• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

by အောင်မျိုးမင်း
12 March 2021
in သူ့အတွေး သူ့အမြင်
A A
ရန်ကုန်မြို့တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူများက R2P ကို တောင်းဆိုနေကြစဉ်/Facebook

ရန်ကုန်မြို့တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူများက R2P ကို တောင်းဆိုနေကြစဉ်/Facebook

17.6k
VIEWS
Share on FacebookShare on Twitter

R2P (Responsibility to Protect) ဆိုတာ အကာအကွယ်ပေးရန် တာဝန်ရှိမှုလို့ အဓိပ္ပါယ်ပြန်နိုင်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးစုသုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ကမ္ဘာ့ထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မူဝါဒဖြစ်ပါတယ်။

R2P ဟာ နိုင်ငံတကာဥပဒေတခု မဟုတ်ပါဘူး။ နိုင်ငံတကာစာချုပ်တခုလည်း မဟုတ်တဲ့အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ဥပဒေစည်း‌‌နှောင်မှုမျိုးလည်း မရှိပါဘူး။ အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ မဖြစ်အောင် ဝိုင်းဝန်းကာကွယ်ပေးဖို့ သဘောတူထားတဲ့ နိုင်ငံရေးမူတခုပဲ ဖြစ်ပါတယ်။

ဘယ်လိုကျူးလွန်မှုတွေက R2P နဲ့ အကြုံးဝင်သလဲ။

နိုင်ငံတနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို အောက်ပါ ရာဇဝတ်မှု ၄ မျိုးကျူးလွန်နေတာကနေ မကာကွယ်နိုင်ရင် R2P နဲ့ အကြုံးဝင်ပါပြီ။

(၁) လူမျိုးတုံးသတ်ဖြတ်မှု (Genocides) – လူမျိုး၊ ဘာဘာဝင်တခုကို ဦးတည်ကျူးလွန်တာ
(၂) စစ်ရာဇဝတ်မှု (War Crimes) – စစ်ပွဲကာလအတွင်း ကျူးလွန်တာ
(၃) လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ( Crime Against Humanity) အရပ်သားများအပေါ် ဆိုးဆိုးဝါးဝါး ကျူးလွန်တာနဲ့
(၄) လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) လူမျိုးစုတစုကို ဦးတည်ကျူးလွန်တာ တို့ဖြစ်ပါတယ်။

ဘာကြောင့် R2P အယူအဆပေါ်လာတာလဲ။

၁၉၉၀ ကျော်ကာလက အဖြစ်အပျက်တွေကို အခြေခံပြီးဖြစ်ပေါ်လာတာပါ။ ကိုဆိုဗိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝိုင်းဝန်းအရေးယူဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမယ့် ဝင်သင့် မဝင်သင့် ငြင်းခုန်ရင်း အချိန်တွေကြာခဲ့ပါတယ်။ နေတိုး{NATO) ကတော့ စစ်အင်အားသုံးပြီး ဝင်ရောက်ဖြေရှင်းခဲ့ပါတယ်။

နောက်ပိုင်းမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဗီအာနန်ကနေ ဝင်ရောက်ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး “နိုင်ငံရဲ့ အချုပ်အခြာအာဏာ” ဆိုတဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်လာတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာဆိုတဲ့ စကားလုံးအောက်မှာ ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တာကို လက်ပိုက်ကြည့်မနေသင့်ဘူးဆိုတဲ့ အယူအဆဖြစ်လာတယ်။

၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှာတော့ R2P ဟာ တက်ရောက်လာတဲ့ နိုင်ငံတွေအားလုံးက သဘောတူခဲ့တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မူဝါဒဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်သီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ထဲမှာ ရာဇဝတ်အမျိုးအစား ၄ မျိုးကို ကျူးလွန်တာဖြစ်ရမယ်။ ဘယ်လိုမျိုးဝင်ရောက်ဖြေရှင်းမှူမျိုးဆိုတာကို မဖော်ပြထားဘူး။ လုံခြုံရေးကောင်စီတခုထဲကသာ ဝင်ရောက်ဖြေရှင်းမှုကို ခွင့်ပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။

R2P မှာ ဘယ်လိုမဏ္ဍိုင်တွေရှိလဲ။

ပထမဆုံးကတော့ နိုင်ငံတိုင်းဟာ သူနိုင်ငံတွင်းမှာရှိတဲ့ပြည်သူတွေကို သတ်မှတ်ထားတဲ့ ရာဇဝတ်မှု ၄ မျိုးကနေ ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါဘဲ။

ဒုတိယကတော့ သက်ဆိုင်ရာ နိုင်ငံကနေ ဒီလိုကာကွယ်ပေးရမယ့် တာဝန်တွေထမ်းဆောင်နိုင်ဖို့ နိုင်ငံတကာကနေ အားပေးရမယ်၊ ကူညီပေးရမယ်။

တတိယကတော့ တကယ်လို့ သက်ဆိုင်ရာနိုင်ငံအနေနဲ့ ကာကွယ်ပေးဖို့ ပျက်ကွက်ပြီ ဆိုရင် နိုင်ငံတကာကနေ သင့်လျော်တဲ့လုပ်ဆောင်မှုကို စုပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ရမယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းနဲ့ ကိုက်ညီရမှာဖြစ်ပြီး အချိန်ကိုက်နဲ့ အထိရောက်ဆုံး အခြေအနေမျိုးဖြစ်ရမယ်။

ဒါပေမယ့် ဒီမူဝါဒတွေကို ဘယ်လိုအချိန်ကာလမျိုး သို့မဟုတ် ဘယ်လိုအခြေအနေမျိုးနဲ့ တိုင်းတာလုပ်ဆောင်ရမလဲ ဆိုတာကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။

ဆိုလိုတာကတော့ ကိုယ့်ပြည်သူတွေကို ကာကွယ်ဖို့က ကိုယ့်အစိုးရရဲ့တာဝန်ဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရက ကာကွယ်ပေးနိုင်အောင် နိုင်ငံတကာက ကူညီအားပေးရမယ်။ သက်ဆိုင်ရာ အစိုးရကနေ နောက်ဆုံးဘယ်လိုမှ မကာကွယ်ပေးတော့မှသာ အချိန်ကိုက် လုပ်‌ဆောင်ရမယ်လို့ ဆိုပါတယ်။

ဒါဆိုရင် R2P ကို ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲ။

အချက် ၂ ချက်လိုပါတယ်။

ပထမအချက်ကတော့ ရာဇဝတ်မှု ၄ မျိုးကျူးလွန်နေတာကို သက်ဆိုင်ရာအစိုးရက မကာကွယ်ပေးနိုင် တော့တဲ့အခါ သို့မဟုတ် မကာကွယ်ပေးလိုတဲ့အခါ ဥပမာ အစိုးရကိုယ်တိုင်က ကျူးလွန်နေတဲ့အခါ R2P ကို စတင်စဉ်းစားလာပါပြီ။

ဒုတိယအချက်ကတော့ တခြားနည်းလမ်းနဲ့ ဖြေရှင်းခဲ့ပေမယ့် အောင်မြင်မှုမ ရရှိနိုင်တော့တဲ့ နောက်ဆုံး အခြေအနေမျိုးမှသာ ဝင်ရောက်ဖြေရှင်းလို့ ရပါတယ်။

ဒါကြောင့် အကြုံးဝင်တဲ့ ရာဇဝတ်မှု ၄ မျိုးဖြစ်ကြောင်း ခိုင်မာဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ အစိုးရက ကာကွယ်နိုင်စွမ်း မရှိတော့တာ သို့မဟုတ် သူကိုယ်တိုင်ချိုးဖောက်နေတဲ့အကြောင်း သက်သေထင်ရှားဖို့ လိုပါတယ်။ တခြားသော နည်းလမ်းတွေသုံးပြီး ရပ်တံ့အောင် ကြိုးစားပေမယ့် မကာကွယ်ပေးနိုင်တာကို ပြသဖို့လိုပါတယ်။

R2P ဆိုတာ စစ်ရေးအရ အရေးယူတာမျိုး သက်သက်လား။

မဟုတ်ပါဘူး။ စစ်ရေးအရ ဝင်ရောက်ဆောင်ရွက်တာက နောက်ဆုံးနည်းဖြစ်လေ့ရှိပါတယ်။ တကယ်တော့ R2P လုပ်ငန်းစဉ်တွေထဲမှာ သံတမန်နည်းအရ ညှိနိူင်းတာ၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာ၊ စီးပွားရေးပိတ်ဆို့တာ အမျိုးမျိုးရှိပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂချာတာအရ ငြိမ်းချမ်းရေး ပျက်စီးရန်အ န္တရာယ်ရှိရင် သို့မဟုတ် ငြိမ်းချမ်းရေးကို ဖောက်ဖျက်ရင် သို့မဟုတ် ငြိမ်းချမ်းရေးကို စော်ကားကျူးကျော်တဲ့ လုပ်ရပ်ကို လုပ်လာခဲ့ရင် ချာတာရဲ့ အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲအပ်နိုင်ပါတယ်။

လုံခြုံရေးကောင်စီကို အာဏာလွှဲပြီဆိုရင်တော့ စစ်ရေးအရ သို့မဟုတ် စစ်ရေးမပါဘဲ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးတည်ဆေက်ရေးကို လုပ်ဆောင်ခွင့် ရှိလာပါတယ်။

R2P ကို ဘယ်နိုင်ငံတွေမှာ သုံးခဲ့ပါသလဲ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက R2P ဝင်ရောက်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့နိုင်ငံတွေကတော့ လစ်ဗျား၊ အိုင်ဗာရီ ကို့စ်၊ မာလီ၊ ဆူဒန်နှင့် တောင်ဆူဒန်၊ ယီမင်နိုင်ငံတို့ဖြစ်ပါတယ်။

R2P နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိခဲ့ပါသလား။

ဝင်‌ရောက်ဆောင်ရွက်ဖို့နဲ့ပတ်သက်ပြီး ဝင်သင့် မဝင်သင့်ဆွေးနွေးတဲ့အခါတိုင်း တချို့နိုင်ငံတွေက “နိုင်ငံတော်အချုပ်အခြာ” ဆိုတဲ့အချက်နဲ့ ကန့်ကွက်လေ့ရှိပါတယ်။ ဒီလိုမျိုး ကန့်ကွက်တာကြောင့် ဆုံးဖြတ်ချက်ချရာမှာ အချိန်တွေကြာမြင့်တတ်သလို အ‌ရေးယူဆောင်ရွက်လုပ်ငန်း လုပ်လို့ မရတာမျိုးတွေ ရှိပါတယ်။

မြန်မာအခြေအနေနဲ့ R2P လာနိုင်မလား

ပထမဦးဆုံး R2P အတွက် အကြုံးဝင်တဲ့ ရာဇဝတ်မှု ၄ မျိုးနဲ့ ချိန်ထိုးကြည့်ရအောင်။ မြန်မာနိုင်ငံက စစ်တပ်ဟာ ဒီရာဇဝတ်မှုတွေနဲ့ နောက်ကြောင်းကင်းပါလား။

မကင်းပါဘူး။ ကုလသမဂ္ဂမှာ လူ့အခွင့်အ‌ရေးအကြောင်း ကြားနာစစ်ဆေးတိုင်း လူ့အခွင့်အရေးချိုးဖောက်တဲ့ အမည်စာရင်းမှာ ထိပ်ဆုံးက ပါခဲ့တာ ၁၉၉၁ ခုနှစ်ထဲကပါ။ ဒါကြောင့် ကုလသမဂ္ဂရဲ့ အထူးလုပ်ထုံးလုပ်နည်း (Special Procedure) မာထည့်သွင်းခံထားရပြီး စာရင်းထဲမှာ ကာလအကြာဆုံး သွင်းခံရတဲ့ သမိုင်းဝင်နိုင်ငံလည်း ဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီမှာရော အထွေထွေ ညီလာခံမှာရော နှစ်စဉ်နှစ်တိုင်း အထူးအစည်းအဝေးခေါ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အ‌ရေးအကြောင်းကို တင်ပြဆွေး‌‌နွေး ခံရရုံသာမက နှစ်တိုင်း ဆုံးဖြတ်ချက်တွေ ချမှတ်ခံရနေတာဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ်ပြင်းထန်တဲ့ လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice- ICJ) မှာ တရားရင်ဆိုင်နေရဆဲဖြစ်သလို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (International Criminal Court – ICC) မှာလည်း နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်လို့ ခုံရုံးတင်နိုင်ဖို့ ကြိုးပမ်းနေတာတွေ ရှိပါတယ်။

R2P မှာ အကြုံးဝင်တဲ့ ရာဇဝတ်မှု ၄ မျိုးတွေဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု (Genocides)၊ စစ်ရာဇဝတ်မှု (War Crimes) လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ( Crime Against Humanity) နဲ့ လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) ဆိုတဲ့ အမျိုးအစား ၄ မျိုးထဲက ပထမသုံးမျိုးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ်လို့ စွပ်စွဲခံနေရပြီးသားပါ။ သက်သေအထောက်အထားများစွာကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။

အခုလို နိုင်ငံတကာရာဇဝတ်မှုတွေကို စစ်တပ်က ချိုးဖောက်နေတာကို အချက်အလက် စုဆောင်းနေတဲ့ မြန်မာနိုင်ငံ အချက်အလက်စုံစမ်းရေး ယန္တယား (IIMM) ကလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့ဖမ်းဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပမ်းမှုတွေကို သူတို့ရဲ့ အချက်အလက် စုံစမ်းနိုင်မှုဘောင်နဲ့ အကြုံးဝင်ပြီး စုဆောင်းစုံစမ်းသွားမယ်လို့လည်း ကြေညာထားပြီးသားဖြစ်ပါတယ်။

အခု ကျူးလွန်နေတဲ့ လုပ်ရပ်တွေက R2Pက သတ်မှတ်ထားတဲ့ ရာဇဝတ်မှုမြောက်ပါသလား။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့ဖမ်းဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပမ်းမှုတွေဟာ စစ်ပွဲအတွင်း ကျူးလွန်တာ မဟုတ်လို့ စစ်ရာဇဝတ်မှုလို့ ပြောရခက်ပါတယ်။ လူမျိုးနွယ် လူအုပ်စုတစုကို ဦးတည်ပြီး ပစ်မှတ်ထားလုပ်ဆောင်တာမဟုတ်လို့ လူမျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်လို့မရပါဘူး။

ဒါပေမယ့် ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတာ၊ သတ်ဖြတ်တာတွေဟာ နိုင်ငံတကာ ရာဇဝတ်မှုတခုဖြစ်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) မြောက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိဟောင်း ရန်ဟီးလီနဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သော်မတ်အင်ဒရူးတို့နှစယောက်လုံးက အခုလိုလုပ်ရပ်တွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ အတိအလင်းပြောကြားထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် R2Pနဲ့ သက်ဆိုင်တဲ့ ရာဇဝတ်မှုမြောက်နေပါပြီ။

R2P ဟာ တခြားနည်းလမ်းတွေနဲ့ကြိုးပမ်းပြီး မစွမ်းဆောင်နိုင်မှ လုပ်ဆောင်ရတဲ့ နောက်ဆုံးနည်းလမ်းဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဆီလျော်ရဲ့လား။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းမှုနဲ့ အတူ ခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့အပေါ်နဲ့ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းမှုအပေါ် စိုးရိမ်ကြောင်းနဲ့ ရူတ်ချကြောင်း ကြေညာပြောဆိုချက်တွေဟာ နိုင်ငံတကာမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အထွေ‌ထွေအတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့က စိုးရိမ်မှုတွေ ဖော်ပြခဲ့ပါတယ်။ လုံခြုံရေးကောင်စီမှာရော လူ့အခွင့်အ‌ရေးကောင်စီမှာပါ မြန်မာနိုင်ငံအတွက် အရေးပေါ်အစည်းအဝေးတွေခေါပြီး အကြမ်းဖက်မှုတွေရပ်တံ့ဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိတွေကလည်း စုပေါင်းပြီး အာဏာသိမ်းမှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်တင်ဝေဖန့်ကြပါတယ်။

နိုင်ငံအလိုက် အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့ပေမယ့်
အကြမ်းဖက်နှိမ်နှင်းမှု သတ်ဖြတ်မှု ဖမ်းဆီးမှုတွေက တနေ့ထက်တနေ့ ပိုများလာပါတယ်။ ညအချိန် ကာဖျူးထုတ်ပြီး ဖမ်းဆီးရာကနေ နေ့အချိန်အိမ်ထဲဝင်ပြီး ဖမ်းဆီးမှုတွေ များလာခဲ့တယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မနဲ့ သတင်းသမားတွေကိုလည်း ဖမ်း၊ ကင်းစောင့်လည်း ဖမ်း၊ သံဗုံးတီလည်း ဖမ်းဆီးခံနေရတဲ့အခြေအနေထိ ဆိုးလာပါပြီ။ တခြားသော သံတမန်နည်းတွေကနေ တဆင့်တိုးဖို့ လိုအပ်နေတဲ့အချိန်ပါ။

R2P ကို ခေါ်တဲ့ ဒေါက်တာဆာဆာရဲ့ တောင်းဆိုချက်က တရားဝင်မှုရှိရဲ့လား။

စစ်ကောင်စီကို အခုအချိန်အထိ ကုလသမဂ္ဂမှာ အသိအမှတ်မပြုသေးပါဘူး။ ပြည်သူဖက်က ရပ်တည်နေတဲ့ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက် အသိအမှတ်ပြုနေဆဲဖြစ်ပါတယ်။ သူကလည်း ဆက်လက်တာဝန်ထမ်း‌ဆောင်နေသလို ဒေါက်တာဆာဆာနဲ့အတူ တချို့နိုင်ငံကြီးတွေက လက်ခံတွေ့ဆုံနေလျက်ရှိပါတယ်။ ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုခြင်းဟာ စစ်ကောင်စီကို လက်မခံခြင်းပါ။

တဖက်ကလည်း CRPH စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့အတွက် သူတို့ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာက တားဆီးဖို့ အခွင့်သာနေပါပြီ။ အဓိကကတော့ ပြည်သူတွေက CRPH ကို ထောက်ခံမှု ပိုပြသပြီး R2P ကို တောင်းဆိုကြောင်းသက်သေပြဖို့ လိုပါတယ်။

စိန်ခေါ်မှုက ဘာရှိနိုင်လဲ

လုံခြုံရေးကောင်စီကို ဖြတ်သန်းရမှာဖြစ်တဲ့အတွက် ဗီတိုကိုကိုင်ပြီး သုံးဖို့ စောင့်နေတဲ့ တရုတ်ရယ် ရုရှားရယ်က အဓိက အတားအဆီးဖြစ်ပါလိမ့်မယ်။

RelatedPosts

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
970
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 January 2026
1.5k

မြန်မာနိုင်ငံအကြောင်းကို လုံခြုံရေးကောင်စီမှာဆွေး‌နွေးတိုင်း စကားလုံးမပြင်းထန်ဖို့ အရေးယူဆောင်ရွက်တွေ မပေါ်အောင် အမြဲတမ်း ကာကွယ်တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ အရင်ကလောက်ပြင်းပြင်းထန်ထန် ပိတ်ပင်ဟန့်တားတာမျိုး မရှိတော့ပေမယ့် မြန်မာနိုင်ငံကို အရေးယူဆောင်ရွက်ဖို့လောက်အထိတော့ အာသီသရှိမှာ မဟုတ်ပါဘူး။

မလွယ်ကူတာမှန်ပေမယ့် မဖြစ်နိုင်ဘူးလို့ မယူဆပါနဲ့။ ပြည်တွင်းအင်အားနဲ့ ဖြစ်လာအောင် ကြိုးပမ်းလို့ ရနိုင်ပါတယ်။ CRPH ရယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရယ် ‌ဒေါက်တာဆာဆာနဲ့ ဦးထင်လင်းအောင်တို့ရဲ့ တရားဝင်မှုကို ထောက်ခံပြီး ဝန်းရံပေးဖို့အ‌ရေးကြီးတယ်။

‌ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များရဲ့ ကော်မတီအဆင့်က ပြည်သူတွေက တရားဝင်ထောက်ခံထားတဲ့ အစိုးရအဖြစ် ခြေလှမ်းလှမ်းဖို့လိုသလို ပြည်သူတွေကလဲ တခဲနက်ထောက်ခံဖို့ လိုပါမယ်။

ပြည်သူတွေကထောက်ခံမှသာ နိုင်ငံတကာအလည်မှာ ကိုယ်စားပြု တရားဝင်မှုကို ရရှိနိုင်မှာဖြစ်တဲ့အတွက် အားပေးဝန်းရံကြပါ။ လမ်းပေါ်က အသံတွေ တူညီရပါမယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို အရှိန်မလျော့အောင် အားထုတ်ကြပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြတာဆိုတာ ခေါင်းထိုးပေးပြီး ရိုက်သမျှ ခံတာမျိုးမဟုတ်ဘဲ ထိခိုက်မှု နည်းနိုင်သမျှ အနည်းဆုံးနဲ့ ကာကွယ်ပြီး အောင်မြင်အောင် ကြံဆလုပ်ဆောင်နိုင်ခြင်းမျိုးဆိုတာ သတိပြုစေချင်ပါတယ်။

တဖက်ကလည်း စစ်ကောင်စီရဲ့ တရားမဝင်မှုကို ဖော်ထုတ်ရုံသာမက အုပ်ချုပ်မှုယန္တယား လည်ပတ်မှုပျက်အောင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်တာဖြစ်ပါတယ်။ CDM လှုပ်ရှားမှု အားကောင်းလာစေဖို့နဲ့ ရေရှည်တောင့်ခံနိုင်ဖို့အတွက် မျိုးဆက်အသီးသီးက တာဝန်ကျေဖို့ လိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု အဖြစ်အပျက်တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအကြောင်းကို စနစ်တကျမှတ်တမ်းတင်ပါ။ ဒီအရာတွေဟာ နိုင်ငံတကာ တရားဥပဒေကိုဖော်ဆောင်တဲ့အခါမှာ အရေးကြီး အသုံးဝင်တဲ့ အချက်အလက် သက်သေတွေ ဖြစ်လာနိုင်ပါတယ်။

နောက်တချက်ကတော့ စစ်တပ်ပိုင်နဲ့ တရုတ်စီးပွားရေးကုန်ပစ္စည်းတွေကို သပိတ်မှောက်ပါ။ ဘယ်လိုနည်းနဲ့မှ သူတို့တွေရဲ့အကျိုးအမြတ်တိုးပွားအောင် မလုပ်ဆောင်ပါနဲ့။

ပြည်တွင်းရဲ့ လုပ်ဆောင်ချက်တွေကသာ နိုင်ငံတကာအရေးယူဆောင်ရွက်မှုကို အားကောင်းစေတာဖြစ်တယ်။

R2P လမ်းကြောင်းကို လျှောက်နိုင်ဖို့ အတားအဆီးတွေကို ဆုတောင်းနေယုံနဲ့ ကျော်နိုင်မှာ မဟုတ်ပါဘူး။ မျှော်လင့်တောင့်တနေရုံနဲ့ နိုင်ငံတကာ ကယ်တင်ရှင်ရောက်လာမှာ မဟုတ်ပါဘူး။

အားတွေမလျှော့ဘဲ ဆက်လက်ကြိုးပမ်းကြဖို့တော့ လိုပါတယ်။

အရေးတော်ပုံ အောင်ရမည်။

(စာရေးသူသည် Equality Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်။)

You may also like these stories:

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ

Your Thoughts …
Tags: R2Pကုလသမဂ္ဂစစ်အာဏာသိမ်းဒေါက်တာဆာဆာမြန်မာ့နွေဦးတော်လှန်ရေးလုံခြုံရေးကောင်စီလူ့အခွင့်အရေး
အောင်မျိုးမင်း

အောင်မျိုးမင်း

Contributor

Similar Picks:

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်

စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်

by Igor Blazevic
16 December 2023
17.3k

၁၀၂၇ နှင့် ၁၁၁၁ စစ်ဆင်ရေး အောင်မြင်မှုများအပြီးတွင် သံတမန်စစ်ဆင်ရေး ၀၁၂၄ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ) က ဆက်လက် လိုက်ပါရမည်ဖြစ်သည်။

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

Next Post
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်ယာလုပ်ငန်းခွင်တခု  / ဧရာဝတီ

နိုင်ငံရေး မတည်ငြိမ်မှုက ဆန်စပါးဈေးကွက်ကိုပါ ရိုက်ခတ်

ဆန္ဒပြပွဲများကို နှိမ်နင်းသည့် ဗီဒီယို ၅၀ ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အတည်ယူခဲ့သည်

လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved