• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ သွေးရူးသွေးတန်း သံတမန်ရေး

by မောင်ကဝိ
26 December 2024
in ဆောင်းပါး
A A
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ သွေးရူးသွေးတန်း သံတမန်ရေး
2.2k
VIEWS
Share on FacebookShare on Twitter

၂၀၂၄ ခုနှစ်အထိ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၂၆ နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးရှိပြီး ၃၇ နိုင်ငံမှာ သံရုံးတွေ ရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းအရာရှိတွေဟာ နိုင်ငံလက်တဆုပ်စာကိုပဲ ခရီးသွားလာနိုင်ကြပါတယ်။

အဲဒီနိုင်ငံတွေထဲမှာ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားလို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အသင်းဝင်တွေနဲ့ အိမ်နီးချင်းနိုင်ငံကြီး နှစ်ခုဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယတို့ ပါဝင်ပါတယ်။ မှတ်သားစရာကောင်းတာက အီရန်ကလည်း စစ်ခေါင်းဆောင်တွေအတွက် တံခါးဖွင့်ထားပေးပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်ကောင်စီကို အနောက်နိုင်ငံတွေက ရှောင်ရှားကြပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်လို နိုင်ငံတွေက သံတမန်ရေးအဆင့် လျှော့ချကာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီခေါင်းဆောင်တွေဟာ အနောက်နိုင်ငံတွေကို သွားရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။

ဒါကြောင့် သူတို့ဟာ တရုတ်နဲ့ရုရှားကို မကြာခဏ သွားရောက်ကြပြီး တယောက်ကို အကြိမ် တဒါဇင်လောက် သွားရောက်ကာ စစ်ကောင်စီရဲ့ အဓိက မဟာမိတ်နဲ့ လက်နက်ထောက်ပံ့သူတွေဆီက ထောက်ခံမှု တောင်းဆိုကြပါတယ်။

ဒါကြောင့် သူတို့ဟာ တရုတ်နဲ့ ရုရှားကို မကြာခဏ သွားရောက်ကြပြီး တယောက်ကို အကြိမ် တဒါဇင်လောက် သွားရောက်ကာ စစ်ကောင်စီရဲ့ အဓိက မဟာမိတ်နဲ့ လက်နက်ထောက်ပံ့သူတွေဆီက ထောက်ခံမှု တောင်းဆိုကြပါတယ်။

၂၀၂၄ ခုနှစ်မှာ သံတမန်ရေး မီးမောင်းထိုးပြစရာကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒု စစ်ခေါင်းဆောင် စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းနဲ့ ပြည်ထဲရေးဝန်ကြီး ရာပြည့်တို့ရဲ့ တရုတ်ခရီးစဉ်များ ဖြစ်ပါတယ်။ တင်အောင်စန်းကိုတော့ ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် မကြာသေးမီက လွှဲပြောင်းခဲ့ပါတယ်။

အခုနှစ် မကြာသေးမီကအထိ တရုတ်ဟာ စစ်ကောင်စီကို ခပ်ကင်းကင်းနေပြီး နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ အရေးမပါတဲ့ ဝန်ကြီးတွေကိုသာ တရုတ်ပြည်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ စစ်ကောင်စီကို ထောက်ခံကြောင်းပြသဖို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ ဒု ခေါင်းဆောင် စိုးဝင်းနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေက ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် နိုဝင်ဘာလက တရုတ်နိုင်ငံ၊ ကူမင်းမှာ ကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီခေါင်းဆောင်ဟာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို ဝန်ကြီးတွေနဲ့တွေ့ဖို့ အခွင့်အလမ်းရခဲ့တယ်။

နေပြည်တော်နဲ့ တရုတ်နိုင်ငံအကြား သွားလာနေတဲ့ အခြားအရာရှိတွေထဲမှာ ပြည်ထဲရေးဝန်ကြီး ရာပြည့်နဲ့ အရင်က ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းလည်း ပါဝင်ပြီး ရာပြည့်ကို တရုတ်က လူသားချင်းစာနာမှုအကူအညီ ယွမ် သန်း ၅၀၀ ပေးခဲ့ပြီး တင်အောင်စန်းကတော့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပါတယ်။

ရုရှားကတော့ စစ်အာဏာသိမ်းပြီးနောက် မကြာမီ စစ်ခေါင်းဆောင်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ပထမအကြိမ် ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်ကောင်စီဝန်ကြီးတွေနဲ့ အဆင့်မြင့်အရာရှိတွေက မော်စကိုကို မကြာခဏ သွားကြပါတယ်။

ရုရှားကတော့ စစ်အာဏာသိမ်းပြီးနောက် မကြာမီ စစ်ခေါင်းဆောင်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ပထမအကြိမ် ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်ကောင်စီဝန်ကြီးတွေနဲ့ အဆင့်မြင့်အရာရှိတွေက မော်စကိုကို မကြာခဏ သွားကြပါတယ်။

ဒီနှစ်အတွင်း မင်းအောင်လှိုင် ရုရှားကို မသွားပေမယ့် အပယ်ခံ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဟာ ကဏ္ဍအများအပြားမှာ ခိုင်မာနေတယ်။ ၂၀၂၄ ခုနှစ်အတွင်း ရုရှားကို သွားရောက်တဲ့ စစ်ကောင်စီအရာရှိတွေထဲမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ စစ်ထောက်ချုပ် ကျော်စွာလင်း၊ အမျိုးသားလုံခြုံရေးအကြံပေး ဦးမိုးအောင်နဲ့ အဆင့်မြင့် စစ်အရာရှိတွေ၊ လျှပ်စစ်နဲ့စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စက်မှု၊ ကျန်းမာရေး၊ ဥပဒေရေးရာနဲ့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးတွေ ပါဝင်ပါတယ်။

စစ်တပ်ရဲ့ တတိယနေရာကို မကြာသေးမီက ရာထူးတိုးပေးခံရတဲ့ ကျော်စွာလင်းဟာ လုံခြုံရေး၊ လေ့ကျင့်ရေးနဲ့ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ ဒုတိယအကြိမ် ရုရှား-မြန်မာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအစည်းအဝေးကို ဧပြီလက တက်ရောက်ခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (ဘင်မ်းစတက်- BIMSTEC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပါအဝင် အိန္ဒိယက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ၂၀၂၄ ခုနှစ်က နှစ်ကြိမ် လက်ခံကြိုဆိုခဲ့တယ်။ အိန္ဒိယဟာ စစ်ကောင်စီနဲ့ ခိုင်မာတဲ့ဆက်ဆံရေး ထိန်းသိမ်းထားပြီး ရွေးကောက်ပွဲအစီအစဉ်ကို ကူညီနေပါတယ်။

ဒါပေမယ့် စစ်ကောင်စီဝန်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေ အဓိကသွားတဲ့ ပြည်ပနိုင်ငံတွေကတော့ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား ဖြစ်ပါတယ်။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံရေးကိုယ်စားလှယ် ပိတ်ပင်ခံထားရတော့ စစ်ကောင်စီဟာ အခုနှစ် အဲဒီအစည်းအဝေးတွေကို အမြဲတမ်းအတွင်းဝန်တွေပဲ စေလွှတ်ပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ ကျယ်ပြန့်တဲ့ ဒေသတွေမှာ အရပ်သားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထား သိမ်းကြုံးဗုံးကြဲတိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတဲ့ လေတပ်ခေါင်းဆောင် ထွန်းအောင်ကို ကြိုဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ ကျယ်ပြန့်တဲ့ ဒေသတွေမှာ အရပ်သားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထား သိမ်းကြုံးဗုံးကြဲတိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတဲ့ လေတပ်ခေါင်းဆောင် ထွန်းအောင်ကို ကြိုဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ပထမပိုင်း ၁၀ လအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁၀၉ ဦး အပါအဝင် လူပေါင်း ၅၀၄ ဦး သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ သိရပါတယ်။

ဒီဇင်ဘာလမှာ ထိုင်းကို သွားရောက်ခဲ့သူတွေအထဲ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေလည်း ပါဝင်ပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းက အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော ဆွေးနွေးပွဲတက်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ရှင်းပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သံတမန်ရေးကွန်ရက်ကို ချဲ့ထွင်ဖို့ ဦးသန်းဆွေရဲ့ အားထုတ်မှုတွေမှာ အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံများ၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယသာမက အီရန်နဲ့ အရှေ့အလယ်ပိုင်းလည်း ပါဝင်ပါတယ်။ သူဟာ ဇွန်လက အီရန်နိုင်ငံ၊ တီဟီရန်မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေး (ACD) ဝန်ကြီးအဆင့် အစည်းအဝေးကို သွားခဲ့ပါတယ်။ အဲဒီခရီးအတွင်း သူဟာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ရှင်းပြဖို့နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ အီရန်နဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြည်တွင်းမှာ အခြေအနေ ပိုမိုဆိုးရွားနေစဉ် စစ်ကောင်စီက ပြည်ပထောက်ခံမှုကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ အခုနှစ်အတွင်း စစ်ကောင်စီဟာ နောက်ထပ်မြို့ ဒါဇင်ပေါင်းများစွာနဲ့ စစ်တိုင်း ၁၄ ခုအနက် နှစ်ခု ဆုံးရှုံးပြီး တော်လှန်ရေးအင်အားစုလက်မှာ မြို့ပေါင်း ၉၀ ဆုံးရှုံးပါတယ်။

စစ်ကောင်စီကို ကမ္ဘာတဝန်း ဒီမိုကရေစီနိုင်ငံတွေက ရှောင်ကျဉ်ကြပြီး တရုတ်နဲ့ရုရှားလို အာဏာရှင် နိုင်ငံတွေရဲ့ ထောက်ခံမှုကိုသာ မှီခိုနေရပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta’s Desperation Diplomacy in 2024 ကို ဘာသာပြန်သည်။)

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
445
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

You may also like these stories:

ဂျပန်က စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချ

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယ ဆွေးနွေး

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်များကို အိန္ဒိယက လူရာသွင်းနေဆဲ

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

Your Thoughts …
Tags: BIMSTECစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်တော်လှန်ရေးအင်အားစုထိုင်းရုရှားရွေးကောက်ပွဲလူသားချင်းစာနာမှုအကူအညီလေကြောင်းတိုက်ခိုက်မှုသံတမန်ရေးအရပ်သားပစ်မှတ်အရေးယူပိတ်ဆို့မှုအာဆီယံအိန္ဒိယအီရန်
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ ဇာတ်သိမ်းခန်း နီးပြီ

စစ်ကောင်စီ ဇာတ်သိမ်းခန်း နီးပြီ

တကျော့ပြန် ခေါင်းထောင်လာတဲ့ ဝမ်းရောဂါ

တကျော့ပြန် ခေါင်းထောင်လာတဲ့ ဝမ်းရောဂါ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved