• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

by ဧရာဝတီ
9 March 2021
in သူ့အတွေး သူ့အမြင်
A A
၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးရှေ့ ဆန္ဒပြစဉ် / ဧရာဝတီ

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးရှေ့ ဆန္ဒပြစဉ် / ဧရာဝတီ

18.2k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ရွေးကောက်ပွဲရလဒ် မဲမသမာမှုများ ရှိသည်ဟု ဆိုကာ စစ်တပ်က အရပ်သားအစိုးရ ကို ဖြုတ်ချပြီး တိုင်းပြည် အာဏာကို သိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ် လာသည်။

စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်းရှိ Generation Z လူငယ်မျိုးဆက်သစ်များ၏ ပုံသဏ္ဍာန်အမျိုးမျိုးသော ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြကြသကဲ့သို့ စစ်အာဏာရှင် လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသော ပြည်သူ့ဝန်ထမ်းများကလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) များကို တနေ့ထက်တနေ့ အရှိန်မြှင့် ဆောင်ရွက်နေရာ ထိုလှုပ်ရှား များကို စစ်တပ်နှင့် ရဲက ပစ်ခတ်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်း၊ အုံနှင့်ကျင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်ကာ ဖြိုခွင်းနေသည်။

အာဏာသိမ်းပြီး တလကျော်အတွင်း ယနေ့အချိန်အထိ သေဆုံးသူ ၆၀ကျော်ရှိပြီး၊ ရိုက်နှက် ဖမ်းဆီးခံရသူ ၁ ထောင်ကျော် ရှိကာ ဒဏ်ရာရသူ အများအပြားရှိနေသည်။ ဆန္ဒပြမှုများကို စစ်တပ်နှင့် ရဲ၏ ကိုင်တွယ်ပုံမှာ မြို့ပြ အဓိကရုဏ်း နှိမ်နင်းရေး ပုံစံမျိုး မဟုတ်ဘဲ၊ နယ်စပ်ဒေသ တောတောင်များအတွင်း လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်သည့် ပုံစံမျိုး မြင်တွေ့နေ ရသည်။

ပစ်ခတ်ခံရခြင်း၊ လူ့ဂုဏ်သိက္ခာမဲ့စွာ အသားလွတ် ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးသူ အများအပြား ရှိသော်လည်း နိုင်ငံ သူ/သားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် “မြန်မာနိုင်ငံ အမျိုး သားလူ့အခွင့်အရေးကော်မရှင် (MNHRC)”မှာ မိမိတို့နှင့် မဆိုင်သကဲ့သို့ ယနေ့ထိတိုင် ရေငုံနှုတ်ပိတ်၊ မသိကျိုးကျွံ ပြုနေသည်ကို တွေ့ရသည်။

လူ ၃၅၀၀၀ ကျော် Like လုပ်ထားသော ကော်မရှင်၏ တရားဝင် လူမှုကွန်ရက် Facebook စာမျက်နှာသည်လည်း စစ်တပ် အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ မည်သည့်ပို့စ်မျှ တင်ခြင်း မရှိတော့ပေ။

နောက်ဆုံးတင်ခဲ့သည့် ပို့စ်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးတွင် ဦးစီးအရာရှိ ရာထူးဖြေဆို ရန် ကြေငြာထားရှိမှုအား ပြင်ဆင်ခြင်း ဟူသည့် ဖေဖော်ဝါရီ ၁ ရက်၊ ရက်စွဲပါ ထုတ်ပြန်ချက် တစောင်သာ ဖြစ်သည်။

MNHRC ကို ၂၀၁၄ မတ် ၂၈ ရက်တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂၁ အရ အဖွဲ့ဝင် ၁၁ ဦး ဖြင့် ၂၀၂၀၊ ဇန်နဝါရီ ၁၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃/၂၀၂၀) ဖြင့် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

ယခုကဲ့သို့ ဆန္ဒပြသူများ သေဆုံးမှု၊ လူမဆန်စွာ ရိုက်နှက်ခံရမှုများနှင့် ပတ်သက်၍ MNHRC သည် နှုတ်ဆိတ်နေကာ ၎င်းတို့ ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို ပျက်ကွက်နေသည်ဟု ဆိုရမည်။

MNHRC ၏ ရပ်တည်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထု အဖွဲ့အစည်းများ အလုပ်အဖွဲ့က စစ်အုပ်စု၏ အာဏာသိမ်းမှုကို ရှုတ်ချ ပြီး ပြည်သူလူထုနှင့်အတူ တသားတည်း ရပ်တည်သွားရန် တိုက်တွန်း တောင်းဆိုခဲ့ပြီးဖြစ်သည်။

အဆိုပါ အလုပ်အဖွဲ့သည် MNHRC အား လွတ်လပ် အမှီခိုကင်း၍ ပွင့်လင်းမြင်သာမှုရှိကာ ထိရောက်ပြီး ပါရီအခြေခံမူများ နှင့် အညီ မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို အမှန်တကယ် ကာကွယ်မြှင့်တင်ပေးနိုင်သည့် ကော်မရှင်တရပ် ဖြစ် လာစေရေး အတွက် အနယ်နယ်အရပ်ရပ်မှ အရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့က ၂၀၁၉ ဇန်နဝါရီက ဖွဲ့စည်းခဲ့ သည့် အဖွဲ့ဖြစ်သည်။

“မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်” (MNHRC)အနေဖြင့် ၎င်းတို့၏ တောင်းဆိုချက် များကို လိုက်နာလုပ် ဆောင်ခြင်း မရှိခဲ့ပါ အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ကော်မရှင်တရပ် အဖြစ်သာ တည်ရှိနေမည် ဖြစ်ကြောင်း၊ ၎င်းတို့ အလုပ်အဖွဲ့ အနေဖြင့် လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းထက် စစ်အာဏာရှင်ကို ကာကွယ်ပေး နေသော MNHRC နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုသို့ သတိပေးသော်လည်း MNHRC ကတော့ တုတ်တုတ်မျှ မလှုပ်ခဲ့ပေ။

မြန်မာပြည်သူများသည် အခြေခံကျသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကိို ကန့်သတ်ချုပ်ချယ်ခံရခြင်း အပါအဝင် မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ တရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများကို စသည့်လူ့အခွင့်အရေးများကို ချိုးဖောက် ခံနေကြရပြီ ဖြစ်သည်။

ဆန္ဒပြပွဲများတွင် အလွန်အကျွံ အင်အားသုံးမှုများကြောင့် နေပြည်တော်နှင့် မန္တလေးမြို့များမှ ၁၉ နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦး အပါအဝင် သေဆုံးသူ ၅၀ ကျော် ရှိလာခဲ့ပြီဖြစ်သည့်အပြင် အများအပြားလည်း ဒဏ်ရာရခဲ့သည်။

ပြည်သူလူထု၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်မြင့်လာသည်နှင့်အမျှ စစ်ကောင်စီ၏ လက်နက်ကိုင်များ (စစ်သားနှင့်ရဲ)က လူထုအပေါ် ခြိမ်းခြောက်၊ အကြမ်းဖက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာဖျက်ဆီးခြင်းများ ပိုမိုများပြားလာပြီး လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာခဲ့သည်။

RelatedPosts

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.1k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1k
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 January 2026
1.6k

မတ်လ ၆ ရက် ညပိုင်းက စစ်တပ်နှင့် ရဲတို့ ဝင်ရောက် ဖမ်းဆီးခံရသည့် ပန်းဘဲတန်းမြို့နယ်နေ NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်မှာ ယင်းညတွင်ပင် ဆုံးပါးသွားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယနေ့တိုင် စစ်သားနှင့်ရဲများ၏ မတရား အကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ သေဆုံးသူ ၆၀ကျော် ရှိပြီဖြစ်ပြီး ၁၅၃၈ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း သိရသည်။

ဖမ်းဆီး၊ သတ်ဖြတ် ခံရသူများထဲတွင် လူငယ်အများစု ပါဝင်နေပြီး တချို့ဖြစ်ရပ်များတွင် စစ်သားနှင့်ရဲတို့၏ ပစ်ခတ်မှု ကြောင့် ဒဏ်ရာရသည့် ဆန္ဒပြသူများကို တရွတ်တိုက်ဆွဲခေါ်ပြီး အချုပ်ကားများပေါ် တင်သွားခြင်းတို့ကြောင့် ဆေးကု သခွင့် မရဘဲ အသက် ဆုံးရှုံးခဲ့ရမှုများလည်း ရှိသည်။

ထို့အပြင် နေ့လယ်ဘက်တွင် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲ၊ ရိုက်နှက်ဖမ်းဆီးရုံ သာမက ရပ်ကွက်၊ လမ်းသွယ် များထဲ အထိပါ ဝင်ရောက်ကာ လေးခွများဖြင့် ပစ်ခြင်း၊ အသံဗုံးများ၊ မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခြင်းတို့ကြောင့် အိမ်ထဲ၌ နေသည့် ကလေးငယ်များပါ ထိခိုက်ဒဏ်ရာ ရကြလေသည်။

ညဘက်တွင်လည်း ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အသံဗုံးများ ပစ်ဖောက်ခြင်း၊ CDM လုပ် သည့် ဝန်ထမ်းများ၊ နိုင်ငံရေးနှင့် နှီးနွှယ်သူများကို လိုက်လံဖမ်းဆီးခြင်းတို့ ပြုလုပ်လျက်ရှိရာ ပြည်သူအချင်းချင်းက ပြည်သူ့ လုံခြုံရေးအတွက် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ကာကွယ်နေကြရပြီး ကျီးလန့်စာစား ဖြစ်နေရသည်။

ထိုအခြေအနေုဆိုးတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပျောက်ချက်သား ငြိမ်ချက်သား ကောင်းနေသည်မှာ ရှက်တတ်လျှင် ရှက်စရာကောင်းသည်။

MNHRC အနေဖြင့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း ဥပဒေများ အား လိုက်နာမှုရှိ၊ မရှိကို စောင့်ကြည့်လေ့လာခြင်း၊ လူ့အခွင့်အရေး ဖောက်ဖျက်ကြောင်း တိုင်တန်းချက် (သို့) စွပ်စွဲချက် များနှင့် ပတ်သက်၍ စိစစ်ပြီး စုံစမ်းစစ်ဆေးခြင်းတို့ ပြုလုပ်ခြင်း မရှိခဲ့ပေ။

လူ့အခွင့်အရေး ကော်မရှင်ပီပီ ပြည်သူ၏ တိုင်တန်းချက် (သို့) စွပ်စွဲချက်အရ ဖြစ်စေ၊ သတင်းအရ ဖြစ်စေ လူ့အခွင့် အရေး ဖောက်ဖျက်မှု ဖြစ်ပွားသည့်နေရာသို့ သွားရောက်စစ်ဆေးရန်လည်း ပျက်ကွက်ခဲ့သည်။

ထိုလူ့အခွင့်ရေး ကာကွယ်ပေးမှုများ ပျက်ကွက်နေသော်လည်း ကော်မရှင်၏ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က CDM တွင် ပါဝင်နေသော ရုံးအဖွဲ့သားများကိုပင် အတင်းအကြပ် ရုံးပြန်တက်ခိုင်းနေသည့် ညွှန်ကြာချက်တစောင် လူမှုကွန်ရက် တွင် ပျံ့နှံ့နေသည်။

ထို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် နှင့် ရဲတပ်ရင်းများတွင် ဒုတိယ ရဲမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၀၅ တွင် အငြိမ်းစား ယူခဲ့သူ ဦဘုန်းကြွယ်ကို ပြည်သူက အွန်လိုင်းပေါ်တွင် လူမှုရေးပြစ်ဒဏ်ခတ်ခြင်း (Social Punishment) ကမ်ပိန်းကို ပြုလုပ်လျက်ရှိကြသည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်၍ MNHRC အဖွဲ့ဝင်များက ရေငုံနှုတ်ပိတ်နေသော်လည်း လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်သိဝန်ထမ်းများက ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ထောက်ခံရပ်တည်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက ကြေညာ ချက်တစောင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ပြည်သူအများ လူ့အခွင့်အရေး ပြင်းထန်စွာ ချိုးဖောက်ခံရပြီး အပြစ်မဲ့ သေကြေပျက်စီးနေသည်ကို မျက်ကွယ်ပြုထားသည့် ကော်မရှင်အစား စစ်မှန်ပြီး လွတ်လပ်သော၊ တရားမျှတမှုကို ရှေးရှုပြီး နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများကို လေးစားလိုက်နာ မြှင့်တင်သော ကော်မရှင်အသစ်ပြန်လည် ဖွဲ့စည်းပေးရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)ထံ တောင်းဆိုမှု များလည်း ရှိနေသည်။

ထိုကဲ့သို့သော မိမိတို့ ထမ်းဆောင်ရမည့် အဓိက တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေး ကော်မရှင်မှာ ဆက်လက်တည်ရှိရန် မသင့်တော်တော့ပါကြောင်း။

You may also like these stories:

စစ်တပ်၏ ညပိုင်း အကြမ်းဖက် ဖမ်းဆီးမှု များလာ၊ တက္ကသိုလ်များကိုလည်း စီးနင်းထား

လမ်းမထက် ခြောက်သွေ့မသွားမည့် သွေးစက်များ

စေတနာ့ဝန်ထမ်းများကို ပစ်မှတ်မထားရန် မြန်မာနိုင်ငံကြက်ခြေနီအသင်း ထုတ်ပြန်

Your Thoughts …
Tags: CDMMNHRCစစ်အာဏာသိမ်းမှုအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
နှစ်များစွာ ဖွင့်လှစ်ထားရှိထားသော မယ်ဟောင်ဆောင်ရှိ ကယန်းဒုက္ခသည်ရွာ/ဧရာဝတီ

မြန်မာဒုက္ခသည်သစ်များ လက်ခံရန် ထိုင်းပြင်ဆင်

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ / Kyaw Thu's Facebook

ဦးကျော်သူနှင့် ဇနီး ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစား မလုပ်ကြောင်း သမီးဖြစ်သူ ဖွင့်ဟ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved