• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှုရပ်ရန် ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို

by ဧရာဝတီ
5 April 2024
in သတင်း
A A
မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှုရပ်ရန် ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို

တပ်မတော်လေ ၇၂ နှစ်မြောက် အခမ်းအနားတွင် တပ်တော်ဝင်ခဲ့သည့် JF-17 တိုက်လေယာဉ်များ / CINCDS

1.7k
VIEWS
Share on FacebookShare on Twitter

ပြည်သူကို အကြမ်းဖက်သည့် အစိုးရဟု စွပ်စွဲခံနေရသည့် မြန်မာကို ဖိအားပေးရန် ရည်ရွယ်သည့် အစီအမံများကို ကုလသမဂ္ဂ၏ ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့က ဧပြီလ ၄ ရက်နေ့တွင် သဘောတူလိုက်သည်။

အဖွဲ့ဝင် ၄၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးကောင်စီက အစိုးရများအနေဖြင့် မြန်မာစစ်ကောင်စီသည် စစ်ကြောင့်ပျက်စီးနေသော နိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ရန် လောင်စာကို အသုံးပြုနေသည်ဟု ယူဆပါက မြန်မာသို့ လေယာဉ်ဆီ ရောင်းချခြင်းမပြုရန် တောင်းဆိုမှု တခုကို ကန့်ကွက်သူမရှိ သဘောတူလိုက်သည်။

မြန်မာသို့ လက်နက်ခဲယမ်းနှင့် အခြား စစ်လက်နက်ပစ္စည်းများ တရားမဝင် လွှဲပြောင်းပေးမှု ရပ်ဆိုင်းရန်လည်း လူ့အခွင့်အရေးကောင်စီက တိုက်တွန်းသည်။

စစ်ကောင်စီသည် စစ်မြေပြင်တွင် ဒီမိုကရေစီလိုလားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ရှုံးနိမ့်နေစဉ် အရပ်သားများကို အကြမ်းဖက်မှု ပိုမို လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားသည့် ကျွမ်းကျင်သူများ လွန်ခဲ့သောလတွင် သတိပေးခဲ့သည်။

မြန်မာစစ်တပ်သည် လွန်ခဲ့သော သုံးနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သောကြောင့် အကြမ်းမဖက်သည့် ကျယ်ပြန့်သော လှုပ်ရှားမှုများ ဖြစ်ပွားသော်လည်း ထိုလှုပ်ရှားမှုများကို သတ်ဖြတ်နှိမ်နင်းခဲ့သည်။ ထိုဖိနှိပ်မှုသည် လက်နက်ကိုင် ခုခံတော်လှန်မှုဖြစ်စေပြီး နိုင်ငံသည် ပြည်တွင်းစစ်တွင် အကျပ်အတည်းသို့ ကျရောက်သွားသည်။

မြန်မာသို့ လောင်စာ တရားမဝင် တင်ပို့နေ

မြန်မာသို့ တရားမဝင် လောင်စာတင်ပို့ခြင်းကို နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (AI) က အကြိမ်ကြိမ် ရှုတ်ချပြီး လောင်စာဆီ ဖြန့်ချိရေးကွင်းဆက်တွင် အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားရန် အားထုတ်သည့် သင်္ဘောတင်ပို့မှု အချက်အလက်များကို ဇန်နဝါရီလက ထောက်ပြခဲ့သည်။ လွန်ခဲ့သောနှစ်က မြန်မာသို့ လောင်စာတင်ပို့မှု အနည်းဆုံး ခုနစ်ကြိမ်ရှိပြီး ထိုတင်ပို့မှုသည် ဗီယက်နမ်နိုင်ငံမှ သိုလှောင်ရုံတခုနှင့် တိုက်ရိုက် ပတ်သက်နေသည်ဟု ထိုအဖွဲ့အစည်းက ပြောသည်။

လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် လက်ရှိ တာဝန်ယူနေသည့် ဗီယက်နမ်က ကောင်စီ၏ ဆုံးဖြတ်ချက်ကို မတားဆီးပေ။

“ဒါဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ လေကြောင်းတိုက်ခိုက်မှု သုံးတဲ့သူတွေကို လေယာဉ်ဆီရောင်းပြီး ဘာမှမဖြစ်သလို နေတာကို လက်မခံနိုင်ဘူးဆိုတဲ့ ကုလသမဂ္ဂရဲ့ အဓိက လူ့အခွင့်အရေးအဖွဲ့ရဲ့အရေးပါတဲ့ သတင်းစကားဖြစ်တယ်” ဟု ဂျနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကိုယ်စားလှယ် မစ္စတာ အင်နီယန် အီလန်ဂိုက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
65
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
28
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
78

ထိုကိစ္စသည် အစကောင်းသော်လည်း ကုလသမဂ္ဂသည် မြန်မာသို့ လေယာဉ်ဆီများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆိုင်းငံ့မှု ချမှတ်သင့်ကြောင်း ၎င်းကပြောပြီး ထိုသို့လုပ်ခြင်းသည် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုကို တားဆီးပေးမည်ဖြစ်သောကြောင့် မြေပြင်တွင် အရေးပါသည့် သက်ရောက်မှု ဖြစ်လာမည်ဟု ဆက်လက် ပြောကြားသည်။

လူ့အခွင့်အရေးကောင်စီသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စတင်သည့် ယခုနှစ်အတွက် ပထမအကြိမ် အစည်းအဝေးကို အဆုံးသတ်ချိန်တွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခြင်းဖြစ်သည်။ ထိုအစည်းအဝေးတွင် ကလေးသူငယ်များ အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး၊ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး၊ ဆူဒန်၊ ဘယ်လာရုစ်နှင့် မြောက်ကိုရီးယားမှ လူ့အခွင့်အရေး အခြေအနေစသည့် ပြဿနာ အများအပြားအတွက် ဆုံးဖြတ်ချက် ၄၀ ကျော် ချမှတ်ခဲ့သည်။

ကိုးကား ။ ။ AP သတင်း UN calls on governments to stop exports of jet fuel to Myanmar

You may also like these stories:

လေယာဉ်ဆီ ဆန်ရှင်လုပ်ခံရတဲ့အခါ

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီ အိန္ဒိယကုမ္ပဏီများ အဓိကထောက်ပံ့နေ

လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ

မျက်မြင်သက်သေတွေ ပြောတဲ့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု

Your Thoughts …
Tags: ကုလသမဂ္ဂစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံပြည်တွင်းစစ်ဗီယက်နမ်လူ့အခွင့်အရေး ချိုးဖောက်မှုလူ့အခွင့်အရေးကောင်စီလေကြောင်းတိုက်ခိုက်မှုလေယာဉ်ဆီအရေးယူပိတ်ဆို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ရေးအရ အရေးပါတဲ့ ဟန်ထက်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

စစ်ရေးအရ အရေးပါတဲ့ ဟန်ထက်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

နောက်ဆုံးခံတပ်ကို ခြိမ်းခြောက်လိုက်တဲ့ စစ်ဆင်ရေး

နောက်ဆုံးခံတပ်ကို ခြိမ်းခြောက်လိုက်တဲ့ စစ်ဆင်ရေး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved