• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

by ဧရာဝတီ
12 March 2021
in သတင်း
A A
ဆန္ဒပြပွဲများကို နှိမ်နင်းသည့် ဗီဒီယို ၅၀ ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အတည်ယူခဲ့သည်

ဆန္ဒပြပွဲများကို နှိမ်နင်းသည့် ဗီဒီယို ၅၀ ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အတည်ယူခဲ့သည်

20.2k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ လုံခြုံရေးတပ်များသည် ၎င်းတို့၏ စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် အရပ်သားများကို သတ်ဖြတ်မှု၊ ထောင်သွင်းအကျဉ်းချမှု၊ ညှင်းပမ်းနှိပ်စက်မှုနှင့် အခြားရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ကျူးလွန်နေကြောင်းနှင့် ထိုကိစ္စကို စစ်ကောင်စီခေါင်းဆောင်များကလည် သိရှိကြောင်း ဖေါ်ပြနေသည့် သတင်းများ ပိုမိုများပြားလာနေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အင်ဒရူးက ကြာသပတေးနေ့က ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ထိုရက်စက်ကြမ်းကြုတ်သော တုံ့ပြန်မှုသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ဥပဒေ သတ်မှတ်ချက်နှင့် ကိုက်ညီနိုင်ကြောင်းလည်း သူပြောသည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
38
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
160
တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
614

စစ်တပ်က အာဏာသိမ်းယူအပြီး သတ်ဖြတ်ခံရသူ အနည်းဆုံး ၈၀ ဦးရှိပြီဖြစ်ကာ နောက်ထပ် ရာပေါင်းများစွာဒဏ်ရာရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောသည်။ ထိုသတ်ဖြတ်ခံရမှုများအနက် အနည်းဆုံး ၄ ခုမှာ စစ်ကောင်စီက ဖမ်းဆီးခြင်းခံရသူများဖြစ်ပြီး နှစ်ဦးများ ဖြုတ်ချခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဖြစ်သည်။ ထိုသတ်ဖြတ်ခံရသူ ၄ ဦးလုံးသည် ဖမ်းဆီးခံထားရချိန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူအရေအတွက်မှာ ၂၀၀၀ ကျော်ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP) ကပြောပြီး ထိုဖမ်းဆီးခံရသူ အများအပြားသည် မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ်ပြတ်နေပြီး ၎င်းတို့ရောက်ရှိနေသော နေရာနှင့် ကြုံတွေ့နေရသည့် အခြေအနေကိုလည်း မသိရပေ။

မြန်မာစစ်အစိုးရပိုင် သတင်းစာကမူ စစ်တပ်၏လုပ်ဇာတ်ဖြစ်သော ဆန္ဒပြသူများကို အင်အားအနည်းဆုံးသုံးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ဖေါ်ပြခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင်န်ိုင်ငံများအနေဖြင့် စစ်ကောင်စီ၏ ရန်ုပုံငွေနှင့် လက်နက် စီးဆင်းမှုကို ဖြတ်တောက်ရန် တွမ်အင်ဒရူးက တောင်းဆိုခဲ့ပြီး ထိပ်တန်းခေါင်းဆောင်များ၊ စစ်တပ်ပိုင်နှင့် ထိန်းချုပ်ထားသော လုပ်ငန်းများ၊ အစိုးရစွမ်းအင်လုပ်ငန်းဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းကို ဘက်စုံပိတ်ဆို့အရေးယူများ ချမှတ်သင့်ကြောင်း သူတောင်းဆိုသည်။

စစ်တပ်သည် မြန်မာနိုင်ငံတွင် ငြ်ိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် ဘေးမှရပ်ကြည့်သည့် ပြည်သူများကို လူသေစေသည့် နည်းများနှင့် ပုံမှန်အားဖြင့် စစ်မြေပြင်တွင်သာ တွေ့ရသည် လက်နက်များကို သုံးကာ အပြင်းအထန် သတ်ဖြတ်နေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်သာ ခွင့်အဖွဲ့ကလည်း အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့အပြီး တွမ်အင်ဒရူးက ပြောဆိုခြင်း ဖြစ်သည်။

ဆက်လက်ပြုလုပ်နေဆဲဖြစ်သော ဆန္ဒပြပွဲများကို နှိမ်နင်းသည့် ဗီဒီယို ၅၀ ကိုလည်း အတည်ပြုပြီးနောက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ သက်သေအထောက်အထား ဓါတ်ခွဲခန်းက လုံခြုံရေးတပ်များသည် လူသေစေသော လက်နက်များ အသုံးပြုမှု မြှင့်တင်ခြင်း၊ မြို့ပြဒေသများတွင် ကျည်ဆံအစစ်ဖြင့် သိမ်းကြုံးပစ်ခတ်ခြင်းတို့အပါအဝင် ကြိုတင်စီစဉ်ထားသည့် စနစ်ကျသော သေနင်္ဂဗျူဟာများကို အကောင်အထည်ဖေါ်နေပုံရကြောင်းနှင့် မှတ်တမ်းတင်ထားသော သတ်ဖြတ်မှု အများအပြားသည် တရားစီရင်မှုမဲ့ သတ်ဖြတ်ခြင်းဖြစ်ကြောင်းလည်း သူပြောသည်။

“မြန်မာစစ်တပ်ရဲ့ ဒီနည်းလမ်းတွေဟာ အသစ်အဆန်း လုံးဝမဟုတ်ပေမယ့် သူတို့ရဲ့သတ်ဖြတ်ပွဲတွေကို ကမ္ဘာကကြည့်ဖို့ တိုက်ရိုက်လွှင့်တာ အရင်က မရှိသေးဘူး” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ အကျပ်အတည်းတုံ့ပြန်မှုဆိုင်ရာ ဒါရိုက်တာ ဂျုံး မရင်နာ ကလည်း ပြောသည်။ “ဒီဖြစ်ရပ်တွေဟာ အခြေအနေကို မထိန်းနိုင်လို့၊ အရာရှိတဦးချင်းတွေ ဆုံးဖြတ်ချက်မှားလို့ ဖြစ်နေတာတွေမဟုတ်ဘူး။ ဒီလုပ်ရပ်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရပြီး နောင်တ မရသေးတဲ့ တပ်မှူးတွေက သူတို့ရဲ့တပ်တွေနဲ့ လူသတ်နည်းတွေကို ဗြောင်ကျကျအသုံးချတာဖြစ်တယ်” ဟုလည်း သူပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ဗီဒီယိုဖြင့်ပြောကြားချက်တခုတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ” ကြာသေးမီရက်များအတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေဟာ နိုင်ငံမှာ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးကို အာရုံစိုက်နေပြီး အကြမ်းဖက် ဆန္ဒပြသူတွေကို ကိုင်တွယ်တဲ့အခါမှာ အတတ်နိုင်ဆုံး ချုပ်တည်းမှုကို ကျင့်သုံးတယ်” ဟု ပြောသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက အာဏာသိမ်းမှုနောက်ပိုင်း အပြင်းထန်ဆုံး ထုတ်ပြန်ကြေညာချက်ကို တညီတညွတ်တည်း ထုတ်ပြန်ပြီးချိန်တွင် အထက်ပါအတိုင်း သူပြောကြားခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ကြေညာချက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ခြင်းအား အပြင်းအထန် ရှုတ်ချသည်ဟု ဖေါ်ပြထားပြီး စစ်ကောင်စီအနေဖြင့် အတတ်နိုင်ဆုံး ချုပ်တည်းမှု ကျင့်သုံးရန် တောင်းဆိုထားသည်။

တရုတ်၊ ရုရှားနှင့် ဗီယက်နမ်တို့က မြန်မာနိုင်ငံဖြစ်ရပ်ကို အာဏာသိမ်းခြင်းဟု သတ်မှတ်သည့် ပိုမိုပြင်းထန်သော စကားလုံးများကို ကန့်ကွက်ကြပြီး ထပ်မံအရေးယူမှုများဖြင့် ပိတ်ဆို့အရေးယူမှု ဖြစ်ဖွယ်ရှိသည်များနှင့် ခြိမ်းခြောက်သည် ဆိုသည့်အချက်ကို ကြေညာချက် မူကြမ်းမှ ဖြုတ်ခိုင်းကြသည်။

သီးခြားကြေညာချက်တစောင်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန် ကျန်းဂျန်က ” လုံခြုံရေးကောင်စီဝင်များအနေဖြင့် တညီတညွတ်တည်း ပြောဆိုရန် အရေးကြီးသည်။ လုံခြုံရေးကောင်စီ၏ သတင်းစကားသည် မြန်မာနိုင်ငံအခြေအနေ တင်းမာမှုလျှော့ပါးရေးအတွက် လမ်းဖွင့်ပေးမည်ဟု မျှော်လင့်သည်” ဟု ဖေါ်ပြထားသည်။

လုံခြုံရေးကောင်စီ ထိုသတင်းစကားသည် ပြည်သူများ၏ မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကပြောကြားပြီး စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်ရန် မည်သို့မျှ မတတ်နိုင်ကြောင်းပြောပြီး န်ိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။

ကိုးကား။ ။ CNN

You may also like these stories:

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

လမ်းမထက် ခြောက်သွေ့မသွားမည့် သွေးစက်များ

Your Thoughts …
Tags: ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူတွမ်အင်ဒရူးလူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုလူ့အခွင့်အရေးကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှုရပ်ရန် ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို

မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှုရပ်ရန် ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို

by ဧရာဝတီ
5 April 2024
1.7k

မြန်မာသို့ လက်နက် ခဲယမ်းနှင့် အခြား စစ်လက်နက်ပစ္စည်းများ တရားမဝင် လွှဲပြောင်းပေးမှု ရပ်ဆိုင်းရန်လည်း လူ့အခွင့်အရေးကောင်စီက တိုက်တွန်းသည်။

ထိုင်းဘဏ်များ မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေဟု ကုလသမဂ္ဂ အစီရင်ခံ

ထိုင်းဘဏ်များ မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေဟု ကုလသမဂ္ဂ အစီရင်ခံ

by ဧရာဝတီ
28 June 2024
1.2k

စစ်ကောင်စီကို ထိုင်းဘဏ်များက ကူညီပေးနေကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဘန်ကောက်လက်နက်ပြပွဲပါ မြန်မာပြခန်းနှင့်  စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်

အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ

by ဧရာဝတီ
19 May 2023
6.8k

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်ခဲ့ကြောင်းကိုလည်း မီးမောင်းထိုးပြနေသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတခု / AFP

ပိတ်ဆို့အရေးယူမှု ချိုးဖောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ ကြံရာပါဖြစ်နိုင်

by Zachary Abuza
12 April 2023
9.6k

အာဏာသိမ်းသည့်အချိန်တွင် စစ်ကောင်စီဝင်များ အပါအဝင် စစ်တပ်ထိပ်တန်းခေါင်းဆောင်များ၏ သားသမီးများ ပိုင်ဆိုင်ကြောင်း ဖော်ထုတ်ပြီးသောလုပ်ငန်း ၂၇ ခု ရှိသည်။

ဒုက္ခသည်စခန်းတခုထဲ ဆော့ကစားနေသော ရိုဟင်ဂျာကလေးငယ်များ /   UN

ရိုဟင်ဂျာအရေး ဖြေရှင်းမှု ပိုမိုအားထုတ်ရန် ကုလသမဂ္ဂ အထူးသံတမန် တောင်းဆို

by ဧရာဝတီ
24 December 2021
6.7k

မြန်မာစစ်တပ်က အင်အားကြီးမားပြီး ကြောက်စရာ ကောင်းတယ်။ ဒါပေမယ့် ကြီးမားတဲ့ စစ်တပ်ဆိုတာ ရပ်တည်နိုင်ဖို့ ရင်းမြစ်အများကြီး လိုတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း /  MOFAmyanmar / facebook

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ်၏ ပြောဆိုချက်ကို မြန်မာ တုံ့ပြန်

by ဇင်လင်းထက်
16 July 2020
8.6k

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စတာ Thomas Andrews က လူ့အခွင့်အရေး ကောင်စီတွင် အစီရင်ခံပြောကြားခဲ့သည့်အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားသည်။

Next Post
အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM) ကိုရွေးပြီး မလွှကုန်း မီးရထားဝန်းကို စွန့်လွှတ်ခဲ့သည့် ဝန်ထမ်းများ

မလွှကုန်း မီးရထားဝင်းက CDM သူရဲကောင်းများ

မတ်လ ၅ ရက်က သာကေတမြို့နယ် သပိတ်စစ်ကြောင်းကို စစ်တပ်နှင့် ရဲက ဖြိုခွင်းစဉ် / ဧရာဝတီ

မြန်မာ့ဖြစ်ရပ်များ ရုရှားစိုးရိမ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate