ချင်းပြည်နယ်တောင်ပိုင်းမှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေတာဟာ ရည်မှန်းချက်တူကြတဲ့အတွက်ဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) ရဲ့ စစ်ရေးတာဝန်ခံ ဆလိုင်းထန်ချွမ်းဖေ က ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ဟာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသား ကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)နဲ့ ချင်းလဲန်း ကာကွယ်ရေး တပ်ဖွဲ့ (မတူပီ) တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။
AA နဲ့ စစ်ရေးပူးပေါင်းလှုပ်ရှားနေတဲ့ ချင်းညီနောင်တပ်တွေဟာ ၂၀၂၄ ခုနှစ်မကုန်ခင်မှာဘဲ ချင်းပြည်နယ်တောင်ပိုင်းကို ထိန်းချုပ်နိုင်လိုက်ပြီလို့ ကြေညာထားပါတယ်။
ဟားခါးမြို့အပါအဝင် ချင်းပြည်နယ်နဲ့ ချင်းတမျိုးသားလုံး လွတ်လပ်ရေးအတွက် ချင်းတပ်ဖွဲ့ အချင်းချင်း ပူးပေါင်းတိုက်ပွဲဝင် မယ်လို့ ချင်းညီနောင်အဖွဲ့က ပြောဆိုထားပါတယ်။
ချင်းညီနောင်အဖွဲ့ရဲ့ သဘောထား၊ AA နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ချင်းညီနောင်တပ်ဖွဲ့အပေါ် ချင်းပြည်သူ တွေရဲ့ သဘောထား၊ မဟာမိတ် အကူအညီ နဲ့ ရှေ့ဆက်သွားမယ် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ ရဲ့ စစ်ရေးတာဝန်ခံ၊ မင်းတပ် CDF စစ်ဦးစီးချုပ် ဆလိုင်းထန်ချွမ်းဖေကို ဧရာဝတီက ဆက်သွယ်မေးမြန်း ထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













