• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
in သူ့အတွေး သူ့အမြင်
A A
အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

Miss Grand International 2024 ဆုရသူများ

16.1k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ ထိုင်းနိုင်ငံ၊ ဖူးခက်မှာ ပြုလုပ်ခဲ့တဲ့ Miss Grand International 2024 မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခဲ့တဲ့ Miss Grand Myanmar သဲစုညိမ်းက တတိယဆု (Second Runner-Up) ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ထိုင်းနိုင်ငံအခြေစိုက် Miss Grand International က “စစ်ပွဲနဲ့အကြမ်းဖက်မှုတွေ ရပ်” ဆိုတဲ့ ကြွေးကြော်မှုနဲ့ ဦးစီးလုပ်ဆောင်တဲ့ အလှမယ်ပြိုင်ပွဲတခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအခြေစိုက် Miss Grand International က စတင်တည်ထောင်စဉ် ၂၀၁၃ ခုနှစ်ကတည်းက ပြိုင်ပွဲဝင်များကို နှစ်စဉ် စေလွှတ်ခဲ့ပါတယ်။ အခုနှစ်မှာတော့ မြန်မာပြည် ကိုယ်စားပြုနဲ့အဖွဲ့ဟာ နိုင်ငံအတွက် အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒါရိုက်တာဖြစ်သူ ထူးအံ့လွင်က မြန်မာကိုယ်စားပြုရဲ့ တတိယဆု ရရှိခြင်းအပေါ် မကျေနပ်လက်မခံနိုင်လို့ဆိုကာ သရဖူနဲ့ ဆုစလွယ်ကို ပွဲအပြီးမှာ ဖြုတ်ယူခဲ့သလို ပြန်အပ်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒီလို ဖြုတ်ယူတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်အကြား ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပါတယ်။

ဒါ့ပြင် ဒါရိုက်တာဖြစ်သူက အခုပြိုင်ပွဲဟာ အဂတိမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ရလဒ်အနေနဲ့ Miss Grand International က မြန်မာကိုယ်စားပြု ရရှိခဲ့တဲ့ဆုကို ပြန်လည် ရုပ်သိမ်းခဲ့သလို မြန်မာနိုင်ငံရဲ့ ဒါရိုက်တာဖြစ်သူ ထူးအံ့လွင်ကိုလည်း Miss Grand International ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရာသက်ပန် တားမြစ်ကန့်သတ်လိုက်ပါတယ်။

ဒီလို အနိုင်အရှုံးကို လက်ခံနိုင်တဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ် မရှိတဲ့ ဒါရိုက်တာနဲ့ ပြိုင်ပွဲဝင်တို့ရဲ့ လုပ်ရပ်ဟာ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ကန်ပါ။ မနှစ်မြို့စရာ အပြုအမူပါ။

ဒီလို အနိုင်အရှုံးကို လက်ခံနိုင်တဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ် မရှိတဲ့ ဒါရိုက်တာနဲ့ ပြိုင်ပွဲဝင်တို့ရဲ့ လုပ်ရပ်ဟာ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ကန်ပါ။ မနှစ်မြို့စရာ အပြုအမူပါ။

Miss Grand International ရဲ့ Instagramမှာ ပရိသတ်ပေါင်း ၅ ဒသမ ၉ သန်းခန့်၊ Facebookမှာ ၈ သန်းခန့်နဲ့ YouTube မှာ ၁ ဒသမ ၉ သန်းခန့်အပြင် ကြည့်ရှုသူ ၂ ဒသမ ၅ သန်းခန့်လည်း ရှိပါတယ်။ ဒါကြောင့် ဒီစင်မြင့်ဟာ ဆိုရှယ်မီဒီယာမှာ အနည်းဆုံး ၁၅ ဒသမ ၈ သန်းခန့်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါ။

ဒီလို ပရိသတ် သန်းပေါင်းများစွာရှိတဲ့ နိုင်ငံတကာပြိုင်ပွဲစင်မြင့်မှာ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်တယ်ဆိုတာ နိုင်ငံနဲ့ နိုင်ငံတွင်း လူထုရဲ့ ဂုဏ်သိက္ခာကို နိုင်ငံတကာမျက်နှာစာမှာ မြင့်တက်အောင် လုပ်ကြရတာပါ။ ဒါပေမယ့် အခု မြန်မာကိုယ်စားပြုပြိုင်ပွဲဝင်နဲ့ အဖွဲ့ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာမှာ မြန်မာရဲ့ ဂုဏ်သိက္ခာ မတက်စေခဲ့တဲ့အပြင် မြန်မာလူထုအပေါ် နိုင်ငံတကာပရိသတ်အကြား အမုန်းပွားစရာပါ ဖြစ်စေခဲ့ပါတယ်။

သရဖူနဲ့ ဆုစလွယ်ကို ပွဲအပြီးမှာ ဖြုတ်ယူခဲ့တဲ့လုပ်ရပ်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက်လည်း အရှက်ရစရာပါ

အိမ်ရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား သန်းပေါင်းများစွာ ရှိပါတယ်။ အခုလိုလုပ်ရပ်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက်လည်း အရှက်ရစရာ ဖြစ်ပါတယ်။

Miss Grand International ဟာ အလှမယ်ပြိုင်ပွဲတခုလို့ ဆိုရပေမယ့် ၎င်းရဲ့ ကြွေးကြော်မှုဟာ “စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေ ရပ်” ဆိုပြီး ဖြစ်ပါတယ်။ Miss Grand International ကို အနိုင်ရသူဟာ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်စခန်းတွေကို သွားရောက်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို အနိုင်ရအလှမယ်နဲ့ ပြိုင်ပွဲရဲ့ ကျော်ကြားမှုကို အခြေခံ လှုပ်ရှားဆောင်ရွက်ကြရပါတယ်။

ဒါကြောင့် ဒီပြိုင်ပွဲစင်မြင့်ဟာ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေ နေ့စဉ်ရက်ဆက် ခံစားနေရတဲ့ မြန်မာပြည်သူတွေရဲ့ ပကတိ အခြေအနေကို နိုင်ငံတကာက သိအောင် ပြောပြနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

ပဋိပက္ခနဲ့ စစ်ပွဲတွေကြားက မြန်မာပြည်ကို ကိုယ်စားပြုတဲ့ ပြိုင်ပွဲဝင်တယောက်အတွက် မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်က အင်မတန် ရိုးရှင်းပါတယ်။ “စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေ ရပ်” ဆိုပြီး ကြွေးကြော်တဲ့ နိုင်ငံတကာစင်မြင့်မှာ စစ်ပွဲနဲ့ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်နေကြရှာသူ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုပေးဖို့ ဖြစ်ပါတယ်။

ဒါကြောင့် စစ်မီးတောက်နေတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုမှုဆိုတာ သရဖူဆောင်းပြီး ပြိုင်ပွဲမှာ အနိုင်ယူရေးထက် ပိုတဲ့ လေးနက်မှုတွေ ရှိသင့်ပါတယ်။

ဒါပေမယ့် အခုနှစ် မြန်မာကိုယ်စားပြုဟာ ပြိုင်ပွဲမှာ မြန်မာလူထုရဲ့ အတိဒုက္ခကို လှစ်ဟပြဖို့ ပျက်ကွက်ခဲ့ရုံမက နိုင်ငံသူ နိုင်ငံသားတွေရဲ့ မျက်နှာကို မထောက်ထားဘဲ ပြိုင်ပွဲစင်မြင့်မှာ ပြိုင်ပွဲဝင်စိတ်ဓာတ် မပြည့်ဝစွာ ပြုမူခဲ့တဲ့ နိုင်ငံကိုယ်စားပြုမှုဟာ နိုင်ငံကို ကိုယ်စားမပြုနိုင်တဲ့အပြင် ရှက်စရာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုအလွန် စစ်မက်ကြားက မြန်မာပြည်သူတွေရဲ့ ပကတိ အရှိတရားကို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲစင်မြင့်ကို အသုံးချခဲ့ကြတဲ့ အလှမယ်တွေ ရှိခဲ့ပါတယ်။

အာဏာသိမ်းမှုအလွန် စစ်မက်ကြားက မြန်မာပြည်သူတွေရဲ့ ပကတိ အရှိတရားကို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲစင်မြင့်ကို အသုံးချခဲ့ကြတဲ့ အလှမယ်တွေ ရှိခဲ့ပါတယ်။ Miss Grand Myanmar 2020 ဖြစ်တဲ့ ဟန်လေးဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာ မြင်အောင် ချပြခဲ့ပါတယ်။ ဒီလိုချပြလို့ စစ်တပ်က ပစ်မှတ်ထာပြီး ဖိအားပေးတာခံခဲ့ရသလို ထိုင်းနိုင်ငံ ပြည်ဝင်ခွင့် ငြင်းပယ်ခံရပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) လို နိုင်ငံတကာ အဖွဲ့အစည်းတွေက တတိယနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရအောင် ကြားဝင် ကူညီပေးခဲ့ရဖူးပါတယ်။

Miss Universe Myanmar 2020 သူဇာဝင့်လွင် တုန်းကလည်း နိုင်ငံတကာစင်မြင့်ကို အသုံးချပြီး “မြန်မာအတွက် ဆုတောင်းပေးပါ” (Pray for Myanmar) ဆိုတဲ့ ဆိုင်းဘုတ်ကိုကိုင်ကာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ချပြခဲ့ပါတယ်။

အခုနှစ် မြန်မာပြည် ကိုယ်စားပြု Miss Grand Myanmar ကတော့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေကို မဆိုထားနှင့် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း အကြောင်းကိုပင် ထုတ်ဖော်ပြောကြားဖို့ ပျက်ကွက်တာက မြန်မာပြည်သူတွေအတွက် ဝမ်းနည်းစရာပါ။

Miss Universe Myanmar 2020 သူဇာဝင့်လွင်

အန္တရာယ်များလှတဲ့ အခြေအနေ၊ အကယ်၍ ဖမ်းဆီးထောင်ချခြင်း မခံရသည့်တိုင် နိုင်ငံက ထွက်ပြေးပြီး မိသားစု တကွဲတပြားဖြစ်မယ့် အရေးကြောင့် နှုတ်ဆိတ်နေတာကို ကိုယ်ချင်းစာနာစရာ ရှိပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစဉ်တလျှောက် လုပ်ရပ်တွေ (အထူးသဖြင့် နိုင်ငံကိုယ်စားပြု ဝတ်စုံပြိုင်ပွဲ) နဲ့ ပြိုင်ပွဲအပြီး ရလဒ်ကို လက်မခံမှုတွေဟာ မြန်မာပြည်ကို ကိုယ်စားပြုတယ်ဆိုတဲ့ ခံယူချက်ထက် သရဖူဆောင်းကာ ကျော်ကြားမှုရရေးကို ပိုမက်မောနေတယ်ဆိုတာ သက်သေတည်နေပါတယ်။

နိုင်ငံကိုယ်စားပြု ဝတ်စုံပြိုင်ပွဲမှာ သဲစုညိမ်းဟာ မြန်မာ့ရာဇဝင်လာ ပန်ထွာဘုရင်မ သဏ္ဍာန်ကို လေးနဲ့မြားကိုင်ပြီး ပြိုင်ခဲ့ပါတယ်။ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေရပ်လို့ ကြွေးကြော်တဲ့ ပြိုင်ပွဲမှာ စစ်မက်နဲ့ ပဋိပက္ခကို ခံစားနေရတဲ့ မြန်မာပြည်သူတွေရဲ့ အတိဒုက္ခကို ကိုယ်ချင်းစာတရား ကင်းမဲ့ပြီး ပြိုင်ပွဲရဲ့ ကြွေးကြော်သံနဲ့ လွဲလှတဲ့ ဝတ်စုံရွေးချယ်မှုကြောင့် ပြိုင်ပွဲဝင်နဲ့ အဖွဲ့ကို ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ပန်ထွာဘုရင်မရဲ့ ရာဇဝင်ဟာ လိင်အခြေပြုဖိနှိပ်မှု စံနှုန်းတွေနဲ့ ပြည့်နှက်နေတာကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူရှုရာ ရောက်တယ်လို့ လိင်ကွဲပြားမှုဆိုင်ရာ ရှုထောင့်ကနေ ကြည့်ရှုဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ပြိုင်ပွဲဝင်ခဲ့တဲ့ရက်မှာပဲ စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ၊ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက်တာ၊ ဦးခေါင်းကို ဖြတ်ပြီး ဝန်းထရံမှာ ချိတ်ထားခဲ့တာ၊ အရှင်လတ်လတ် မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ သတင်းတွေ တက်လာပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
74
သဇင်ပန်း

သဇင်ပန်း

10 January 2026
118
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k

စစ်အာဏာသိမ်းမှုအလွန်ကနေ အခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အထိ အပြစ်မဲ့ပြည်သူပေါင်း ၈,၃၇၁ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်း သုတေသနအဖွဲ့အစည်း ဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၃၃ မြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ခံစားရပြီး မြို့နယ်ပေါင်း ၉၃ ခုကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကိုလည်း ရင်ဆိုင်နေရပါတယ်။

ဒီလို တုန်လှုပ်စရာ အချက်အလက်တွေအပြင် စစ်ကောင်စီရဲ့ နေ့စဉ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေက Facebook လို လူမှုကွန်ရက်တွေနဲ့ သတင်းဌာနတွေမှာ မြင်သာလွန်းပါတယ်။ ဒီလို အကြမ်းဖက်မှု၊ ရက်စက်မှုနဲ့ တရားမမျှမှုတွေ ပြည့်နှက်နေတဲ့အချိန်မှာ မြန်မာကိုယ်စားပြုသူရဲ့ ပြည်သူတွေ ခံစားရမှုကို မျက်ကွယ်ပြုပြီး လူသတ်လက်နက်ကို ကိုင်ဆွဲကာ စင်မြင့်ပေါ်တက်လာတာ ပြည်သူကို ကိုယ်စားပြုလိုစိတ် ရှိရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

အခုလို စစ်အာဏာသိမ်းမှု အလွန်ကာလ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း မြင့်မားချိန်၊ ပြည်တွင်းစစ်မီး တောက်နေချိန်၊ အကြမ်းဖက်မှုတွေ ပြည့်နှက်နေချိန်မှာ အလှမယ်ပြိုင်ပွဲ စင်မြင့်တခု (ဒါမှမဟုတ်) အားကစားပြိုင်ပွဲတခုပင် ဖြစ်လင့်ကစား မြန်မာပြည်အတွက် ကိုယ်စားပြုမှုဟာ အခုလို အရှက်ရစရာ လုပ်ဆောင်မှုတွေထက် အများကြီး လေးနက်မှု ရှိဖို့ လိုပါတယ်။

ဒါပေမယ့် အခုနှစ် Miss Grand Myanmar 2024 နဲ့ အဖွဲ့ရဲ့ ပြိုင်ပွဲစဉ်တလျှောက် နိုင်ငံတကာစင်မြင့်ပေါ်က လုပ်ရပ်တွေဟာ အတိဒုက္ခ ပြည့်နှက်နေတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ကရုဏာသက်မှုကို မဆောင်ကျဉ်းနိုင်ရုံမက အမုန်းပွားမှုကိုပါ ပိုတိုးစေပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒုက္ခကို စာနာသောအားဖြင့် ပြိုင်ပွဲရဲ့ ရလဒ်ကို လက်ခံပြီး Miss Grand Myanmar ရဲ့ အကြမ်းဖက်မှုနဲ့ စစ်ပွဲရပ်တန့်ရေး လုပ်ငန်းစဉ်တလျှောက်မှာ တထောင့်တနေရာက ပါဝင်လုပ်ဆောင်ရင်တောင် မြန်မာပြည်အတွက် အကျိုးတစုံတရာ ရှိတန်ရာ ဖြစ်ပါတယ်။

အခုတော့ မြန်မာကိုယ်စားပြုဆိုတဲ့ ခေါင်းစဉ်ကို အသုံးချပြီး ကျော်ကြားမှုနဲ့ သရဖူကို ရယူလိုမှုအတွက် လုပ်ခဲ့တဲ့ အမှားတွေကြောင့် အခုနှစ် မြန်မာကိုယ်စားပြုနဲ့ အဖွဲ့ဟာ နိုင်ငံတခုလုံးအတွက် အရှက်ရစရာသာ ဖြစ်ခဲ့ပါတယ်။

(ဥသြသည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံကျောင်းသားဟောင်း တဦးဖြစ်ပြီး မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သုတေသီတဦးလည်း ဖြစ်သည်။ ယခု ရေးသားချက်များသည် ISP-Myanmar နှင့် သက်ဆိုင်ခြင်းမရှိဘဲ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)

You may also like these stories:

Miss Grand International အလှမယ်ပြိုင်ပွဲက မြန်မာဒါရိုက်တာကို ပိတ်ပင်

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

မြန်မာတွေ အကြမ်းဖက်မှုနဲ့ ယဉ်ပါးလာပြီလား

ပြိုင်ပွဲဝင်ခါနီး သရဖူအသိမ်းခံလိုက်ရတဲ့ Miss Grand Myanmar ရွှေအိမ်စည်

ရဲတိုက် သို့မဟုတ် အနုပညာနဲ့ ရှင်သန်သူ

Your Thoughts …
Tags: Miss Grand InternationalSliderUNHCRစစ်ကောင်စီစစ်အာဏာသိမ်းမှုပန်ထွာဘုရင်မပြည်တွင်းစစ်လူသားချင်းစာနာထောက်ထားမှုလူ့အခွင့်အရေးသူဇာဝင့်လွင်သဲစုညိမ်းဟန်လေးအကြမ်းဖက်မှုအလှမယ်
ဥသြ

ဥသြ

ဥသြ (နိုင်ငံရေးသိပ္ပံ) သည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ကျောင်းသားတဦး ဖြစ်ပြီး Myanmar Youth for Peace Development ရဲ့ သုတေသီ တဦးလည်း ဖြစ်ပါသည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အမေရိကန် ကျန်းမာရေးသတိပေးချက်တွင် တရားမဝင် သွင်းသည့် မြန်မာဘဲသွေးလည်း ပါဝင်

အမေရိကန် ကျန်းမာရေးသတိပေးချက်တွင် တရားမဝင် သွင်းသည့် မြန်မာဘဲသွေးလည်း ပါဝင်

တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်

တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved