ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နဲ့ ချင်းပြည်နယ်တောင်ပိုင်းကို လက်လွှတ်လိုက်ရပြီးတဲ့နောက် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေဟာ စစ်ရေးပစ်မှတ်အောက်ရောက်လာပြီ ဖြစ်ပါတယ်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက မကွေးတိုင်းမှာ ကပစ စက်ရုံ ၁၆ ရုံရှိပြီး အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ အမ်းမြို့နယ်နဲ့လည်း ထိစပ်နေတဲ့ ဒေသတွေဖြစ်ပါတယ်။
ကပစ စက်ရုံတွေဆီကို ချင်းပြည်တောင်ပိုင်း၊ အမ်း-ပဒါန်း- မင်းဘူး လမ်း၊ တောင်ကုတ်တောင်ကြား လမ်းတွေကနေ ဝင်ရောက်နိုင်တယ်လို့ စစ်ရေးသုတေသီတွေက ထောက်ပြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy