရှိရသည့် လက္ခဏာများအရ လွန်စွာညံ့ဖျင်းနေသည်။ စစ်ကောင်စီတပ်များသည် မြောက်ပိုင်းတွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်နေရသည်။ အရှေ့တောင်ပိုင်းတွင် ကရင်တိုင်းရင်းသားများကို တိုက်နေရသည်။ အနောက်ပိုင်းတွင် ချင်းတိုင်းရင်းသားများကို တိုက်နေရသည်။ တနိုင်ငံလုံးတွင် ဗမာတိုင်းရင်းသား ခုခံရေး အင်အားစုများကို တိုက်နေရသည်။ မြို့တော်ဟောင်း ရန်ကုန်အပါအဝင် မြို့ပြဒေသ အများအပြားတွင် ထိုသို့ တိုက်နေရခြင်းဖြစ်သည်။

အကြီးအကျယ် ထိခိုက်သေဆုံးပြီးနောက် ခြေလျင်တပ်များကို အချို့နေရာများမှ ဆုတ်ခွာစေပြီး လေကြောင်းနှင့် အမြောက်များနှင့် လုံခြုံသော အကွာအဝေးမှ တိုက်ခိုက်မှုများကို သုံးလာရသည်မှာ မြန်မာနိုင်ငံအခြေအနေတွင် အင်အားပြခြင်း မဟုတ်ဘဲ အားနည်းချက်ကို ဖော်ပြခြင်းသာဖြစ်သည်။

ထိုသို့ဆိုးရွာလှသော အခြေအနေများအရ စစ်တပ်သည် တရုတ်ထံမှ ရေငုပ်သင်္ဘော ရရှိသော်လည်း ၎င်းတို့တပ်သားများ၏ စိတ်ဓာတ်အား မြှင့်တင်ရန် လုပ်ဆောင်နိုင်မည်ဆိုသည်ကို သံသယဖြစ်ဖွယ်ရှိသည်။ တချိန်တည်းတွင် အနောက်နိုင်ငံများ အလယ်တွင် မြန်မာသည် ယခင် အပစ်ပယ်ခံအဆင့် ပြန်ရောက်ပြီး ပိုမိုကျယ်ပြန့်သည် ပထဝီနိုင်ငံရေးကစားကွက်တွင် နယ်ရုပ်တရုပ်သာ ဖြစ်လာစေမည့် မတည်ငြိမ်မှုများကို ကြုံတွေ့နေရသည်။

စစ်တပ်ကို အာဏာမသိမ်းမီက ရေငုပ်သင်္ဘောလွှဲပြောင်း ပေးပို့သော်လည်း ယခုတိုင် လေကြောင်းကာကွယ်ရေး စခန်းတခုအတွက် ကိရိယာများ ဆက်လက်ပေးပို့နေသည့် အိန္ဒိယသည် စစ်ကောင်စီ၏ အနည်းငယ်မျှသာ ကျန်တော့သော မိတ်ဆွေများတွင် ပါဝင်နေကြောင်း ပြသနေသည်။ ထိုသို့သော အခြေအနေသည် ပြည်တွင်းပြည်ပ တိုက်ခိုက်မှုများကို ပိုမိုရင်ဆိုင်နေရသည့် ခြေလျင်စစ်သားများကို ပိုမိုထိခိုက်သေဆုံးစေမည်ဖြစ်သည်။

(Asia Times ပါ Bertil Lintner ၏ Myanmar junta in toys-for-the-boys weaponry splurge ကို ဘာသာပြန်ဆိုသည်။ Bertil Lintner သည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)

You may also like these stories:

တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီကို ရေငုပ်သင်္ဘော တပ်ဆင်ပေး

စစ်တပ်တွင် တပ်ပြေးများပြီး စိတ်ဓာတ်ရေးရာ အကျပ်အတည်း ကြုံလာ

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
556

အီရန်စစ်တပ် မြန်မာတွင် ဘာလာလုပ်သနည်း

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

Your Thoughts …
Tags: PDFစစ်ကောင်စီစစ်လက်နက်ပစ္စည်းစစ်လေယာဉ်တရုတ်ရေငုပ်သင်္ဘောအိန္ဒိယ
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီက မြသွဲ့သွဲ့ခိုင်ကို ပစ်သတ်ခဲ့တာ ၁ နှစ်ပြည့်ပြီ

စစ်ကောင်စီက မြသွဲ့သွဲ့ခိုင်ကို ပစ်သတ်ခဲ့တာ ၁ နှစ်ပြည့်ပြီ

နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို

နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved